နွား ၅ ကောင်၊ တစ်နှစ်တာ အခမဲ့ Delivery ၊ အိပ်ခန်း ၂ ခန်းပါ တိုက်ခန်း၊ စိန်တပွင့်၊ ပန်းချီကားတစ်ချပ်၊ ရွှေ ၁ ပိဿာ ၈၃ ကျပ်သား (သို့မဟုတ်) ပြင်သစ်အိုလံပစ်ပြိုင်ပွဲဝင် ကစားသမားတို့၏ မိခင်နိုင်ငံများက ဆုချီးမြှုင့်မည့် ထူးဆန်းသော မက်လုံးများ

နွား ၅ ကောင်၊ တစ်နှစ်တာ အခမဲ့ Delivery ၊ အိပ်ခန်း ၂ ခန်းပါ တိုက်ခန်း၊ စိန်တပွင့်၊ ပန်းချီကားတစ်ချပ်၊ ရွှေ ၁ ပိဿာ ၈၃ ကျပ်သား (သို့မဟုတ်) ပြင်သစ်အိုလံပစ်ပြိုင်ပွဲဝင် ကစားသမားတို့၏ မိခင်နိုင်ငံများက ဆုချီးမြှုင့်မည့် ထူးဆန်းသော မက်လုံးများ - Property News in Myanmar from iMyanmarHouse.com
9 Aug 2024 10:04 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော ၂၀၂၄ ခုနှစ်၊ နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲသည် ဆုရပြိုင်ပွဲဝင်တို့အား နိုင်ငံတကာ အိုလံပစ်ကော်မတီမှ ငွေသားဆု ချီးမြှင့်ပေးမည် မဟုတ်ချေ။

သို့သော် အားကစားသမားတို့၏ သက်ဆိုင်ရာ မိခင်နိုင်ငံများက နိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေးတံဆိပ် ဆွတ်ခူးပေးမည့် ကစားသမားတို့အား ဆုချီးမြှင့်ပေးမည့် မက်လုံးများရှိနေသည်။

အများစုမှာ ငွေသားဆုများဖြစ်ပြီး အချို့သော နိုင်ငံများကမူ စစ်မှုထမ်း ကင်းလွတ်ခွင့်မှသည် ကား၊ နွားများ၊ တိုက်ခန်းများအပြင် အခမဲ့ အစားအသောက်ပို့ဆောင်ပေးမှုတို့အထိ ဆုအမျိုးမျိုး ဖန်တီးကာ မက်လုံးပေးထား သည်။

AFP Sport သတင်းဌာနက အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးရသည့် ကစားသမားတို့အား မိခင်နိုင်ငံက မည်သို့မည်ပုံ ဆုချီးမြှင့်သည်ကို လေ့လာဖော်ပြလာသည်။

(၁။ တောင်ကိုရီးယား)

တောင်ကိုရီးယားအစိုးရက ပြင်သစ်အိုလံပစ်တွင် ရွှေ၊ ငွေ၊ ကြေး မည်သည့်ဆုတံဆိပ်မဆို ဆွတ်ခူးနိုင်သည့် ကစားသမားအား ၁၈ လ စစ်မှုထမ်းရသည့် ဥပဒေမှ ကင်းလွတ်ခွင့်ပေးမည်ဟု မက်လုံးပေးထားသည်။

တောင်ကိုရီးယားတွင် ကျန်းမာသန်စွမ်းသော အမျိုးသားတိုင်း စစ်မှုထမ်းကြရသည့် ဥပဒေရှိသည်။

အာရှအားကစားပွဲများတွင် ရွှေတံဆိပ်ဆုရှင်တို့အား အလားတူ အခွင့်အရေးပေးခဲ့ရာ ၂၀၁၈ ခုနှစ်က ဂျကာတာ အားကစားပြိုင်ပွဲတွင် ဘောလုံးကြယ်ပွင့် Son Heung-min မှာ ၁၈ လ စစ်မှုထမ်းရမည့် တာဝန်မှ ကင်းလွတ်ခွင့် ရခဲ့သည်။ တိုကျို အားကစားပြိုင်ပွဲတွင် မြှားပစ်ကစားသမား ၆ ဦးမှာ ရွှေတံဆိပ် ၅ ခုအနက် ၄ ခု ဆွတ်ခူးနိုင်ခဲ့ရာ Hyundai ကုမ္ပဏီက မော်တော်ကားများ ဆုချခဲ့သည်။

(၂။ ပိုလန်)

ပိုလန်မှ ကစားသမားများ ရွှေတံဆိပ်ဆု ရမည်ဆိုပါက ငွေသားဆုအနေဖြင့် ပိုလန် zlotys ငွေ ၂၅၀၀၀၀ (ကန်ဒေါ်လာ ၆၃၀၀၀) ၊ အခန်း ၂ ခန်းပါ တိုက်ခန်း၊ စိန်တစ်ပွင့်၊ ပန်းချီကားတစ်ချပ်နှင့် အားလပ်ရက်တွင် သုံးစွဲနိုင်သည့် voucher တစ်ခုတို့ ရရှိမည် ဖြစ်သည်။

ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရှင်များမှာမူ ငွေသားနှင့် အခြားဆုလက်ဆောင်များ ရရှိမည် ဖြစ်သည်။

(၃။အင်ဒိုနီးရှား)

လွန်ခဲ့သော ၃ နှစ်က တိုကျိုတွင် အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြသော Apriyani Rahayu နှင့် Greysia Polii တို့အား အိမ်ခြံမြေ developer တစ်ဦးက နေအိမ်သစ်များ ပေးရန် ကတိပြုခဲ့သည်ဟု ဆိုသည်။

Apriyani ကို သူမ၏ ဇာတိ ဆူလာဝေစီ အရှေ့တောင်ပိုင်းမှ ခရိုင်အကြီးအကဲက နွား ၅ ကောင်၊ မြေတစ်ကွက်နှင့် အိမ်တစ်လုံးပေးမည်ဟု ကတိပြုခဲ့ကြောင်း အင်ဒိုနီးရှား၏ နိုင်ငံပိုင် Antara သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်သော PT Pegadaian ကလည်း သူမတို့ ၂ ဦးကို ရွှေ ၃ ကီလိုဂရမ် ( ၁ ပိဿာ ၈၃ ကျပ်သား) ပေးရန် ကတိပြုခဲ့သည်။

(၄။ အင်ဒိုနီးရှား)

ဂျော်ဒန် အားကစားသမား Ahmad Abu Ghaush သည် ဂျော်ဒန်အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးတွင် ကျင်းပသော အားကစားပြိုင်ပွဲ၌ တိုက်ကွမ်ဒို (၆၈ ကီလိုဝိတ်တန်း) ဖြင့် ဆွတ်ခူးပေးခဲ့ရာ အမျိုးသား အိုလံပစ်ကော်မတီက dinar ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၄၀,၀၀၀) ဆုချီးမြှင့် ခဲ့သည်။

Abu Ghaush ကို ပြည်တွင်းကုမ္ပဏီများကလည်း ဆုများချီးမြှင့်ခဲ့ရာ မော်တော်ကားတစ်စီးနှင့် တန်ဖိုးကြီး လက်ပတ်နာရီတစ်လုံးအပြင် အခြားဆုပေါင်းများစွာ ရရှိခဲ့သည်။

(၅။ ဖိလစ်ပိုင်)

အလေးမ ကစားသမား Hidilyn Diaz သည် တိုကျိုအိုလံပစ်တွင် တိုင်းပြည်၏ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့ရာ နေအိမ် ၂ လုံး ဆုချခဲ့သည့်အပြင် ဖိလစ်ပိုင် စစ်ဘက်တွင် ၎င်းအား တပ်ကြပ်ကြီးရာထူးသို့ တိုးမြှင့်ပေးခဲ့သည်။

ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဌ Abraham Tolentino က AFP သတင်းဌာနသို့ ပြောသည်မှာ ရွှေတံဆိပ်ဆုရှင်များအား မိမိ၏ ကိုယ်ပိုင်ငွေဖြင့် နေအိမ်များ ၊ မြေကွက်များ ဆုချပေးခဲ့ကြောင်း ပြောသည်။

(၆။ အီရတ်)

အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်သော အီရတ်ဘောလုံးသမားတစ်ဦးစီကို dinar ၉ သန်း (ကန်ဒေါ်လာ ၇၂၀၀) နှင့် မြေတစ်ကွက်စီ ပေးအပ်ခဲ့ကြောင်း အီရတ်အရာရှိတို့က ပြောသည်။

အလေးမ ကစားသမား Ali Ammar Yasser သည် အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ် အောင်မြင်ခဲ့ပြီးနောက် ကားတစ်စီး၊ မြေတစ်ကွက်ရရှိခဲ့သည်။

ထို့အပြင် ပြိုင်ပွဲတွင် အနည်းဆုံး ကြေးတံဆိပ် ဆွတ်ခူးမည်ဆိုပါက ဒေါ်လာ ၁ သန်း ဆုချီးမြှင့်မည်ဟုလည်း အစိုးရက ကတိပြုခဲ့သည်။

(၇။ မလေးရှား)

ပြင်သစ် အိုလံပစ်အားကစားပွဲတော်တွင် ပထမဆုံးရွှေတံဆိပ်ရမည့် မလေးရှား အားကစားသမားအနေဖြင့် ဆာလောင်မှုပြဿနာ ကင်းဝေးမည် ဖြစ်သည်။

မလေးရှား delivery နှင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Grab က ရွှေတံဆိပ်ဆုရှင်အား တစ်နှစ်တာ အစားအစာမှာယူမှုများ အခမဲ့ပို့ဆောင်ပေးမည်ဟု ကတိပြုထားသည်။

ရွှေတံဆိပ်ဆုရသူတို့သည် မလေးရှား အိမ်ခြံမြေ developer ကုမ္ပဏီ Top Residency ထံမှ luxury တိုက်ခန်းတစ်ခန်းအပြင် Chery SUV ကားတစ်စင်းလည်း ရရှိမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားသည်။

(၈။ အိန္ဒိယ)

Neeraj Chopra သည် တိုကျိုတွင် လှံတံပစ် ရွှေတံဆိပ်ဆု ရရှိခဲ့ချိန်က IndiGo လေကြောင်းလိုင်းက Chopra အား တစ်နှစ်တာ အကန့်အသတ်မရှိ လေကြောင်းခရီးအခမဲ့သွားလာခွင့် ပေးခဲ့သည့်အပြင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း Chopra အား 7-seater SUV အသစ်တစ်စီး လက်ဆောင်ပေးခဲ့သည်။

(၉။ စင်္ကာပူ)

Joseph Schooling သည် ရီယိုဒီဂျနေးရိုးတွင် ကျင်းပသော ၂၀၁၆ ပြိုင်ပွဲတွင် မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ၌ ပြိုင်ဘက် Michael Phelps ကို ဖြတ်ကျော်ကာ ရွှေတံဆိပ်ဆုရခဲ့ချိန်က ကားအငှားကုမ္ပဏီ Grab က Joseph နှင့် သူ၏ မိသားစုအား တစ်နှစ်တာ အခမဲ့ အငှားကားစီးခွင့် ပေးခဲ့သည်။

စင်္ကာပူလေကြောင်းလိုင်းကလည်း Joseph အား လေကြောင်းခရီး မိုင် ၁ သန်းစီးခွင့်ပေးခဲ့သည့်အပြင် စင်္ကာပူအစိုးရကလည်း ရွှေတံဆိပ်ဆုရှင်တိုင်းကို စင်္ကာပူဒေါ်လာ ၁ သန်း (ကန်ဒေါ်လာ ၇၅၀,၀၀၀) ချီးမြှင့်ခဲ့သည်။

(၁၀။ ဟောင်ကောင်)

ဟောင်ကောင်အစိုးရသည် ပြင်သစ် အိုလံပစ်တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သော ဓားရေးပြ ကစားသမားများဖြစ်သော Vivian Kong နှင့် Cheung Ka-long တို့ကို MTR မြေအောက်ရထား တစ်သက်တာ အခမဲ့စီးခွင့်လက်မှတ်ပေးခဲ့သည့်အပြင် အခြားဆုတံဆိပ်ရသူများကိုလည်း အလားတူချီးမြှင့်မည်ဟု ကတိပြုထားသည်။

ဟောင်ကောင်မှ Jockey Club ကလည်း ရွှေတံဆိပ်ဆုရှင်တို့ကို ဟောင်ကောင်ဒေါ်လာ ၆ သန်း (ကန်ဒေါ်လာ ၇၇၀၀၀၀) ဆုချီးမြှင့်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Five cows, one year’s worth of free food, a two-bed apartment and exemption from military service: How athletes can win more than medals this Olympics (fortune)

 

[Zawgyi]

ႏြား ၅ ေကာင္၊ တစ္ႏွစ္တာ အခမဲ့ Delivery ၊ အိပ္ခန္း ၂ ခန္းပါ တိုက္ခန္း၊ စိန္တပြင့္၊ ပန္းခ်ီကားတစ္ခ်ပ္၊ ေရႊ ၁ ပိႆာ ၈၃ က်ပ္သား (သို႔မဟုတ္) ျပင္သစ္အိုလံပစ္ျပိဳင္ပြဲဝင္ ကစားသမားတို႔၏ မိခင္ႏိုင္ငံမ်ားက ဆုခ်ီးျမွုင့္မည့္ ထူးဆန္းေသာ မက္လံုးမ်ား

 

ျပင္သစ္ႏိုင္ငံတြင္ က်င္းပေနေသာ ၂၀၂၄ ခုႏွစ္၊ ေႏြရာသီအိုလံပစ္ အားကစားျပိဳင္ပြဲသည္ ဆုရျပိဳင္ပြဲဝင္တုိ႔အား ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီမွ ေငြသားဆု ခ်ီးျမွင့္ေပးမည္ မဟုတ္ေခ်။

သို႔ေသာ္ အားကစားသမားတု႔ိ၏ သက္ဆိုင္ရာ မိခင္ႏိုင္ငံမ်ားက ႏိုင္ငံအတြက္ ေရႊ၊ ေငြ၊ ေၾကးတံဆိပ္ ဆြတ္ခူးေပးမည့္ ကစားသမားတို႔အား ဆုခ်ီးျမွင့္ေပးမည့္ မက္လံုးမ်ားရွိေနသည္။

အမ်ားစုမွာ ေငြသားဆုမ်ားျဖစ္ျပီး အခ်ဳိ႕ေသာ ႏုိင္ငံမ်ားကမူ စစ္မႈထမ္း ကင္းလြတ္ခြင့္မွသည္ ကား၊ ႏြားမ်ား၊ တိုက္ခန္းမ်ားအျပင္ အခမဲ့ အစားအေသာက္ပို႔ေဆာင္ေပးမႈတို႔အထိ ဆုအမ်ဳိးမ်ဳိး ဖန္တီးကာ မက္လံုးေပးထား သည္။

AFP Sport သတင္းဌာနက အားကစားျပိဳင္ပြဲမ်ားတြင္ ေရႊ၊ ေငြ၊ ေၾကးရသည့္ ကစားသမားတို႔အား မိခင္ႏိုင္ငံက မည္သို႔မည္ပံု ဆုခ်ီးျမွင့္သည္ကို ေလ့လာေဖာ္ျပလာသည္။

(၁။ ေတာင္ကိုရီးယား)

ေတာင္ကိုရီးယားအစိုးရက ျပင္သစ္အိုလံပစ္တြင္ ေရႊ၊ ေငြ၊ ေၾကး မည္သည့္ဆုတံဆိပ္မဆို ဆြတ္ခူးႏိုင္သည့္ ကစားသမားအား ၁၈ လ စစ္မႈထမ္းရသည့္ ဥပေဒမွ ကင္းလြတ္ခြင့္ေပးမည္ဟု မက္လံုးေပးထားသည္။

ေတာင္ကိုရီးယားတြင္ က်န္းမာသန္စြမ္းေသာ အမ်ဳိးသားတိုင္း စစ္မႈထမ္းၾကရသည့္ ဥပေဒရွိသည္။

အာရွအားကစားပြဲမ်ားတြင္ ေရႊတံဆိပ္ဆုရွင္တို႔အား အလားတူ အခြင့္အေရးေပးခဲ့ရာ ၂၀၁၈ ခုႏွစ္က ဂ်ကာတာ အားကစားျပိဳင္ပြဲတြင္ ေဘာလံုးၾကယ္ပြင့္ Son Heung-min မွာ ၁၈ လ စစ္မႈထမ္းရမည့္ တာဝန္မွ ကင္းလြတ္ခြင့္ ရခဲ့သည္။ တိုက်ဳိ အားကစားျပိဳင္ပြဲတြင္ ျမွားပစ္ကစားသမား ၆ ဦးမွာ ေရႊတံဆိပ္ ၅ ခုအနက္ ၄ ခု ဆြတ္ခူးႏိုင္ခဲ့ရာ Hyundai ကုမၸဏီက ေမာ္ေတာ္ကားမ်ား ဆုခ်ခဲ့သည္။

(၂။ ပိုလန္)

ပိုလန္မွ ကစားသမားမ်ား ေရႊတံဆိပ္ဆု ရမည္ဆိုပါက ေငြသားဆုအေနျဖင့္ ပိုလန္ zlotys ေငြ ၂၅၀၀၀၀ (ကန္ေဒၚလာ ၆၃၀၀၀) ၊ အခန္း ၂ ခန္းပါ တိုက္ခန္း၊ စိန္တစ္ပြင့္၊ ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ အားလပ္ရက္တြင္ သံုးစြဲႏိုင္သည့္ voucher တစ္ခုတုိ႔ ရရွိမည္ ျဖစ္သည္။

ေငြတံဆိပ္ႏွင့္ ေၾကးတံဆိပ္ဆုရွင္မ်ားမွာမူ ေငြသားႏွင့္ အျခားဆုလက္ေဆာင္မ်ား ရရွိမည္ ျဖစ္သည္။

(၃။အင္ဒိုနီးရွား)

လြန္ခဲ့ေသာ ၃ ႏွစ္က တိုက်ဳိတြင္ အမ်ဳိးသမီးၾကက္ေတာင္ရိုက္ျပိဳင္ပြဲ၌ ေရႊတံဆိပ္ဆုမ်ား ရရွိခဲ့ၾကေသာ Apriyani Rahayu ႏွင့္ Greysia Polii တို႔အား အိမ္ျခံေျမ developer တစ္ဦးက ေနအိမ္သစ္မ်ား ေပးရန္ ကတိျပဳခဲ့သည္ဟု ဆိုသည္။

Apriyani ကို သူမ၏ ဇာတိ ဆူလာေဝစီ အေရွ႕ေတာင္ပိုင္းမွ ခရိုင္အၾကီးအကဲက ႏြား ၅ ေကာင္၊ ေျမတစ္ကြက္ႏွင့္ အိမ္တစ္လံုးေပးမည္ဟု ကတိျပဳခဲ့ေၾကာင္း အင္ဒိုနီးရွား၏ ႏိုင္ငံပိုင္ Antara သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

ႏိုင္ငံပိုင္ ကုမၸဏီတစ္ခုျဖစ္ေသာ PT Pegadaian ကလည္း သူမတို႔ ၂ ဦးကို ေရႊ ၃ ကီလိုဂရမ္ ( ၁ ပိႆာ ၈၃ က်ပ္သား) ေပးရန္ ကတိျပဳခဲ့သည္။

(၄။ အင္ဒိုနီးရွား)

ေဂ်ာ္ဒန္ အားကစားသမား Ahmad Abu Ghaush သည္ ေဂ်ာ္ဒန္အတြက္ ပထမဆံုးေရႊတံဆိပ္ဆုကို ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ေနးရိုးတြင္ က်င္းပေသာ အားကစားျပိဳင္ပြဲ၌ တိုက္ကြမ္ဒို (၆၈ ကီလိုဝိတ္တန္း) ျဖင့္ ဆြတ္ခူးေပးခဲ့ရာ အမ်ဳိးသား အိုလံပစ္ေကာ္မတီက dinar ၁၀၀,၀၀၀ (ကန္ေဒၚလာ ၁၄၀,၀၀၀) ဆုခ်ီးျမွင့္ ခဲ့သည္။

Abu Ghaush ကို ျပည္တြင္းကုမၸဏီမ်ားကလည္း ဆုမ်ားခ်ီးျမွင့္ခဲ့ရာ ေမာ္ေတာ္ကားတစ္စီးႏွင့္ တန္ဖုိးၾကီး လက္ပတ္နာရီတစ္လံုးအျပင္ အျခားဆုေပါင္းမ်ားစြာ ရရွိခဲ့သည္။

(၅။ ဖိလစ္ပိုင္)

အေလးမ ကစားသမား Hidilyn Diaz သည္ တိုက်ဳိအိုလံပစ္တြင္ တိုင္းျပည္၏ ပထမဆံုး ေရႊတံဆိပ္ဆုကို ဆြတ္ခူးေပးခဲ့ရာ ေနအိမ္ ၂ လံုး ဆုခ်ခဲ့သည့္အျပင္ ဖိလစ္ပိုင္ စစ္ဘက္တြင္ ၎အား တပ္ၾကပ္ၾကီးရာထူးသို႔ တိုးျမွင့္ေပးခဲ့သည္။

ဖိလစ္ပိုင္ အိုလံပစ္ေကာ္မတီဥကၠဌ Abraham Tolentino က AFP သတင္းဌာနသို႔ ေျပာသည္မွာ ေရႊတံဆိပ္ဆုရွင္မ်ားအား မိမိ၏ ကိုယ္ပိုင္ေငြျဖင့္ ေနအိမ္မ်ား ၊ ေျမကြက္မ်ား ဆုခ်ေပးခဲ့ေၾကာင္း ေျပာသည္။

(၆။ အီရတ္)

အိုလံပစ္ျပိဳင္ပြဲအတြက္ ေျခစစ္ပြဲေအာင္ေသာ အီရတ္ေဘာလံုးသမားတစ္ဦးစီကို dinar ၉ သန္း (ကန္ေဒၚလာ ၇၂၀၀) ႏွင့္ ေျမတစ္ကြက္စီ ေပးအပ္ခဲ့ေၾကာင္း အီရတ္အရာရွိတို႔က ေျပာသည္။

အေလးမ ကစားသမား Ali Ammar Yasser သည္ အိုလံပစ္ျပိဳင္ပြဲအတြက္ အရည္အခ်င္းစစ္ ေအာင္ျမင္ခဲ့ျပီးေနာက္ ကားတစ္စီး၊ ေျမတစ္ကြက္ရရွိခဲ့သည္။

ထို႔အျပင္ ျပိဳင္ပြဲတြင္ အနည္းဆံုး ေၾကးတံဆိပ္ ဆြတ္ခူးမည္ဆိုပါက ေဒၚလာ ၁ သန္း ဆုခ်ီးျမွင့္မည္ဟုလည္း အစိုးရက ကတိျပဳခဲ့သည္။

(၇။ မေလးရွား)

ျပင္သစ္ အိုလံပစ္အားကစားပြဲေတာ္တြင္ ပထမဆံုးေရႊတံဆိပ္ရမည့္ မေလးရွား အားကစားသမားအေနျဖင့္ ဆာေလာင္မႈျပႆနာ ကင္းေဝးမည္ ျဖစ္သည္။

မေလးရွား delivery ႏွင့္ သယ္ယူပို႔ေဆာင္ေရးကုမၸဏီ Grab က ေရႊတံဆိပ္ဆုရွင္အား တစ္ႏွစ္တာ အစားအစာမွာယူမႈမ်ား အခမဲ့ပို႔ေဆာင္ေပးမည္ဟု ကတိျပဳထားသည္။

ေရႊတံဆိပ္ဆုရသူတို႔သည္ မေလးရွား အိမ္ျခံေျမ developer ကုမၸဏီ Top Residency ထံမွ luxury တိုက္ခန္းတစ္ခန္းအျပင္ Chery SUV ကားတစ္စင္းလည္း ရရွိမည္ျဖစ္ေၾကာင္း မေလးရွားအစိုးရက ထုတ္ျပန္ထားသည္။

(၈။ အိႏိၵယ)

Neeraj Chopra သည္ တိုက်ဳိတြင္ လွံတံပစ္ ေရႊတံဆိပ္ဆု ရရွိခဲ့ခ်ိန္က IndiGo ေလေၾကာင္းလိုင္းက Chopra အား တစ္ႏွစ္တာ အကန္႔အသတ္မရွိ ေလေၾကာင္းခရီးအခမဲ့သြားလာခြင့္ ေပးခဲ့သည့္အျပင္ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးကလည္း Chopra အား 7-seater SUV အသစ္တစ္စီး လက္ေဆာင္ေပးခဲ့သည္။

(၉။ စကၤာပူ)

Joseph Schooling သည္ ရီယိုဒီဂ်ေနးရိုးတြင္ က်င္းပေသာ ၂၀၁၆ ျပိဳင္ပြဲတြင္ မီတာ ၁၀၀ လိပ္ျပာကူးျပိဳင္ပြဲ၌ ျပိဳင္ဘက္ Michael Phelps ကို ျဖတ္ေက်ာ္ကာ ေရႊတံဆိပ္ဆုရခဲ့ခ်ိန္က ကားအငွားကုမၸဏီ Grab က Joseph ႏွင့္ သူ၏ မိသားစုအား တစ္ႏွစ္တာ အခမဲ့ အငွားကားစီးခြင့္ ေပးခဲ့သည္။

စကၤာပူေလေၾကာင္းလိုင္းကလည္း Joseph အား ေလေၾကာင္းခရီး မိုင္ ၁ သန္းစီးခြင့္ေပးခဲ့သည့္အျပင္ စကၤာပူအစိုးရကလည္း ေရႊတံဆိပ္ဆုရွင္တိုင္းကို စကၤာပူေဒၚလာ ၁ သန္း (ကန္ေဒၚလာ ၇၅၀,၀၀၀) ခ်ီးျမွင့္ခဲ့သည္။

(၁၀။ ေဟာင္ေကာင္)

ေဟာင္ေကာင္အစိုးရသည္ ျပင္သစ္ အိုလံပစ္တြင္ ေရႊတံဆိပ္ဆု ဆြတ္ခူးႏိုင္ခဲ့ေသာ ဓားေရးျပ ကစားသမားမ်ားျဖစ္ေသာ Vivian Kong ႏွင့္ Cheung Ka-long တို႔ကို MTR ေျမေအာက္ရထား တစ္သက္တာ အခမဲ့စီးခြင့္လက္မွတ္ေပးခဲ့သည့္အျပင္ အျခားဆုတံဆိပ္ရသူမ်ားကိုလည္း အလားတူခ်ီးျမွင့္မည္ဟု ကတိျပဳထားသည္။

ေဟာင္ေကာင္မွ Jockey Club ကလည္း ေရႊတံဆိပ္ဆုရွင္တို႔ကို ေဟာင္ေကာင္ေဒၚလာ ၆ သန္း (ကန္ေဒၚလာ ၇၇၀၀၀၀) ဆုခ်ီးျမွင့္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Five cows, one year’s worth of free food, a two-bed apartment and exemption from military service: How athletes can win more than medals this Olympics (fortune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service