စတုရန်းမိုင်ပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းသော မီချီဂန်ရေကန်ကြီး၏ မြောက်ဘက်ကမ်းခြေတွင် တည်ရှိသော ဂေါ့သစ်ဗိသုကာဟန် ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ရောင်းမည်

စတုရန်းမိုင်ပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းသော မီချီဂန်ရေကန်ကြီး၏ မြောက်ဘက်ကမ်းခြေတွင် တည်ရှိသော ဂေါ့သစ်ဗိသုကာဟန် ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2023 10:35 am တွင် တင်ခဲ့သည်
281 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

အမေရိကန်ပြည်၏ နာမည်ကျော် ရေကန်ကြီးတစ်ခုဖြစ်သော မီချီဂန်ရေကန်ကြီး၏ ကမ်းခြေတွင် တည်ရှိသည့် ဂေါ့သစ်ဗိသုကာဟန်ဘုရားကျောင်းကြီးမှာ အမေရိက၏ ရွှေရောင်လွှမ်းသောခေတ် (၁၈၇၇ မှ ၁၉၀၀ ပြည့်နှစ် ကြားကာလ) ၏ နှစ်လိုဖွယ်ညှို့ဓာတ်တို့ ရှိနေဆဲ ဖြစ်သည်။

မြောက်အမေရိကတိုက်တွင် အလွန်တရာကျယ်ပြောလှသော ရေကန်ကြီး ၅ ခုရှိသည့်အနက် အမေရိကန် ပြည်ထောင်စုရှိ မီချီဂန်ရေကန်ကြီးမှာ ရေပမာဏအရ ဒုတိယအကြီးမားဆုံးဖြစ်ပြီး ရေထု ၁၁၈၀ ကုဗမိုင်ရှိကာ ရေပြင်အကျယ်အရဆိုလျှင် တတိယအကြီးမားဆုံးကန်ကြီးဖြစ်ကာ စတုရန်းမိုင် ၂၂၄၀၄ ကျယ်ဝန်းသည်။

ရေပြင်အလျား ၃၀၇ မိုင်ရှိပြီး အကျယ်ဆုံးနေရာတွင် ၁၁၈ မိုင်ရှိကာ ဝစ္စကွန်ဆင်၊ အီလီနွိုက်စ်၊ အင်ဒီယာနာ၊ မီချီဂန် ပြည်နယ်များတစ်လွှား ဖြန့်ကျက်တည်ရှိသည်။

မီချီဂန် ရေကန်ကြီး၏ မြောက်ဘက်ကမ်းခြေ ၊ အီလီနွိုက်စ်ပြည်နယ်၊ Lake Forest မြို့၊ N Mayflower လမ်း၊ အမှတ် ၅၃၉ တွင် တည်ရှိသော ဤအဆောက်အအုံကြီးသည် အပြင်ပိုင်းကြည့်လျှင် ဘုရားကျောင်းဟု ဆိုနိုင်သော်လည်း အတွင်းပိုင်းကိုမူ လူနေအိမ်အဖြစ် အလုံးစုံပြန်လည်မွမ်းမံထားပြီးဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁,၄၉၉,၀၀၀ ဖြင့် ပထမအကြိမ် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ယင်းနောက် သြဂုတ်လသို့ရောက်သောအခါ ကန်ဒေါ်လာ ၁၃၉၉၀၀၀ သို့ ဈေးလျှော့ကာ ထပ်မံဈေးကွက် တင်လာပြန်သည်။

အိပ်ခန်း ၃ ခန်းပါ လူနေအိမ်အဖြစ် ပြောင်းလဲထားသော ဘုရားကျောင်းကြီးကို ၁၈၈၈ ခုနှစ်တွင် ဗိသုကာ ပညာရှင် Henry Ives Cobb က ဒီဇိုင်းရေးဆွဲပေးကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

The Ferry Hall ဘုရားကျောင်းအဖြစ် လူသိများခဲ့သည်။

“ဗိသုကာပညာရှင် Cobb ဟာ Lake Forest မြို့က First Presbyterian ဘုရားကျောင်း၊ ချီကာဂိုမြို့က Newberry စာကြည့်တိုက်နဲ့ ချီကာဂို အားကစားအသင်း အဆောက်အအုံတွေကို ဒီဇိုင်းရေးဆွဲပေးခဲ့သူ ဖြစ်ပါ တယ်”ဟု အရောင်းဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင် Suzanne Myers က ပြောသည်။

“Ferry Hall ဘုရားကျောင်း ပိတ်သိမ်းသွားပြီးတဲ့နောက် ၁၉၈၀ ပြည့်နှစ်မှာ လူနေအိမ်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်”

 

(Lake Forest မြို့၊ N Mayflower လမ်း၊ အမှတ် ၅၃၉ တွင် တည်ရှိသည်။ ဓာတ်ပုံ- VHT Studios/ Realtor)

 

(ခြံနောက်ဘက်မြင်ကွင်း။ ဓာတ်ပုံ- VHT Studios/ Realtor)

 

(ကြီးမားသော ခန်းမကြီး။ ဓာတ်ပုံ- VHT Studios/ Realtor)

 

(အပြောကျယ်သော ခန်းမ။ ဓာတ်ပုံ- VHT Studios/ Realtor)

 

(မီးဖိုဆောင်။ ဓာတ်ပုံ- VHT Studios/ Realtor)

 

(အိပ်ခန်း ၃ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- VHT Studios/ Realtor)

ချီကာဂိုအခြေစိုက် ဗိသုကာပညာရှင် Edward Noonan က ဤအဆောက်အအုံကြီးကို ဘုရားကျောင်းမှ လူနေအိမ်အဖြစ် ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။

သူ၏လက်ရာများကို ပထမထပ်နှင့် ဒုတိယထပ်အိပ်ခန်းများ၊ ရုံးခန်းများနှင့် မီးဖိုဆောင်တို့တွင် တွေ့နိုင်မည် ဖြစ်သည်။

လက်ရှိပိုင်ရှင်တို့က ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ပြီးနောက် မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သစ်ကြမ်းခင်းအသစ်များ၊ မီးလင်းဖို၊ ရေပူစက် ၂ ခုနှင့် အမိုးများ ပြုပြင်ပြောင်းလဲခြင်းတို့ အပါအဝင် အခြားပြုပြင်မှုများစွာ ပြုလုပ်ခဲ့သည်။

ပင်မအထပ်တွင် အဝတ်လျှော်ခန်းနှင့် ကား ၃ စင်းဆန့် ဂိုဒေါင်တို့ ပါဝင်သည်။

လူနေအိမ်အဖြစ် ပြောင်းလဲခဲ့သော်လည်း မြင့်မားသော မျက်နှာကြက်များနှင့် မှန်ကွက်ငယ်များစွာဖြင့် ဖွဲ့စည်းထားသော အမိုးခုံး မှန်ပြတင်းများကို မူလအတိုင်း ထိန်းသိမ်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Heavenly Home: Former Gothic Church on Lake Michigan’s North Shore Is Listed for $1.4M (nypost)

 

 

[Zawgyi]

စတုရန္းမိုင္ေပါင္း ၂၀၀၀၀ ေက်ာ္ က်ယ္ဝန္းေသာ မီခ်ီဂန္ေရကန္ၾကီး၏ ေျမာက္ဘက္ကမ္းေျခတြင္ တည္ရွိေသာ ေဂါ့သစ္ဗိသုကာဟန္ ဘုရားေက်ာင္းၾကီး ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ေရာင္းမည္

 

အေမရိကန္ျပည္၏ နာမည္ေက်ာ္ ေရကန္ၾကီးတစ္ခုျဖစ္ေသာ မီခ်ီဂန္ေရကန္ၾကီး၏ ကမ္းေျခတြင္ တည္ရွိသည့္ ေဂါ့သစ္ဗိသုကာဟန္ဘုရားေက်ာင္းၾကီးမွာ အေမရိက၏ ေရႊေရာင္လႊမ္းေသာေခတ္ (၁၈၇၇ မွ ၁၉၀၀ ျပည့္ႏွစ္ ၾကားကာလ) ၏ ႏွစ္လိုဖြယ္ညွိဳ႕ဓာတ္တို႔ ရွိေနဆဲ ျဖစ္သည္။

ေျမာက္အေမရိကတိုက္တြင္ အလြန္တရာက်ယ္ေျပာလွေသာ ေရကန္ၾကီး ၅ ခုရွိသည့္အနက္ အေမရိကန္ ျပည္ေထာင္စုရွိ မီခ်ီဂန္ေရကန္ၾကီးမွာ ေရပမာဏအရ ဒုတိယအၾကီးမားဆံုးျဖစ္ျပီး ေရထု ၁၁၈၀ ကုဗမိုင္ရွိကာ ေရျပင္အက်ယ္အရဆိုလွ်င္ တတိယအၾကီးမားဆံုးကန္ၾကီးျဖစ္ကာ စတုရန္းမိုင္ ၂၂၄၀၄ က်ယ္ဝန္းသည္။

ေရျပင္အလ်ား ၃၀၇ မိုင္ရွိျပီး အက်ယ္ဆံုးေနရာတြင္ ၁၁၈ မိုင္ရွိကာ ဝစၥကြန္ဆင္၊ အီလီႏိြဳက္စ္၊ အင္ဒီယာနာ၊ မီခ်ီဂန္ ျပည္နယ္မ်ားတစ္လႊား ျဖန္႔က်က္တည္ရွိသည္။

မီခ်ီဂန္ ေရကန္ၾကီး၏ ေျမာက္ဘက္ကမ္းေျခ ၊ အီလီႏြိဳက္စ္ျပည္နယ္၊ Lake Forest ျမိဳ႕၊ N Mayflower လမ္း၊ အမွတ္ ၅၃၉ တြင္ တည္ရွိေသာ ဤအေဆာက္အအံုၾကီးသည္ အျပင္ပိုင္းၾကည့္လွ်င္ ဘုရားေက်ာင္းဟု ဆိုႏိုင္ေသာ္လည္း အတြင္းပိုင္းကိုမူ လူေနအိမ္အျဖစ္ အလံုးစံုျပန္လည္မြမ္းမံထားျပီးျဖစ္သည္။

ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ကန္ေဒၚလာ ၁,၄၉၉,၀၀၀ ျဖင့္ ပထမအၾကိမ္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးျပီး ယင္းေနာက္ ၾသဂုတ္လသို႔ေရာက္ေသာအခါ ကန္ေဒၚလာ ၁၃၉၉၀၀၀ သို႔ ေစ်းေလွ်ာ့ကာ ထပ္မံေစ်းကြက္ တင္လာျပန္သည္။

အိပ္ခန္း ၃ ခန္းပါ လူေနအိမ္အျဖစ္ ေျပာင္းလဲထားေသာ ဘုရားေက်ာင္းၾကီးကို ၁၈၈၈ ခုႏွစ္တြင္ ဗိသုကာ ပညာရွင္ Henry Ives Cobb က ဒီဇိုင္းေရးဆြဲေပးကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ The Ferry Hall ဘုရားေက်ာင္းအျဖစ္ လူသိမ်ားခဲ့သည္။

“ဗိသုကာပညာရွင္ Cobb ဟာ Lake Forest ျမိဳ႕က First Presbyterian ဘုရားေက်ာင္း၊ ခ်ီကာဂိုျမိဳ႕က Newberry စာၾကည့္တိုက္နဲ႔ ခ်ီကာဂို အားကစားအသင္း အေဆာက္အအံုေတြကို ဒီဇိုင္းေရးဆြဲေပးခဲ့သူ ျဖစ္ပါ တယ္”ဟု အေရာင္းေစ်းကြက္တင္ေပးသည့္ အိမ္ျခံေျမအက်ဳိးေဆာင္ Suzanne Myers က ေျပာသည္။

“Ferry Hall ဘုရားေက်ာင္း ပိတ္သိမ္းသြားျပီးတဲ့ေနာက္ ၁၉၈၀ ျပည့္ႏွစ္မွာ လူေနအိမ္အျဖစ္ ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္”

 

(Lake Forest ျမိဳ႕၊ N Mayflower လမ္း၊ အမွတ္ ၅၃၉ တြင္ တည္ရွိသည္။ ဓာတ္ပံု- VHT Studios/ Realtor)

(ျခံေနာက္ဘက္ျမင္ကြင္း။ ဓာတ္ပံု- VHT Studios/ Realtor)

(ၾကီးမားေသာ ခန္းမၾကီး။ ဓာတ္ပံု- VHT Studios/ Realtor)

(အေျပာက်ယ္ေသာ ခန္းမ။ ဓာတ္ပံု- VHT Studios/ Realtor)

(မီးဖိုေဆာင္။ ဓာတ္ပံု- VHT Studios/ Realtor)

(အိပ္ခန္း ၃ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- VHT Studios/ Realtor)

ခ်ီကာဂိုအေျခစိုက္ ဗိသုကာပညာရွင္ Edward Noonan က ဤအေဆာက္အအံုၾကီးကို ဘုရားေက်ာင္းမွ လူေနအိမ္အျဖစ္ ေျပာင္းလဲေပးခဲ့သူ ျဖစ္သည္။

သူ၏လက္ရာမ်ားကို ပထမထပ္ႏွင့္ ဒုတိယထပ္အိပ္ခန္းမ်ား၊ ရံုးခန္းမ်ားႏွင့္ မီးဖိုေဆာင္တို႔တြင္ ေတြ႔ႏိုင္မည္ ျဖစ္သည္။

လက္ရွိပိုင္ရွင္တို႔က ၂၀၁၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျပီးေနာက္ မြမ္းမံမႈမ်ားစြာ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

သစ္ၾကမ္းခင္းအသစ္မ်ား၊ မီးလင္းဖို၊ ေရပူစက္ ၂ ခုႏွင့္ အမိုးမ်ား ျပဳျပင္ေျပာင္းလဲျခင္းတို႔ အပါအဝင္ အျခားျပဳျပင္မႈမ်ားစြာ ျပဳလုပ္ခဲ့သည္။

ပင္မအထပ္တြင္ အဝတ္ေလွ်ာ္ခန္းႏွင့္ ကား ၃ စင္းဆန္႔ ဂိုေဒါင္တုိ႔ ပါဝင္သည္။

လူေနအိမ္အျဖစ္ ေျပာင္းလဲခဲ့ေသာ္လည္း ျမင့္မားေသာ မ်က္ႏွာၾကက္မ်ားႏွင့္ မွန္ကြက္ငယ္မ်ားစြာျဖင့္ ဖြဲ႔စည္းထားေသာ အမိုးခံုး မွန္ျပတင္းမ်ားကို မူလအတိုင္း ထိန္းသိမ္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Heavenly Home: Former Gothic Church on Lake Michigan’s North Shore Is Listed for $1.4M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ...
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ...
လယ်ယာမြေကို အခြားသုံးစွဲမှုဖြစ်စဉ်များဟာ ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော...
လယ်ယာမြေကို အခြားသုံးစွဲမှုဖြစ်စဉ်များဟာ ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော...
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ...
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ...
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်...
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်...
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ...
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ...
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ...
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ...
အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျိမ်းစ် ကင်မရွန်၏ Avatar ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသမီး Zoe Saldana လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ဂျိမ်းစ် ကင်မရွန်၏ Avatar ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသမီး Zoe Saldana လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
သြစတေးလျနိုင်ငံ ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ တံငါသည်၏ နိဗ္ဗာန်ဘုံဟု အမည်ရသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ ၊ အိမ် ၃ လုံ
သြစတေးလျနိုင်ငံ ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ တံငါသည်၏ နိဗ္ဗာန်ဘုံဟု အမည်ရသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ ၊ အိမ် ၃ လုံ
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
အိမ်ရှင်နှင့် စကားများပြီး ရထားပေါ်တွင်သာ အခြေချနေထိုင်လျက်ရှိသော ဂျာမနီက မိန်းကလေး
အိမ်ရှင်နှင့် စကားများပြီး ရထားပေါ်တွင်သာ အခြေချနေထိုင်လျက်ရှိသော ဂျာမနီက မိန်းကလေး
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ထဲ စွတ်စိုထိုင်းမှိုင်းခြင်းနဲ့ အနံ့အသက်မကောင်းခြင်းတွေ ကင်းဝေးစေဖို့
အိမ်ထဲ စွတ်စိုထိုင်းမှိုင်းခြင်းနဲ့ အနံ့အသက်မကောင်းခြင်းတွေ ကင်းဝေးစေဖို့
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
orchid
shwe-sakkyar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service