လော့စ်အိန်ဂျလိမြို့လယ် ရုံးခန်းတာဝါကြီးတစ်ခုကို ပိုင်ရှင်ဖြစ်သူက တရုတ်လုပ်ငန်းရှင်တစ်ဦးထံ ဒေါ်လာ သန်း ၁၀၀ ကျော် အရှုံးခံကာ ကန်ဒေါ်လာ သန်း ၆၀ မျှဖြင့် ရောင်းချ

လော့စ်အိန်ဂျလိမြို့လယ် ရုံးခန်းတာဝါကြီးတစ်ခုကို ပိုင်ရှင်ဖြစ်သူက တရုတ်လုပ်ငန်းရှင်တစ်ဦးထံ ဒေါ်လာ သန်း ၁၀၀ ကျော် အရှုံးခံကာ ကန်ဒေါ်လာ သန်း ၆၀ မျှဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
13 Aug 2024 1:17 pm တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိမြို့လယ်ရှိ ၂၅ ထပ် ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို အမည်မဖော်သော တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ဝယ်ယူလိုက်ကြောင်း The Real Deal က ဖော်ပြသည်။

ရောင်းချလိုက်သောပိုင်ရှင်က အဆိုပါတာဝါကြီးကို ရောင်းချရာတွင် ဝယ်ဈေးအောက် ဒေါ်လာ ၁၁၈ သန်း ကျော် နည်းပါးခဲ့သည်။

လော့စ်အိန်ဂျလိမြို့လယ်၊ South Park အရပ် ၊ South Figueroa လမ်း၊ အမှတ် ၈၀၁ တွင် တည်ရှိပြီး 801 Tower ဟု အမည်ပေးထားကာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၄၆၅,၂၀၀ ရှိကြောင်း Commercial Observer သတင်းဌာနက ဖော်ပြသည်။

ရောင်းချသူမှာ အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်အခြေစိုက် Barings ကုမ္ပဏီ ဖြစ်သည်။

ရောင်းချချိန်တွင် အဆောက်အအုံကြီး၏ ရုံးခန်း ၇၉ ရာခိုင်နှုန်းကို အငှားချထားသည်။

ယခု အရောင်းအဝယ် ဈေးနှုန်းအရ ၁ စတုရန်းပေလျှင် ၁၂၉ ဒေါ်လာ ကျသင့်သည်။

Barings က ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ၁ စတုရန်းပေလျှင် ၃၈၃ ဒေါ်လာ ပေးခဲ့ရသည်။

ထိုနှစ်ကုန်ပိုင်းတွင် New York Life အာမခံကုမ္ပဏီက ယခုအဆောက်အအုံကြီးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေထုတ်ပေးခဲ့သည်ဟု ဆိုသည်။

ငွေထုတ်ချေးပေးသော New York Life က တရားရုံးမှ သိမ်းယူမိန့်ထုတ်ကာ ရောင်းချခံရမည့်အရေး ရှောင်လွှဲနိုင်ရန်အတွက် Barings မှ တရုတ်ဝယ်လက်ထံ ရောင်းချမည့် အစီအစဉ်ကို သဘောတူခဲ့သည်။

801 Tower ရောင်းချပေးခဲ့သည်မှာ Eastdil Secured အိမ်ခြံမြေကုမ္ပဏီမှဖြစ်ပြီး ဝယ်လက်ဘက်မှ ကိုယ်စားပြု သည်မှာ Asia Pacific Capital (APC) အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည်။

“ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ (အိမ်ခြံမြေ) ဈေးကွက်ထဲကို ဝင်ဖို့ အကောင်းဆုံးအချိန်ပါပဲ” ဟု APC ၏ မန်နေးဂျင်း ဒါရိုက်တာ Roger Li က ပြောသည်။

801 Tower ကို Figueroa လမ်းနှင့် ၈ လမ်းထောင့်တွင် ၁၉၉၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်း ရောင် ပြတင်းများ၊ ပန်းရောင်နှင့်အစိမ်းရောင် နှမ်းဖတ်ကျောက်တို့ဖြင့် အပြင်ပိုင်းကို ဆောက်လုပ် ထားသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်း လော့စ်အိန်ဂျလိမြို့လယ်တွင် ရုံးခန်းလွတ် ပမာဏမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။

ထိုသို့ ရုံးခန်းနေရာ ကျဆင်းမှု၏ အကြောင်းရင်းတစ်ခုမှာ အဝေးမှ အလုပ်လုပ်ခြင်းပုံစံသို့ များစွာကူးပြောင်းနေ ကြသောကြောင့်ဖြစ်ကြောင်း CBRE က ဖော်ပြသည်။

ထိုသို့သော အခြေအနေများကြောင့် ရုံးခန်းအဆောက်အအုံပိုင်ရှင်များအနေဖြင့် ငွေချေးရမှု များပြားလာခြင်း၊ ချေးငွေပြန်မဆပ်နိုင်ခြင်းများ ရင်ဆိုင်လာရရာ ရုံးခန်းဈေးကွက်မှာ ထိုးကျသွားသည်။

ယခုလအတွင်း လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပဉ္စမရိပ်သာလမ်း၊ အမှတ် ၅၅၅ ရှိ ၅၂ ထပ်မြင့်မား သော Gas Company Tower အမည်ရှိ အဆောက်အအုံကြီးကို တရားရုံးအမိန့်ဖြင့် ရောင်းချခြင်း မပြုမီ ကန်ဒေါ်လာ ၂၁၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

၁ စတုရန်းပေလျှင် ၁၅၄ ဒေါ်လာနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေးမတိုင်မီက ထိုအဆောက်အအုံကြီး၏ ပေါက်ဈေးမှာ ကန်ဒေါ်လာ သန်း ၆၃၀ ရှိခဲ့ပြီး ၁ စတုရန်းပေလျှင် ၅၂၇ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

(ဆက်စပ်သတင်း)

လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မြို့လယ်မိုးမျှော်တိုက်ကြီးကို ဝယ်ယူရန်စီစဉ်

https://www.imyanmarhouse.com/news/read/1119385

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese investor buys 801 Tower office building in LA for $60M (therealdeal)

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ ရံုးခန္းတာဝါၾကီးတစ္ခုကို ပိုင္ရွင္ျဖစ္သူက တရုတ္လုပ္ငန္းရွင္တစ္ဦးထံ ေဒၚလာ သန္း ၁၀၀ ေက်ာ္ အရံႈးခံကာ ကန္ေဒၚလာ သန္း ၆၀ မွ်ျဖင့္ ေရာင္းခ်

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ရွိ ၂၅ ထပ္ ရံုးခန္းတာဝါ အေဆာက္အအံုၾကီးတစ္ခုကို အမည္မေဖာ္ေသာ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးက ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ဝယ္ယူလိုက္ေၾကာင္း The Real Deal က ေဖာ္ျပသည္။

ေရာင္းခ်လိုက္ေသာပိုင္ရွင္က အဆိုပါတာဝါၾကီးကို ေရာင္းခ်ရာတြင္ ဝယ္ေစ်းေအာက္ ေဒၚလာ ၁၁၈ သန္း ေက်ာ္ နည္းပါးခဲ့သည္။ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၊ South Park အရပ္ ၊ South Figueroa လမ္း၊ အမွတ္ ၈၀၁ တြင္ တည္ရွိျပီး 801 Tower ဟု အမည္ေပးထားကာ ၾကမ္းခင္းဧရိယာ စတုရန္းေပ ၄၆၅,၂၀၀ ရွိေၾကာင္း Commercial Observer သတင္းဌာနက ေဖာ္ျပသည္။

ေရာင္းခ်သူမွာ အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကာရိုလိုင္းနားျပည္နယ္အေျခစိုက္ Barings ကုမၸဏီ ျဖစ္သည္။

ေရာင္းခ်ခ်ိန္တြင္ အေဆာက္အအံုၾကီး၏ ရံုးခန္း ၇၉ ရာခိုင္ႏႈန္းကို အငွားခ်ထားသည္။

ယခု အေရာင္းအဝယ္ ေစ်းႏႈန္းအရ ၁ စတုရန္းေပလွ်င္ ၁၂၉ ေဒၚလာ က်သင့္သည္။

Barings က ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၇၈ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ၁ စတုရန္းေပလွ်င္ ၃၈၃ ေဒၚလာ ေပးခဲ့ရသည္။

ထိုႏွစ္ကုန္ပိုင္းတြင္ New York Life အာမခံကုမၸဏီက ယခုအေဆာက္အအံုၾကီးအတြက္ ကန္ေဒၚလာ သန္း ၁၀၀ ေခ်းေငြထုတ္ေပးခဲ့သည္ဟု ဆိုသည္။

ေငြထုတ္ေခ်းေပးေသာ New York Life က တရားရံုးမွ သိမ္းယူမိန္႔ထုတ္ကာ ေရာင္းခ်ခံရမည့္အေရး ေရွာင္လႊဲႏိုင္ရန္အတြက္ Barings မွ တရုတ္ဝယ္လက္ထံ ေရာင္းခ်မည့္ အစီအစဥ္ကို သေဘာတူခဲ့သည္။

801 Tower ေရာင္းခ်ေပးခဲ့သည္မွာ Eastdil Secured အိမ္ျခံေျမကုမၸဏီမွျဖစ္ျပီး ဝယ္လက္ဘက္မွ ကိုယ္စားျပဳ သည္မွာ Asia Pacific Capital (APC) အိမ္ျခံေျမကုမၸဏီ ျဖစ္သည္။

“ရင္းႏွီးျမွဳပ္ႏွံသူေတြအေနနဲ႔ (အိမ္ျခံေျမ) ေစ်းကြက္ထဲကို ဝင္ဖုိ႔ အေကာင္းဆံုးအခ်ိန္ပါပဲ” ဟု APC ၏ မန္ေနးဂ်င္း ဒါရိုက္တာ Roger Li က ေျပာသည္။

801 Tower ကို Figueroa လမ္းႏွင့္ ၈ လမ္းေထာင့္တြင္ ၁၉၉၂ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေက်ာက္စိမ္း ေရာင္ ျပတင္းမ်ား၊ ပန္းေရာင္ႏွင့္အစိမ္းေရာင္ ႏွမ္းဖတ္ေက်ာက္တို႔ျဖင့္ အျပင္ပိုင္းကို ေဆာက္လုပ္ ထားသည္။

၂၀၂၄ ခုႏွစ္၊ ပထမ ၃ လပတ္ကာလအတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္တြင္ ရံုးခန္းလြတ္ ပမာဏမွာ ၂၈ ဒသမ ၈ ရာခိုင္ႏႈန္း ရွိသည္။

ထိုသို႔ ရံုးခန္းေနရာ က်ဆင္းမႈ၏ အေၾကာင္းရင္းတစ္ခုမွာ အေဝးမွ အလုပ္လုပ္ျခင္းပံုစံသို႔ မ်ားစြာကူးေျပာင္းေန ၾကေသာေၾကာင့္ျဖစ္ေၾကာင္း CBRE က ေဖာ္ျပသည္။

ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ ရံုးခန္းအေဆာက္အအံုပိုင္ရွင္မ်ားအေနျဖင့္ ေငြေခ်းရမႈ မ်ားျပားလာျခင္း၊ ေခ်းေငြျပန္မဆပ္ႏိုင္ျခင္းမ်ား ရင္ဆိုင္လာရရာ ရံုးခန္းေစ်းကြက္မွာ ထိုးက်သြားသည္။

ယခုလအတြင္း ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ပဥၥမရိပ္သာလမ္း၊ အမွတ္ ၅၅၅ ရွိ ၅၂ ထပ္ျမင့္မား ေသာ Gas Company Tower အမည္ရွိ အေဆာက္အအံုၾကီးကို တရားရံုးအမိန္႔ျဖင့္ ေရာင္းခ်ျခင္း မျပဳမီ ကန္ေဒၚလာ ၂၁၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

၁ စတုရန္းေပလွ်င္ ၁၅၄ ေဒၚလာႏႈန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ကိုဗစ္ကပ္ေဘးမတိုင္မီက ထိုအေဆာက္အအံုၾကီး၏ ေပါက္ေစ်းမွာ ကန္ေဒၚလာ သန္း ၆၃၀ ရွိခဲ့ျပီး ၁ စတုရန္းေပလွ်င္ ၅၂၇ ေဒၚလာ ေစ်းေပါက္ခဲ့သည္။

(ဆက္စပ္သတင္း)

ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ျမိဳ႕လယ္မိုးေမွ်ာ္တိုက္ၾကီးကို ဝယ္ယူရန္စီစဥ္

https://www.imyanmarhouse.com/news/read/1119385

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese investor buys 801 Tower office building in LA for $60M (therealdeal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
Mariah Carey မှာ ခွေးများအတွက် လစဉ် spa ပို့ပေးရသည့် စရိတ် ဒေါ်လာ ၄၅,၀၀၀ ၊ တန်ဖိုးကြီး ပန်းများ အတွက် တစ်လလျှင် ဒေါ်လာ ၁
Mariah Carey မှာ ခွေးများအတွက် လစဉ် spa ပို့ပေးရသည့် စရိတ် ဒေါ်လာ ၄၅,၀၀၀ ၊ တန်ဖိုးကြီး ပန်းများ အတွက် တစ်လလျှင် ဒေါ်လာ ၁
နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ် သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသား လျန်ချောင်းဝေနှင့် ဇနီးဖြစ်သူ ဟောင်ကောင်ရုပ်ရှင်မင်းသမီ
နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ် သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသား လျန်ချောင်းဝေနှင့် ဇနီးဖြစ်သူ ဟောင်ကောင်ရုပ်ရှင်မင်းသမီ
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အ
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အ
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service