ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော ကိုယ်ထူးကိုယ်ချွန် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့်ဖြစ်ရပ်

ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော ကိုယ်ထူးကိုယ်ချွန် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့်ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Aug 2024 12:44 pm တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အင်္ဂလန်တွင် ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော စားသောက်ဆိုင် လုပ်ငန်းရှင် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့် ဖြစ်ရပ် တရားရုံးချုပ်အထိ ရောက်ရှိခဲ့ပြီး ပေါင် ၄ ဒသမ ၆ သန်း အမွေအတွက် တရားရင်ဆိုင်ကြခြင်း ဖြစ်သည်။

အဗ္ဗဒူလ်ခန်း အမည်ရှိ သူဌေးကြီးသည် အသက် ၆၇ နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် လန်ဒန်မြို့တွင် တန်ဖိုးကြီး အိမ်ခြံမြေများစွာ ကျန်ရစ်ခဲ့သည်။

အဗ္ဗဒူလ်ခန်းသည် ၁၉၆၀ ပြည့်လွန်ကာလများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗြိတိန်သို့ ရောက်ရှိလာခဲ့ကာ West End ဟိုတယ်၌ ပန်းကန်ဆေးသမားအဖြစ် လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်ရင်း နောက်ပိုင်းတွင် စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင်ကား လန်ဒန်မြို့တောင်ပိုင်း Clapham Common ပန်းခြံတွင် Clapham Tandoori ဟူသော အမည်ဖြင့် အောင်မြင်သည့် အိန္ဒိယစားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင်ကား လန်ဒန်မြို့တောင်ပိုင်းတွင် အိမ်ခြံမြေများစွာ ဝယ်ယူခဲ့ကာ ယခုအခါ ပေါင် သန်းပေါင်းများစွာ တန်ကြေးရှိနေပြီ ဖြစ်သည်။

သူ၏ သားသမီးများမှာ ဖခင်ကြီး ကျန်ရစ်ခဲ့သော အိမ်ခြံမြေများအတွက် တရားရင်ဆိုင်ကြလျက် ရှိသည်။

အဗ္ဗဒူလ်ခန်း၏ အကြီးဆုံးသားဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ မူဟာမက်ခန်းက ပြောသည်မှာ မိမိသည်သာ တစ်ဦးတည်း အမွေဆက်ခံထိုက်သူဖြစ်ကြောင်း ပြောသည်။

သို့သော် သူ၏ မွေးချင်း ၅ ဦးဖြစ်သော အာမက် ( ၄၃နှစ်)၊ ရှာလီမာ (၄၅နှစ်)၊ ရှာဝါ( ၄၂ နှစ်)၊ ဖာဟာနာ (၄၆ နှစ်) နှင့် ဂျနီဖာခန်း (၄၄ နှစ်) တို့က ပြောသည်မှာ မူဟာမက်ခန်းမှာ အရူးတစ်ယောက်ဖြစ်ကြောင်း၊ ဖခင်ကြီး၏ အိမ်ခြံမြေများမှာ သားသမီးအားလုံးနှင့် သက်ဆိုင်ကြောင်း ပြောကြားသည်။ 

(မူဟာမက်ခန်းကို တရားရုံးချုပ်တွင် တွေ့ရပုံ။)

မောင်နှမ ၅ ဦး၏ ရှေ့နေ William East က တရားရုံးချုပ်တွင် ပြောသည်မှာ စားသောက်ဆိုင်လုပ်ငန်းရှင် အဗ္ဗဒူလ်ခန်းသည် ရရှိလာသော အမြတ်အစွန်းများဖြင့် လန်ဒန်မြို့ Tooting Bec,Norbury,West Norwood နှင့် Upper Norwod အရပ်တို့တွင် အိမ်ခြံမြေများ ဝယ်ယူခဲ့ပြီး လက်ရှိအားဖြင့် ပေါင် ၄ ဒသမ ၆ သန်း တန်ကြေးရှိကြောင်း ပြောသည်။

မူဟာမက်ခန်းသည် သူ၏ ဖခင်ကြီးနှင့် ၁၉၉၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်း ကာလများ တွင် ဆက်ဆံရေးအဖုအထစ် ဖြစ်ခဲ့သည်။

သူ၏ ဖခင် အဗ္ဗဒူလ်ခန်းက သားကြီးအား ဇနီးပေါင်းများစွာဖြင့် သားသမီးများစွာ ရှိနေမှုအပေါ် ဝေဖန်ပြစ်တင် ခဲ့သည်။

သို့သော် မူဟာမက်ခန်းက မိသားစုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပေးခဲ့ပြီးနောက်ပိုင်း သားအဖ နှစ်ဦးကြား ဆက်ဆံရေး ပြန်လည်ပြေပြစ်သွားကြောင်း တရားရုံးကြားနာချက်တွင် ဖော်ပြသည်။

ရှေ့နေ William East က ပြောသည်မှာ မိမိ၏ အမှုသည်များအနေဖြင့် နေအိမ် ၃ လုံးကို သား ၃ ဦး အညီအမျှ ရရှိရန်နှင့် Essex Grove ရှိ စတုတ္ထအိမ်ကို သမီး ၃ ဦးအတွက်အဖြစ် တရားသူကြီး၏ အတည်ပြုချက် ပေးခြင်းကို လိုလားကြကြောင်း ပြောသည်။

(အဗ္ဗဒူလ်ခန်း၏ သားတစ်ဦးဖြစ်သူ အာမက်ခန်းက အိမ်ခြံမြေများကို မောင်နှမ ၆ ဦး အညီအမျှ ပိုင်ဆိုင်သင့် ကြောင်း ပြောသည်)

(အစ်ကိုဖြစ်သူ မူဟာမက်ခန်းအား တရားစွဲထားသော မောင်နှမ ၅ ဦးတွင် ပါဝင်သူ ဂျနီဖာခန်း )

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Six children of rags-to-riches dishwasher who became multimillionaire curry tycoon fight it out in High Court over his £4.6m fortune (dailymail)

Photo Credit-dailymail

[Zawgyi]

ပန္းကန္ေဆးသမားဘဝမွ သန္းၾကြယ္သူေဌးျဖစ္ခဲ့ေသာ ကိုယ္ထူးကိုယ္ခၽြန္ သူေဌးၾကီး၏ သားသမီး ၆ ဦး အေမြလုၾကသည့္ျဖစ္ရပ္

အဂၤလန္တြင္ ပန္းကန္ေဆးသမားဘဝမွ သန္းၾကြယ္သူေဌးျဖစ္ခဲ့ေသာ စားေသာက္ဆိုင္ လုပ္ငန္းရွင္ သူေဌးၾကီး၏ သားသမီး ၆ ဦး အေမြလုၾကသည့္ ျဖစ္ရပ္ တရားရံုးခ်ဳပ္အထိ ေရာက္ရိွခဲ့ျပီး ေပါင္ ၄ ဒသမ ၆ သန္း အေမြအတြက္ တရားရင္ဆုိင္ၾကျခင္း ျဖစ္သည္။

အဗၺဒူလ္ခန္း အမည္ရွိ သူေဌးၾကီးသည္ အသက္ ၆၇ ႏွစ္အရြယ္ ၂၀၀၈ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီးေနာက္ လန္ဒန္ျမဳိ႕တြင္ တန္ဖိုးၾကီး အိမ္ျခံေျမမ်ားစြာ က်န္ရစ္ခဲ့သည္။

အဗၺဒူလ္ခန္းသည္ ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ျဗိတိန္သုိ႔ ေရာက္ရွိလာခဲ့ကာ West End ဟိုတယ္၌ ပန္းကန္ေဆးသမားအျဖစ္ လုပ္ကိုင္ခ့ဲသည္။

ထိုသို႔ လုပ္ကိုင္ရင္း ေနာက္ပိုင္းတြင္ စားဖိုမွဴးတစ္ေယာက္ ျဖစ္လာခဲ့သည္။

ေနာက္ဆံုးတြင္ကား လန္ဒန္ျမိဳ႕ေတာင္ပိုင္း Clapham Common ပန္းျခံတြင္ Clapham Tandoori ဟူေသာ အမည္ျဖင့္ ေအာင္ျမင္သည့္ အိႏိၵယစားေသာက္ဆိုင္၏ ပိုင္ရွင္ ျဖစ္လာခဲ့သည္။

ေနာက္ပိုင္းတြင္ကား လန္ဒန္ျမဳိ႕ေတာင္ပိုင္းတြင္ အိမ္ျခံေျမမ်ားစြာ ဝယ္ယူခဲ့ကာ ယခုအခါ ေပါင္ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိေနျပီ ျဖစ္သည္။

သူ၏ သားသမီးမ်ားမွာ ဖခင္ၾကီး က်န္ရစ္ခဲ့ေသာ အိမ္ျခံေျမမ်ားအတြက္ တရားရင္ဆုိင္ၾကလ်က္ ရွိသည္။

အဗၺဒူလ္ခန္း၏ အၾကီးဆံုးသားျဖစ္သူ အသက္ ၄၉ ႏွစ္အရြယ္ရွိ မူဟာမက္ခန္းက ေျပာသည္မွာ မိမိသည္သာ တစ္ဦးတည္း အေမြဆက္ခံထုိက္သူျဖစ္ေၾကာင္း ေျပာသည္။

သို႔ေသာ္ သူ၏ ေမြးခ်င္း ၅ ဦးျဖစ္ေသာ အာမက္ ( ၄၃ႏွစ္)၊ ရွာလီမာ (၄၅ႏွစ္)၊ ရွာဝါ( ၄၂ ႏွစ္)၊ ဖာဟာနာ (၄၆ ႏွစ္) ႏွင့္ ဂ်နီဖာခန္း (၄၄ ႏွစ္) တို႔က ေျပာသည္မွာ မူဟာမက္ခန္းမွာ အရူးတစ္ေယာက္ျဖစ္ေၾကာင္း၊ ဖခင္ၾကီး၏ အိမ္ျခံေျမမ်ားမွာ သားသမီးအားလံုးႏွင့္ သက္ဆိုင္ေၾကာင္း ေျပာၾကားသည္။

(မူဟာမက္ခန္းကို တရားရံုးခ်ဳပ္တြင္ ေတြ႔ရပံု။)

ေမာင္ႏွမ ၅ ဦး၏ ေရွ႕ေန William East က တရားရံုးခ်ဳပ္တြင္ ေျပာသည္မွာ စားေသာက္ဆိုင္လုပ္ငန္းရွင္ အဗၺဒူလ္ခန္းသည္ ရရွိလာေသာ အျမတ္အစြန္းမ်ားျဖင့္ လန္ဒန္ျမဳိ႕ Tooting Bec,Norbury,West Norwood ႏွင့္ Upper Norwod အရပ္တုိ႔တြင္ အိမ္ျခံေျမမ်ား ဝယ္ယူခဲ့ျပီး လက္ရွိအားျဖင့္ ေပါင္ ၄ ဒသမ ၆ သန္း တန္ေၾကးရွိေၾကာင္း ေျပာသည္။

မူဟာမက္ခန္းသည္ သူ၏ ဖခင္ၾကီးႏွင့္ ၁၉၉၀ ျပည့္လြန္ကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္အေစာပိုင္း ကာလမ်ား တြင္ ဆက္ဆံေရးအဖုအထစ္ ျဖစ္ခဲ့သည္။

သူ၏ ဖခင္ အဗၺဒူလ္ခန္းက သားၾကီးအား ဇနီးေပါင္းမ်ားစြာျဖင့္ သားသမီးမ်ားစြာ ရွိေနမႈအေပၚ ေဝဖန္ျပစ္တင္ ခ့ဲသည္။

သို႔ေသာ္ မူဟာမက္ခန္းက မိသားစုလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ေပးခဲ့ျပီးေနာက္ပိုင္း သားအဖ ႏွစ္ဦးၾကား ဆက္ဆံေရး ျပန္လည္ေျပျပစ္သြားေၾကာင္း တရားရံုးၾကားနာခ်က္တြင္ ေဖာ္ျပသည္။

ေရွ႕ေန William East က ေျပာသည္မွာ မိမိ၏ အမႈသည္မ်ားအေနျဖင့္ ေနအိမ္ ၃ လံုးကို သား ၃ ဦး အညီအမွ် ရရွိရန္ႏွင့္ Essex Grove ရွိ စတုတၳအိမ္ကို သမီး ၃ ဦးအတြက္အျဖစ္ တရားသူၾကီး၏ အတည္ျပဳခ်က္ ေပးျခင္းကို လိုလားၾကေၾကာင္း ေျပာသည္။

(အဗၺဒူလ္ခန္း၏ သားတစ္ဦးျဖစ္သူ အာမက္ခန္းက အိမ္ျခံေျမမ်ားကို ေမာင္ႏွမ ၆ ဦး အညီအမွ် ပိုင္ဆိုင္သင့္ ေၾကာင္း ေျပာသည္)

(အစ္ကိုျဖစ္သူ မူဟာမက္ခန္းအား တရားစြဲထားေသာ ေမာင္ႏွမ ၅ ဦးတြင္ ပါဝင္သူ ဂ်နီဖာခန္း )

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Six children of rags-to-riches dishwasher who became multimillionaire curry tycoon fight it out in High Court over his £4.6m fortune (dailymail)

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...

စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး ရှားပါးမြွေများဖြစ်ကာ မြွေကိုက်ခံရသူမှာ အသားများ အရည်ပျော်ကျ သည်အထိ အဆိပ်ပြင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင်
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင်
စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ တစ်လလျှင် ပေါင် ၂၅၀,၀၀၀ ပေးကာ ငှားရမ်းနေထိုင်ခဲ့သော ဆော်ဒီအာရေးဘီးယားမှ အခ
စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ တစ်လလျှင် ပေါင် ၂၅၀,၀၀၀ ပေးကာ ငှားရမ်းနေထိုင်ခဲ့သော ဆော်ဒီအာရေးဘီးယားမှ အခ
နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service