Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာ
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာ - Property News in Myanmar from iMyanmarHouse.com
24 May 2023 11:47 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)
[Unicode]
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာ ဂျက်ဘေးဇော့စ် (Jeff Bezos) နှင့် ချစ်သူမိန်းကလေး လော်ရန် ဆန်းချက်စ် (Lauren Sanchez) တို့သည် ပြင်သစ်နိုင်ငံတောင်ပိုင်း၊ Cannes မြို့တွင် ကျင်းပသော ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာခဲ့ကြောင်း Page Six သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာတစ်ဝန်းမှ အကျော်အမော်များ ရောက်ရှိနေကြသော ၂၀၂၃ ခုနှစ်၊ ကိန်းရုပ်ရှင်ပွဲတော်သို့ ဂျက်ဘေးဇော့စ်တို့ စုံတွဲက ဇိမ်ခံရွက်လှေကြီး Koru ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Koru သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရွက်လှေကြီးဖြစ်သည်ဟု ယူဆရပြီး မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကာ ဧပြီလတွင် ပထမဆုံး စတင်ခရီးထွက်ခဲ့သည်။
ရွက်လှေကြီး၏ ရှေ့မျက်နှာစာတွင် ရေသူမ ရုပ်တုတစ်ခု ထားရှိပြီး လော်ရန် ဆန်းချက်စ်နှင့် ရုပ်သွင်တူသည်ဟု ဆိုသည်။
ဂျက်ဘေးဇော့စ်သည် အပန်းဖြေစခန်းမြို့ Cannes သို့ ရွက်လှေကြီး Koru အပြင် Abeona ရွက်လှေကိုလည်း အကူလှေအဖြစ် ခေါ်ယူလာခဲ့သည်။
Cannes တွင် ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်စ် တို့ကို Du Cap Eden Roc ဟိုတယ်အပြင် ရုပ်ရှင်ဒါရိုက်တာ မာတင်စကော့စီစီ၏ စံအိမ်မှ ပါတီပွဲတွင်လည်း တွေ့ခဲ့ရကြောင်း Page six သတင်းဌာနက ဖော်ပြသည်။
အဆိုပါ စူပါရွက်လှေကြီးကို လည်ပတ်စရိတ်အဖြစ် ဂျက်ဘေးဇော့်စ်သည် တစ်နှစ်လျှင် ဒေါ်လာ ၂၅ သန်းကုန်ကျသည်ဟု ဆိုသည်။
Koru ရွက်လှေကြီးသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးရွက်လှေကြီးဖြစ်ပြီး ပေ ၂၃၀ ကျော်မြင့်မားရာ Giza ပိရမစ်ကြီး၏ ထက်ဝက်နီးပါးရှိသည်။
အလျားမှာ ၁၂၇ မီတာရှိပြီး သင်္ဘောသား ၄၀ ဦးခန့်ဖြင့် လည်ပတ်ရကာ ဧည်သည်တော် ၁၈ ဦး ဧည့်ခံနိုင်ကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။
ရွက်လှေကြီးကို အလူမီနီယံ ၊ စတီးတို့ဖြင့် ဆောက်လုပ်ထားပြီး အထပ် ၃ ထပ်ဖြင့် ဖွဲ့စည်းထားကာ ရေကူးကန်တစ်ခု ပါဝင်သည်။
ယခုရွက်လှေကြီးနှင့် စပ်လျဉ်းပြီး ပြီးခဲ့သောနှစ်အတွင်း လူပြောများစရာ အကြောင်းအရပ်ဖြစ်ပေါ်ခဲ့သည်။
ဒတ်ချ်သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ Oceanco က ယခုရွက်လှေကြီး၏ ရွက်တိုင် ၃ ခုနှင့် မလွတ်သောကြောင့် နယ်သာလန်မှ သမိုင်းဝင်တံတားတစ်စင်းကို ဖြိုချပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos, girlfriend mak e grand entrance at Cannes on $500 million superyacht (moneycontrol)
[Zawgyi]
ဒတ်ခ်ျသင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ Oceanco က ယခုရွက်လှေကြီး၏ ရွက်တိုင် ၃ ခုနှင့် မလွတ်သောကြောင့် နယ်သာလန်မှ သမိုင်းဝင်တံတားတစ်စင်းကို ဖြိုချပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ
အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ
နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး...
နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး...
အငှားပြည်သူ့အိမ်ရာရှိ အိမ်ခန်းအချို့မှာ တစ်ဆင့်ပြန်လည်ငှားရမ်းမှုတွေ ရှိနေဟုဆို
အငှားပြည်သူ့အိမ်ရာရှိ အိမ်ခန်းအချို့မှာ တစ်ဆင့်ပြန်လည်ငှားရမ်းမှုတွေ ရှိနေဟုဆို
တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ
တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ
မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ...
မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ...
အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့...
အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့...
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ...
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ...
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mercedes က ၁၅ မိနစ်အားသွင်းရုံဖြင့် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) မောင်းနိုင်မည့် လျှပ်စစ်ကားသစ် ပွဲထုတ်လာ
Mercedes က ၁၅ မိနစ်အားသွင်းရုံဖြင့် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) မောင်းနိုင်မည့် လျှပ်စစ်ကားသစ် ပွဲထုတ်လာ
မှတ်ပုံမတင်ရသေးသော ရောင်းဝယ်မှုနှင့် မှတ်ပုံမတင်သောရောင်းဝယ်မှု
မှတ်ပုံမတင်ရသေးသော ရောင်းဝယ်မှုနှင့် မှတ်ပုံမတင်သောရောင်းဝယ်မှု
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
ဆောင်းဟေကိုနှင့် လမ်းခွဲခဲ့ကာ အင်္ဂလန်မှ သာမန်အရပ်သူ မိန်းကလေးနှင့် လက်ထပ်ခဲ့သူ ကိုရီးယား သရုပ်ဆောင် Soong Joong Ki ၏ ဟာ
ဆောင်းဟေကိုနှင့် လမ်းခွဲခဲ့ကာ အင်္ဂလန်မှ သာမန်အရပ်သူ မိန်းကလေးနှင့် လက်ထပ်ခဲ့သူ ကိုရီးယား သရုပ်ဆောင် Soong Joong Ki ၏ ဟာ
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှ
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှ
လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည်
လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည်
အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
CarsDB
kalaw-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service