သမီးများ ရည်းစားထားသည်ကို မကြိုက်သော ဆီဗက်စတာ စတားလုံးက လော့စ်အိန်ဂျလိမြို့ရှိ ထောပတ်သီးနှင့် သံပုရာပင် ၁၀၀ ကျော်ပါသော စံအိမ်ကို ကန်ဒေါ်လာ ၂၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်
သမီးများ ရည်းစားထားသည်ကို မကြိုက်သော ဆီဗက်စတာ စတားလုံးက လော့စ်အိန်ဂျလိမြို့ရှိ ထောပတ်သီးနှင့် သံပုရာပင် ၁၀၀ ကျော်ပါသော စံအိမ်ကို ကန်ဒေါ်လာ ၂၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
23 May 2023 10:15 am တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)
[Unicode]
ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် စတားလုံးနှင့် သူ၏သမီးများသည် The Family Stallone အမည်ရှိ ရုပ်သံအစီအစဉ်တွင် ၎င်းတို့၏ ဘဝအကြောင်းချပြခဲ့ရာ စတားလုံးက သမီးများ ရည်းစားထားခြင်းအပေါ် မနှစ်သက်ပုံ ပေါ်ပေါက်လာခဲ့သည်။
စတားလုံး၏ သမီးများဖြစ်သော ဆိုဖီယာ (၂၆ နှစ်) ၊ စစ္စတင်း (၂၄ နှစ်) နှင့် စကားလက်(၂၀ နှစ်) တို့က ၎င်းတို့ချစ်သူထားပါက ဖခင်က ခြိမ်းခြောက်ခြင်း (သို့မဟုတ်) ချစ်သူကောင်လေးများအပေါ် စိတ်ဝင်စားမှု မပြသခြင်းတို့ ရင်ဆိုင်ရကြောင်း အဆိုပါ ရုပ်သံအစီအစဉ်တွင် ပြောကြားသည်။
“အဖေရှိတဲ့အချိန် ချစ်သူထားရတာ ကျွန်မတို့အတွက်တော့ ခက်ခဲပါတယ်။ ကောင်လေးတစ်ယောက် ကျွန်မမိဘတွေနဲ့တွေ့ဖို့ အိမ်ကိုလာတယ်။ ပထမဆုံးအနမ်းပေးဖို့အတွက် အိမ်ထဲဝင်လာတယ်။ ကျွန်မ အရမ်းလန့်သွားပေမယ့် စိတ်တော့လှုပ်ရှားမိတယ်။ ပြီးတော့ သူက လသာဆောင်ဆီ မော့ကြည့်ပြီးတော့ ……. အိုဘုရားရေ …. ဟိုဟာ ဘာကြီးလဲလို့ ပြောတယ်။ ကြည့်လိုက်တော့ ဒုတိယထပ် လသာဆောင်မှာ အဖေ မတ်တပ်ရပ်နေတယ်။ နောက်က မီးထွန်းထားတော့ အရိပ်မည်းမည်းကြီးပဲ မြင်ရတယ်။ အဲဒီကောင်လေး သူ့ကားဆီ ပြန်ပြေးပြီး မောင်းပြေးသွားတော့တာပဲ။ အဲဒီနောက်ပိုင်း သူ့ကို တစ်ခါမှ မတွေ့ရတော့ဘူး။ ”
စကားလက်က ပြောသည်မှာ မိမိ၏ ဖခင်သည် သမီးများကို ကျောင်းပို့ကျောင်းကြိုမျှသာလုပ်သော သမားရိုးကျဖခင်မျိုး မဟုတ်ကြောင်း ပြောသည်။
“ဘယ်ကောင်လေးကိုပဲ အိမ်ခေါ်လာလာ ၊ အဖေက သေနတ်ကြီးထမ်းထားတဲ့ရမ်ဘိုကြီးလို ဖြစ်သွားတော့တာပဲ”ဟု ဆိုဖီယာက ပြောသည်။
ဆိုဖီယာက စတားလုံး၏ နာမည်ကြီးရုပ်ရှင်ကားဖြစ်သော ရမ်ဘိုကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
(စတားလုံးက လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၂၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာ)
စတားလုံးနှင့်ဇနီးဖြစ်သူ ဂျနီဖာ ဖလာဗင်တို့သည် လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်ရှိစံအိမ်ကို အရောင်းဈေးကွက်တင်ထားခြင်းမှ ရုတ်သိမ်းခဲ့ပြီးနောက် ၃ လအကြာတွင် တဖန်ပြန်လည် ဈေးကွက်တင် လာသည်။
ယခုဈေးကွက်တင်သော ဈေးနှုန်းမှာ ယခင်ဈေးနှုန်းမှ ဒေါ်လာ ၁ ဒသမ ၂ သန်းလျှော့ချထားခြင်းလည်း ဖြစ်သည်။
စတားလုံးတို့ စုံတွဲသည် လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ဘဲ ဖေဖော်ဝါရီလတွင် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
(ဓာတ်ပုံ- Jeff Elson)
စံအိမ်အကျယ်အဝန်း ၁၀၄၆၀ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၈ ခန်း ၊ ရေကူးကန် ၊ ရုပ်ရှင်ရုံ ၊ အားကစားခန်းမ ၊ မြင်းဇောင်းများနှင့် မြင်းစီးနေရာတစ်ခုတို့ ပါဝင်သည်။
ခြံဝန်းအကျယ်မှာ ၂ ဒသမ ၂၆ ဧကရှိပြီး သာယာလှပသော တောင်တန်းရှုခင်းများ ပိုင်ဆိုင်ထားသည်။
ထို့အပြင် ရေကူးကန်ဘေးအိမ် ၊ ဧည့်ဂေဟာအိမ် ၊ Koi Pond ၊ ဟင်းသီးဟင်းရွက်စိုက်ခင်း ၊ ထောပတ်နှင့် သံပုရာပင် ၁၀၀ ကျော်လည်း ပါဝင်သည်။
(ဓာတ်ပုံ-Jeff Elson)
Master Bedroom တွင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစား ထားသိုခန်း ၊ သီးသန့်လသာဆောင် နှင့် နားနေနေရာတို့ ပါဝင်သည်။
စတားလုံးသည် ပြီးခဲ့သောနှစ်က လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးအရပ်ရှိ စံအိမ်ကို ကမ္ဘာကျော်အဆိုတော် Adele ထံ ကန်ဒေါ်လာ ၅၈ သန်းဖြင့် ရောင်းချခဲ့သည်။
(မှတ်ချက်။ Adele အား စံအိမ်ရောင်းလိုက်သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
(ဓာတ်ပုံ- Backgrid)
ယခုစံအိမ်ကို ရောင်းချရခြင်းမှာ စတားလုံးတို့ စုံတွဲသည် ဖလော်ရီဒါပြည်နယ် Palm Beach ရှိ ဒေါ်လာ ၃၅ သန်းတန် စံအိမ်တွင်သာ နေထိုင်ဖြစ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sylvester Stallone's daughter says he'd go 'full-on Rambo with guns' when she and her sisters would bring boys home (insider, tmz)
[Zawgyi]
(ဓာတ်ပုံ- Jeff Elson)
(ဓာတ်ပုံ-Jeff Elson)
(ဓာတ်ပုံ- Backgrid)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ
အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ
နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး...
နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး...
အငှားပြည်သူ့အိမ်ရာရှိ အိမ်ခန်းအချို့မှာ တစ်ဆင့်ပြန်လည်ငှားရမ်းမှုတွေ ရှိနေဟုဆို
အငှားပြည်သူ့အိမ်ရာရှိ အိမ်ခန်းအချို့မှာ တစ်ဆင့်ပြန်လည်ငှားရမ်းမှုတွေ ရှိနေဟုဆို
တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ
တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ
မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ...
မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ...
အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့...
အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့...
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ...
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ...
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ
တရုတ်ပြည်တွင် အုတ်တံတိုင်းကြီး လဲပြိုပိခြင်း ခံခဲ့ရသော Tesla Model Y တစ်စင်း၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ်
တရုတ်ပြည်တွင် အုတ်တံတိုင်းကြီး လဲပြိုပိခြင်း ခံခဲ့ရသော Tesla Model Y တစ်စင်း၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ်
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သ
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သ
အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ
အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
လိုဝင်ယိုနှင့် စိန့်တိုင်းဒဏ္ဍာရီ (သို့မဟုတ်) သမိုင်းဝင်မော်တော်ကားများ စုဆောင်းသူတစ်ဦးအကြောင်း
လိုဝင်ယိုနှင့် စိန့်တိုင်းဒဏ္ဍာရီ (သို့မဟုတ်) သမိုင်းဝင်မော်တော်ကားများ စုဆောင်းသူတစ်ဦးအကြောင်း
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော မော်တော်ကားနှင့် ပရလောက ဖြစ်ရပ်ဆန်း
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော မော်တော်ကားနှင့် ပရလောက ဖြစ်ရပ်ဆန်း
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှ
သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှ
orchid
mann-yadanar
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service