အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား - Property News in Myanmar from iMyanmarHouse.com
12 Jul 2024 12:03 pm တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့သည် အမေရိကန်ပြည်ထောင်စု ၊ ဒီလာဝယ်ပြည်နယ်ရှိ ၎င်းတို့ ပိုင်ဆိုင်သော အိမ်ခြံမြေများကို နှစ်ပေါင်းများစွာကာလအတွင်း ငွေထုတ်စက်များ သဖွယ် အသုံးပြုခဲ့ကြောင်း၊ အိမ်ခြံမြေ ချေးငွေများစွာ ထုတ်ယူခြင်းနှင့် ပြန်လည်အပေါင်ထားခြင်းတို့ကို ၃၅ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ဂျိုးဘိုင်ဒန်တို့ ဇနီးမောင်နှံသည် ကန်ဒေါ်လာ ၁၀ သန်းခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရပြီး ၁၀ စုနှစ် များစွာ ကာလအတွင်း ၎င်းတို့၏ အိမ်ခြံမြေများကို အပေါင်ထားကာ ကန်ဒေါ်လာ ၆ သန်းခန့် ချေးယူခဲ့ကြသည်။

(ဂျိုးဘိုင်ဒန်တို့ ဇနီးမောင်နှံသည် ငွေကြေးများစွာ ချမ်းသာကြွယ်ဝသော်လည်း နေအိမ်များကို ၃၅ ကြိမ်ခန့် အပေါင်ထားခဲ့ကြသည်။ ဓာတ်ပုံ-Adam Schultz)

 

၎င်းတို့ဇနီးမောင်နှံ လက်ထပ်ပြီး မကြာမီ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလများမှ စတင်ကာ ထိုသို့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ဂျိုးဘိုင်ဒန်တို့ စုံတွဲသည် ခန့်မှန်းခြေအားဖြင့် ၁၇ လလျှင် တစ်ကြိမ် အိမ်ခြံမြေချေးငွေ ရယူခြင်းများ ပြုလုပ်ခဲ့ ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

ထိုသို့ အကြိမ်ပေါင်းများစွာ အပေါင်ထားခဲ့ခြင်းများအပေါ် လူအများက များစွာ အံ့အားသင့်ခဲ့ကြသည်။

“သူတို့ ငွေ အလောသုံးဆယ် လိုမနေဘူးဆိုရင် ဒီလိုလုပ်တာ အကျိုးအကြောင်း မဆီလျော်ပါဘူး”ဟု ဘဏ္ဍာရေး ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးက Daily Mail သတင်းဌာနသို့ ပြောသည်။

သမ္မတဘိုင်ဒန်မိသားစု၏ ဘဏ္ဍာရေး နောက်ကြောင်းကို စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်နေချိန်တွင် ယခု ဖော်ထုတ်တွေ့ရှိချက်များမှာ စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

သမ္မတ ဂျိုးဘိုင်ဒန်တို့ လက်ရှိစံအိမ်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ဆယ်စုနှစ် ၃ ခု နီးပါး ကြာမြင့်ပြီးသည့်တိုင် အိမ်ခြံမြေချေးငွေ ကန်ဒေါ်လာ ၅၄၁,၀၀၀ ကျန်ရှိနေဆဲ ဖြစ်ကြောင်း မှတ်တမ်းများ တွင် ဖော်ပြသည်။

သမ္မတဂျိုးဘိုင်ဒန်၏ ယခင် နေအိမ်ဖြစ်သော Wilmington မှ အိမ်ကို ၁၉၇၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈၅,၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

 

(ဂျိုးဘိုင်ဒန်တို့ စုံတွဲ၏ လက်ရှိအိမ်မှာ ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် အိမ်ခြံမြေချေးငွေ ကန်ဒေါ်လာ ၅၄၁,၀၀၀ ရှိနေသည်။ ဓာတ်ပုံ-Google Earth)

 

မှတ်တမ်းများအရ ဂျိုးဘိုင်းဒန်တို့သည် ၄ ဧက ကျယ်ဝန်းသော နေအိမ်ခြံဝန်းကို ၁၉၉၆ ခုနှစ်က ကန်ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ယင်းနောက်ပိုင်းကတည်းက အပေါင်ထား ချေးငွေထုတ်ယူမှု အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

 

(ဂျိုးဘိုင်ဒန်တို့သည် ယခုအိမ်ကို အကြိမ် ၂၀ ခန့် အပေါင်ထား ချေးငွေ ထုတ်ယူခဲ့သည်။ ဓာတ်ပုံ-AP)

၎င်းတို့၏ အခြားစံအိမ်ဖြစ်သော Rehoboth ကမ်းခြေမှ နွေရာသီ အပန်းဖြေစံအိမ်ကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၇၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအိမ်ကိုမူ ငွေသားပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေချေးငွေဖြင့် ဝယ်ယူခဲ့ခြင်း မဟုတ်ချေ။

 

(ဘိုင်ဒန်တို့စုံတွဲသည် Rehoboth ကမ်းခြေ၊ Farview လမ်းရှိ အိပ်ခန်း ၆ ခန်းပါ ယခုအိမ်ကို ၂၀၁၇ ခုနှစ် အတွင်း ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- The Daily Times-USA TODAY NETWORK)

 

(ဂျိုးဘိုင်ဒန်နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ ဒီလာဝယ်ပြည်နယ်၊ Rehoboth ကမ်းခြေမှ ၎င်းတို့၏ စံအိမ်အနီးတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက စက်ဘီးစီးနေကြပုံ။ ဓာတ်ပုံ-Reuters)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Joe and Jill Biden refinanced their Delaware home 20 times — raking in $4.2M from the $350K property (nypost)

Photo Credit- Reuters, The Daily Times-USA TODAY NETWORK, AP, Google Earth, Adam Schultz

 

 

[Zawgyi]

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ ဒီလာဝယ္ျပည္နယ္မွ ေနအိမ္ကို အေပါင္ထားကာ အၾကိမ္ ၂၀ ခန္႔ ေခ်းေငြ ထုတ္ယူခဲ့၊ ေဒၚလာ ၄ ဒသမ ၂ သန္းတန္ေၾကးရွိေသာအိမ္ျဖစ္ျပီး ေခ်းေငြစုစုေပါင္း ေဒၚလာ ၃၅၀,၀၀၀ ထုတ္ယူထား

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ႏွင့္ သမၼတကေတာ္ ေဂ်းလ္ဘိုင္ဒန္တို႔သည္ အေမရိကန္ျပည္ေထာင္စု ၊ ဒီလာဝယ္ျပည္နယ္ရွိ ၎တို႔ ပိုင္ဆိုင္ေသာ အိမ္ျခံေျမမ်ားကို ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ေငြထုတ္စက္မ်ား သဖြယ္ အသံုးျပဳခဲ့ေၾကာင္း၊ အိမ္ျခံေျမ ေခ်းေငြမ်ားစြာ ထုတ္ယူျခင္းႏွင့္ ျပန္လည္အေပါင္ထားျခင္းတုိ႔ကို ၃၅ ၾကိမ္အထိ ျပဳလုပ္ခဲ့ေၾကာင္း အစီရင္ခံစာတစ္ရပ္တြင္ ေဖာ္ျပသည္။

ဂ်ဳိးဘိုင္ဒန္တုိ႔ ဇနီးေမာင္ႏွံသည္ ကန္ေဒၚလာ ၁၀ သန္းခန္႔ ခ်မ္းသာၾကြယ္ဝသည္ဟု ခန္႔မွန္းရျပီး ၁၀ စုႏွစ္ မ်ားစြာ ကာလအတြင္း ၎တို႔၏ အိမ္ျခံေျမမ်ားကို အေပါင္ထားကာ ကန္ေဒၚလာ ၆ သန္းခန္႔ ေခ်းယူခဲ့ၾကသည္။

(ဂ်ဳိးဘိုင္ဒန္တုိ႔ ဇနီးေမာင္ႏွံသည္ ေငြေၾကးမ်ားစြာ ခ်မ္းသာၾကြယ္ဝေသာ္လည္း ေနအိမ္မ်ားကို ၃၅ ၾကိမ္ခန္႔ အေပါင္ထားခဲ့ၾကသည္။ ဓာတ္ပံု-Adam Schultz)

၎တို႔ဇနီးေမာင္ႏွံ လက္ထပ္ျပီး မၾကာမီ ၁၉၇၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားမွ စတင္ကာ ထိုသို႔ လုပ္ေဆာင္ ခဲ့ျခင္း ျဖစ္သည္။

ဂ်ဳိးဘိုင္ဒန္တုိ႔ စံုတြဲသည္ ခန္႔မွန္းေျခအားျဖင့္ ၁၇ လလွ်င္ တစ္ၾကိမ္ အိမ္ျခံေျမေခ်းေငြ ရယူျခင္းမ်ား ျပဳလုပ္ခဲ့ ေၾကာင္း Daily Mail သတင္းဌာနက ေဖာ္ျပသည္။

ထုိသို႔ အၾကိမ္ေပါင္းမ်ားစြာ အေပါင္ထားခဲ့ျခင္းမ်ားအေပၚ လူအမ်ားက မ်ားစြာ အံ့အားသင့္ခ့ဲၾကသည္။

“သူတို႔ ေငြ အေလာသံုးဆယ္ လုိမေနဘူးဆိုရင္ ဒီလုိလုပ္တာ အက်ဳိးအေၾကာင္း မဆီေလ်ာ္ပါဘူး”ဟု ဘ႑ာေရး ကၽြမ္းက်င္ပုဂၢိဳလ္တစ္ဦးက Daily Mail သတင္းဌာနသို႔ ေျပာသည္။

သမၼတဘိုင္ဒန္မိသားစု၏ ဘ႑ာေရး ေနာက္ေၾကာင္းကို စံုစမ္းစစ္ေဆးမႈမ်ား ေပၚေပါက္ေနခ်ိန္တြင္ ယခု ေဖာ္ထုတ္ေတြ႔ရွိခ်က္မ်ားမွာ စိတ္ဝင္စားဖြယ္ ျဖစ္လာသည္။

သမၼတ ဂ်ဳိးဘုိင္ဒန္တို႔ လက္ရွိစံအိမ္မွာ ၁၉၉၆ ခုႏွစ္ကတည္းက ဝယ္ယူခဲ့ျခင္း ျဖစ္ေသာ္လည္း ဆယ္စုႏွစ္ ၃ ခု နီးပါး ၾကာျမင့္ျပီးသည့္တိုင္ အိမ္ျခံေျမေခ်းေငြ ကန္ေဒၚလာ ၅၄၁,၀၀၀ က်န္ရွိေနဆဲ ျဖစ္ေၾကာင္း မွတ္တမ္းမ်ား တြင္ ေဖာ္ျပသည္။

သမၼတဂ်ဳိးဘုိင္ဒန္၏ ယခင္ ေနအိမ္ျဖစ္ေသာ Wilmington မွ အိမ္ကို ၁၉၇၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၈၅,၀၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး ၁၉၉၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၂ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

(ဂ်ဳိးဘိုင္ဒန္တုိ႔ စံုတြဲ၏ လက္ရွိအိမ္မွာ ၁၉၉၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၃၅၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ေသာ္လည္း လက္ရိွအခ်ိန္တြင္ အိမ္ျခံေျမေခ်းေငြ ကန္ေဒၚလာ ၅၄၁,၀၀၀ ရွိေနသည္။ ဓာတ္ပံု-Google Earth)

မွတ္တမ္းမ်ားအရ ဂ်ဳိးဘိုင္းဒန္တုိ႔သည္ ၄ ဧက က်ယ္ဝန္းေသာ ေနအိမ္ျခံဝန္းကို ၁၉၉၆ ခုႏွစ္က ကန္ေဒၚလာ ၃၅၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး ယင္းေနာက္ပိုင္းကတည္းက အေပါင္ထား ေခ်းေငြထုတ္ယူမႈ အၾကိမ္ ၂၀ ခန္႔ ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

(ဂ်ဳိးဘိုင္ဒန္တို႔သည္ ယခုအိမ္ကို အၾကိမ္ ၂၀ ခန္႔ အေပါင္ထား ေခ်းေငြ ထုတ္ယူခဲ့သည္။ ဓာတ္ပံု-AP)

၎တို႔၏ အျခားစံအိမ္ျဖစ္ေသာ Rehoboth ကမ္းေျခမွ ေႏြရာသီ အပန္းေျဖစံအိမ္ကို ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၇၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထိုအိမ္ကိုမူ ေငြသားေပးေခ်ကာ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး အိမ္ျခံေျမေခ်းေငြျဖင့္ ဝယ္ယူခဲ့ျခင္း မဟုတ္ေခ်။

(ဘိုင္ဒန္တို႔စံုတြဲသည္ Rehoboth ကမ္းေျခ၊ Farview လမ္းရွိ အိပ္ခန္း ၆ ခန္းပါ ယခုအိမ္ကို ၂၀၁၇ ခုႏွစ္ အတြင္း ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- The Daily Times-USA TODAY NETWORK)

(ဂ်ဳိးဘိုင္ဒန္ႏွင့္ သမၼတကေတာ္ ေဂ်းလ္ဘိုင္ဒန္တို႔ ဒီလာဝယ္ျပည္နယ္၊ Rehoboth ကမ္းေျခမွ ၎တို႔၏ စံအိမ္အနီးတြင္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလက စက္ဘီးစီးေနၾကပံု။ ဓာတ္ပံု-Reuters)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Joe and Jill Biden refinanced their Delaware home 20 times — raking in $4.2M from the $350K property (nypost)

Photo Credit- Reuters, The Daily Times-USA TODAY NETWORK, AP, Google Earth, Adam Schultz

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service