ကီဗင်ကော့စ်နာ၏ ဇနီးဟောင်း ခရစ္စတင်း ဘန်းဂါတနာ ကီဗင်ကော့စနာ၏ အိမ်မှဆင်းကာ တစ်လလျှင် ဒေါ်လာ ၃၅၀၀၀ ဖြင့် အိမ်ငှားနေထိုင်
ကီဗင်ကော့စ်နာ၏ ဇနီးဟောင်း ခရစ္စတင်း ဘန်းဂါတနာ ကီဗင်ကော့စနာ၏ အိမ်မှဆင်းကာ တစ်လလျှင် ဒေါ်လာ ၃၅၀၀၀ ဖြင့် အိမ်ငှားနေထိုင် - Property News in Myanmar from iMyanmarHouse.com
18 Aug 2023 12:23 pm တွင် တင်ခဲ့သည်
641 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကီဗင်ကော့စ်နာနှင့် ကွာရှင်းပြတ်စဲထားသော ဇနီးဟောင်း ခရစ္စတင်း ဘန်းဂါတနာ (Christine Baumgartner) သည် နှစ်ဦးနေထိုင်ခဲ့သောအိမ်မှ ထွက်ခွာကာ နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်သည်။
ခရစ္စတင်းအား ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားကာ ဒေါ်လာ ၁၄၅ သန်းတန် နေအိမ်မှ ရွှေ့ပြောင်းပေးရန် တရားရုံးက အမိန့်ချမှတ်ထားခြင်းဖြစ်သည်။
ခရစ္စတင်းက တရားရုံး၏ သတ်မှတ်ရက်သို့ ရောက်သောအခါ လတ်တလော ဖြေရှင်းမှုအနေဖြင့် ဇူလိုင်လ ၂၈ ရက်တွင် ကီဗင်ကော့စ်နာ၏ အိမ်ဝန်းအတွင်းရှိ ဝန်ထမ်းတန်းလျားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သေးကြောင်း အတွင်းလူတစ်ဦးက People သတင်းဌာနသို့ ပြောသည်။
Daily Mail သတင်းဌာနက ရရှိခဲ့သော ဓာတ်ပုံများအရ အသက် ၄၉ နှစ်အရွယ်ရှိ ခရစ္စတင်းသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘရာမှ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့လျက်ရှိပြီ ဖြစ်သည်ကို တွေ့ရသည်။
ခရစ္စတင်းသည် ယခင်က အသက် ၆၈ နှစ်အရွယ်ရှိ ခင်ပွန်းဟောင်း ကီဗင်ကော့စ်နာ၏ ဒေါ်လာ ၁၄၅ သန်းတန် နေအိမ်တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ခရစ္စတင်း ငှားရမ်းလိုက်သော နေအိမ်မှာ ကီဗင်ကော့စ်နာ၏ အိမ်နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး တစ်လလျှင် အိမ်ငှားခ ဒေါ်လာ ၃၅၀၀၀ ပေးရသည်ဟု ဆိုသည်။
အဆိုပါအိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်း ၊ ရေကူးကန် ၊ ခြံဝန်းအတွင်း မီးဖိုနေရာနှင့် BBQ နေရာတို့ ပါဝင်သည်။
တန်ဖိုးကြီးစံအိမ်ကို စိမ်းလန်းသော Shrubbery အပင်များက ဝန်းပတ်ထားသည်။
(ခရစ္စတင်း ငှားရမ်းလိုက်သော ဆန်တာဘာဘရာမှ နေအိမ်)
(Daily Mail သတင်းဌာနက ရရှိခဲ့သော ဓာတ်ပုံများအရ အသက် ၄၉ နှစ်အရွယ်ရှိ ခရစ္စတင်းသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘရာမှ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့လျက်ရှိပြီ ဖြစ်သည်ကို တွေ့ရသည်။)
အတွင်းလူတစ်ဦးက ပြောသည်မှာ ခရစ္စတင်း ထိုဒေသတွင် ဆက်လက်နေထိုင်ရခြင်းမှာ ကလေးများ၏ ဘဝ ဖရိုဖရဲ ဖြစ်မသွားစေရန် ဖြစ်ကြောင်း ၊ လာမည့်ဆောင်းတွင်းတွင် ကလေးများ ကျောင်းပြန်တက်ရမည် ဖြစ်ကြောင်း ပြောသည်။
“ဒါက လတ်တလော ဖြေရှင်းမှုပါ။ သူက တခြားအိမ် ရှာနေပါတယ်။ ကလေးတွေရဲ့ ဘဝ ဖရိုဖရဲဖြစ်မသွားစေဖို့ ဒီဒေသမှာ နေထိုင်နေတာဖြစ်ပါတယ်။ ကလေးတွေက ဆောင်းတွင်းမှာ ကျောင်းပြန်တက်ရမှာ ဖြစ်ပါတယ်။ ခရစ္စတင်းက အားလုံးကို ဖြစ်နိုင်သမျှ ပုံမှန်အတိုင်းသွားနိုင်အောင် ကြိုးစားနေပါတယ်။ သူ့ရဲ့ အဓိကက ကလေးတွေပါ”
ကီဗင်ကော့စ်နာနှင့် ခရစ္စတင်းတို့စုံတွဲတွင် သားသမီး ၃ ဦး ထွန်းကားခဲ့ရာ Cayden (အသက် ၁၆ နှစ်) ၊ Hayes (အသက် ၁၄ နှစ်) နှင့် Grace (အသက် ၁၃ နှစ်) တို့ဖြစ်သည်။
( ငှားရမ်းလိုက်သော နေအိမ်မှာ ကီဗင်ကော့စ်နာ၏ အိမ်နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး တစ်လလျှင် အိမ်ငှားခ ဒေါ်လာ ၃၅၀၀၀ ပေးရသည်ဟု ဆိုသည်။)
(အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်း ၊ ရေကူးကန် ၊ ခြံဝန်းအတွင်း မီးဖိုနေရာနှင့် BBQ နေရာတို့ ပါဝင်သည်။)
(တန်ဖိုးကြီးစံအိမ်ကို စိမ်းလန်းသော Shrubbery အပင်များက ဝန်းပတ်ထားသည်။)
(ကီဗင်ကော့စ်နာနှင့် ကွာရှင်းပြီးနောက် ယခုအိမ်ကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။)
(ကလေးများ၏ ဘဝကို ပုံမှန်အတိုင်းဖြစ်စေရန် ဤဒေသတွင် ဆက်လက်နေထိုင်ရခြင်းဖြစ်ကြောင်း ခရစ္စတင်းက ပြောသည်။)
(ကီဗင်ကော့စ်နာ၏ ၁၄၅ သန်းတန် နေအိမ်)
(ခရစ္စတင်း ခေတ္တ နေထိုင်ခဲ့သော ကီဗင်ကော့စ်နာ၏ ခြံဝန်းအတွင်းမှ ဝန်ထမ်းဆောင်။)
(ဆက်စပ်သတင်းများ)
ကီဗင်ကော့စနာ၏ ဇနီးက ခင်ပွန်းနှင့် ကွာရှင်းရန် လျှောက်ထားခဲ့ပြီးနောက် ကယ်လီဖိုးနီးယားရှိ ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုကာ ဆက်လက်နေထိုင်
https://www.imyanmarhouse.com/news/read/1072695
ကွာရှင်းထားသော ဇနီးဖြစ်သူက ဒေါ်လာ ၁၄၅ သန်းတန် အိမ်ပေါ်မှ ဆင်းမပေး၊ ကီဗင်ကော့စနာ ဘယ်မှာနေမလဲ
https://www.imyanmarhouse.com/news/read/1073398
ကီဗင်ကော့စနာနှင့် ကွာရှင်းထားသော ဇနီးက အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်ရာ အိုးခွက်ပန်းကန်များနှင့် ရုပ်မြင်သံကြားစက်များ မည်သူပိုင်ဆိုင်သည်ဆိုခြင်းနှင့် စပ်လျဉ်းပြီး အငြင်းပွား
https://www.imyanmarhouse.com/news/read/1076914
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: Kevin Costner's ex Christine Baumgartner moves out of her temporary mini-house into a $35K-per-month modern mountain home in Santa Barbara - amid ugly divorce battle with Yellowstone star (dailymail)
[Zawgyi]
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service