ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ? - Property Knowledge in Myanmar from iMyanmarHouse.com
15 Jun 2024 3:39 pm တွင် တင်ခဲ့သည်
524 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရေခဲသေတ္တာလို့ ဆိုလိုက်ရင် လူတော်တော်များများ ယူဆထားတာက အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပုပ်သိုးမှု မဖြစ်အောင် သိမ်းဆည်းထားလို့ ရတဲ့ အရာရယ်လို့ပေါ့။ ဒီတော့ ရေခဲသေတ္တာထဲကို အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥ ဘဲဥတွေကစလို့ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ဟင်းရံတွေနဲ့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေကို သူ့အကန့်လေးနဲ့ သူ၊ ဘူးနဲ့ ထည့်တန်တာ ထည့်ပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါနဲ့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !

တကယ်ကတော့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေတာ မကောင်းပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားလို့ မပုပ်မသိုးတာ မှန်ပေမယ့် အချို့သော အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တဲ့အခါ အာဟာရ တန်ဖိုး ပျက်သွားတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘာလာလာ ရေခဲသေတ္တာရှိတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ဘာတွေကိုတော့ ရေခဲသေတ္တာထဲ မထည့်သိမ်းသင့်ဘူးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား!

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ။ ဒါဆိုရင်တော့ ဒါလေးတွေကိုတော့ မထည့်ပါနဲ့လို့ ဒီနေရာက သတိပေးလိုက်ပါရစေ။

ငှက်ပျောသီး

ငှက်ပျောသီးက အပူပိုင်းဒေသ မျိုးရင်းပင်ရဲ့ အသီးပါ။ ငှက်ပျောသီးက အခန်းအပူချိန်၊ ပြင်ပလေထုနဲ့ ထိတွေ့နေမှုက မှည့်ဝင်းစေဖို့ ထောက်ကူပေးနိုင်ပေမယ့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာက ငှက်ပျောသီးရဲ့ မှည့်ဝင်းမှု ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပြီး ပုပ်သိုးပျက်စီးလွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်လေထုနဲ့ ထိတွေ့နိုင်တဲ့ နေရာမှာပဲ ချိတ်ဆွဲထားပေးပါ။

ဟင်းခတ်အရွက်တွေ

ဟင်းခတ်အရွက်တွေ ဖြစ်တဲ့ ပင်စိမ်း၊ တရုတ်နံနံ၊ နံနံပင် စတာတွေကို တာရှည်ခံစေဖို့နဲ့ လက်ဆတ်နေအောင်ဆိုပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းတာက ခြောက်သွေ့စေပြီး လတ်ဆတ်မှုကို ပျက်စီးစေနိုင်ပါတယ်။ အချို့သော အရွက်တွေမှာဆိုရင် အအေးဒဏ်ကြောင့် ရေနာသလိုမျိုး ခံစားရနိုင်ပါတယ်။

ဒါကြောင့် ဟင်းခတ်အရွက်တွေကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ လေသလပ်ခံပေးတာက အာဟာရတန်ဖိုး မပျက်စီးဘဲ ခြောက်သွေ့သွားစေတာကြောင့် ပုပ်သိုးမှု မရှိဘဲ အချိန် ကြာမြင့်စွာ သိမ်းဆည်းထားနိုင်မှာပါ။

ဆီ

စားအုန်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီ စတာလိုမျိုး စားသုံးလို့ ရတဲ့ဆီတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းနေမိတယ် ဆိုရင်တော့ အခုပဲ ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ စားသုံးလို့ရတဲ့ ဆီတွေကို အလင်းတိုက်ရိုက် မကျတဲ့ အေးမြ ခြောက်သွေ့တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားတာက အာဟာရတန်ဖိုးရော အရသာကိုပါ ပြည့်ပြည့်ဝဝ ရစေမှာပါ။

ဆီကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတာက ဆီတွေကို ခဲစေနိုင်ပါတယ်။

ချက်ပြီးသား ဟင်းတွေ

ဟင်းတွေပိုလို့ ရေခဲသေတ္တာထဲထည့်သိမ်းမယ် ဆိုရင်လည်း မြန်မြန်စားပစ်ပါ။ ၂-၃ရက်ထက် ပိုသိမ်းမိတယ်ဆိုရင်တော့ မစားပါနဲ့တော့။ ဒီလို ထည့်သိမ်းတာက ဟင်းအရသာကို ပျက်စီးစေသလို အာဟာရ တန်ဖိုးကိုလည်း ပျက်စီးစေနိုင်ပါတယ်။

အေးခဲထားတဲ့ ဟင်းကို စားသုံးတာက အစာအဆိပ်သင့်တာ အပြင် အခြားသော အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် စားမယ်ဆိုရင်တောင် ပူပူလောလော နွှေးပြီးမှ စားဖို့ မမေ့ပါနဲ့။

ပျားရည်

ပျားရည်ကလည်း ဆီလိုပါပဲ အခန်းအပူချိန်မှာ သိမ်းရုံနဲ့ လုံလောက်ပါတယ်။ ပျားရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းတာက ပျားရည်ကို ခဲစေသလို အရသာ ပျက်စေပြီး အာဟာရတန်ဖိုး လျော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို အခန်းအပူချိန်မှာပဲ အေးမြခြောက်သွေ့တဲ့ နေရာမှာ လေလုံဘူးတဲ့ သိမ်းပေးပါ။

သရက်သီးစိမ်း

သရက်သီးစိမ်းကို အစိမ်းအတိုင်း စားချင်ရင်လည်း ရေခဲသေတ္တာထဲမှာ ၂ ရက်ထက် ပိုမထားသင့်သလို အမှည့်ခံမယ်ဆိုရင်လည်း ရေခဲသေတ္တာထဲကို ထည့်မထားတာ ကောင်းပါတယ်။ ရေခဲသေတ္တာရဲ့ အအေးချိန်က သရက်သီးမှည့်တဲ့ ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်လို့ပါ။ သရက်သီးမှည့်ကို ခွာပြီး မစားခင် ခဏလောက် ရေခဲသေတ္တာထဲ အအေးခံတာကတော့ ရပါတယ်။

ကော်ဖီမှုန့်

ကော်ဖီမှုန့်ဆိုတာက ခြောက်သွေ့အောင် သိမ်းဆည်းထားသင့်တဲ့ အရာပါ။ ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာက ရေငွေ့ရိုက်ပြီး အစိုပြန်တာမျိုး ဖြစ်စေနိုင်သလို ကော်ဖီမှုန့်ရဲ့ အရသာကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီမှုန့်ကို လေလုံဘူးနဲ့ ပိတ်လို့ အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပေးပါ။

ဒါတွေအပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစတာတွေကို အခွံနွှာပြီး ရေခဲသေတ္တာထဲ ထည့်ထား တာမျိုးလည်း မလုပ်ပါနဲ့။ ဒီလို လုပ်တာက အခန့်မသင့်ရင် အစာအဆိပ်သင့်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။

ရေခဲသေတ္တာက အစားအစာတွေကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးတယ်ဆိုပေမယ့် အချို့သော အစားအစာတွေကိုတော့ အာဟာရတန်ဖိုး ပျက်စီးစေနိုင်သလို အခန့်မသင့်ရင် အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် အစားအစာတိုင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာက နည်းလမ်းကောင်း မဟုတ်ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : hellosayarwon

[Zawgyi]

ဘာလာလာ ေရခဲေသတၱာထဲ ထည့္သိမ္းေနပါ သလား ?

ေရခဲေသတၱာလို႔ ဆိုလိုက္ရင္ လူေတာ္ေတာ္မ်ားမ်ား ယူဆထားတာက အစားအစာေတြကို လတ္လတ္ဆတ္ဆတ္နဲ႔ ပုပ္သိုးမႈ မျဖစ္ေအာင္ သိမ္းဆည္းထားလို႔ ရတဲ့ အရာရယ္လို႔ေပါ့။ ဒီေတာ့ ေရခဲေသတၱာထဲကို အသားစိမ္း၊ ငါးစိမ္း၊ ၾကက္ဥ ဘဲဥေတြကစလို႔ အသီးအ႐ြက္ေတြ၊ သစ္သီးေတြ၊ ဟင္းရံေတြနဲ႔ အမ်ိဳးမ်ိဳးေသာ စားေသာက္ဖြယ္ရာေတြကို သူ႕အကန္႔ေလးနဲ႔ သူ၊ ဘူးနဲ႔ ထည့္တန္တာ ထည့္ၿပီး သိမ္းဆည္းထားတတ္ၾကပါတယ္။ ဒါနဲ႔ ဘာလာလာ ေရခဲေသတၱာထဲ ထည့္သိမ္းေနပါ သလား !

တကယ္ကေတာ့ ဘာလာလာ ေရခဲေသတၱာထဲ ထည့္သိမ္းေနတာ မေကာင္းပါဘူး။ ေရခဲေသတၱာထဲကို ထည့္ထားလို႔ မပုပ္မသိုးတာ မွန္ေပမယ့္ အခ်ိဳ႕ေသာ အစားအစာေတြကို ေရခဲေသတၱာထဲ ထည့္သိမ္းလိုက္တဲ့အခါ အာဟာရ တန္ဖိုး ပ်က္သြားတာမ်ိဳး ႐ွိႏိုင္ပါတယ္။ ဒီတစ္ေခါက္ေတာ့ ဘာလာလာ ေရခဲေသတၱာ႐ွိတယ္ဆိုတဲ့ ပရိသတ္ႀကီးအတြက္ ဘာေတြကိုေတာ့ ေရခဲေသတၱာထဲ မထည့္သိမ္းသင့္ဘူးလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

ဘာလာလာ ေရခဲေသတၱာထဲ ထည့္သိမ္းေနပါ သလား!

ဘာလာလာ ေရခဲေသတၱာထဲ ထည့္သိမ္းေနပါ သလား ။ ဒါဆိုရင္ေတာ့ ဒါေလးေတြကိုေတာ့ မထည့္ပါနဲ႔လို႔ ဒီေနရာက သတိေပးလိုက္ပါရေစ။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက အပူပိုင္းေဒသ မ်ိဳးရင္းပင္ရဲ႕ အသီးပါ။ ငွက္ေပ်ာသီးက အခန္းအပူခ်ိန္၊ ျပင္ပေလထုနဲ႔ ထိေတြ႕ေနမႈက မွည့္ဝင္းေစဖို႔ ေထာက္ကူေပးႏိုင္ေပမယ့္ ငွက္ေပ်ာသီးကို ေရခဲေသတၱာထဲ ထည့္သိမ္းလိုက္တာက ငွက္ေပ်ာသီးရဲ႕ မွည့္ဝင္းမႈ ျဖစ္စဥ္ကို အဟန္႔အတား ျဖစ္ေစၿပီး ပုပ္သိုးပ်က္စီးလြယ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီးကို ေရခဲေသတၱာထဲ မထည့္ဘဲ အျပင္ေလထုနဲ႔ ထိေတြ႕ႏိုင္တဲ့ ေနရာမွာပဲ ခ်ိတ္ဆြဲထားေပးပါ။

ဟင္းခတ္အ႐ြက္ေတြ

ဟင္းခတ္အ႐ြက္ေတြ ျဖစ္တဲ့ ပင္စိမ္း၊ တ႐ုတ္နံနံ၊ နံနံပင္ စတာေတြကို တာ႐ွည္ခံေစဖို႔နဲ႔ လက္ဆတ္ေနေအာင္ဆိုၿပီး ေရခဲေသတၱာထဲ ထည့္သိမ္းတာက ေျခာက္ေသြ႕ေစၿပီး လတ္ဆတ္မႈကို ပ်က္စီးေစႏိုင္ပါတယ္။ အခ်ိဳ႕ေသာ အ႐ြက္ေတြမွာဆိုရင္ အေအးဒဏ္ေၾကာင့္ ေရနာသလိုမ်ိဳး ခံစားရႏိုင္ပါတယ္။

ဒါေၾကာင့္ ဟင္းခတ္အ႐ြက္ေတြကို ေလဝင္ေလထြက္ေကာင္းၿပီး အရိပ္ရတဲ့ေနရာမွာ ေလသလပ္ခံေပးတာက အာဟာရတန္ဖိုး မပ်က္စီးဘဲ ေျခာက္ေသြ႕သြားေစတာေၾကာင့္ ပုပ္သိုးမႈ မ႐ွိဘဲ အခ်ိန္ ၾကာျမင့္စြာ သိမ္းဆည္းထားႏိုင္မွာပါ။

ဆီ

စားအုန္းဆီ၊ သံလြင္ဆီ၊ ႏွမ္းဆီ စတာလိုမ်ိဳး စားသုံးလို႔ ရတဲ့ဆီေတြကို ေရခဲေသတၱာထဲ ထည့္သိမ္းေနမိတယ္ ဆိုရင္ေတာ့ အခုပဲ ေရခဲေသတၱာထဲက ထုတ္လိုက္ပါ။ စားသုံးလို႔ရတဲ့ ဆီေတြကို အလင္းတိုက္႐ိုက္ မက်တဲ့ ေအးျမ ေျခာက္ေသြ႕တဲ့ ေနရာမ်ိဳးမွာ သိမ္းဆည္းထားတာက အာဟာရတန္ဖိုးေရာ အရသာကိုပါ ျပည့္ျပည့္ဝဝ ရေစမွာပါ။

ဆီကို ေရခဲေသတၱာထဲ ထည့္သိမ္းထားတာက ဆီေတြကို ခဲေစႏိုင္ပါတယ္။

ခ်က္ၿပီးသား ဟင္းေတြ

ဟင္းေတြပိုလို႔ ေရခဲေသတၱာထဲထည့္သိမ္းမယ္ ဆိုရင္လည္း ျမန္ျမန္စားပစ္ပါ။ ၂-၃ရက္ထက္ ပိုသိမ္းမိတယ္ဆိုရင္ေတာ့ မစားပါနဲ႔ေတာ့။ ဒီလို ထည့္သိမ္းတာက ဟင္းအရသာကို ပ်က္စီးေစသလို အာဟာရ တန္ဖိုးကိုလည္း ပ်က္စီးေစႏိုင္ပါတယ္။

ေအးခဲထားတဲ့ ဟင္းကို စားသုံးတာက အစာအဆိပ္သင့္တာ အျပင္ အျခားေသာ အစာအိမ္ အူလမ္းေၾကာင္း ဆိုင္ရာ က်န္းမာေရး ျပႆနာေတြကို ခံစားရေစႏိုင္ပါတယ္။ ဒါေၾကာင့္ စားမယ္ဆိုရင္ေတာင္ ပူပူေလာေလာ ေႏႊးၿပီးမွ စားဖို႔ မေမ့ပါနဲ႔။

ပ်ားရည္

ပ်ားရည္ကလည္း ဆီလိုပါပဲ အခန္းအပူခ်ိန္မွာ သိမ္း႐ုံနဲ႔ လုံေလာက္ပါတယ္။ ပ်ားရည္ကို ေရခဲေသတၱာထဲမွာ သိမ္းတာက ပ်ားရည္ကို ခဲေစသလို အရသာ ပ်က္ေစၿပီး အာဟာရတန္ဖိုး ေလ်ာ့တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို အခန္းအပူခ်ိန္မွာပဲ ေအးျမေျခာက္ေသြ႕တဲ့ ေနရာမွာ ေလလုံဘူးတဲ့ သိမ္းေပးပါ။

သရက္သီးစိမ္း

သရက္သီးစိမ္းကို အစိမ္းအတိုင္း စားခ်င္ရင္လည္း ေရခဲေသတၱာထဲမွာ ၂ ရက္ထက္ ပိုမထားသင့္သလို အမွည့္ခံမယ္ဆိုရင္လည္း ေရခဲေသတၱာထဲကို ထည့္မထားတာ ေကာင္းပါတယ္။ ေရခဲေသတၱာရဲ႕ အေအးခ်ိန္က သရက္သီးမွည့္တဲ့ ျဖစ္စဥ္ကို အဟန္႔အတား ျဖစ္ေစႏိုင္လို႔ပါ။ သရက္သီးမွည့္ကို ခြာၿပီး မစားခင္ ခဏေလာက္ ေရခဲေသတၱာထဲ အေအးခံတာကေတာ့ ရပါတယ္။

ေကာ္ဖီမႈန္႔

ေကာ္ဖီမႈန္႔ဆိုတာက ေျခာက္ေသြ႕ေအာင္ သိမ္းဆည္းထားသင့္တဲ့ အရာပါ။ ေကာ္ဖီမႈန္႔ကို ေရခဲေသတၱာထဲ ထည့္သိမ္းလိုက္တာက ေရေငြ႕႐ိုက္ၿပီး အစိုျပန္တာမ်ိဳး ျဖစ္ေစႏိုင္သလို ေကာ္ဖီမႈန္႔ရဲ႕ အရသာကို ပ်က္စီးေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေကာ္ဖီမႈန္႔ကို ေလလုံဘူးနဲ႔ ပိတ္လို႔ ေအးျမေျခာက္ေသြ႕တဲ့ေနရာမွာ သိမ္းထားေပးပါ။

ဒါေတြအျပင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ အာလူးစတာေတြကို အခြံႏႊာၿပီး ေရခဲေသတၱာထဲ ထည့္ထား တာမ်ိဳးလည္း မလုပ္ပါနဲ႔။ ဒီလို လုပ္တာက အခန္႔မသင့္ရင္ အစာအဆိပ္သင့္တာလိုမ်ိဳး က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္လို႔ပါ။

ေရခဲေသတၱာက အစားအစာေတြကို မပုပ္မသိုးေအာင္ ထိန္းသိမ္းေပးတယ္ဆိုေပမယ့္ အခ်ိဳ႕ေသာ အစားအစာေတြကိုေတာ့ အာဟာရတန္ဖိုး ပ်က္စီးေစႏိုင္သလို အခန္႔မသင့္ရင္ အဆိပ္အေတာက္ ျဖစ္ေစႏိုင္တာေၾကာင့္ အစားအစာတိုင္းကို ေရခဲေသတၱာထဲ ထည့္သိမ္းတာက နည္းလမ္းေကာင္း မဟုတ္ပါဘူး။

Credit : hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီးက တက္ကသိုလ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်လူမှုကွန်ရက်တွင် ဝေဖန်သူများပြား...

Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက်...

ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
နေအိမ်များနှင့် လမ်းများကို လျှပ်စစ်ဓာတ်အား သိုလှောင်ထားနိုင်သည့် ဘက်ထရီကြီးများအဖြစ် ပြောင်းလဲပေးနိုင်သော ကွန်ကရစ်တစ်မျ
နေအိမ်များနှင့် လမ်းများကို လျှပ်စစ်ဓာတ်အား သိုလှောင်ထားနိုင်သည့် ဘက်ထရီကြီးများအဖြစ် ပြောင်းလဲပေးနိုင်သော ကွန်ကရစ်တစ်မျ
အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံ
အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
shwe-moe-kaung
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service