ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား - Property News in Myanmar from iMyanmarHouse.com
26 May 2023 10:13 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)
[Unicode]
Joshua Tree အမျိုးသားဥယျာဉ်၏ အပြင်ဘက် အဝါရောင်မြေပြန့်လွင်ပြင်များရှိရာတွင် လမ်းကလေးတစ်ခု ခွဲထွက်သွားသည်။
သဲကန္တာရအလယ် Interstate 10 အဝေးပြေးလမ်းမကြီးမှ လမ်းကလေးခွဲထွက်သွားသည့်နေရာမှာ ဆိုနိုရန် သဲကန္တာရအတွင်းရှိ နာမည်ကျော် Palm Springs မြို့ကလေးမှ တစ်နာရီခွဲ ခရီးအကွာတွင် တည်ရှိသည်။
ထိုလမ်းသည် သဲကန္တာရအတွင်းမှ Eagle Mountain အမည်ရှိ တစ္ဆေမြို့ရှိရာသို့ ပေါက်သည်။
လူသူကင်းမဲ့သွားခဲ့သည့် ၁၉၈၃ ခုနှစ်ကတည်းက အဆိုပါ တစ္ဆေမြို့တော်ကို စဉ်ဆက်မပြတ် စိတ်ဝင်စားမှုများ ရှိခဲ့ကြသည်။
ကယ်လီဖိုးနီးယားရှိ အခြားသော တစ္ဆေမြို့များနှင့် မတူညီသည့် အချက်မှာ Eagle Mountain သည် အမှန်တကယ်သေဆုံးသွားခြင်းမျိုး မရှိခဲ့။
ယခုအခါ အမည်မသိ ဝယ်လက်တစ်ဦးက Eagle Mountain ကို ဝယ်ယူခဲ့ပြီဖြစ်ရာ တစ္ဆေမြို့၏ အခန်းကဏ္ဍသစ်တစ်ခု ပေါ်ပေါက်လာဖွယ်ရာ ရှိသည်။
(ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသော Eagle Mountain မှ စွန့်ပစ်ခံ အဆောက်အအုံများကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလအတွင်း တွေ့ရပုံ။ ဓာတ်ပုံ- FilmPalmSprings.com)
ယခင်က Kaiser Steel အမည်ရှိ ကုမ္ပဏီတစ်ခု၏ မြို့ဖြစ်ခဲ့သော Eagle Mountain သည် အုန်းပင်များ ပေါများသော အိုအေစစ်တစ်ခု ဖြစ်ခဲ့ပြီး နေထိုင်သူပေါင်း ၄၀၀၀ ခန့်ရှိခဲ့သည်။
အများစုမှာ အဆိုပါ သတ္တုတွင်းကုမ္ပဏီက ခန့်ထားသော အလုပ်သမားများဖြစ်ကြသည်။
အလုပ်သမားများသည် အနီးရှိတောင်များကို ထွင်းဖောက်ခြင်း ၊ မိုင်းခွဲခြင်းတို့ဖြင့် သံရိုင်းများ ရှာဖွေကြသည်။
သတ္တုတွင်း၏ အထွတ်အထိပ်ကာလများအတွင်း နေ့စဉ် ထုတ်လုပ်မှုမှာ စံချိန်တင်အောင် ထွက်ရှိခဲ့သည်။
သို့သော် ထွက်ရှိမှု ကျဆင်းလာပြီး နောက်ပိုင်း နှစ်အနည်းငယ်အကြာတွင် သတ္တုတွင်း ပိတ်သိမ်းကာ အလုပ်သမားများကို နှင်ထုတ်ခဲ့သည်။
သတ္တုတွင်း အလုပ်သမားဟောင်းတစ်ဦးက ပြောသည်မှာ ယခင်ကဆိုလျှင် ထရက်ကားအနီကြီးများ များစွာရှိခဲ့ကြောင်း ပြောသည်။
(Eagle Mountain တစ္ဆေမြို့၏ အဝင်ဝနေရာကို ဧပြီလက တွေ့ရပုံ။ ဓာတ်ပုံ- SFGATE)
SFGATE မှ ရရှိခဲ့သော စာရွက်စာတမ်းများအရ တစ္ဆေမြို့ကို ဧပြီလ ၁၇ ရက်က ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။
ရောင်းချသူမှာ ကယ်လီဖိုးနီးယားပြည်နယ် ၊ အွန်တေရီယိုမြို့အခြေစိုက် Eagle Mountain Acquisition LLC အမည်ရှိ ကုမ္ပဏီမှ ဖြစ်ပြီး အဆိုပါမြို့ကို နှစ်ပေါင်း ၄၀ ကျော် ပိုင်ဆိုင်ခဲ့သည်။
ဝယ်ယူသွားသူမှာ ကယ်လီဖိုးနီးယားပြည်နယ် Cerritos မြို့မှ Ecology Mountain Holdings ကုမ္ပဏီဖြစ်သည်။
Eagle Mountain ကို အချိန်ပြည့် ကြည့်ရှုစောင့်ရှောက်ရန် အလုပ်သမားခေါင်းဆောင်အချို့ ဤမြို့တော်တွင် နေထိုင်လျက်ရှိသည်။
မြို့တွင်းလမ်းများပေါ်တွင် စိမ်းလန်းသော အုန်းပင်များ စီရရီရှိသော်လည်း ကျန်အရာများ အားလုံးမှာမူ ဖုတ်တသောသောဖြစ်နေသည်။
(Eagle Mountain တွင် Christopher Nolans ၏ Tenet အမည်ရှိ ရုပ်ရှင်ကား ရိုက်ကူးခဲ့ဖူးသည်။)
(ကယ်လီဖိုးနီးယားပြည်နယ် Fontana ရှိ Kaiser စတီးစက်ရုံကို Henry J. Kaiser စစ်ဆေးကြည့်ရှုနေပုံ။ )
အဆိုပါ သတ္တုတွင်းတွင် တစ်ချိန်က ဝန်ထမ်း ၉၇၇ ဦး အထိရှိခဲ့ဖူးသည်။
(Eagle Mountain မှ စွန့်ပစ်ခံ အဆောက်အအုံများကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလက တွေ့ခဲ့ရပုံ။)
(Eagle Mountain တွင် ၃၅ နှစ်ကြာ နေထိုင်ခဲ့သော Connie Ottinger ကို သူနေထိုင်ခဲ့ရာ နေရာဟောင်းတွင် ၂၀၀၃ ခုနှစ် ၊ အောက်တိုဘာလက တွေ့ခဲ့ရပုံ။ )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A mystery buyer just purchased entire California ghost town Eagle Mountain for $22.5M (sfgate)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်း (၉) ခု
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်း (၉) ခု
သခင်နှင့် ကွဲကွာကာ လမ်းပေါ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ရသော အသက် ၂၅ နှစ်အရွယ်ရှိ ကြောင်ကလေး သခင်နှင့် ပြန်တွေ့ပြီး အနံ့မှတ်မိသွားချိန်တွင် အလွန်မြူးထူးအော်မြည်ခဲ့...
သခင်နှင့် ကွဲကွာကာ လမ်းပေါ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ရသော အသက် ၂၅ နှစ်အရွယ်ရှိ ကြောင်ကလေး သခင်နှင့် ပြန်တွေ့ပြီး အနံ့မှတ်မိသွားချိန်တွင် အလွန်မြူးထူးအော်မြည်ခဲ့...
BTS အဖွဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့တော်ရှိ အထင်ကရ အဆောက်အအုံကြီးများကို ခရမ်းရောင်ဆေးသုတ်ရန် စီစဉ်...
BTS အဖွဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့တော်ရှိ အထင်ကရ အဆောက်အအုံကြီးများကို ခရမ်းရောင်ဆေးသုတ်ရန် စီစဉ်...
Google ကုမ္ပဏီ၏ CEO ဆွန်ဒါ ပီချာအီ မွေးဖွားကြီးပြင်းရာ အိန္ဒိယမှ နေအိမ်ကို တမီလ်ရုပ်ရှင်မင်းသားက ဝယ်ယူ...
Google ကုမ္ပဏီ၏ CEO ဆွန်ဒါ ပီချာအီ မွေးဖွားကြီးပြင်းရာ အိန္ဒိယမှ နေအိမ်ကို တမီလ်ရုပ်ရှင်မင်းသားက ဝယ်ယူ...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားမ
အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားမ
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့
ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို
ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို
ဘောလုံးကြယ်ပွင့် ပီကေးနှင့်လမ်းခွဲကာ Single ဖြစ်နေသူ ရှက်ကီရာကို တွမ်ခရုစ် အလွန်မျက်စိကျနေ (သို့မဟုတ်) အင်္ဂလန်နိုင်ငံ ဆ
ဘောလုံးကြယ်ပွင့် ပီကေးနှင့်လမ်းခွဲကာ Single ဖြစ်နေသူ ရှက်ကီရာကို တွမ်ခရုစ် အလွန်မျက်စိကျနေ (သို့မဟုတ်) အင်္ဂလန်နိုင်ငံ ဆ
ရှာရွတ်ခန်နှင့် ဆယ်လ်မန်ခန်းတို့အပါအဝင် ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့်တို့၏ လစာအလွန်များပြားလှသော သက်တော်စောင့်များ
ရှာရွတ်ခန်နှင့် ဆယ်လ်မန်ခန်းတို့အပါအဝင် ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့်တို့၏ လစာအလွန်များပြားလှသော သက်တော်စောင့်များ
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရ
ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရ
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟ
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟ
ဆောင်အီဂွတ် (သို့မဟုတ်) ဂျူမုံ၏ စံအိမ်
ဆောင်အီဂွတ် (သို့မဟုတ်) ဂျူမုံ၏ စံအိမ်
ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ်…
ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ်…
hill-garden-tbc
city-villas
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store