Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန်

Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန် - Property News in Myanmar from iMyanmarHouse.com
22 Jul 2024 11:05 am တွင် တင်ခဲ့သည်
624 ကြိမ် ကြည့်ရှု့ပြီး
Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန်
Apple Inc. ပူးတွဲတည်ထောင်သူ Steve Jobs ၏ ကျန်ရစ်သူဇနီး ဘီလျံနာ လော်ရင်း ပါဝဲလ်ဂျော့ဘ်စ်သည် ဆန်ဖရန်စစ္စကိုမြို့၊ Pacific Heights အရပ်ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူ လိုက်ပြန်သည်။
 
အဆိုပါ အရောင်းအဝယ်မှာ ဆန်ဖရန်စစ္စကို၏ စျေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်ထားကြောင်း ထိုအရောင်းအဝယ်အကြောင်း သိရှိထားသည့် အမည်မဖော်လိုသူ ၂ ဦးကို ကိုးကားပြီး The Wall Street ဂျာနယ်က ဖော်ပြသည်။
 
လော်ရင်းသည် Emerson Collective ကို တည်ထောင်သူဖြစ်ပြီး ယခုစံအိမ်ကို သဘာဝ အာဟာရကုမ္ပဏီ Shaklee Corp ၏ စီအီးအို Roger Barnett နှင့် Sloan Lindermann Barnett တို့ စုံတွဲထံမှ စျေးကွက်ပြင်ပ အရောင်းအဝယ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
 
(မှတ်ချက်။ စျေးကွက်ပြင်ပ အရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေဝက်ဘ်ဆိုက်များမှတဆင့် တရားဝင် အများပြည်သူသိရှိစေရန် အရောင်းအဝယ်လုပ်ခဲ့ခြင်း မဟုတ်သော အိမ်ခြံမြေရောင်းဝယ်မှု ဖြစ်သည်)
 
Barnett တို့စုံတွဲသည် စပိန် ရီနေးဆင်း ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါ စံအိမ်ကြီးကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
 
ဆန်ဖရန်စစ္စကိုတွင် ယခင်က စျေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်မှာ ကန်ဒေါ်လာ ၄၃ ဒသမ ၅ သန်းတန် စံအိမ်ဖြစ်ကြောင်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်တို့က ဝေါစထရိဂျာနယ်သို့ ပြောသည်။
 
၁၉၁၆ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ဗိသုကာပညာရှင် Peter Marino က ပြန်လည်မွမ်းမံပေး ထားကြောင်း Architectural Digest က ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။
 
၄ ထပ်အဆောက်အအုံမှတဆင့် San Francisco Bay, Golden Gate တံတားနှင့် Alcatraz ကျွန်းတို့ကို လှမ်းမျှော်တွေ့မြင်ရသည်။
 
Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ဆန်ဖရန်စစ္စကိုတွင် ပြီးခဲ့သော ဇွန်လအတွင်း အလယ်အလတ်တန်း နေအိမ်တစ်လုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြစ်သည်ဟု ဆိုသည်။
 
လော်ရင်းသည် ပြီးခဲ့သောလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ Malibu မြို့ရှိ ခမ်းနားလှသော စံအိမ်ကြီး တစ်လုံးကို ကန်ဒေါ်လာ ၉၄ သန်းဖြင့် ဝယ်ယူထားခဲ့သေးပြီး ထိုသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ခြံအကျယ် ၄ ဧက ရှိပြီး စံအိမ်မှာ အင်္ဂလိပ် အက္ခရာ L ပုံသဏ္ဍာန်ရှိသည်။
 
၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၃၃၉၉ ရှိကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းဌာနက ဖော်ပြသည်။
 
Steve Jobs မှာ ကင်ဆာရောဂါဖြင့် ၂၀၁၁ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့သည်။
လော်ရင်း ပါဝဲဂျော့ဘ်စ်သည် ခင်ပွန်းဖြစ်သူထံမှ အမွေဆက်ခံရရှိသော Apple နှင့် Disney တို့၏ ရှယ်ယာများဖြင့် ကြွယ်ဝမှု ဆက်လက်တိုးတက်လျက် ရှိနေသည်။
 
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Laurene Powell Jobs buys San Francisco mansion for record $70M, just a month after splashing $94M on a Malibu property (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်အဘိုးအိုတစ်ဦးက မိမိအား စောင့်ရှောက် အဖော်လုပ်ပေးပါက မိမိနေထိုင်သော တိုက်ခန်းပေးမည်ဟု စောင့်ရှောက်ပေးသူနှင့် စာချုပ်ချုပ်ခဲ့သော်လည်း အသက် ၉၃ နှစ်အရွယ်တွင် အိမ်ထောင်ပြုရန် စီစဉ်ခဲ့ပြီးနောက် တိုက်ခန်းမပေ...

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများအပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ...

အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားရှိ နေအိမ်တစ်လုံး ဒေါ်လာ ၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသော အိမ်မှာ လူမှုကွန်ရက်တွင် ဂယက်ထလျက်ရှိ ၊ မဝယ်ယူမီ စဉ်းစားသင့်သည့် မြှုပ်ကွက်တစ်ခုရှိနေ...

အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်တွင် နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင် သက်တမ်းရှိ အနီရောင် ကျောက်ဆောင်ကြီးအနီး ဆောက်လုပ်ထားသော စံအိမ် ကန်ဒေါ်လာ ၁ သန်းနီးပါးဖြင့် အရောင်းဈေးကွက် ဝင်လာ...

အညတရ ဘဝမှ ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက်ကြီး အပါအဝင် အထင်ကရ အဆောက်အအုံကြီးများကို ဆောက်လုပ်ခဲ့သော အိမ်ခြံမြေ Developer ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သူတစ်ဦး...

အိန္ဒိယတွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ထူးဆန်းသည့် နေအိမ် ၁၀ လုံးအကြောင်း

ဒေါ်နယ်ထရမ့်နှင့် ဆွေမျိုးမကင်းသော စီးပွားရေးလုပ်ငန်းရှင် ဂျို ရွှာ ကွတ်ရှ်နာနှင့် စူပါမော်ဒယ် ကာလီ ကလော့စ်တို့ စုံတွဲက ကယ်လီဖိုးနီးယားပြည်နယ်တွင် တချိန်က ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် ဝယ်ယ...

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ...

အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) ၏ စံအိမ်များ

သေခြင်းတရားကိုအောင်နိုင်ရန် ကြိုးပမ်းခဲ့သူ တရုတ်ပြည်၏ပထမဧကရာဇ် Qin Shihuang အား တမလွန်ဘဝထိ စောင့်ရှောက်ကာကွယ်နေသော ရှေးစစ်သည်ရုပ်ထုများထွက်ပေါ်ခဲ့ရာ Xi'an မြို့တော်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင

ဒူဘိုင်းမှာ အိမ်ငှားတွေကို ဆက်မငှားတော့တဲ့ အိမ်ရှင်တွေများလာနေတာ ဘာကြောင့်လဲ

Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ

အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက ဒေါ်လာ ၁ သန်းတန်အိမ်ကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူနိုင်ခဲ့ပုံ

အမေရိကန်ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် Rakesh Kamal က ဇနီးနှင့် သမီးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အ

Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့

Elon Musk က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်မလာမီက တစ်နေ့လျှင် ၁ ဒေါ်လာမျှဖြင့် စားသောက်နေထိုင် ခဲ့ကြောင်း၊ အမေရိကတွင်

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ဂရန့်ကာဒွန်းက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၀၀,၀၀၀ ဆိုသည်မှာ ရှက်စရာ ကောင်းကြောင်း ပြောဆိုမှု ဂယ

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် တက္ကဆပ်ပြည်နယ်တွင် ဝယ်ယူခဲ့သော ဧကပေါင်း ၄၀၀,၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် သမီးဖြစ်သူ ပဲ့ထုန်ထန် (ယခုထိုင်းဝန်ကြီးချုပ်) တို့ ရောင်းထုတ်ခဲ့သော ဟောင်ကောင်မှ ကန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

neighbourhood
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service