ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်း (၉) ခု
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်း (၉) ခု - Property News in Myanmar from iMyanmarHouse.com
30 May 2023 1:51 pm တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် နှစ်စဉ်လာရောက်လည်ပတ်သူ သန်းပေါင်းများစွာကို ဆယ်စုနှစ်များစွာ ဆွဲဆောင်ခဲ့ပြီး ကမ္ဘာ့အဆင့်မီအစားအစာ၊ ရင်သပ်ရှုမောဖွယ်သမိုင်းဝင်အထင်ကရနေရာများ အကောင်းဆုံးဧည့်ဝတ်ကျေပွန်မှုဖြင့် ခရီးသွားများကို ယဉ်ကျေးမှုဓလေ့ထုံးတမ်းခေတ်မီမှု၏ မယုံနိုင်လောက်အောင် အတွေ့အကြုံများကို ပေးဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်း ၉ ခန်းသည် ထိုင်းနိုင်ငံ၏ မတူကွဲပြားမှုများကိုပြသပြီး 2022 ခုနှစ်တွင် စင်ကာပူမှ ကမ္ဘာလှည့်ခရီးသည် 614,000 ကျော် လာရောက်မှုအကြောင်းရင်းကို အလေးပေးဖော်ပြပြီး 2023 တွင် ထိုကိန်းဂဏန်းကို အလွယ်တကူကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ရသည်။
TRISARA, PHUKET
ဖူးခက်၏ အထူးခြားဆုံးနှင့် အပန်းဖြေစခန်းများထဲမှတစ်ခုဖြစ်သည့် Trisara ကို ဗုဒ္ဓဘာသာ ဒဏ္ဍာရီလာ ထုံးတမ်းစဉ်လာမှ 'တတိယမြောက် ကောင်းကင်ဥယျာဉ်' ဟု အမည်ပေးထားသည်။
ပတ်ဝန်းကျင်ရှိတောင်ကုန်းများကြောင့် လုံးဝသီးသန့်ကမ္ဘာလေးဖြစ်ပြီး 14 hectare ကျယ်ဝန်းသော အပန်းဖြေစခန်းသည် ထူးခြားဆန်းပြားသောသစ်ခွများ၊ သာယာလှပသော bougainvillea နှင့် Private ရေကူးကန် ဗီလာများ၊ သဘာဝအတိုင်း တစ်ထပ်တည်းရှိသော ရှုခင်းများနှင့် ရောနှောကာပြီးပြည့်စုံစွာ အလှဆင်ထားသည်။
Trisara ၏ ကျွန်းပေါ်ရှိ ပထမဆုံးစားသောက်ဆိုင် PRU တွင် Michelin ကြယ်ပွင့် ဒတ်ချ်စားဖိုမှူး Jimmy Ophorst သည် လာရောက်တည်းခိုသူများကို ထိုင်းနှင့် ဥရောပနည်းပညာများဖြင့် ဂုဏ်ပြုသည့် ဟင်းပွဲများနှင့်အတူ ဆွဲဆောင်မှုရှိစေခဲ့သည်။
RAKXA, BANGKOK
Bang Krachao သည် Chao Phraya မြစ်နှင့် မြို့၏မိုးမျှော်တိုက်များကို အပေါ်စီးမှမြင်ရသော အေးချမ်းသောကျွန်းဖြစ်သည်။ ထိုင်းလို 'ကုစားခြင်း' ဟု အဓိပ္ပါယ်ရသော Rakxa ဟုခေါ်ခြင်းဖြစ်ပြီး ထူးခြားပြောင်မြောက်သော 60 villa အပန်းဖြေစခန်းရှိရာ နေရာဖြစ်သည်။
ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးနှင့် အလှအပရေးရာ၊ ကိုယ်အလေးချိန် သို့မဟုတ် စိတ်ဖိစီးမှုကို လျော့နည်းစေချင်သည့် နိုင်ငံတကာမှ ဧည့်သည်များအတွက် အကြိုက်တွေ့စေမည့် နေရာတစ်ခုဖြစ်လာပြီး ရုပ်ပိုင်းဆိုင်ရာ၊ ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာများကို ကျန်းမာရေးနှင့် ညီညွတ်သော ကုသရေးဌာန ဖြစ်လာပါသည်။
ရိုးရာတရုတ်ဆေးပညာ၊ ကာယအကြောအဆစ်ကုဆရာများနှင့် Balanced ဖြစ်တဲ့အစားအစာ၊ ထိုင်းရိုးရာအကများ၊ ရင်သပ်ရှုမောဖွယ်ဥယျာဉ် ရေကူးကန်အိမ်ကြီးများနှင့် အကောင်းဆုံးအနှိပ်ခန်း တွေနဲ့ အတူဆွဲဆောင်နိုင်ခဲ့ပါသည်။
FOUR SEASONS RESORT KOH SAMUI
ထိုင်းနိုင်ငံ၏ ထူးခြားလှပတဲ့ကျွန်းများကြားတွင် Koh Samui သည် လူကြိုက်အများဆုံး ဆွဲဆောင်မှုတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
Four Seasons Resort Koh Samui သည် ရင်သပ်ရှုမောဖွယ် လှပသော Siam ပင်လယ်ကွေ့ကြားတွင် တည်ထားသော အပန်းဖြေစခန်း တစ်ခုဖြစ်သည်။ ကျယ်ဝန်းသော ရေကူးကန် villas များ၊ အပူပိုင်း ဥယျာဉ်များ၊ အုန်းပင်များနှင့် ဖြူစင်သော သဲသောင်ပြင်များ၊ သန္တာကျောက်တန်းများ၊ ကောင်းကင်၊ ပင်လယ်နှင့် ထူးခြားဆန်းပြားသော ကျွန်းများ၏ ကျက်သရေရှိသော အလှအပများ တည်ရှိသည်။
ထူးခြားဆန်းပြားသော ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး လက်တင်အမေရိက၏ လက်ရာမြောက်သော ဟင်းလျာနှင့် ဂီတကို မြည်းစမ်းရင်း ထိုင်းနိုင်ငံရှိ ရမ်များစုစည်းရာ CoCoRum ဘားတွင် ထိုင်ပြီး အနားယူနိုင်ပါတယ်။ မီတာ 50 အရှည်ရှိသော Infinity ရေကူးကန်ကို ဖြတ်လျှောက်ပြီးကမ်းခြေတွင် အရသာရှိတဲ့ အစားအသောက်တွေ စားရင်း ရိုးစင်းသောကမ္ဘာရဲ့ အလှတရားတွေကို တွေ့ကြုံခံစားနိုင်ပါတယ်။
MANDARIN ORIENTAL, BANGKOK
အခန်း 12 ခန်းပါ ဟိုတယ်အဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း 150 နီးပါးက စတင်ခဲ့သော Mandarin Oriental Bangkok သည် ကမ္ဘာလုံးဆိုင်ရာ ဧည့်သည်များ လာရောက်တည်းခိုရန် အခန်းပေါင်း 400 နီးပါးရှိသည့် အာရှ၏ ဂန္ထဝင်အကျော်ကြားဆုံး တည်းခိုရန်နေရာများထဲမှ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
Chao Praya မြစ်ကိုဖြတ်ရင်း ဟိုတယ်၏ကြော့ရှင်းသော လွန်းပျံလှေဖြင့် ရှုခင်းများကိုခံစားနိုင်သည်။
ဟိုတယ်၏ ကျော်ကြားသော spaနှင့် အစားအသောက်နဲ့ပတ်သက်ရင် Michelin stars Restaurant ပြင်သစ်အစားအစာတွေ နဲ့ ခရီးသွားတွေကိုဆွဲဆောင်ထားပါတယ်။
BELMOND NAPASAI, KOH SAMUI
မဲနမ်ကမ်းခြေရှိ အုန်းပင်များနှင့် သီဟိုဠ်ပင်များကြားတွင် တည်ရှိသော Belmond Napasai တွင် တောင်စောင်းတွင်ရှိသော မြင့်မားသော Villaများနှင့် အိမ်ကြီးများသည် အသက်ရှူရပ်စေမည့် မြင်ကွင်းများဖြစ်စေသည်။
ဧည့်သည်တော်များ အထူးသဖြင့် ငယ်ရွယ်သော ဧည့်သည်များကို သဘာဝနှင့် ပေါင်းစည်းခံစားမှုကို မြှင့်တင်ပေးသည့် resident water buffaloes ပါဝင်ပါတယ်။
အေးအေးဆေးဆေး အပန်းဖြေနိုင်ရန် ထိုင်းဘုရင်မင်းမြတ်နှစ်သက်သော ကုသနည်းများဖြင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်များကို အပြည့်အဝ ပြန်လည်ပြုပြင်ပေးမည့် Napasai Spa သည် သဘာဝကမ္ဘာနှင့် ဘယ်သောအခါမှ မဝေးတော့သည့်အချက်ကို ‌ဖော်ဆောင်နေသည်။
SONEVA KIRI, KOH KOOD
ဆုရအပန်းဖြေစခန်း Soneva Kiri သည် ထိုင်းနိုင်ငံ၏ စတုတ္ထအကြီးဆုံး ဖြစ်ပြီး လူဦးရေအနည်းဆုံးကျွန်းဖြစ်သည်။
ဟိုတယ်သည် ကျွန်း၏ မြောက်ဘက်စွန်းတွင်တည်ရှိပြီး နည်းပညာမြင့် အဆင်တန်ဆာများမရှိပါဘူး။
ယူကလစ်သစ်တုံးများ၊ ဝါးများနှင့် ထင်းရှူးပင်များမှ Robinson Crusoe ခံစားမှုဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ဝါးပင် "Treepods" စားသောက်ဆိုင်မှစားပွဲထိုးများက ကမ်းခြေပေါ်ရှိစားပွဲများ၊ သစ်ပင်များပေါ်တွင်ပြုလုပ်ထားတဲ့ နေရာထိုင်ခင်းတွေကို ဇစ်လိုင်းများကို အသုံးပြုပြီးတည့်ခင်းဧည့်ခံပေးတာက အရှေ့တောင်အာရှရှိ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပန်းဖြေစခန်းတစ်ခုအဖြစ်ဖော်ဆော်နေပါတယ်။
ROSEWOOD PHUKET
ဖူးခက်၏အနောက်ဘက်ကမ်းရိုးတန်းရှိ Rosewood Phuket မှ စိမ်းပြာရောင်ရေရှိသောလှိုင်းလုံးကြီးများဖြင့် ဧည့်သည်များကို ဆွဲဆောင်ပြီး အပန်းဖြေစခန်း၏ စံပယ်ရနံ့များ စုံလင်စွာပုံဖော်ထားသည့် အလှတရားများနှင့် ရင်သပ်ရှုမောဖွယ် ရေကန်များအလှမှ ရုန်းထွက်နိုင်ဖို့ခက်ခဲလှသည်။
တောက်ပသောပင်လယ်အော်ကိုဖြတ်၍ သာယာတဲ့ရှုခင်းများရှိသော ဆိတ်ငြိမ်ကမ်းခြေက အပန်းဖြေစခန်းမှာ စိမ်းလန်းစိုပြေသော အပူပိုင်းဒေသရှုခင်းများနှင့် သဘာဝကျကျပေါင်းစပ်ကာ လွတ်မြောက်ခြင်း၏စစ်မှန်သောခံစားချက်ကို ပေးစွမ်းစေသည်။ ငြိမ်သက်ခြင်းနှင့် သန့်စင်ခြင်းသည် ဇိမ်ခံကမ်းခြေနေထိုင်ရာ၏ အနှစ်သာရကို ဖမ်းစားနိုင်ပြီး သဘာဝပစ္စည်းများမှ ဖန်တီးထားသည့် သက်တောင့်သက်သာရှိသော ပရိဘောဂများကို သိမ်မွေ့သော ထိုင်းရိုးရာလွှမ်းမိုးမှုများနှင့် ကျက်သရေရှိစွာပေါင်းစပ်ထားသည်။
Rosewood Phuket တည်းခိုခန်းများ၏ အစိတ်အပိုင်းတိုင်းသည် ရေကူးကန်၊ စိတ်အေးလက်အေးအပန်းဖြေနိုင်တဲ့ ပြင်ပထိုင်ခုံ၊ window walls တွေနဲ့ ကမ်းခြေအပန်းဖြေစခန်းရှိ ဧည့်သည်များကို ဆွဲဆောင်ထားပါသည်။
INTERCONTINENTAL KHAO YI
ထိုင်းနိုင်ငံ၏ အထင်ကရ ဖြစ်နေပြီဖြစ်သော ဟိုတယ်နှင့် အပန်းဖြေ ရှုခင်းများအပြင် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Khao Yai အမျိုးသား ဥယျာဉ်နှင့် တောင်တန်းများကလဲ ရွေးချယ်စရာဖြစ်လာပါတယ်။
UNESCO World Heritage Site တစ်ခုဖြစ်တဲ့ ဆင်တွေ၊ မျောက်လွှဲကျော်တွေ၊ သမင်တွေနဲ့ နောက်ထပ် သဘာဝထိန်းသိမ်းရေးနယ်မြေလို့ခေါ်ကြတဲ့ InterContinental Khao Yai Resort လည်း ပါဝင်ပါတယ်။
InterContinental Khao Yai Resort ၏ ဒီဇိုင်းကို အဓိကအချက်သုံးချက်ဖြင့် ပုံဖော်ထားခြင်းဖြစ်သည် - ဗိသုကာပညာရှင် Bill Bensley ၏ ဖန်တီးမှုစွမ်းရည်၊ ရေကန်များနှင့် သစ်ပင်များ၏ စိမ်းလန်းစိုပြေသော အပူပိုင်းရှုခင်းနှင့် Khao Yai တောင်၏အပြင်ဘက်ရှိ သဘာဝရှုခင်းများ၏ အံ့ဖွယ်များဖြင့် ပုံဖော်ထားပါသည်။
ဗိသုကာပညာရှင် Bill Bensley သည် ထိုင်းနိုင်ငံ၏ရွှေခေတ်မီးရထားခရီးသွားလာမှုမှ InterContinental Khao Yai Resort ၏ ဒီဇိုင်းအတွက် ဗိသုကာအသေးစိတ်အချက်အလက်စိတ်ကူးစိတ်သန်းများရရှိခဲ့တယ်။ Private Pool ပါတဲ့ Luxury Vintage Train Car ပေါ်မှာအပန်းဖြေနိုင်တဲ့ ခံစားချက်မျိုးပေးစွမ်းပါတယ်
တောင်ကုန်းများတွင် ဝိုင်မြည်းစမ်းခြင်း၊ တောင်တက်လမ်းများ၊ တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းတွေနှင့် ဒေသခံဥယျာဉ်ခြံများ၊ စပျစ်ခြံများဆီ စက်ဘီးစီးခြင်းခရီးစဉ်များသည် အပန်းဖြေစခန်း၏ စိတ်ဝင်စားစရာ Activity ဖြစ်ပါတယ်။
ANI THAILAND, KOH YAO NOI
Ani Thailand သည်ဖူးခက်နှင့် Krabi အကြား အက်ဒမန်ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်းဖြစ်သည့် Koh Yao Noi ၏အရှေ့ဘက်ကမ်းရိုးတန်းမှာရှိသည့် အထူးသီးသန့်အပန်းဖြေစခန်းဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျွန်းသစ်သားဘုရားကျောင်းများနှင့် Lanna ဗိသုကာလက်ရာများဖြင့် ဖန်တီးထားသော Ani Thailand သည် ပင်လယ်အော်ကို အပေါ်စီးမှမြင်ရပြီး သဘာဝသစ်သားအတွင်းပိုင်းနှင့် ဇိမ်ခံပစ္စည်းများဖြင့် သီးသန့် ဒီဇိုင်းထုတ်ထားပြီး Luxury villa ရဲ့ တကယ့်အစစ်အမှန်ကိုပြသနေပါသည်။
ဗီလာ၏အရှေ့ဘက်မျက်နှာရှိ ဥယျာဉ်များတွင် နံနက်ခင်း ယောဂလေ့ကျင့်ခန်းဖြင့် နေထွက်ချိန်ကို ကြည့်ရှုပြီး သီးသန့် spa တွင် အပန်းဖြေခြင်း၊ အားကစားတွင် မွေထိုင်း၊ စက်ဘီးစီးခြင်း၊ ရေကစားနည်းများနှင့် King Cruiser Wreck၊ Shark Point ကဲ့သို့သော သန္တာပေါများသော ရေငုပ်နေရာများသို့ သွားရောက်လည်ပတ်ခြင်းများ၊ မီတာ 90 ရှည်လျားသော ကမ်းခြေတစ်လျှောက် လှော်တက်တက်ခြင်းများ၊ ကျွန်းတစ်ဝိုက်ရှိ လမ်းညွှန်စက်ဘီးခရီးစဉ်များနှင့် ဧည့်သည်များကိုဆွဲဆောင်နေပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
TRISARA, PHUKET
Trisara ၏ ကျွန်းပေါ်ရှိ ပထမဆုံးစားသောက်ဆိုင် PRU တွင် Michelin ကြယ်ပွင့် ဒတ်ခ်ျစားဖိုမှူး Jimmy Ophorst သည် လာရောက်တည်းခိုသူများကို ထိုင်းနှင့် ဥရောပနည်းပညာများဖြင့် ဂုဏ်ပြုသည့် ဟင်းပွဲများနှင့်အတူ ဆွဲဆောင်မှုရှိစေခဲ့သည်။
RAKXA, BANGKOK
SONEVA KIRI, KOH KOOD
ROSEWOOD PHUKET
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
taunggyi-garden-city
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service