အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား

အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2024 12:32 pm တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အလက်စကားဒေသရှိ မြစ်များနှင့် စမ်းချောင်းများသည် ကြည်လင်ရာမှ ပြာလဲ့လဲ့၊ ယင်းနောက် လိမ္မော်ရောင်သို့ ပြောင်းလဲသွားခဲ့ကြသည်။

လေ့လာတွေ့ရှိချက်သစ်တစ်ခုအရ အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်လာရာမှ အဆိပ်ရှိသော သတ္တုဓာတ်များ ထွက်လာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့လာချက်ကို အမျိုးသားပန်းဥယျာဉ်ဌာန၊ Davis ကယ်လီဖိုးနီးယားတက္ကသိုလ်နှင့် အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့တို့မှ သုတေသနပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ရှိချက်အပေါ် များစွာ အံ့အားသင့်ခဲ့ကြသည်။

ထိုအဖွဲ့တို့သည် အလက်စကားမှ Brooks Range ဒေသရှိ ရေလမ်းကြောင်း ၇၅ နေရာတွင် လေ့လာစမ်းသပ် မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုဒေသရှိ မြစ်များနှင့် စမ်းချောင်းများသည် ပြီးခဲ့သော ၅ နှစ်မှ ၁၀ နှစ်အတွင်း ရေအရောင်နောက်လာကာ လိမ္မော်ရောင်သို့ ပြောင်းလဲသွားကြကြောင်း လေ့လာချက်တွင် ဖော်ပြသည်။

အဆိုပါ လေ့လာချက်ကို Communications Earth & Environment ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ထိုသို့ ရေအရောင်ပျက်ခြင်းနှင့် အရောင်နောက်ခြင်းတို့မှာ အိုင်းရွန်း၊ ဇင့်၊ ကြေးနီ၊ နီကယ်နှင့် ခဲဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

အချို့သော သတ္တုဓာတ်တို့မှာ မြစ်နှင့် စမ်းချောင်းတို့၏ ဂေဟစနစ်များကို အဆိပ်သင့်စေသည်။

အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်မှုကြောင့် ရေခဲထုအောက်တွင် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေ သော သတ္တုဓာတ်များမှာ ရေလမ်းကြောင်းများဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“သတ္တုတူးဖော်မှုတွေ ရှိခဲ့တဲ့ ကယ်လီဖိုးနီးယားရဲ့ တချို့ဒေသတွေနဲ့ Appalachia ရဲ့ တချို့ဒေသတွေမှာ ဒီလိုဖြစ်ရပ် တွေရှိခဲ့ဖူးပါတယ်။”

“၁၈၅၀ ပြည့်လွန်ကာလတွေမှာ သတ္တုတူးဖော်မှုတွေရှိခဲ့တဲ့ အမေရိကရဲ့ ဒေသတွေက မြစ်တွေထဲမှာ ဖြစ်လေ့ ရှိတဲ့ ဖြစ်ရပ်မျိုးပါ” ဟု ယခုလေ့လာချက်ကို ပူးတွဲပြုလုပ်ခဲ့သူ UC Davis တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင် အဆိပ်သင့်မှုဆိုင်ရာ ပါမောက္ခ Brett Poulin က ပြောသည်။

“ဒါပေမဲ့ လူသူအလှမ်းကွာတဲ့နေရာမှာ နေထိုင်ပြီး သတ္တုတူးဖော်မှု နေရာနဲ့ ဝေးကွာတဲ့သူအဖို့ ဒါတွေကို တွေ့ရတာ အံ့အားသင့်စရာ ဖြစ်မှာပါ။ ”

(အလက်စကားမှ Kutuk မြစ်တွင် ပြာလဲ့လဲ့ရေထုဆီသို့ လိမ္မော်ရောင်ရေများ တိုးဝင်လာနေပုံ။ ဓာတ်ပုံ-KenHill/National Park Service)

အာတိတ်ဒေသမှ မြေဆီလွှာတို့သည် ပုံမှန်အားဖြင့် အော်ဂဲနစ်ကာဗွန်၊ မြေသြဇာဓာတ်များ၊ ပြဒါးကဲ့သို့ သတ္တုဓာတ်များ ပါဝင်လေ့ရှိသည်။

ကမ္ဘာ့အပူချိန်မြင့်မားလာမှုကြောင့် အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်ရာမှ အဆိုပါ သတ္တုဓာတ်များ ရေထုထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

လေ့လာချက်များအရ အာတိတ်ဒေသသည် ကမ္ဘာ့အခြားနေရာများထက် အပူချိန်မြင့်တက်မှု ၄ ဆ ပိုမိုမြန်ဆန် နေကြောင်း တွေ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rivers in Alaska are turning orange. The reason surprised even scientists

Photo Credit: Ken Hill/National Park Service

[Zawgyi]

အလက္စကားေဒသ႐ွိ ျမစ္မ်ား၊ ေခ်ာင္းမ်ား လိေမၼာ္ေရာင္သို႔အေရာင္ေျပာင္းလဲသြား

အလက္စကားေဒသရွိ ျမစ္မ်ားႏွင့္ စမ္းေခ်ာင္းမ်ားသည္ ၾကည္လင္ရာမွ ျပာလဲ့လဲ့၊ ယင္းေနာက္ လိေမၼာ္ေရာင္သို႔ ေျပာင္းလဲသြားခဲ့ၾကသည္။

ေလ့လာေတြ႔ရွိခ်က္သစ္တစ္ခုအရ အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္လာရာမွ အဆိပ္ရွိေသာ သတၱဳဓာတ္မ်ား ထြက္လာေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

အဆုိပါ ေလ့လာခ်က္ကို အမ်ဳိးသားပန္းဥယ်ာဥ္ဌာန၊ Davis ကယ္လီဖိုးနီးယားတကၠသိုလ္ႏွင့္ အေမရိကန္ ဘူမိေဗဒေလ့လာေရးအဖြဲ႔တို႔မွ သုေတသနပညာရွင္မ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ယခုေတြ႔ရွိခ်က္အေပၚ မ်ားစြာ အံ့အားသင့္ခဲ့ၾကသည္။

ထိုအဖြဲ႔တို႔သည္ အလက္စကားမွ Brooks Range ေဒသရွိ ေရလမ္းေၾကာင္း ၇၅ ေနရာတြင္ ေလ့လာစမ္းသပ္ မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုေဒသရွိ ျမစ္မ်ားႏွင့္ စမ္းေခ်ာင္းမ်ားသည္ ျပီးခဲ့ေသာ ၅ ႏွစ္မွ ၁၀ ႏွစ္အတြင္း ေရအေရာင္ေနာက္လာကာ လိေမၼာ္ေရာင္သို႔ ေျပာင္းလဲသြားၾကေၾကာင္း ေလ့လာခ်က္တြင္ ေဖာ္ျပသည္။

အဆုိပါ ေလ့လာခ်က္ကို Communications Earth & Environment ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ ေရအေရာင္ပ်က္ျခင္းႏွင့္ အေရာင္ေနာက္ျခင္းတို႔မွာ အိုင္းရြန္း၊ ဇင့္၊ ေၾကးနီ၊ နီကယ္ႏွင့္ ခဲဓာတ္တို႔ကဲ့သုိ႔ သတၱဳဓာတ္မ်ားေၾကာင့္ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့သည္။

အခ်ဳိ႕ေသာ သတၱဳဓာတ္တို႔မွာ ျမစ္ႏွင့္ စမ္းေခ်ာင္းတို႔၏ ေဂဟစနစ္မ်ားကို အဆိပ္သင့္ေစသည္။

အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္မႈေၾကာင့္ ေရခဲထုေအာက္တြင္ ႏွစ္ေထာင္ေပါင္းမ်ားစြာ ပိတ္မိေန ေသာ သတၱဳဓာတ္မ်ားမွာ ေရလမ္းေၾကာင္းမ်ားဆီသို႔ ေရာက္ရွိလာျခင္း ျဖစ္သည္။

“သတၱဳတူးေဖာ္မႈေတြ ရွိခဲ့တဲ့ ကယ္လီဖိုးနီးယားရဲ႕ တခ်ဳိ႕ေဒသေတြနဲ႔ Appalachia ရဲ႕ တခ်ဳိ႕ေဒသေတြမွာ ဒီလိုျဖစ္ရပ္ ေတြရွိခဲ့ဖူးပါတယ္။”

“၁၈၅၀ ျပည့္လြန္ကာလေတြမွာ သတၱဳတူးေဖာ္မႈေတြရွိခဲ့တဲ့ အေမရိကရဲ႕ ေဒသေတြက ျမစ္ေတြထဲမွာ ျဖစ္ေလ့ ရွိတဲ့ ျဖစ္ရပ္မ်ဳိးပါ” ဟု ယခုေလ့လာခ်က္ကို ပူးတြဲျပဳလုပ္ခဲ့သူ UC Davis တကၠသိုလ္မွ သဘာဝ ပတ္ဝန္းက်င္ အဆိပ္သင့္မႈဆိုင္ရာ ပါေမာကၡ Brett Poulin က ေျပာသည္။

“ဒါေပမဲ့ လူသူအလွမ္းကြာတဲ့ေနရာမွာ ေနထုိင္ျပီး သတၱဳတူးေဖာ္မႈ ေနရာနဲ႔ ေဝးကြာတဲ့သူအဖို႔ ဒါေတြကို ေတြ႔ရတာ အံ့အားသင့္စရာ ျဖစ္မွာပါ။ ”

(အလက္စကားမွ Kutuk ျမစ္တြင္ ျပာလဲ့လဲ့ေရထုဆီသို႔ လိေမၼာ္ေရာင္ေရမ်ား တိုးဝင္လာေနပံု။ ဓာတ္ပံု-KenHill/National Park Service)

အာတိတ္ေဒသမွ ေျမဆီလႊာတို႔သည္ ပံုမွန္အားျဖင့္ ေအာ္ဂဲနစ္ကာဗြန္၊ ေျမၾသဇာဓာတ္မ်ား၊ ျပဒါးကဲ့သို႔ သတၱဳဓာတ္မ်ား ပါဝင္ေလ့ရွိသည္။

ကမၻာ့အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္ရာမွ အဆုိပါ သတၱဳဓာတ္မ်ား ေရထုထဲသို႔ ေရာက္ရွိသြားျခင္း ျဖစ္သည္။

ေလ့လာခ်က္မ်ားအရ အာတိတ္ေဒသသည္ ကမၻာ့အျခားေနရာမ်ားထက္ အပူခ်ိန္ျမင့္တက္မႈ ၄ ဆ ပိုမိုျမန္ဆန္ ေနေၾကာင္း ေတြ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rivers in Alaska are turning orange. The reason surprised even scientists

Photo Credit: Ken Hill/National Park Service

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီးက တက္ကသိုလ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်လူမှုကွန်ရက်တွင် ဝေဖန်သူများပြား...

Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
Balcony ကျဉ်းကျဉ်း idea ဆန်းဆန်း
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက်...

ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး...
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Mark Zuckerberg က အမေရိကန်ရှိ နာမည်ကြီး Tahoe ရေကန်ကြီးဘေးတွင် အဆောက်အအုံ ၇ လုံး ပါဝင်သည့် ခြံဝန်းကြီးတစ်ခု ဆောက်လုပ်ရန်
Mark Zuckerberg က အမေရိကန်ရှိ နာမည်ကြီး Tahoe ရေကန်ကြီးဘေးတွင် အဆောက်အအုံ ၇ လုံး ပါဝင်သည့် ခြံဝန်းကြီးတစ်ခု ဆောက်လုပ်ရန်
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် အေးနေသောကြောင့် အစိုးရက မြေနေရာတစ်ခု လေလံတင်သော်လည်း စိတ်ဝင်စားသော Developer မရှိခဲ့
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် အေးနေသောကြောင့် အစိုးရက မြေနေရာတစ်ခု လေလံတင်သော်လည်း စိတ်ဝင်စားသော Developer မရှိခဲ့
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံ
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံ
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
sweet-dream
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service