အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ

အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ - Property News in Myanmar from iMyanmarHouse.com
15 Jul 2024 1:30 pm တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်နိုင်ငံတွင် အိမ်ငှားဖြစ်သူ၏ ခွင့်ပြုချက်မရှိဘဲ အငှားချထားသော နေအိမ်တိုက်ခန်းအတွင်းသို့ အကြိမ်ကြိမ်ဝင်အိပ်ခဲ့သည့်အိမ်ရှင်ကို နေအိမ်အငှားချမှု ဘုတ်အဖွဲ့ (RTB) က ယူရို ၁၄၅၀၀ ဒဏ်ငွေ ချမှတ်ခဲ့သည်။

အိမ်ငှားအမျိုးသမီးက အိမ်ရှင်အမျိုးသားအား ထိုသို့လုပ်ဆောင်နေခြင်းများ ရပ်တန့်ရန် တောင်းဆိုချိန်တွင် နှောင့်ယှက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အိမ်ငှားအမျိုးသမီးနှင့် ၎င်း၏ ဆယ်ကျော်သက်အရွယ်သားငယ်တို့ ငှားရမ်းနေထိုင်ခဲ့သည်မှာ အိုင်ယာလန်နိုင်ငံ၊ Mayo ခရိုင်၊ Ballina မြို့ရှိ အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းဖြစ်ပြီး တစ်ပတ်လျှင် ၁၂၅ ယူရိုဖြင့် ငှားရမ်းနေထိုင်ခြင်း ဖြစ်သည်။

RTB ခုံရုံး၏ ကြားနာစစ်ဆေးချက်အရ အိမ်ငှားဖြစ်သူသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ နှုတ်ကတိဖြင့် စတင်ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ငှားအမျိုးသမီးက ပြောသည်မှာ အိမ်ရှင်ဖြစ်လာမည့်သူကို မိမိ၏ အလုပ်တွင် ဆုံစည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိမှာ receptionist အဖြစ်လုပ်ကိုင်သူဖြစ်ကြောင်း ပြောသည်။

အိမ်ငှားစဉ်က နေအိမ်ရှိ အခန်းတစ်ခန်းကို အိမ်ရှင်က အသုံးပြုမည် (သို့မဟုတ်) ပူးတွဲနေထိုင်မည်ဟု ပြောဆို သဘောတူခဲ့ခြင်းမျိုးမရှိကြောင်းလည်း အိမ်ငှားအမျိုးသမီးက ပြောသည်။စတင်ငှားရမ်းသည့် အစောပိုင်းလများတွင် အိမ်ရှင်က ၎င်း၏ တိုက်ခန်းတွင် ညအိပ်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ ခင်မင်မှုသဘောအားဖြင့် ခွင့်ပြုခဲ့ကြောင်း အိမ်ငှားက ပြောသည်။

ကနဦး အကြိမ်အနည်းငယ်တွင် အိမ်ရှင်က အိမ်ငှားအမျိုးသမီးထံ ခွင့်ပြုချက်တောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ခွင့်မတောင်းတော့ဘဲ နေချင်သလောက်နေထိုင်ခဲ့ကြောင်း အိမ်ငှားအမျိုးသမီးက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း အားလပ်ရက်အပန်းပြေခရီးသွားပြီး အိမ်ပြန်ရောက်ချိန်တွင် အိမ်ရှင်မှာ မိမိထံ ခွင့်မတောင်းဘဲ တိုက်ခန်းတွင် ဝင်ရောက်နေထိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ရေချိုးခန်းတွင် အိမ်ရှင်၏ သွားတိုက်တံ ကျန်ခဲ့ပြီး တစ်အိမ်လုံး၌ ပစ္စည်းအတိုအစများလည်း တွေ့ရကြောင်း အိမ်ငှားအမျိုးသမီးက ပြောသည်။

အိမ်ငှားအမျိုးသမီးက ဆက်လက်ပြောကြားသည်မှာ အိမ်ရှင်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း မိမိကို အသိမပေးဘဲ၊ ခွင့်ပြုချက်မတောင်းဘဲ အမျိုးသမီးနှင့်အတူ တိုက်ခန်းတွင် ၅ ည လာရောက်အိပ်စက်ခဲ့ကြောင်း ပြောသည်။

အိမ်ငှားအမျိုးသမီးက အိမ်ရှင်အားနောင်အခါတွင် ဟိုတယ်တွင်သာ တည်းခိုနေထိုင်ရန်နှင့် မိမိအိမ်သို့ မလာရန် ပြောကြားခဲ့သည်။

အဆိုပါအိမ်သို့ ရဲတပ်ဖွဲ့ကို မကြာခဏ ဖုန်းဆက်ခေါ်ယူခြင်းများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

ယင်းနောက်ပိုင်း အိမ်ရှင်က အိမ်ငှားအမျိုးသမီးထံ မက်ဆေ့ပေးပို့ပြီး ယခုအိမ်တွင် အိမ်ငှားအမျိုးသမီးက လက်တွဲဖော်နှင့်နေထိုင်နေခြင်းကို HAP နှင့် RTB တို့ထံ သတင်းပို့ တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အိမ်ရှင်အမျိုးသားက ခုံရုံးတွင် ထွက်ဆိုသည်မှာ အိမ်ငှားအမျိုးသမီး၏ တင်ပြမှုများမှာ တိကျမှန်ကန်မှု မရှိကြောင်း၊ အထင်အမြင်မှားစေရန် ပြောဆိုမှုများသာဖြစ်ကြောင်း ပြောသည်။

အိမ်ရှိ အခန်းတစ်ခန်းကို မိမိအသုံးပြုရန် ထားရှိမည်ဟု အိမ်ငှားအမျိုးသမီးအား ရှင်းရှင်းလင်းလင်း ပြောထား ကြောင်း၊ မိမိသည် ဒဗ္ဗလင်မြို့တွင် နေထိုင်ပြီး Ballina သို့ တစ်လလျှင် တစ်ကြိမ် ပညာရေးကိစ္စ လာရောက်ရကြောင်း အိမ်ရှင်က ပြောသည်။

ဇူလိုင်လအတွင်း အိမ်ငှားအမျိုးသမီး အားလပ်ရက်အလည်အပတ်ခရီးထွက်စဉ် အဆိုပါအခန်း၌ ၅ ရက်မှ ၇ ရက်အထိ နေထိုင်မည်ဟု အိမ်ငှားအား ပြောထားခဲ့ပြီးဖြစ်ကြောင်းလည်း အိမ်ရှင်က ခုံရုံးတွင် တင်ပြသည်။

အိမ်ရာခုံရုံးက ဆုံးဖြတ်သည်မှာ အိမ်ရှင်၏ လုပ်ရပ်ကြောင့် အလွန်စိတ်မချမ်းမသာဖြစ်ရမှု၊ သက်တောင့် သက်သာ မဖြစ်မှု၊ စိတ်ကျန်းမာရေးထိခိုက်စေမှုများရှိကြောင်း အိမ်ငှား၏ တင်ပြမှုကို လက်ခံကြောင်း ဆုံးဖြတ်သည်။

အိမ်ငှားအမျိုးသမီးသည် ကနဦးတွင် အိမ်ရှင်ကို စာနာထောက်ထားမှုအားဖြင့် နေထိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သဘောမတူခဲ့ကြောင်း၊ အိမ်ရှင်က ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ပေးပို့မှုများ လုပ်ကာ ခြိမ်းခြောက်ခဲ့သည်ဟု တင်ပြခြင်းများကို လက်ခံကြောင်း တရားရုံးက ဆုံးဖြတ်သည်။

တရားရုံးက အိမ်ရှင်အမျိုးသားအား ရက်ပေါင်း ၇၀ အတွင်း ယူရို ၁၄၅၀၀ ပေးဆောင်စေရန် အမိန့်ချမှတ် ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Landlord who slept in tenant’s apartment in ‘reign of harassment’ fined €14,500 (irishtimes)

 

 

 

[Zawgyi]

အိုင္ယာလန္တြင္ အိမ္ငွားျဖစ္သူအား အသိမေပးဘဲ အငွားခ်ထားေသာေနအိမ္တြင္ အၾကိမ္ၾကိမ္ ဝင္ေရာက္အိပ္စက္ေသာ အိမ္ရွင္၊ အိမ္ရွင္အိမ္ငွားၾကားက ျပႆနာကို ဘယ္လိုေျဖရွင္းလိုက္လဲ

 

အိုင္ယာလန္ႏိုင္ငံတြင္ အိမ္ငွားျဖစ္သူ၏ ခြင့္ျပဳခ်က္မရွိဘဲ အငွားခ်ထားေသာ ေနအိမ္တိုက္ခန္းအတြင္းသို႔ အၾကိမ္ၾကိမ္ဝင္အိပ္ခဲ့သည့္အိမ္ရွင္ကို ေနအိမ္အငွားခ်မႈ ဘုတ္အဖြဲ႔ (RTB) က ယူရို ၁၄၅၀၀ ဒဏ္ေငြ ခ်မွတ္ ခဲ့သည္။

အိမ္ငွားအမ်ဳိးသမီးက အိမ္ရွင္အမ်ဳိးသားအား ထိုသို႔လုပ္ေဆာင္ေနျခင္းမ်ား ရပ္တန္႔ရန္ ေတာင္းဆိုခ်ိန္တြင္ ေႏွာင့္ယွက္ျခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

အိမ္ငွားအမ်ဳိးသမီးႏွင့္ ၎၏ ဆယ္ေက်ာ္သက္အရြယ္သားငယ္တို႔ ငွားရမ္းေနထိုင္ခဲ့သည္မွာ အိုင္ယာလန္ႏိုင္ငံ၊ Mayo ခရိုင္၊ Ballina ျမိဳ႕ရွိ အိပ္ခန္း ၃ ခန္းပါ တိုက္ခန္းျဖစ္ျပီး တစ္ပတ္လွ်င္ ၁၂၅ ယူရိုျဖင့္ ငွားရမ္းေနထုိင္ျခင္း ျဖစ္သည္။

RTB ခံုရံုး၏ ၾကားနာစစ္ေဆးခ်က္အရ အိမ္ငွားျဖစ္သူသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလမွ စတင္ကာ ႏႈတ္ကတိျဖင့္ စတင္ငွားရမ္းေနထိုင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အိမ္ငွားအမ်ဳိးသမီးက ေျပာသည္မွာ အိမ္ရွင္ျဖစ္လာမည့္သူကို မိမိ၏ အလုပ္တြင္ ဆံုစည္းခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိမွာ receptionist အျဖစ္ လုပ္ကိုင္သူျဖစ္ေၾကာင္း ေျပာသည္။

အိမ္ငွားစဥ္က ေနအိမ္ရွိ အခန္းတစ္ခန္းကို အိမ္ရွင္က အသံုးျပဳမည္ (သို႔မဟုတ္) ပူးတြဲေနထုိင္မည္ဟု ေျပာဆို သေဘာတူခဲ့ျခင္းမ်ဳိးမရွိေၾကာင္းလည္း အိမ္ငွားအမ်ဳိးသမီးက ေျပာသည္။ စတင္ငွားရမ္းသည့္ အေစာပိုင္းလမ်ားတြင္ အိမ္ရွင္က ၎၏ တိုက္ခန္းတြင္ ညအိပ္ခြင့္ျပဳရန္ ေတာင္းဆိုခဲ့ရာ ခင္မင္မႈသေဘာအားျဖင့္ ခြင့္ျပဳခဲ့ေၾကာင္း အိမ္ငွားက ေျပာသည္။

ကနဦး အၾကိမ္အနည္းငယ္တြင္ အိမ္ရွင္က အိမ္ငွားအမ်ဳိးသမီးထံ ခြင့္ျပဳခ်က္ေတာင္းခဲ့ေသာ္လည္း ေနာက္ပိုင္း တြင္ ခြင့္မေတာင္းေတာ့ဘဲ ေနခ်င္သေလာက္ေနထိုင္ခဲ့ေၾကာင္း အိမ္ငွားအမ်ဳိးသမီးက ေျပာသည္။

၂၀၂၂ ခုႏွစ္၊ ဇြန္လအတြင္း အားလပ္ရက္အပန္းေျပခရီးသြားျပီး အိမ္ျပန္ေရာက္ခ်ိန္တြင္ အိမ္ရွင္မွာ မိမိထံ ခြင့္မေတာင္းဘဲ တိုက္ခန္းတြင္ ဝင္ေရာက္ေနထုိင္ခဲ့သည္ကို ေတြ႔ရေၾကာင္း၊ ေရခ်ဳိးခန္းတြင္ အိမ္ရွင္၏ သြားတိုက္တံ က်န္ခဲ့ျပီး တစ္အိမ္လံုး၌ ပစၥည္းအတိုအစမ်ားလည္း ေတြ႔ရေၾကာင္း အိမ္ငွားအမ်ဳိးသမီးက ေျပာသည္။

အိမ္ငွားအမ်ဳိးသမီးက ဆက္လက္ေျပာၾကားသည္မွာ အိမ္ရွင္သည္ ၂၀၂၂ ခုႏွစ္၊ ဇူလုိင္လအတြင္း မိမိကို အသိမေပးဘဲ၊ ခြင့္ျပဳခ်က္မေတာင္းဘဲ အမ်ဳိးသမီးႏွင့္အတူ တိုက္ခန္းတြင္ ၅ ည လာေရာက္အိပ္စက္ခဲ့ေၾကာင္း ေျပာသည္။

အိမ္ငွားအမ်ဳိးသမီးက အိမ္ရွင္အား ေနာင္အခါတြင္ ဟိုတယ္တြင္သာ တည္းခိုေနထုိင္ရန္ႏွင့္ မိမိအိမ္သို႔ မလာရန္ ေျပာၾကားခဲ့သည္။

အဆိုပါအိမ္သို႔ ရဲတပ္ဖြဲ႔ကို မၾကာခဏ ဖုန္းဆက္ေခၚယူျခင္းမ်ား ျပဳလုပ္ခဲ့ရသည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္း အိမ္ရွင္က အိမ္ငွားအမ်ဳိးသမီးထံ မက္ေဆ့ေပးပို႔ျပီး ယခုအိမ္တြင္ အိမ္ငွားအမ်ဳိးသမီးက လက္တြဲေဖာ္ႏွင့္ ေနထုိင္ေနျခင္းကို HAP ႏွင့္ RTB တု႔ိထံ သတင္းပို႔ တိုင္ၾကားမည္ဟု ျခိမ္းေျခာက္ခဲ့သည္။

အိမ္ရွင္အမ်ဳိးသားက ခံုရံုးတြင္ ထြက္ဆိုသည္မွာ အိမ္ငွားအမ်ဳိးသမီး၏ တင္ျပမႈမ်ားမွာ တိက်မွန္ကန္မႈ မရွိေၾကာင္း၊ အထင္အျမင္မွားေစရန္ ေျပာဆိုမႈမ်ားသာျဖစ္ေၾကာင္း ေျပာသည္။

အိမ္ရွိ အခန္းတစ္ခန္းကို မိမိအသံုးျပဳရန္ ထားရွိမည္ဟု အိမ္ငွားအမ်ဳိးသမီးအား ရွင္းရွင္းလင္းလင္း ေျပာထား ေၾကာင္း၊ မိမိသည္ ဒဗၺလင္ျမိဳ႕တြင္ ေနထုိင္ျပီး Ballina သို႔ တစ္လလွ်င္ တစ္ၾကိမ္ ပညာေရးကိစၥ လာေရာက္ရ ေၾကာင္း အိမ္ရွင္က ေျပာသည္။

ဇူလိုင္လအတြင္း အိမ္ငွားအမ်ဳိးသမီး အားလပ္ရက္ အလည္အပတ္ခရီးထြက္စဥ္ အဆိုပါအခန္း၌ ၅ ရက္မွ ၇ ရက္အထိ ေနထိုင္မည္ဟု အိမ္ငွားအား ေျပာထားခဲ့ျပီးျဖစ္ေၾကာင္းလည္း အိမ္ရွင္က ခံုရံုးတြင္ တင္ျပသည္။

အိမ္ရာခံုရံုးက ဆံုးျဖတ္သည္မွာ အိမ္ရွင္၏ လုပ္ရပ္ေၾကာင့္ အလြန္စိတ္မခ်မ္းမသာျဖစ္ရမႈ၊ သက္ေတာင့္ သက္သာ မျဖစ္မႈ၊ စိတ္က်န္းမာေရးထိခိုက္ေစမႈမ်ားရွိေၾကာင္း အိမ္ငွား၏ တင္ျပမႈကို လက္ခံေၾကာင္း ဆံုးျဖတ္သည္။

အိမ္ငွားအမ်ဳိးသမီးသည္ ကနဦးတြင္ အိမ္ရွင္ကို စာနာေထာက္ထားမႈအားျဖင့္ ေနထုိင္ရန္ ခြင့္ျပဳခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ သေဘာမတူခဲ့ေၾကာင္း၊ အိမ္ရွင္က ဖုန္းေခၚဆိုမႈ၊ မက္ေဆ့ေပးပို႔မႈမ်ား လုပ္ကာ ျခိမ္းေျခာက္ခဲ့ သည္ဟု တင္ျပျခင္းမ်ားကို လက္ခံေၾကာင္း တရားရံုးက ဆံုးျဖတ္သည္။

တရားရံုးက အိမ္ရွင္အမ်ဳိးသားအား ရက္ေပါင္း ၇၀ အတြင္း ယူရို ၁၄၅၀၀ ေပးေဆာင္ေစရန္ အမိန္႔ခ်မွတ္ ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Landlord who slept in tenant’s apartment in ‘reign of harassment’ fined €14,500 (irishtimes)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service