မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက ယခုအခါ သူ၏ ပိုင်ဆိုင်မှုများ တစ်ပြားမှ မရှိတော့ဟုဆို
မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက ယခုအခါ သူ၏ ပိုင်ဆိုင်မှုများ တစ်ပြားမှ မရှိတော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Aug 2024 9:54 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
● ဘီလျံနာသူဌေးကြီး နီကိုလပ်စ် ဖြူးယဲ့ရှ် (Nicolas Puech) သည် ပြင်သစ် Luxury ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်ဖြစ်ပြီး ဒေါ်လာဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများကို သူ၏ အလုပ်သမားဟောင်း ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့
● ယခုအခါ နီကိုလပ်စ် ဖြူးယဲ့ရှ်က သူ၏ ပိုင်ဆိုင်မှုများ မရှိတော့ကြောင်း၊ မိမိ၏ စည်းစိမ်ဥစ္စာများကို စီမံခန့်ခွဲခဲ့သူ မန်နေဂျာဟောင်းက လိမ်လည်သွားကြောင်း ပြောလာ
● အဆိုပါပြောဆိုမှုများကို ဆွစ်ဇာလန်တရားရုံးတစ်ခုက ပယ်ချထားကြောင်း Bloomberg က ဖော်ပြ
ဘီလျံနာသူဌေးကြီး နီကိုလပ်စ် ဖြူးယဲ့ရှ်သည် ပြင်သစ် Luxury ဖက်ရှင်ကုမ္ပဏီ Hermes ကို တည်ထောင်သူ Thierry Hermes မှ ဆင်းသက်လာသူ အမွေခံတစ်ဦးဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း နီကိုလပ်စ်ဖြူးယဲ့ရှ်က သူ၏ ပိုင်ဆိုင်မှု ထက်ဝက်ကို ဝန်ထမ်းဟောင်း ပန်းဥယျာဉ်မှူးအား အမွေပေးမည်ဟု ကြေညာလိုက်မှုမှာ ကမ္ဘာ့ထိပ်တန်း သတင်းတစ်ရပ်ဖြစ်ခဲ့သည်။
(ဆက်စပ်သတင်း)
ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက သူ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်
https://www.imyanmarhouse.com/news/read/1093538
သို့သော် ယခုအခါ ဘီလျံနာကြီး ဖြူးယဲ့ရှ်က ဒေါ်လာ ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများ မရှိတော့ကြောင်း ပြောလာသည်။
အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သော ဘီလျံနာကြီးဖြူးယဲ့ရှ်က တရားရုံးတွင် တင်ပြလာသည်မှာ Hermes တွင် မိမိပိုင်ဆိုင်ထားသည့် ဒေါ်လာ ၁၃ ဘီလီယံဖိုးရှိ ရှယ်ယာပေါင်း ၆ သန်းမှာ မရှိတော့ကြောင်း၊ ထိုဆုံးရှုံးမှု အတွက် မိမိ၏ စည်းစိမ်ဓနများကို ဆယ်စုနှစ် ၂ ခုကျော် စီမံခန့်ခွဲခဲ့သူ မန်နေဂျာဟောင်း Eric Freymond တွင် တာဝန်ရှိကြောင်း တင်ပြခဲ့သည်ဟု ဆွစ်ဇာလန် စုံစမ်းထောက်လှမ်းသတင်းဌာန Gotham City က ဖော်ပြသည်။
သို့သော် ဆွစ်ဇာလန်တရားရုံးတစ်ခုက ဖြူးယဲ့ရှ်၏ စွပ်စွဲချက်များကို ပယ်ချလိုက်ကြောင်း၊ ဖြူးယဲ့ရှ် စွပ်စွဲသော မသမာမှုမှာ စုံစမ်းထောက်လှမ်း၍ မရနိုင်ကြောင်း ပြောသည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။
ဆွစ်ဇာလန်သတင်းဌာန Tribune de Geneve ၏ ဖော်ပြချက်အရ ဖြူးယဲ့ရှ်၏ ရှယ်ယာများမှာ ဂျီနီဗာရှိ ဘဏ်တစ်ခုတွင် ၂၀၁၂ ခုနှစ်က အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ ထိုရှယ်ယာများ မည်သည့်နေရာ တွင် ရောက်ရှိနေသည်ကို မသိရကြောင်း ဖော်ပြသည်။
ဂျီနီဗာရှိ အစိုးရရှေ့နေရုံးက ဖြူးယဲ့ရှ်၏ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်က တရားရုံးဆုံးဖြတ်ချက်ကလည်း တရားစွဲအဖွဲ့အစည်းရုံး၏ ဆုံးဖြတ်ချက်ကို ထောက်ခံထားသည်။
ဖြူးယဲ့ရှ်၏ ရှေ့နေများဖြစ်သော Gregoire Mangeat နှင့် Fanny Margairaz တို့က Business Insider သတင်းဌာနသို့ ပြောသည်မှာ မိမိတို့အနေဖြင့် အမှုကို အသေးစိတ်လေ့လာနေဆဲဖြစ်ကြောင်းသာ ပြောဆိုပြီး အခြားအချက်များ ပြောရန်ငြင်းဆိုထားသည်။
ဖြူးယဲ့ရှ်၏ မန်နေဂျာဟောင်း Freymond ၏ ရှေ့နေဖြစ်သူ Stephane Grodecki က “ကျွန်တော့်ရဲ့ အမှုသည် ဟာ သူ့အလုပ်ရှင်ဟောင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အံ့သြတုန်လှုပ်သွားခဲ့ပါတယ်” ဟု BI သို့ ပြောသည်။
Freymond သည် ဖြူးယဲ့ရှ်ပြောသော ရှယ်ယာများကို မည်သည့်အခါကမျှ မကိုင်တွယ်ခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
Freymond အနေဖြင့် ၎င်း၏ဂုဏ်သိက္ခာကို ခုခံကာကွယ်ရန် ဥပဒေလမ်းကြောင်းများကို ရှာဖွေနေကြောင်း လည်း Grodecki က ပြောသည်။
ဖြူးယဲ့ရှ်သည် အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သားထောက်သမီးခံ မရှိ။
သူသည် ယခင်က Hermes ၏ ရှယ်ယာ ၅ ဒသမ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ခဲ့ကြောင်း Tribune de Geneve က ပြီးခဲ့သောနှစ်အတွင်း ဖော်ပြခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Hermès heir who planned to leave billions to his gardener now says his fortune is gone (businessinsider)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ တစ်လလျှင် ပေါင် ၂၅၀,၀၀၀ ပေးကာ ငှားရမ်းနေထိုင်ခဲ့သော ဆော်ဒီအာရေးဘီးယားမှ အခ
စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ တစ်လလျှင် ပေါင် ၂၅၀,၀၀၀ ပေးကာ ငှားရမ်းနေထိုင်ခဲ့သော ဆော်ဒီအာရေးဘီးယားမှ အခ
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
အိန္ဒိယ ဉာဏ်ကြီးရှင်လူငယ် တူးလ်စီ အသက် ၁၂ နှစ်အရွယ်တွင် မဟာသိပ္ပံဘွဲ့ရကာ အသက် ၂၂ နှစ်တွင် အိန္ဒိယနည်းပညာတက္ကသိုလ်၌ ပါမော
အိန္ဒိယ ဉာဏ်ကြီးရှင်လူငယ် တူးလ်စီ အသက် ၁၂ နှစ်အရွယ်တွင် မဟာသိပ္ပံဘွဲ့ရကာ အသက် ၂၂ နှစ်တွင် အိန္ဒိယနည်းပညာတက္ကသိုလ်၌ ပါမော
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
Neighbourhood
Shwe Moe Kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service