သြစတေးလျနိုင်ငံ ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ တံငါသည်၏ နိဗ္ဗာန်ဘုံဟု အမည်ရသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ ၊ အိမ် ၃ လုံး - အံ့မခန်းကမ်းခြေများ- အရက်ဘား- လေယာဉ်ကွင်း ၂ ခုနှင့် ငါးဖမ်းလုပ်ငန်းတို့ ပါဝင်

သြစတေးလျနိုင်ငံ ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ တံငါသည်၏ နိဗ္ဗာန်ဘုံဟု အမည်ရသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ ၊ အိမ် ၃ လုံး - အံ့မခန်းကမ်းခြေများ- အရက်ဘား- လေယာဉ်ကွင်း ၂ ခုနှင့် ငါးဖမ်းလုပ်ငန်းတို့ ပါဝင် - Property News in Myanmar from iMyanmarHouse.com
19 Sep 2023 10:10 am တွင် တင်ခဲ့သည်
337 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

 

သြစတေးလျနိုင်ငံ ကမ်းလွန်ရှိ လူသူအလှမ်းကွာသော တံငါသည်၏ နိဗ္ဗာန်ဘုံဟု အများက အမည်ပေးထားသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။

သြစတေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မြောက်ပိုင်း Capentaria ပင်လယ်ကွေ့၏ ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိသော Sweers Island ကျွန်းကို ကန်ဒေါ်လာ ၃ ဒသမ ၉၅ သန်း ဈေးခေါ်ထားပြီး တွင်ကျယ်နေသော ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းတို့ ပါဝင်သည်။

 

(Sweers Island ကို ကန်ဒေါ်လာ ၃ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-australianislands)

 

 

(ကျွန်းပေါ်တွင် အရက်ဘား ၊ လေယာဉ်ပြေးလမ်း ၂ ခုနှင့် တွင်ကျယ်နေသော ငါးဖမ်းလုပ်ငန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-australianislands)

 

 

(ကျွန်း၏ အလျားမှာ ၈ ကီလိုမီတာရှိပြီး အနံမှာ ၂ ကီလိုမီတာ ရှိသည်။ ဓာတ်ပုံ-australianislands)

 

 

စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းများအတွက် နေအိမ် ၂ လုံးပါဝင်ပြီး လာရောက်လည်ပတ်သူများအတွက် အခန်းများနှင့် အငှားလှေများအပြင် လေယာဉ်ပြေးလမ်း ၂ ခုနှင့် လေယာဉ်ရုံတစ်ခုတို့လည်း ရှိသည်။

ထို့အပြင် အရက်ဘား ၁ ခု ၊ ညစာစားနေရာနှင့် အပန်းဖြေရန် မိုင်ပေါင်းများစွာ ရှည်လျားသော ပင်လယ်ကမ်းခြေများ ပါဝင်သည်။ ကျွန်း၏ အပူချိန်မှာ ၂၄ ဒီဂရီ စင်တီဂရိတ်အောက်သို့ ကျဆင်းခြင်း နည်းပါးသည်။

ဆောင်းတွင်းတွင်ပင်လျှင် ဒီဇင်ဘာလ အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်ခန့် ရှိသည်။

အမှိုက်စွန့်ပစ်မှုကို ကျွန်းသို့ ပုံမှန်လာသည့် သမ္ဗာန်တစ်စင်းဖြင့် စွန့်ပစ်ပြီး ကုန်းမကြီးပေါ်မှ ကျွန်းသို့ ကုန်စည်များ ပုံမှန် ပေးပို့မှု ရှိသည်။

ကိုယ်ပိုင်ဆိုလာပြား ၊ ဓာတ်ငွေ့စွမ်းအင်များကိုသာ အမှီပြုထားသည်။

Private Island Online မှ အိမ်ခြံမြေအကျိုးဆောင် ရစ်ချတ် ဗန်ဟော့ဖ်က ပြောသည်မှာ ဤကျွန်း၏ အကောင်းဆုံးအချက်မှာ ကျွန်းဝန်းကျင်တွင် ကျက်စားသော ငါးများ၏ အရွယ်အစားဖြစ်ကြောင်း ပြောသည်။

“အဲဒီမှာက သြစတေးလျရဲ့ အကြီးဆုံး ထရောက်ငါးကြီးတွေ ရှိတယ်။ ဒါဟာ တံငါသည်တွေအတွက် ဆုလာဒ်ငါးကြီးတွေလို့ ကျွန်တော်ထင်တယ်။ အဲဒီမှာ ဖမ်းလို့ရတဲ့ ငါးတွေက တကယ့်ကို အကြီးကြီးတွေပဲ။”

သို့သော် ပိုင်ရှင်သစ်များ သတိထားရမည့် အချက်တစ်ခု ရှိနေသည်။

ကျွန်းဝန်းကျင်ရေပြင်တွင် ငါးမန်းများကိုတွေ့ရပြီး မိချောင်းတစ်ကောင်ပင် ရှိသည်။

သို့သော် ငါးမန်းများမှာ ထိုအရပ်တွင် ငါးပေါများမှုကြောင့် ကောင်းစွာ အစာဝကြသည်ဟု ယူဆရသည်။

အကျယ်အဝန်း ၃၀ ဟက်တာရှိပြီး ပြီးခဲ့သောနှစ် မေလကတည်းက အရောင်းဈေးကွက် တင်ထားခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ပိုင်ရှင်များဖြစ်သော Tex နှင့် Lyn Battle တို့က အမြန်ရောင်းထုတ်ရန် ဆုံးဖြတ်ကာ ဈေးလျှော့ပေးလာသည်။

ဤကျွန်းကို စီးပွားရေးလုပ်ငန်းနေရာအဖြစ် တစ်နှစ်လျှင် ၅ လအသုံးပြုနိုင်ပြီး ဆောင်းလများအတွက် လုံလောက်သောဝင်ငွေ ဆောင်ကြဉ်းပေးနိုင်သည်။

ရစ်ချတ် ဗန်ဟော့ဖ်က သတိပေးသည်မှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ယူမှုတွင် အခြားသောကုန်ကျစရိတ်များရှိနိုင်ကြောင်း သတိပေးသည်။

ဘိုးဘွားပိုင်ကျွန်းများသည် မြို့ကောင်စီ၏ ဝန်ဆောင်မှုများ မရစေကာမူ မြို့ကောင်စီသို့ အခွန်အခများ ပေးဆောင်ရသည်။

 

 

(အပန်းဖြေရန် မိုင်ပေါင်းများစွာရှည်လျားသော ကမ်းခြေများရှိသည်။ ဓာတ်ပုံ-australianislands)

 

 

(ပိုင်ရှင်သစ်များအနေဖြင့် ကျွန်းဝန်းကျင်တွင် တွေ့ရသော ငါးမန်းများကို သတိပြုရန် လိုသည်။ ဓာတ်ပုံ-australianislands)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Private island dubbed ‘fisherman’s paradise’ with 3 houses & stunning beaches up for sale – but it comes with a warning (the-sun)

 

 

 

[Zawgyi]

 

ၾသစေတးလ်ႏိုင္ငံ ၊ ကမ္းလြန္ပင္လယ္ျပင္ရွိ တံငါသည္၏ နိဗၺာန္ဘံုဟု အမည္ရေသာ ကၽြန္းတစ္ကၽြန္း အေရာင္းေစ်းကြက္ဝင္လာ ၊ အိမ္ ၃ လံုး - အံ့မခန္းကမ္းေျခမ်ား- အရက္ဘား- ေလယာဥ္ကြင္း ၂ ခုႏွင့္ ငါးဖမ္းလုပ္ငန္းတုိ႔ ပါဝင္

 

ၾသစေတးလ်ႏိုင္ငံ ကမ္းလြန္ရွိ လူသူအလွမ္းကြာေသာ တံငါသည္၏ နိဗၺာန္ဘံုဟု အမ်ားက အမည္ေပးထားသည့္ ကၽြန္းတစ္ကၽြန္း အေရာင္းေစ်းကြက္ဝင္လာသည္။

ၾသစေတးလ်ႏိုင္ငံ ကြင္းစလန္ျပည္နယ္ေျမာက္ပိုင္း Capentaria ပင္လယ္ေကြ႔၏ ကမ္းလြန္ပင္လယ္ျပင္တြင္ တည္ရွိေသာ Sweers Island ကၽြန္းကို ကန္ေဒၚလာ ၃ ဒသမ ၉၅ သန္း ေစ်းေခၚထားျပီး တြင္က်ယ္ေနေသာ ခရီးသြားလုပ္ငန္းႏွင့္ အပန္းေျဖစခန္းတို႔ ပါဝင္သည္။

 

(Sweers Island ကို ကန္ေဒၚလာ ၃ ဒသမ ၉၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-australianislands)

(ကၽြန္းေပၚတြင္ အရက္ဘား ၊ ေလယာဥ္ေျပးလမ္း ၂ ခုႏွင့္ တြင္က်ယ္ေနေသာ ငါးဖမ္းလုပ္ငန္းတို႔ ပါဝင္သည္။ ဓာတ္ပံု-australianislands)

(ကၽြန္း၏ အလ်ားမွာ ၈ ကီလိုမီတာရွိျပီး အနံမွာ ၂ ကီလိုမီတာ ရွိသည္။ ဓာတ္ပံု-australianislands)

စီမံခန္႔ခြဲေရးႏွင့္ ဝန္ထမ္းမ်ားအတြက္ ေနအိမ္ ၂ လံုးပါဝင္ျပီး လာေရာက္လည္ပတ္သူမ်ားအတြက္ အခန္းမ်ားႏွင့္ အငွားေလွမ်ားအျပင္ ေလယာဥ္ေျပးလမ္း ၂ ခုႏွင့္ ေလယာဥ္ရံုတစ္ခုတို႔လည္း ရွိသည္။

ထို႔အျပင္ အရက္ဘား ၁ ခု ၊ ညစာစားေနရာႏွင့္ အပန္းေျဖရန္ မိုင္ေပါင္းမ်ားစြာ ရွည္လ်ားေသာ ပင္လယ္ကမ္းေျခမ်ား ပါဝင္သည္။ ကၽြန္း၏ အပူခ်ိန္မွာ ၂၄ ဒီဂရီ စင္တီဂရိတ္ေအာက္သို႔ က်ဆင္းျခင္း နည္းပါးသည္။

ေဆာင္းတြင္းတြင္ပင္လွ်င္ ဒီဇင္ဘာလ အပူခ်ိန္မွာ ၃၅ ဒီဂရီ စင္တီဂရိတ္ခန္႔ ရွိသည္။

အမိႈက္စြန္႔ပစ္မႈကို ကၽြန္းသို႔ ပံုမွန္လာသည့္ သမၺာန္တစ္စင္းျဖင့္ စြန္႔ပစ္ျပီး ကုန္းမၾကီးေပၚမွ ကၽြန္းသို႔ ကုန္စည္မ်ား ပံုမွန္ ေပးပို႔မႈ ရွိသည္။

ကုိယ္ပိုင္ဆိုလာျပား ၊ ဓာတ္ေငြ႔စြမ္းအင္မ်ားကိုသာ အမွီျပဳထားသည္။

Private Island Online မွ အိမ္ျခံေျမအက်ဳိးေဆာင္ ရစ္ခ်တ္ ဗန္ေဟာ့ဖ္က ေျပာသည္မွာ ဤကၽြန္း၏ အေကာင္းဆံုးအခ်က္မွာ ကၽြန္းဝန္းက်င္တြင္ က်က္စားေသာ ငါးမ်ား၏ အရြယ္အစားျဖစ္ေၾကာင္း ေျပာသည္။

“အဲဒီမွာက ၾသစေတးလ်ရဲ႕ အၾကီးဆံုး ထေရာက္ငါးၾကီးေတြ ရွိတယ္။ ဒါဟာ တံငါသည္ေတြအတြက္ ဆုလာဒ္ငါးၾကီးေတြလုိ႔ ကၽြန္ေတာ္ထင္တယ္။ အဲဒီမွာ ဖမ္းလို႔ရတဲ့ ငါးေတြက တကယ့္ကို အၾကီးၾကီးေတြပဲ။”

သို႔ေသာ္ ပိုင္ရွင္သစ္မ်ား သတိထားရမည့္ အခ်က္တစ္ခု ရွိေနသည္။

ကၽြန္းဝန္းက်င္ေရျပင္တြင္ ငါးမန္းမ်ားကိုေတြ႔ရျပီး မိေခ်ာင္းတစ္ေကာင္ပင္ ရွိသည္။

သုိ႔ေသာ္ ငါးမန္းမ်ားမွာ ထုိအရပ္တြင္ ငါးေပါမ်ားမႈေၾကာင့္ ေကာင္းစြာ အစာဝၾကသည္ဟု ယူဆရသည္။

အက်ယ္အဝန္း ၃၀ ဟက္တာရွိျပီး ျပီးခဲ့ေသာႏွစ္ ေမလကတည္းက အေရာင္းေစ်းကြက္ တင္ထားျခင္း ျဖစ္သည္။

ယခုအခါတြင္မူ ပိုင္ရွင္မ်ားျဖစ္ေသာ Tex ႏွင့္ Lyn Battle တို႔က အျမန္ေရာင္းထုတ္ရန္ ဆံုးျဖတ္ကာ ေစ်းေလွ်ာ့ေပးလာသည္။

ဤကၽြန္းကို စီးပြားေရးလုပ္ငန္းေနရာအျဖစ္ တစ္ႏွစ္လွ်င္ ၅ လအသံုးျပဳႏိုင္ျပီး ေဆာင္းလမ်ားအတြက္ လုံေလာက္ေသာဝင္ေငြ ေဆာင္ၾကဥ္းေပးႏိုင္သည္။

ရစ္ခ်တ္ ဗန္ေဟာ့ဖ္က သတိေပးသည္မွာ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ဝယ္ယူမႈတြင္ အျခားေသာကုန္က်စရိတ္မ်ားရွိႏိုင္ေၾကာင္း သတိေပးသည္။

ဘိုးဘြားပိုင္ကၽြန္းမ်ားသည္ ျမဳိ႕ေကာင္စီ၏ ဝန္ေဆာင္မႈမ်ား မရေစကာမူ ျမဳိ႕ေကာင္စီသို႔ အခြန္အခမ်ား ေပးေဆာင္ရသည္။

(အပန္းေျဖရန္ မိုင္ေပါင္းမ်ားစြာရွည္လ်ားေသာ ကမ္းေျခမ်ားရွိသည္။ ဓာတ္ပံု-australianislands)

(ပိုင္ရွင္သစ္မ်ားအေနျဖင့္ ကၽြန္းဝန္းက်င္တြင္ ေတြ႔ရေသာ ငါးမန္းမ်ားကို သတိျပဳရန္ လိုသည္။ ဓာတ္ပံု-australianislands)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Private island dubbed ‘fisherman’s paradise’ with 3 houses & stunning beaches up for sale – but it comes with a warning (the-sun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ...
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ...
လယ်ယာမြေကို အခြားသုံးစွဲမှုဖြစ်စဉ်များဟာ ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော...
လယ်ယာမြေကို အခြားသုံးစွဲမှုဖြစ်စဉ်များဟာ ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော...
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ...
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ...
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်...
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်...
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ...
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ...
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ...
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ...
အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျိမ်းစ် ကင်မရွန်၏ Avatar ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသမီး Zoe Saldana လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ဂျိမ်းစ် ကင်မရွန်၏ Avatar ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသမီး Zoe Saldana လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင
မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
ဒဂုံမြို့သစ်မြို့နယ်လေးမြို့နယ်ထဲက သိန်း (၁၀၀၀) တန် မြေကွက်များအရောင်းအဝယ်လိုက်လာ
ဒဂုံမြို့သစ်မြို့နယ်လေးမြို့နယ်ထဲက သိန်း (၁၀၀၀) တန် မြေကွက်များအရောင်းအဝယ်လိုက်လာ
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ
ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ
မှတ်ပုံမတင်ရသေးသော ရောင်းဝယ်မှုနှင့် မှတ်ပုံမတင်သောရောင်းဝယ်မှု
မှတ်ပုံမတင်ရသေးသော ရောင်းဝယ်မှုနှင့် မှတ်ပုံမတင်သောရောင်းဝယ်မှု
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
innocity
shwe-sakkyar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service