အိုင်ယာလန်မှ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်းရှိ ဧည့်ဂေဟာအိမ်များကို ထိန်းသိမ်းစောင့်ရှောက် ပေးမည့်သူ ၂ ဦး ရှာဖွေလျက်ရှိ

အိုင်ယာလန်မှ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်းရှိ ဧည့်ဂေဟာအိမ်များကို ထိန်းသိမ်းစောင့်ရှောက် ပေးမည့်သူ ၂ ဦး ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Jan 2024 10:50 am တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်နွေရာသီကာလအတွင်း အိုင်ယာလန်နိုင်ငံရှိ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်း၏ ဧည့်ဂေဟာများ ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ ၂ ဦး ရှာဖွေလျက်ရှိသည်။

ဘီလီ အို ကွန်နာနှင့် အဲလစ်ဟေးစ်တို့က Business Insider သတင်းဌာနသို့ ပြောသည်မှာ ၎င်းတို့၏ ကုမ္ပဏီ ဖြစ်သော The Great Blasket Island Experience သည် ကုမ္ပဏီ၏ Great Blasket ကျွန်းပေါ်ရှိ လုပ်ငန်းများ ကို ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁ ရက်အထိ စောင့်ရှောက်ပေးမည့်သူ ၂ ဦး ရှာဖွေလျက်ရှိကြောင်း ပြောသည်။

တစ်နှစ်ပတ်လုံးတွင် ထိုကာလသည်သာ ကျွန်းသို့ သွားရောက်လည်ပတ်ရန် ရာသီဥတု ကောင်းမွန်မှု ရှိသည်။

လာမည့် ကြာသပတေးနေ့တွင် လျှောက်လွှာများ လက်ခံမှု ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောသည်။

၎င်းတို့ စုံတွဲ၏ ကုမ္ပဏီသည် Great Blasket ကျွန်းသို့ သွားရောက်လည်ပတ်တည်းခိုရန် စီစဉ်ပေးသည်။

အိုင်ယာလန်နိုင်ငံ၏ အနောက်တောင်ပိုင်း ကမ်းလွန်တွင် ကျွန်းစု ၇ ခု ရှိသည့်အနက် ဤကျွန်းလည်း အပါအဝင် ဖြစ်သည်။

Great Blasket ကျွန်းမှာ အကြီးမားဆုံး ဖြစ်သည်။

ကျွန်းမှာ အလျား ၄ မိုင် ၊ အနံ ၂ မိုင်ရှိပြီး မီးခိုးရောင်ပင်လယ်ဖျံများ၊ ပေါင်းမိုးတို့ဖြင့် သွယ်တန်းနေသော ကျောက်ဆောင်များဖြင့် နာမည်ကျော်သည်။ ကျွန်းပေါ်မှတဆင့် အတ္တလန္တိတ်သမုဒ္ဒရာ၏ အပြောကျယ်သော ရှုမျှော်ခင်းများကို ခံစားနိုင်သည်။

ထိုကျွန်းသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၁၀၀၀၀ ခန့်ရှိကြောင်း ၎င်းတို့စုံတွဲက ပြောသည်။

Business Insider သတင်းဌာနအနေဖြင့် ကျွန်းသို့လည်ပတ်သူဦးရေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိချေ။

 

(သစ်ရွက်တို့ဖြင့် လွှမ်းအုပ်နေသော စွန့်ပစ်အဆောက်အအုံ များစွာ ရှိသည်။ ဓာတ်ပုံ-Billy O’Connor)

 

Great Blasket ကျွန်းတွင် ယခင်က တံငါသည်အနည်းငယ် နေထိုင်ခဲ့ကြသည်။

နောက်ပိုင်း ၁၉၅၃ ခုနှစ်တွင် အိုင်ယာလန်ကုန်းမကြီးသို့ ပြောင်းရွှေ့ခဲ့ရကြောင်း The Irish Times သတင်းဌာနက ဖော်ပြသည်။

ရာသီဥတု အလွန်ဆိုးဝါးသောကြောင့် ၎င်းတို့အနေဖြင့် ကျွန်းပေါ်တွင် ဆက်လက်နေထိုင်ရန် မလွယ်ကူ သောကြောင့် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ကျွန်းတွင် အမြဲအခြေချ နေထိုင်သူ မရှိချေ။

ကျွန်းအား ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ၏ အလုပ်တာဝန်များတွင် လည်ပတ်လာသော ဧည့်သည်များ အား စာရင်းသွင်းလက်ခံပေးခြင်း ၊ ဧည့်သည်များအတွက် လက်ဖက်ရည်နှင့် ကော်ဖီစီစဉ်ပေးခြင်း ၊ အိမ်ကလေး များအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် နောက်လာမည့် ဧည့်သည်များအတွက် အသင့်ဖြစ်စေရန် ပြင်ဆင်ပေး ထားခြင်းတို့ ပါဝင်မည် ဖြစ်သည်။

နေထိုင်ရန် နေရာအနေဖြင့် ကော်ဖီဆိုင်၏ အပေါ်ထပ်မှ ပင်မအိပ်ခန်းတွင် နေထိုင်ခွင့်ရမည်ဖြစ်ပြီး အစားအသောက် အားလုံးပါဝင်ပြီးဖြစ်ကြောင်း အလုပ်ခေါ်စာတွင် ဖော်ပြသည်။

သို့သော် အရက်သေစာ၊ တကိုယ်ရည်သုံးပစ္စည်းများနှင့် ခရီးစရိတ်တို့ကိုမူ မိမိဘာသာ ကျခံရမည် ဖြစ်သည်။

 

(Great Blasket ကျွန်းပေါ်ရှိ ဧည့်သည်တို့အား ငှားရမ်းပေးသည့် အိမ်များအနက် တစ်ခု၏ အတွင်းပိုင်း။ ဓာတ်ပုံ-Billy O’Connor)

 

၂၀၁၉ ခုနှစ်က ယခုကဲ့သို့ ခေါ်ဆိုခဲ့ရာတွင် လျှောက်ထားသော အီးမေးလ် ၄၀၀၀၀ ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းတို့ စုံတွဲက ပြောသည်။

ကျန်းမာရေး ကောင်းရန်သာလိုအပ်ပြီး လူမျိုး၊နိုင်ငံသား ကန့်သတ်ထားမှု မရှိချေ။

 

(Great Blasket ကျွန်းသို့ နွေရာသီတွင်သာ သွားရောက်နိုင်သည်။ ဓာတ်ပုံ-Billy O’Connor)

 

စိတ်ဝင်စားသူများအနေဖြင့် gbicaretakers@gmail.com အီးမေးလ် လိပ်စာသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A remote Irish island is looking for 2 people to run its guesthouses this summer — but the managers say it isn't an easy holiday job (businessinsider)

Photo Credit: Courtesy of Billy O'Connor

 

 

 

 

[Zawgyi]

အိုင္ယာလန္မွ လူသူအလွမ္းကြာေသာ ကၽြန္းတစ္ကၽြန္းရွိ ဧည့္ေဂဟာအိမ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ ေပးမည့္သူ ၂ ဦး ရွာေဖြလ်က္ရွိ

 

လာမည့္ေႏြရာသီကာလအတြင္း အိုင္ယာလန္ႏိုင္ငံရွိ လူသူအလွမ္းကြာေသာ ကၽြန္းတစ္ကၽြန္း၏ ဧည့္ေဂဟာမ်ား ကို ထိန္းသိမ္းေစာင့္ေရွာက္ေပးမည့္သူ ၂ ဦး ရွာေဖြလ်က္ရွိသည္။

ဘီလီ အုိ ကြန္နာႏွင့္ အဲလစ္ေဟးစ္တို႔က Business Insider သတင္းဌာနသုိ႔ ေျပာသည္မွာ ၎တို႔၏ ကုမၸဏီ ျဖစ္ေသာ The Great Blasket Island Experience သည္ ကုမၸဏီ၏ Great Blasket ကၽြန္းေပၚရွိ လုပ္ငန္းမ်ား ကို ဧျပီလ ၁ ရက္မွ ေအာက္တုိဘာလ ၁ ရက္အထိ ေစာင့္ေရွာက္ေပးမည့္သူ ၂ ဦး ရွာေဖြလ်က္ရွိေၾကာင္း ေျပာသည္။

တစ္ႏွစ္ပတ္လံုးတြင္ ထုိကာလသည္သာ ကၽြန္းသို႔ သြားေရာက္လည္ပတ္ရန္ ရာသီဥတု ေကာင္းမြန္မႈ ရွိသည္။

လာမည့္ ၾကာသပေတးေန႔တြင္ ေလွ်ာက္လႊာမ်ား လက္ခံမႈ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ေျပာသည္။

၎တို႔ စံုတြဲ၏ ကုမၸဏီသည္ Great Blasket ကၽြန္းသို႔ သြားေရာက္လည္ပတ္တည္းခိုရန္ စီစဥ္ေပးသည္။

အိုင္ယာလန္ႏိုင္ငံ၏ အေနာက္ေတာင္ပိုင္း ကမ္းလြန္တြင္ ကၽြန္းစု ၇ ခု ရွိသည့္အနက္ ဤကၽြန္းလည္း အပါအဝင္ ျဖစ္သည္။

Great Blasket ကၽြန္းမွာ အၾကီးမားဆံုး ျဖစ္သည္။

ကၽြန္းမွာ အလ်ား ၄ မိုင္ ၊ အနံ ၂ မိုင္ရွိျပီး မီးခိုးေရာင္ပင္လယ္ဖ်ံမ်ား၊ ေပါင္းမိုးတုိ႔ျဖင့္ သြယ္တန္းေနေသာ ေက်ာက္ေဆာင္မ်ားျဖင့္ နာမည္ေက်ာ္သည္။ ကၽြန္းေပၚမွတဆင့္ အတၱလႏၱိတ္သမုဒၵရာ၏ အေျပာက်ယ္ေသာ ရႈေမွ်ာ္ခင္းမ်ားကို ခံစားႏိုင္သည္။

ထိုကၽြန္းသို႔ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ၁၀၀၀၀ ခန္႔ရွိေၾကာင္း ၎တုိ႔စံုတြဲက ေျပာသည္။

Business Insider သတင္းဌာနအေနျဖင့္ ကၽြန္းသို႔လည္ပတ္သူဦးေရကို သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေခ်။

 

(သစ္ရြက္တို႔ျဖင့္ လႊမ္းအုပ္ေနေသာ စြန္႔ပစ္အေဆာက္အအံု မ်ားစြာ ရွိသည္။ ဓာတ္ပံု-Billy O’Connor)

Great Blasket ကၽြန္းတြင္ ယခင္က တံငါသည္အနည္းငယ္ ေနထုိင္ခဲ့ၾကသည္။

ေနာက္ပိုင္း ၁၉၅၃ ခုႏွစ္တြင္ အိုင္ယာလန္ကုန္းမၾကီးသို႔ ေျပာင္းေရႊ႕ခဲ့ရေၾကာင္း The Irish Times သတင္းဌာနက ေဖာ္ျပသည္။

ရာသီဥတု အလြန္ဆိုးဝါးေသာေၾကာင့္ ၎တို႔အေနျဖင့္ ကၽြန္းေပၚတြင္ ဆက္လက္ေနထုိင္ရန္ မလြယ္ကူ ေသာေၾကာင့္ ေျပာင္းေရႊ႕သြားျခင္း ျဖစ္သည္။

လက္ရွိအခ်ိန္တြင္လည္း ကၽြန္းတြင္ အျမဲအေျခခ် ေနထိုင္သူ မရွိေခ်။ ကၽြန္းအား ထိန္းသိမ္းေစာင့္ေရွာက္ေပးမည့္သူ၏ အလုပ္တာဝန္မ်ားတြင္ လည္ပတ္လာေသာ ဧည့္သည္မ်ား အား စာရင္းသြင္းလက္ခံေပးျခင္း ၊ ဧည့္သည္မ်ားအတြက္ လက္ဖက္ရည္ႏွင့္ ေကာ္ဖီစီစဥ္ေပးျခင္း ၊ အိမ္ကေလး မ်ားအား သန္႔ရွင္းေရးျပဳလုပ္ျခင္းႏွင့္ ေနာက္လာမည့္ ဧည့္သည္မ်ားအတြက္ အသင့္ျဖစ္ေစရန္ ျပင္ဆင္ေပး ထားျခင္းတို႔ ပါဝင္မည္ ျဖစ္သည္။ ေနထိုင္ရန္ ေနရာအေနျဖင့္ ေကာ္ဖီဆုိင္၏ အေပၚထပ္မွ ပင္မအိပ္ခန္းတြင္ ေနထုိင္ခြင့္ရမည္ျဖစ္ျပီး အစားအေသာက္ အားလံုးပါဝင္ျပီးျဖစ္ေၾကာင္း အလုပ္ေခၚစာတြင္ ေဖာ္ျပသည္။

သို႔ေသာ္ အရက္ေသစာ၊ တကုိယ္ရည္သံုးပစၥည္းမ်ားႏွင့္ ခရီးစရိတ္တို႔ကိုမူ မိမိဘာသာ က်ခံရမည္ ျဖစ္သည္။

 

(Great Blasket ကၽြန္းေပၚရွိ ဧည့္သည္တုိ႔အား ငွားရမ္းေပးသည့္ အိမ္မ်ားအနက္ တစ္ခု၏ အတြင္းပိုင္း။ ဓာတ္ပံု-Billy O’Connor)

၂၀၁၉ ခုႏွစ္က ယခုကဲ့သို႔ ေခၚဆိုခဲ့ရာတြင္ ေလွ်ာက္ထားေသာ အီးေမးလ္ ၄၀၀၀၀ ခန္႔ လက္ခံရရွိခဲ့ေၾကာင္း ၎တို႔ စံုတြဲက ေျပာသည္။

က်န္းမာေရး ေကာင္းရန္သာလိုအပ္ျပီး လူမ်ဳိး၊ႏိုင္ငံသား ကန္႔သတ္ထားမႈ မရွိေခ်။

 

(Great Blasket ကၽြန္းသို႔ ေႏြရာသီတြင္သာ သြားေရာက္ႏိုင္သည္။ ဓာတ္ပံု-Billy O’Connor)

စိတ္ဝင္စားသူမ်ားအေနျဖင့္ gbicaretakers@gmail.com အီးေမးလ္ လိပ္စာသို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A remote Irish island is looking for 2 people to run its guesthouses this summer — but the managers say it isn't an easy holiday job (businessinsider)

Photo Credit: Courtesy of Billy O'Connor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service