Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2024 10:25 am တွင် တင်ခဲ့သည်
716 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Ford ကုမ္ပဏီသည် ရုံးခန်းနေရာသစ်အတွက် ယခုရက်သတ္တပတ်အတွင်း ငွေအလုံးအရင်းသုံးစွဲမှု ပြုလုပ်လာသည်။ 
ဒက်ထရွိုက်မြို့မှ ကာလကြာရှည်စွန့်ပစ်ထားသော Michigan Central Station ဘူတာ အဆောက်အအုံမှာ Ford ၏ ရုံးအဖြစ် ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်သည်။
Ford မှာ ယခုကဲ့သို့ ရုံးခန်းနေရာကြီးတစ်ခု ထပ်မံဖွင့်လှစ်နိုင်ခြင်းအပေါ် များစွာဂုဏ်ယူနေသည်။
Ford ကုမ္ပဏီကို ၁၉၀၃ ခုနှစ်တွင် ဟင်နရီဖို့ဒ်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၂၀ နီးပါးအကြာ ယနေ့အခါတွင် ကားလောက ဝရုန်းသုန်းကားအခြေအနေများဖြစ်နေသော်လည်း Ford မှာ ယနေ့တိုင် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။
ဒက်ထရွိုက်ရှိ စွန့်ပစ်ခံအဆောက်အအုံကြီးဖြစ်သော Michigan Central Station ကို ရုံးအဆောက်အအုံသစ် အဖြစ် ပြောင်းလဲခဲ့သည်။
စွန့်ပစ်ထားသော ၁၈ ထပ်အဆောက်အအုံကြီးနှင့် ကပ်လျက်အဆောက်အအုံ ဝန်းများကို   Ford  က ကန်ဒေါ်လာ သန်း ၉၅၀ အကုန်အကျခံ ဝယ်ယူပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝန်ထမ်းပေါင်း ၂၅၀၀ ရုံးတက်နိုင်မည့် ရုံးသစ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရသည်ကို Ford ၏ ဥက္ကဌဖြစ်သူ ဘီလ်ဖို့ဒ်က ရှင်းပြလာသည်။
“  Michigan Central ဟာ ကျွန်တော်တို့အားလုံးအတွက် လေးနက်တဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒီအဆောက်အအုံ ကြီးဟာ ကျွန်တော်တို့မြို့ရဲ့ သမိုင်းကြောင်းကို ပြောပြနေပါတယ်။ ဒက်ထရွိုက်ကို ပထမဆုံး ခြေချတဲ့သူတွေဟာ ဒီနေရာကိုလာပြီး အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေ လာပြီး ရှာဖွေကြတယ်။ ဒီဘူတာကနေ နောက်ဆုံးရထားပြေးဆွဲခဲ့ပြီး ရပ်ဆိုင်းသွားတဲ့နောက် မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးသွားခဲ့ကြတယ်။ ”
“  ဒီနေရာဟာ မျှော်လင့်ချက်တွေကို ပြန်လည်ယူဆောင်ပေးမယ့်နေရာအဖြစ် ပြန်ပြီးပုံဖော်ဖို့ အချိန်ကျပြီလို့ ၂၀၁၈ ခုနှစ်ထဲမှာ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ၆  နှစ်တာ ကာလအတွင်း Ford ကုမ္ပဏီ၊ ဒီဇိုင်းအဖွဲ့ တွေ၊ အသိုက်အဝန်းခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်ပညာရှင် ၃၀၀၀ ကျော်ဟာ ဒီအဆောက်အအုံကြီး ပြန်လည် အသက်ဝင်လာစေဖို့ ဝိုင်းဝန်းကြိုးစားခဲ့ကြပါတယ်  ”
ဘီလ်ဖို့ဒ်သည် eBay ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့စဉ်ကာလများနှင့် သူ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Fontinalis တို့အတွက် ဆီလီကွန်တောင်ကြားသို့ သွားခဲ့သော ကာလများအပြီး နှစ်ပေါင်းများစွာအကြာတွင် ပျက်စီးယိုယွင်းနေသော ယခုအဆောက်အအုံကြီးကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
သမားရိုးကျ ကားလုပ်ငန်းနယ်ပယ်အနေဖြင့် ထုတ်လုပ်မှုနှင့် အရည်အချင်းရှိသူများ ရရှိရေးနယ်ပယ် ၂ ခုလုံး တွင် နည်းပညာကုမ္ပဏီသစ်များနှင့် ယှဉ်ပြိုင်ရန် လိုအပ်နေကြောင်း ဘီလ်ဖို့ဒ်က နှစ်ပေါင်းများစွာ ထောက်ပြခဲ့သူ ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why Ford Spent $950 Million On A New Building For About 2,500 Employees (theautopian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ...
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ...
ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ်...
ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ်...
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး...
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး...
သဘာဝနှင့်လူဖန်တီးမှု ပေါင်းစပ်ထားသည့် ရေခဲနိုင်ငံ Iceland မှ ကျော်ကြားတဲ့အပန်းဖြေနေရာ BLUE LAGOON
သဘာဝနှင့်လူဖန်တီးမှု ပေါင်းစပ်ထားသည့် ရေခဲနိုင်ငံ Iceland မှ ကျော်ကြားတဲ့အပန်းဖြေနေရာ BLUE LAGOON
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား...
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား...
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက်...
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက်...
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ တည်းခိုခွင့်တို့ အကုန်အကျခံကာ ဖိတ်ခေါ်ခဲ့သည့်အပြင် လက်ဖွဲ့လက်မခံဘဲ ဒေါ်လာ (၈၀၀) ပါသော ဟုန်ပေါင် လက်ဆောင်ပြန်ပေး...
လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း...
လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း...
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့မည်ဟု ပြောကြား...
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့မည်ဟု ပြောကြား...
အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက စုပေါင်းလက်ထပ်ပွဲ ကျင်းပခဲ့သော စုံတွဲ ၅၀ အား ရွှေလက်စွပ်၊ လည်ဆွဲနှင့် ချက်လက်မှတ်များ လက်ဆောင်ပေး...
အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက စုပေါင်းလက်ထပ်ပွဲ ကျင်းပခဲ့သော စုံတွဲ ၅၀ အား ရွှေလက်စွပ်၊ လည်ဆွဲနှင့် ချက်လက်မှတ်များ လက်ဆောင်ပေး...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတ
Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတ
ပင်လယ်ဖျံများ၊ နေအိမ် ၇ လုံး၊ မီးပြတိုက်တစ်ခုနှင့် အရက်ဆိုင်တစ်ခု ပါဝင်သော စကော့တလန်မှ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်
ပင်လယ်ဖျံများ၊ နေအိမ် ၇ လုံး၊ မီးပြတိုက်တစ်ခုနှင့် အရက်ဆိုင်တစ်ခု ပါဝင်သော စကော့တလန်မှ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံ
အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
ဗြိတိန်၏ အချမ်းသာဆုံးမိသားစုက ၎င်းတို့၏ ဝန်ထမ်းလစာထက် အိမ်မွေးခွေးအသုံးစရိတ် ပိုမိုများပြားစွာ သုံးစွဲနေကြောင်း ဆွစ်ဇာလန
ဗြိတိန်၏ အချမ်းသာဆုံးမိသားစုက ၎င်းတို့၏ ဝန်ထမ်းလစာထက် အိမ်မွေးခွေးအသုံးစရိတ် ပိုမိုများပြားစွာ သုံးစွဲနေကြောင်း ဆွစ်ဇာလန
sweet-dream
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service