မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2024 2:57 pm တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

မေးခွန်း (၁) - အပျောက်စနစ် တိုက်ခန်းများတွင် အိမ်ငှါးကွယ်လွန်သွားပါက တိုက်ခန်းကို မြေရှင်ရပိုင်ခွင့်ရှိပါသလား။

တိုက်ခန်းများအား နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေးကာ အရောင်းအဝယ်ပြုနိုင်ကြပြီး ၎င်းမှာ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ အပျောက်စနစ်ဖြင့် ဥပစာလွှဲပြောင်း ရောင်းချခြင်းပင်ဖြစ်ပါသည်။

အပျောက်စနစ်တိုက်ခန်းဆိုသည်မှာ အငှားပိုင်ဆိုင် ဝယ်ယူခြင်းသာဖြစ်ပြီး ပိုင်ဆိုင်သူမှာ ထာဝစဉ် နေထိုင်ခွင့်ရှိပါသည်။ မြေရှင်မှာ မြေပိုင်ဆိုင်မှုအပြင် အဆောက်အအုံတစ်ခုလုံးနှင့် သက်ဆိုင်သူ အိမ်ရှင်ပင်ဖြစ်သော်လည်း တိုက်ခန်းများအား အကျိုးခံစားခွင့်ရရှိထားသူမဟုတ်ပါ။

ဒေါ်ငွေသိန်းနှင့်ဒေါ်သိန်းညွှန့် ၁၉၉၃၊ မတစ (အထူး)၁၇ စီရင်ထုံးတွင် သီးခြားစည်းကမ်းချက်မရှိသော ကိစ္စ၌ အိမ်ငှားတစ်ဦးသည် မိမိငှားရမ်းနေထိုင်သည့်ဥပစာကို အခြားသူတစ်ဦးအား တစ်ဆင့်လွှဲပြောင်း ငှားရမ်း သည့်အခါ အိမ်ပိုင်ရှင်၏ သဘောတူညီချက်ကို ရယူရန် မလိုအပ်ကြောင်း ဖော်ပြထားပါသည်။

ဦးစိုးမြင့်ပါ-၃နှင့် ဦးမောင်မောင်ကံ ပါ-၂ ၁၉၉၃၊မတစ(အထူး)၂၂အမှုတွင်လဲ ကွယ်လွန်သူ အိမ်ငှားအား မှီခိုနေထိုင်သူလည်းမဟုတ်၊ ကွယ်လွန်သူ အိမ်ငှားနှင့် အစဉ်တစိုက်အတူ လက်ရှိနေထိုင်သူလည်း မဟုတ်လင့် ကစား တစ်စုံတစ်ယောက်သောသူသည် ကွယ်လွန်သူအိမ်ငှား၏ တရားဝင်ကိုယ်စားလှယ်ဖြစ်ခဲ့လျှင် ထိုသူသည် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂(ဆ)အရ အိမ်ငှားဖြစ်လာနိုင်ခွင့်ရှိခြင်း ဟု ဖော်ပြထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အိမ်ငှား တိုက်ခန်းအား အပျောက်စနစ်ဖြင့် ဝယ်ယူပိုင်ဆိုင်သူ ကွယ်လွန်ပြီးနောက်ပိုင်းတွင် ၎င်း၏ အမွေဆက်ခံခွင့်ရှိသူများမှာ တရားမကျင့်ထုံးဥပဒေပုဒ်မ-၂၊ စာပိုဒ်ခွဲ(၁၁)အရ တရားဝင်ကိုယ်စားလှယ် များပင်ဖြစ်ကာ တိုက်ခန်းအား ဆက်လက်ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေမရ ဗုဒ္ဓဘာသာ ဝင်တို့ အမွေဆက်ခံခွင့်ဥပဒေနှင့်အညီ အမွေဆက်ခံရှိသူများမှာ အကျိုးခံစားခွင့်ရရှိခြင်းဖြစ်ပါသည်။ မြေရှင်နှင့် အဆိုပါတိုက်ခန်းပိုင်ဆိုင်မှုမှာ မသက်ဆိုင်ပါ။

အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူမှာ အမွေဆက်ခံသူတစ်ဦးတစ်ယောက်မှမရှိပါက မြေရှင်မှ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂၁(၄)အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ အသိပေးကာ တိုက်ခန်းအား အိမ်ငှားအဖြစ် နေထိုင်ခွင့်ပြုရန် လျှောက်ထားခြင်းပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့်ရေး သား ဖြေဆိုလိုက်ရပါသည်။

 

မေးခွန်း (၂) - မိဘပိုင်အိမ်ခြံမြေကို သားသမီးတစ်ဦးဦးက စာချုပ်စာတမ်းနဲ့ ဝယ်ယူထားတာကို သြရသဖြစ်သူသဘောတူညီ ချက်လိုအပ်ပါသလား။

မိဘများသက်ရှိထင်ရှားရှိစဉ် ၎င်း၏ ပိုင်ဆိုင်မှု အိမ်၊ခြံ၊မြေအား မည်သူကိုမဆို လွတ်လပ်စွာ ၎င်းကိုယ် တို်ငလက်မှတ်ထိုးပြီး လွှဲပြောင်းရောင်းချခွင့်ရှိပါသည်။ သားသမီးတစ်ဦးဦးမှ လွှဲပြောင်းရောင်းချ ဝယ်ယူမည် ဆိုပါကလဲ မိဘများမှ ရောင်းချခြင်းပြုနိုင်ပါသည်။

ပဋိဉာဉ်ဥပဒေပုဒ်မ-၁၀ (ဃ)အရ ပဋိဉာဉ်တစ်ရပ်မှာ စာဖြင့် ရေးသားချုပ်ဆိုရန် လိုအပ်ပြီး မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းကို လွှဲပြောင်းခြင်းပြုသည့်အခါတိုင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ မေတ္တာ ဖြင့် ပေးကမ်းများတွင် စာဖြင့်ရေးသားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် အထက်ပါမေးခွန်းအတိုင်း မိဘမှ သားသမီးတစ်ဦးဦးအား လွှဲပြောင်းရောင်းချသည့်အခါတွင် ပဋိဉာဉ်အဂရပ်(၄)ရပ်ဖြစ်သည့် အချက်အလက်များနှင့် ညီညွတ်ရန်လိုအပ်ပါသည်။

(၁)။ပဋိဉာဉ်ပြုသူသည် ပဋိဉာဉ်ပြုလုပ်နိုင်သူဖြစ်ရမည်။

(၂)။ပဋိဉာဉ် ပြုလုပ်သူတို့၏ လွတ်လပ်သောသဘောတူညီချက်ရှိရမည်။

(၃)။ပဋိဉာဉ်အတွက် ဥပဒေနှင့် မဆန့်ကျင်သော အဖိုးစားနားရှိရမည်။

(၄)။ပဋိဉာဉ်ပြုလုပ်သူတို့၏ ရည်ရွယ်ချက်မှာဥပဒေနှင့်ညီညွတ်ရန်လိုပြီး အဂရပ်များနှင့် ပြည့်စုံမှုရှိက အရောင်း အဝယ် ဖြစ်မြောက်မည်ဖြစ်ပါသည်။

ဒေါ်နီနဲ့ ဦးတင်လှပါ (၅)ဦး ၁၉၈၅၊မတစ ၆၈ စီရင်ထုံးတွင် မိခင်တစ်ဦးတစ်ယောက်ထဲပိုင် ပစ္စည်းအား အတူနေ သားသမီးတစ်ဦးဦးကို ရောင်းချခွင့်ရှိကြောင်းနှင့် အခြားသားသမီးတစ်ဦးဦးအား အသိပေးရမည်ဟု ဥပဒေမရှိကြောင်း ဖော်ပြထားပါသည်။ မိဘတစ်ဦးဦး သေဆုံးပြီးမှ ဩရသမှာ ဥပဒေအရ အကျိုးခံစားခွင့် အခွင့်အရေး ပေါ်ပေါက်ပါသည်။

မိဘဖြစ်သူများ သက်ရှိထင်ရှားရှိစဉ် ဩရသသားသမီး၏ အခွင့်အရေးမှာ ပေါက်ပေါ်ခြင်းမရှိသေးသဖြင့် ၎င်း၏ဩရသ၏ သဘောတူညီချက်မလိုသလို အရောင်းအဝယ်ပြုခြင်းအတွက် ၎င်းအား အသိပေးရန်လဲ မလိုပါ။

ဩရသသားသမီးဆိုသည်မှာ အကြီးဆုံးသား၊ သမီးဖြစ်ပြီး အဖေသေဆုံးပါက သား၊ အမေသေဆုံးပါက သမီးက မိဘများပိုင်ဆိုင်မှုများအမွေများထဲမှာ ဩရသအခွင့်အရေးအနေဖြင့် အမွေ၏ (၄)ပုံ(၁)ပုံအား တောင်းခံပိုင်ခွင့်ရှိပါသည်။

ဩရသသားသမီးမှာ မိဘတစ်ပါးပါးသေဆုံးပြီး နောက်ပိုင်း ကျန်မိဘဖြစ်သူမှာ မိခင်ဖြစ်စေ၊ ဖခင်ဖြစ်စေ နောက်အိမ်ထောင်သစ် ထူထောင်လျှင်လဲ သားဖြစ်စေ၊ သမီးဖြစ်စေ ဩရသမှာ ကျန်ရှိအမွေ၏ လေးပုံတစ်ပုံမှ တောင်းခံခြင်းပြုနိုင်ပါသည်။ တစ်ဦးတည်းထဲသော သား/သမီးဖြစ်ပါက ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြု ချိန်တွင် ကျန်ရှိအမွေပုံပစ္စည်းအား တစ်ဝက်တိတိရရှိနိုင်သည့် အခွင့်အရေးရှိကြောင်း ရေးသားဖြေဆိုပေးလိုက်ပါသည်။

 

မေးခွန်း (၃) - ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေသော အိမ်နှင့်မြေကို ဝယ်မယ်ဆိုလျှင် ဘာတွေဆောင်ရွက်ထားဖို့ လိုပါသလဲ။

ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ နှစ်ကာလကြာမြင့်စွာ နေထိုင်သူဖြစ်ပါကလဲ ပိုင်ရှင်အား ဆန့်ကျင်လက်ရှိ နေထိုင်ရာ မရောက်ပါဘူး အိမ်ပိုင်ဆိုင်ခွင့်အား ရရှိနိုင်သည့် အခွင့်အရေးလဲ မရှိပါဘူး။ ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေသော အိမ်၊ခြံ၊မြေအား လွှဲပြောင်းဝယ်ယူခြင်းပြုသည့်အခါ ရောင်းသူမှသာ အဆိုပါနေထိုင် သူများအား နှင်ထုတ်ခွင့်ရှိပြီး ဝယ်ယူသူများမှ နှင်ထုတ်ခွင့်မရှိသောကြောင့် မဝယ်ယူသင့်ပါ။

ခွင့်ပြုချက်ဖြင့် ထားသူအား မူလပိုင်ရှင်မှသာ နို့တစ်စာပို့၍ နှင်ရမည်ဖြစ်ကာ နို့တစ်စာတွင် ခွင့်ပြု ချက်ဖြင့် နေထိုင်မှုအား ရုတ်သိမ်းကြောင်း၊ ခွင့်ပြုချက် ကုန်ဆုံးသည့်နေ့ရက်၊ မည်သည့်နေ့ရက် လက်ရောက် ပေးအပ်ရမည်ဆိုသော အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆို ဖယ်ရှားမည့် အကြောင်းများ ပါဝင်ရပါမည်။

နို့တစ်စာတွင်ပါရှိသည့် သတ်မှတ်ရက်အတွင်း အဆိုပါအဆောက်အအုံတွင် နေထိုင်သူမှ ဖယ်ရှား ထွက်ခွာမှု မရှိပါက နှင်လိုမှုဖြင့် တရားစွဲဆိုခွင့်ရှိသူမှာလဲ မူလပိုင်ရှင် ရောင်းချသူပင်ဖြစ်ပါသည်။ အဆိုပါ ရောင်းချသူမှာလဲ ခွင့်ပြုချက်ကိုမရုတ်သိမ်းပဲ တရားစွဲဆိုခွင့် မရှိပါ။ တစ်ဦးထက် ပိုသူများကို ခွင့်ပြုချက်ဖြင့် ထားပါကလဲ အားလုံးထံ ပြန်လည်ရုတ်သိမ်းကြောင်း နို့တစ်စာပေးပို့၍ တရားစွဲဆိုရမှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်ဖြင့် ထားသူကို နှင်လိုရင် ကာလစည်းကမ်းသတ်(၆)နှစ်အအတွင်း တရားစွဲဆိုရမည်ဖြစ်ကာ (၆)နှစ်ကျော်လွန်ပါက အိမ်၊ခြံမြေပိုင်ရှင်မှ နှင်လိုမှုဖြင့် တရားစွဲဆိုခွင့်လဲမရှိတော့ပါ။ ၁၉၆၀ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၁၃(၁)အရ အခွင့်အမိန့်အရ နေထိုင်သူမှာ အိမ်ငှားဖြစ်သွားသည်နှင့် တပြိုက်နက် အခွင့်အမိန့်အရ နေထိုင်သူ မဟုတ်တော့ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် နေထိုင်သူမှာ ခွင့်ပြုချက်ဖြင့်ထားသော်လည်း နောက်ပိုင်းငှားရမ်းခပေးချေပါက အိမ်ငှားအဖြစ် ရောက်ရှိသွားမည်ဖြစ်ကာ အိမ်ငှားအား နှင်လိုမှုအတိုင်း နှင်ရမည်ဖြစ်ပါသည်။

အိမ်ငှားအား နှင်လိုခြင်းဖြစ်ပါက ကာလစည်းကမ်းသတ် (၁၂)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

ဒါဝတ် အီဘရာဟင်ဘိုင်မြားနှင့် ဝိုင်အေမြား(ခ) ယာတီးယားအားမက်မြား ၁၉၉၀၊ မတစ (အထူး)၆၅ အမှုတွင် ခွင့်ပြုချက်ဖြင့်နေထိုင်သူမှာ အမွေဆက်ခံခွင့်အခွင့်အရေးပါရှိသူတစ်ဦးဖြစ်ပါက နှင်လိုမှုတွင် ဆိုင်ရေး ဆိုင်ခွင့်အရ နေထိုင်သူဖြစ်သလားအချက်အား တရားရုံးမှ အရင်ဆုံး ထည့်သွင်း သုံးသပ်မည်ဖြစ်ပါသည်။

ခွင့်ပြုချက်ဖြင့် နေထိုင်သူများရှိနေသော အိမ်ကို ဝယ်ယူမည်ဆိုပါက ရောင်းချသူနှင့်ဝယ်ယူသူ အရောင်း အဝယ်စာချုပ်ချုပ်ဆိုသည့်အချိန် သီးခြားသဘောတူညီချက်များ ထည့်သွင်းချုပ်ဆိုတတ်ရန် လိုပါသည်။ ရောင်းချသူမှ ခွင့်ပြုချက်ဖြင့် နေထိုင်သူများအား တာဝန်ယူကာ ဖယ်ရှားမှုပြုပေးမည်ဖြစ်ကြောင်း စရန်ပေးစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမှုပြုရပါမည်။ ခွင့်ပြုချက်ဖြင့် နေထိုင်သူများမှ လိုက်နာခြင်းမရှိဘဲ သတ်မှတ်ရက်အတွင်း အိမ်၊ခြံ၊မြေမှ ဖယ်ရှားထွက်ခွာခြင်းမပြုပါက စရန်ပေးစာချုပ်ပါအတိုင်း စရန်ငွေ(၂)ဆ (သို့) စရန်ငွေနှင့် နစ်နာကြေးငွေများ ပြန်လည်ပေးအပ်ရန် ဝယ်ယူသူမှ ရောင်းချသူမှထံ တောင်းဆိုမှု ပြုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မွတ္သားဖြယ္ အိမ္ျခံေျမဥပေဒေရးရာ အျဖာျဖာ

 

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႔လာပါၿပီ။ ဒီအပတ္ေလးမွာေတာ့ အေမးအမ်ားဆုံးအိမ္ျခံေျမဥပေဒအေမးအေျဖ (၃)ခုကို တင္ဆက္ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ေမးခြန္း (၁) - အေပ်ာက္စနစ္ တိုက္ခန္းမ်ားတြင္ အိမ္ငွါးကြယ္လြန္သြားပါက တိုက္ခန္းကို ေျမ႐ွင္ရပိုင္ခြင့္႐ွိပါသလား။

တိုက္ခန္းမ်ားအား ေနထိုင္ခြင့္အတြက္ တန္ရာတန္ေၾကးေပးကာ အေရာင္းအဝယ္ျပဳႏိုင္ၾကၿပီး ၎မွာ ၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခ ႀကီးၾကပ္ေရး အက္ဥပေဒအရ အေပ်ာက္စနစ္ျဖင့္ ဥပစာလႊဲေျပာင္း ေရာင္းခ်ျခင္းပင္ျဖစ္ပါသည္။

အေပ်ာက္စနစ္တိုက္ခန္းဆိုသည္မွာ အငွားပိုင္ဆိုင္ ဝယ္ယူျခင္းသာျဖစ္ၿပီး ပိုင္ဆိုင္သူမွာ ထာဝစဥ္ ေနထိုင္ခြင့္႐ွိပါသည္။ ေျမ႐ွင္မွာ ေျမပိုင္ဆိုင္မႈအျပင္ အေဆာက္အအုံတစ္ခုလုံးႏွင့္ သက္ဆိုင္သူ အိမ္႐ွင္ပင္ျဖစ္ေသာ္လည္း တိုက္ခန္းမ်ားအား အက်ိဳးခံစားခြင့္ရ႐ွိထားသူမဟုတ္ပါ။

ေဒၚေငြသိန္းႏွင့္ေဒၚသိန္းၫႊန္႔ ၁၉၉၃၊ မတစ (အထူး)၁၇ စီရင္ထုံးတြင္ သီးျခားစည္းကမ္းခ်က္မ႐ွိေသာ ကိစၥ၌ အိမ္ငွားတစ္ဦးသည္ မိမိငွားရမ္းေနထိုင္သည့္ဥပစာကို အျခားသူတစ္ဦးအား တစ္ဆင့္လႊဲေျပာင္း ငွားရမ္း သည့္အခါ အိမ္ပိုင္႐ွင္၏ သေဘာတူညီခ်က္ကို ရယူရန္ မလိုအပ္ေၾကာင္း ေဖာ္ျပထားပါသည္။

ဦးစိုးျမင့္ပါ-၃ႏွင့္ ဦးေမာင္ေမာင္ကံ ပါ-၂ ၁၉၉၃၊မတစ(အထူး)၂၂အမႈတြင္လဲ ကြယ္လြန္သူ အိမ္ငွားအား မွီခိုေနထိုင္သူလည္းမဟုတ္၊ ကြယ္လြန္သူ အိမ္ငွားႏွင့္ အစဥ္တစိုက္အတူ လက္႐ွိေနထိုင္သူလည္း မဟုတ္လင့္ ကစား တစ္စုံတစ္ေယာက္ေသာသူသည္ ကြယ္လြန္သူအိမ္ငွား၏ တရားဝင္ကိုယ္စားလွယ္ျဖစ္ခဲ့လွ်င္ ထိုသူသည္ ၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၂(ဆ)အရ အိမ္ငွားျဖစ္လာႏိုင္ခြင့္႐ွိျခင္း ဟု ေဖာ္ျပထားၿပီးျဖစ္ပါသည္။

ထို႔ေၾကာင့္ အိမ္ငွား တိုက္ခန္းအား အေပ်ာက္စနစ္ျဖင့္ ဝယ္ယူပိုင္ဆိုင္သူ ကြယ္လြန္ၿပီးေနာက္ပိုင္းတြင္ ၎၏ အေမြဆက္ခံခြင့္႐ွိသူမ်ားမွာ တရားမက်င့္ထုံးဥပေဒပုဒ္မ-၂၊ စာပိုဒ္ခြဲ(၁၁)အရ တရားဝင္ကိုယ္စားလွယ္ မ်ားပင္ျဖစ္ကာ တိုက္ခန္းအား ဆက္လက္ပိုင္ဆိုင္ခြင့္ရ႐ွိမည္ျဖစ္ပါသည္။ ျမန္မာဓေလ့ထုံးတမ္းဥပေဒမရ ဗုဒၶဘာသာ ဝင္တို႔ အေမြဆက္ခံခြင့္ဥပေဒႏွင့္အညီ အေမြဆက္ခံ႐ွိသူမ်ားမွာ အက်ိဳးခံစားခြင့္ရ႐ွိျခင္းျဖစ္ပါသည္။ ေျမ႐ွင္ႏွင့္ အဆိုပါတိုက္ခန္းပိုင္ဆိုင္မႈမွာ မသက္ဆိုင္ပါ။

အေပ်ာက္စနစ္ျဖင့္ တိုက္ခန္းဝယ္ယူထားသူမွာ အေမြဆက္ခံသူတစ္ဦးတစ္ေယာက္မွမ႐ွိပါက ေျမ႐ွင္မွ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခ ႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၂၁(၄)အရ ငွားရမ္းခႀကီးၾကပ္ေရးဝန္ထံ အသိေပးကာ တိုက္ခန္းအား အိမ္ငွားအျဖစ္ ေနထိုင္ခြင့္ျပဳရန္ ေလွ်ာက္ထားျခင္းျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ေရး သား ေျဖဆိုလိုက္ရပါသည္။

 

ေမးခြန္း (၂) - မိဘပိုင္အိမ္ျခံေျမကို သားသမီးတစ္ဦးဦးက စာခ်ဳပ္စာတမ္းနဲ႔ ဝယ္ယူထားတာကို ၾသရသျဖစ္သူသေဘာတူညီ ခ်က္လိုအပ္ပါသလား။

မိဘမ်ားသက္႐ွိထင္႐ွား႐ွိစဥ္ ၎၏ ပိုင္ဆိုင္မႈ အိမ္၊ျခံ၊ေျမအား မည္သူကိုမဆို လြတ္လပ္စြာ ၎ကိုယ္ တို္ငလက္မွတ္ထိုးၿပီး လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိပါသည္။ သားသမီးတစ္ဦးဦးမွ လႊဲေျပာင္းေရာင္းခ် ဝယ္ယူမည္ ဆိုပါကလဲ မိဘမ်ားမွ ေရာင္းခ်ျခင္းျပဳႏိုင္ပါသည္။

ပဋိဉာဥ္ဥပေဒပုဒ္မ-၁၀ (ဃ)အရ ပဋိဉာဥ္တစ္ရပ္မွာ စာျဖင့္ ေရးသားခ်ဳပ္ဆိုရန္ လိုအပ္ၿပီး မေ႐ႊ႕မ ေျပာင္းႏိုင္ေသာ ပစၥည္းကို လႊဲေျပာင္းျခင္းျပဳသည့္အခါတိုင္း ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ ေမတၱာ ျဖင့္ ေပးကမ္းမ်ားတြင္ စာျဖင့္ေရးသားရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

ထို႔ေၾကာင့္ အထက္ပါေမးခြန္းအတိုင္း မိဘမွ သားသမီးတစ္ဦးဦးအား လႊဲေျပာင္းေရာင္းခ်သည့္အခါတြင္ ပဋိဉာဥ္အဂရပ္(၄)ရပ္ျဖစ္သည့္ အခ်က္အလက္မ်ားႏွင့္ ညီၫြတ္ရန္လိုအပ္ပါသည္။

(၁)။ပဋိဉာဥ္ျပဳသူသည္ ပဋိဉာဥ္ျပဳလုပ္ႏိုင္သူျဖစ္ရမည္။

(၂)။ပဋိဉာဥ္ ျပဳလုပ္သူတို႔၏ လြတ္လပ္ေသာသေဘာတူညီခ်က္႐ွိရမည္။

(၃)။ပဋိဉာဥ္အတြက္ ဥပေဒႏွင့္ မဆန္႔က်င္ေသာ အဖိုးစားနား႐ွိရမည္။

(၄)။ပဋိဉာဥ္ျပဳလုပ္သူတို႔၏ ရည္႐ြယ္ခ်က္မွာဥပေဒႏွင့္ညီၫြတ္ရန္လိုၿပီး အဂရပ္မ်ားႏွင့္ ျပည့္စုံမႈ႐ွိက အေရာင္း အဝယ္ ျဖစ္ေျမာက္မည္ျဖစ္ပါသည္။

ေဒၚနီနဲ႔ ဦးတင္လွပါ (၅)ဦး ၁၉၈၅၊မတစ ၆၈ စီရင္ထုံးတြင္ မိခင္တစ္ဦးတစ္ေယာက္ထဲပိုင္ ပစၥည္းအား အတူေန သားသမီးတစ္ဦးဦးကို ေရာင္းခ်ခြင့္႐ွိေၾကာင္းႏွင့္ အျခားသားသမီးတစ္ဦးဦးအား အသိေပးရမည္ဟု ဥပေဒမ႐ွိေၾကာင္း ေဖာ္ျပထားပါသည္။ မိဘတစ္ဦးဦး ေသဆုံးၿပီးမွ ဩရသမွာ ဥပေဒအရ အက်ိဳးခံစားခြင့္ အခြင့္အေရး ေပၚေပါက္ပါသည္။

မိဘျဖစ္သူမ်ား သက္႐ွိထင္႐ွား႐ွိစဥ္ ဩရသသားသမီး၏ အခြင့္အေရးမွာ ေပါက္ေပၚျခင္းမ႐ွိေသးသျဖင့္ ၎၏ဩရသ၏ သေဘာတူညီခ်က္မလိုသလို အေရာင္းအဝယ္ျပဳျခင္းအတြက္ ၎အား အသိေပးရန္လဲ မလိုပါ။

ဩရသသားသမီးဆိုသည္မွာ အႀကီးဆုံးသား၊ သမီးျဖစ္ၿပီး အေဖေသဆုံးပါက သား၊ အေမေသဆုံးပါက သမီးက မိဘမ်ားပိုင္ဆိုင္မႈမ်ားအေမြမ်ားထဲမွာ ဩရသအခြင့္အေရးအေနျဖင့္ အေမြ၏ (၄)ပုံ(၁)ပုံအား ေတာင္းခံပိုင္ခြင့္႐ွိပါသည္။

ဩရသသားသမီးမွာ မိဘတစ္ပါးပါးေသဆုံးၿပီး ေနာက္ပိုင္း က်န္မိဘျဖစ္သူမွာ မိခင္ျဖစ္ေစ၊ ဖခင္ျဖစ္ေစ ေနာက္အိမ္ေထာင္သစ္ ထူေထာင္လွ်င္လဲ သားျဖစ္ေစ၊ သမီးျဖစ္ေစ ဩရသမွာ က်န္႐ွိအေမြ၏ ေလးပုံတစ္ပုံမွ ေတာင္းခံျခင္းျပဳႏိုင္ပါသည္။ တစ္ဦးတည္းထဲေသာ သား/သမီးျဖစ္ပါက က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳ ခ်ိန္တြင္ က်န္႐ွိအေမြပုံပစၥည္းအား တစ္ဝက္တိတိရ႐ွိႏိုင္သည့္ အခြင့္အေရး႐ွိေၾကာင္း ေရးသားေျဖဆိုေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ပိုင္႐ွင္၏ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူ႐ွိေနေသာ အိမ္ႏွင့္ေျမကို ဝယ္မယ္ဆိုလွ်င္ ဘာေတြေဆာင္႐ြက္ထားဖို႔ လိုပါသလဲ။

ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမွာ ႏွစ္ကာလၾကာျမင့္စြာ ေနထိုင္သူျဖစ္ပါကလဲ ပိုင္႐ွင္အား ဆန္႔က်င္လက္႐ွိ ေနထိုင္ရာ မေရာက္ပါဘူး အိမ္ပိုင္ဆိုင္ခြင့္အား ရ႐ွိႏိုင္သည့္ အခြင့္အေရးလဲ မ႐ွိပါဘူး။ ပိုင္႐ွင္၏ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူ႐ွိေနေသာ အိမ္၊ျခံ၊ေျမအား လႊဲေျပာင္းဝယ္ယူျခင္းျပဳသည့္အခါ ေရာင္းသူမွသာ အဆိုပါေနထိုင္ သူမ်ားအား ႏွင္ထုတ္ခြင့္႐ွိၿပီး ဝယ္ယူသူမ်ားမွ ႏွင္ထုတ္ခြင့္မ႐ွိေသာေၾကာင့္ မဝယ္ယူသင့္ပါ။

ခြင့္ျပဳခ်က္ျဖင့္ ထားသူအား မူလပိုင္႐ွင္မွသာ ႏို႔တစ္စာပို႔၍ ႏွင္ရမည္ျဖစ္ကာ ႏို႔တစ္စာတြင္ ခြင့္ျပဳ ခ်က္ျဖင့္ ေနထိုင္မႈအား ႐ုတ္သိမ္းေၾကာင္း၊ ခြင့္ျပဳခ်က္ ကုန္ဆုံးသည့္ေန႔ရက္၊ မည္သည့္ေန႔ရက္ လက္ေရာက္ ေပးအပ္ရမည္ဆိုေသာ အခ်က္အလက္မ်ားႏွင့္ လိုက္နာေဆာင္႐ြက္ျခင္း မ႐ွိပါက တရားစြဲဆို ဖယ္႐ွားမည့္ အေၾကာင္းမ်ား ပါဝင္ရပါမည္။

ႏို႔တစ္စာတြင္ပါ႐ွိသည့္ သတ္မွတ္ရက္အတြင္း အဆိုပါအေဆာက္အအုံတြင္ ေနထိုင္သူမွ ဖယ္႐ွား ထြက္ခြာမႈ မ႐ွိပါက ႏွင္လိုမႈျဖင့္ တရားစြဲဆိုခြင့္႐ွိသူမွာလဲ မူလပိုင္႐ွင္ ေရာင္းခ်သူပင္ျဖစ္ပါသည္။ အဆိုပါ ေရာင္းခ်သူမွာလဲ ခြင့္ျပဳခ်က္ကိုမ႐ုတ္သိမ္းပဲ တရားစြဲဆိုခြင့္ မ႐ွိပါ။ တစ္ဦးထက္ ပိုသူမ်ားကို ခြင့္ျပဳခ်က္ျဖင့္ ထားပါကလဲ အားလုံးထံ ျပန္လည္႐ုတ္သိမ္းေၾကာင္း ႏို႔တစ္စာေပးပို႔၍ တရားစြဲဆိုရမွာ ျဖစ္ပါတယ္။

ခြင့္ျပဳခ်က္ျဖင့္ ထားသူကို ႏွင္လိုရင္ ကာလစည္းကမ္းသတ္(၆)ႏွစ္အအတြင္း တရားစြဲဆိုရမည္ျဖစ္ကာ (၆)ႏွစ္ေက်ာ္လြန္ပါက အိမ္၊ျခံေျမပိုင္႐ွင္မွ ႏွင္လိုမႈျဖင့္ တရားစြဲဆိုခြင့္လဲမ႐ွိေတာ့ပါ။ ၁၉၆၀ခုႏွစ္၊ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၁၃(၁)အရ အခြင့္အမိန္႔အရ ေနထိုင္သူမွာ အိမ္ငွားျဖစ္သြားသည္ႏွင့္ တၿပိဳက္နက္ အခြင့္အမိန္႔အရ ေနထိုင္သူ မဟုတ္ေတာ့ေၾကာင္း ေဖာ္ျပထားပါသည္။ ထို႔ေၾကာင့္ ေနထိုင္သူမွာ ခြင့္ျပဳခ်က္ျဖင့္ထားေသာ္လည္း ေနာက္ပိုင္းငွားရမ္းခေပးေခ်ပါက အိမ္ငွားအျဖစ္ ေရာက္႐ွိသြားမည္ျဖစ္ကာ အိမ္ငွားအား ႏွင္လိုမႈအတိုင္း ႏွင္ရမည္ျဖစ္ပါသည္။

အိမ္ငွားအား ႏွင္လိုျခင္းျဖစ္ပါက ကာလစည္းကမ္းသတ္ (၁၂)ႏွစ္အတြင္း တရားစြဲဆိုရမည္ျဖစ္ပါသည္။

ဒါဝတ္ အီဘရာဟင္ဘိုင္ျမားႏွင့္ ဝိုင္ေအျမား(ခ) ယာတီးယားအားမက္ျမား ၁၉၉၀၊ မတစ (အထူး)၆၅ အမႈတြင္ ခြင့္ျပဳခ်က္ျဖင့္ေနထိုင္သူမွာ အေမြဆက္ခံခြင့္အခြင့္အေရးပါ႐ွိသူတစ္ဦးျဖစ္ပါက ႏွင္လိုမႈတြင္ ဆိုင္ေရး ဆိုင္ခြင့္အရ ေနထိုင္သူျဖစ္သလားအခ်က္အား တရား႐ုံးမွ အရင္ဆုံး ထည့္သြင္း သုံးသပ္မည္ျဖစ္ပါသည္။

ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမ်ား႐ွိေနေသာ အိမ္ကို ဝယ္ယူမည္ဆိုပါက ေရာင္းခ်သူႏွင့္ဝယ္ယူသူ အေရာင္း အဝယ္စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခ်ိန္ သီးျခားသေဘာတူညီခ်က္မ်ား ထည့္သြင္းခ်ဳပ္ဆိုတတ္ရန္ လိုပါသည္။ ေရာင္းခ်သူမွ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမ်ားအား တာဝန္ယူကာ ဖယ္႐ွားမႈျပဳေပးမည္ျဖစ္ေၾကာင္း စရန္ေပးစာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုမႈျပဳရပါမည္။ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမ်ားမွ လိုက္နာျခင္းမ႐ွိဘဲ သတ္မွတ္ရက္အတြင္း အိမ္၊ျခံ၊ေျမမွ ဖယ္႐ွားထြက္ခြာျခင္းမျပဳပါက စရန္ေပးစာခ်ဳပ္ပါအတိုင္း စရန္ေငြ(၂)ဆ (သို႔) စရန္ေငြႏွင့္ နစ္နာေၾကးေငြမ်ား ျပန္လည္ေပးအပ္ရန္ ဝယ္ယူသူမွ ေရာင္းခ်သူမွထံ ေတာင္းဆိုမႈ ျပဳရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီးက တက္ကသိုလ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်လူမှုကွန်ရက်တွင် ဝေဖန်သူများပြား...
တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီးက တက္ကသိုလ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်လူမှုကွန်ရက်တွင် ဝေဖန်သူများပြား...
Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
စင်္ကာပူတွင် ဆိုက်ကားတို့၏ အရုဏ်ဦးနှင့် နေဝင်ချိန်ကာလများ
စင်္ကာပူတွင် ဆိုက်ကားတို့၏ အရုဏ်ဦးနှင့် နေဝင်ချိန်ကာလများ
ပင်လယ်ဖျံများ၊ နေအိမ် ၇ လုံး၊ မီးပြတိုက်တစ်ခုနှင့် အရက်ဆိုင်တစ်ခု ပါဝင်သော စကော့တလန်မှ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်
ပင်လယ်ဖျံများ၊ နေအိမ် ၇ လုံး၊ မီးပြတိုက်တစ်ခုနှင့် အရက်ဆိုင်တစ်ခု ပါဝင်သော စကော့တလန်မှ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
sweet-dream
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service