မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မိုက်တိုင်ဆန်၏ စံအိမ်

မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မိုက်တိုင်ဆန်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
22 May 2023 10:51 am တွင် တင်ခဲ့သည်
1230 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် သူ၏ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲ တွေ့ခဲ့ပုံအကြောင်း Graham Bensinger နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မိုက်တိုင်ဆန်သည် ယခုနှစ်ဧပြီလအတွင်း အမေရိကန်ပြည်ထောင်စု ၊ နီဗားဒါးပြည်နယ် ၊ လာ့စ်ဗီးဂပ်စ်မြို့တွင် ကျင်းပခဲ့သော Gervonta Davis နှင့် Ryan Garcia တို့ ထိုးသတ်သည့် လက်ဝှေ့ပွဲသို့ သွားရောက်ကြည့်ရှုခဲ့စဉ်ကာလအတွင်း သူ၏ ဇနီး (ဟောင်း) ကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် တွေ့ခဲ့ပုံဖြစ်ရပ် ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မိုက်တိုင်ဆန်သည် ရုပ်ရှင်မင်းသမီး ရော်ဘင် ဂစ်ဗန်းစ်နှင့် ၁၉၈၇ ခုနှစ်တွင် တွဲခဲ့ပြီး ၁၉၈၈ တွင် လက်ထပ်ခဲ့ကြသည်။

သို့သော် မိုက်တိုင်ဆန်က မကြာခဏရိုက်နှက်နှိပ်စက်မှုများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဆိုကာ ရုပ်ရှင်မင်းသမီး ဂစ်ဗန်းစ်က ကွာရှင်းခွင့်လျှောက်ထားခဲ့ပြီး အိမ်ထောင်သက် ၁ နှစ်အကြာတွင်ပင် ၎င်းတို့၏ အိမ်ထောင်ရေးအဆုံးသတ်သွားသည်။

(၁၉၈၉ ခုနှစ်အတွင်း မိုက်တိုင်ဆန်က အင်္ကျီမပါဘဲ ကမ္ဘာကျော်မော်ဒယ်မိန်းကလေး နာအိုမီ ကင်းဘဲနှင့် လမ်းအတူလျှောက်ခဲ့ကြပုံ။)

ကမ္ဘာကျော်သတင်းထောက် Graham Bensinger စီစဉ်တင်ဆက်သော In Depth with Graham Bensinger ဟူသော တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် မိုက်တိုင်ဆန်က သူ၏ဇနီး ဂစ်ဗန်းစ်ကို အိပ်ယာထဲတွင် ဘရက်ပစ်နှင့်မိခဲ့ချိန်၌ ရူးမတတ်ဖြစ်သွားခဲ့ကြောင်း ၊ လူငယ်ဘဝသာရှိသေးသော ဘရက်ပစ်မှာလည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေခဲ့ကြောင်း ပြောသည်။

“အဲဒီနေ့က ကျွန်တော့်ကို တွေ့လိုက်တဲ့အချိန် ဘရက်ပစ်ရဲ့မျက်နှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ခင်ဗျားတို့ တွေ့စေချင်တယ်။ကျွန်တော်နဲ့ ဂစ်ဗန်းစ်က ကွာရှင်းဖို့စီစဉ်ထားကြတယ်။ ဒါပေမဲ့ သူ့အိမ်ကို နေ့တိုင်းသွားပြီး ကျွန်တော် လိင်ဆက်ဆံတယ်။ အဲဒီနေ့မှာတော့ တခြားတစ်ယောက်က ကျွန်တော့်ကို အရှိုက်ထိုးလိုက်ပါတယ်။ ဘရက်ပစ်က အဲဒီနေ့မှာ ကျွန်တော့်ထက်အရင်စောရောက်နေခဲ့တယ်”ဟု မိုက်တိုင်ဆန်က ပြောသည်။

မိုက်တိုင်ဆန်သည် အမေရိကန်အသံလွှင့်ဌာနဖြစ်သော Sirius XM နှင့် တွေ့ဆုံမေးမြန်းခန်းတွင်လည်း ယခုဖြစ်ရပ်များကို ထုတ်ပြောခဲ့ဖူးသေးသည်။

(မိုက်တိုင်ဆန်၏ လာ့စ်ဗီးဂပ်စ်မြို့မှ ပေါင် ၂ ဒသမ ၅ သန်းတန်စံအိမ်)

မိုက်တိုင်ဆန်သည် လာ့စ်ဗီးဂပ်စ်မြို့တွင် ဂိတ်ဝန်းခတ်အိမ်ရာဝန်းတစ်ခုအတွင်း အိပ်ခန်း ၆ ခန်း ၊ ကြီးမားသော ရေကူးကန်ကြီးနှင့် ခြံဝန်းအတွင်း မီးလင်းဖိုတို့ပါဝင်ကာ ပေါင် ၂ ဒသမ ၅ သန်းတန်ကြေးရှိသော စံအိမ်ကြီးတွင် နေထိုင်သည်။

(မိုက်တိုင်ဆန်၏ လာ့စ်ဗီးဂပ်စ်စံအိမ်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(မိုက်တိုင်ဆန်က ပေါင် ၂ ဒသမ ၅ သန်းဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(၂၀၁၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(စကျင်ကျောက်ပြားခင်း ရင်သပ်ရှုမောဖွယ် အဝင်ခန်းမ။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(အိပ်ခန်း ၆ ခန်းပါဝင်ပြီး ပုံတွင် တွေ့ရသည်မှာ Master Bedroom ဖြစ်သည်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ရေချိုးခန်း ၆ ခန်းပါသည်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ရေစိမ်ကန်နှင့် သီးသန့်ဝရန်တာပါသော Master Bedroom ။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(အဝတ်အစား ထားသိုရန် နေရာများစွာ ပါဝင်သည်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ကျယ်ပြောသော ဧည့်ခန်း။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ခေတ်မီအသုံးအဆောင်များဖြင့် မီးဖိုဆောင်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(မြေထဲပင်လယ် ဗိသုကာဟန်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(အရက်ဘား။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ညစာစားခန်း။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ခမ်းနားလှသော ရေကူးကန်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ခြံဝန်းအလယ်ဗဟိုမှ အပန်းဖြေစခန်းအသွင် ရေကူးကန်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(စိမ်းလန်းသော ပန်းဥယျာဉ်။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(နေအိမ်ပြင်ပ Barbecue နေရာ။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ခြံဝန်းအတွင်း မီးလင်းဖိုနေရာ။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(နေအိမ်ပြင်ပ မြင်ကွင်း။ ဓာတ်ပုံ- Luxury Homes of Las Vegas)

(ပရဟိတရန်ပုံငွေပွဲ ထိုးသတ်ရန် လေ့ကျင့်ခန်းဆင်းနေသော မိုက်တိုင်ဆန်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mike Tyson: The time "Iron Mike" caught Brad Pitt in bed with his ex-wife Robin Givens (marca, the-sun)

[Zawgyi]

မိမိ၏ ဇနီးကို ဘရက္ပစ္ႏွင့္ အိပ္ယာထဲတြင္ လက္ပူးလက္ၾကပ္မိ ခဲ့ေသာေၾကာင့္ ယမ္းပုံမီးက် အမ်က္ထြက္ခဲ့ဖူးသူ လက္ေဝွ႔ခ်န္ပီယံ မိုက္တိုင္ဆန္၏ စံအိမ္

ဟဲဗီးဝိတ္လက္ေဝွ႔ခ်န္ပီယံေဟာင္း မိုက္တုိင္ဆန္သည္ သူ၏ဇနီးကို ဘရက္ပစ္ႏွင့္ အိပ္ယာထဲ ေတြ႔ခဲ့ပံုအေၾကာင္း Graham Bensinger ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

မိုက္တိုင္ဆန္သည္ ယခုႏွစ္ဧျပီလအတြင္း အေမရိကန္ျပည္ေထာင္စု ၊ နီဗားဒါးျပည္နယ္ ၊ လာ့စ္ဗီးဂပ္စ္ျမိဳ႕တြင္ က်င္းပခဲ့ေသာ Gervonta Davis ႏွင့္ Ryan Garcia တို႔ ထိုးသတ္သည့္ လက္ေဝွ႔ပြဲသို႔ သြားေရာက္ၾကည့္ရႈခဲ့စဥ္ကာလအတြင္း သူ၏ ဇနီး (ေဟာင္း) ကို ဘရက္ပစ္ႏွင့္ အိပ္ယာထဲတြင္ ေတြ႔ခဲ့ပံုျဖစ္ရပ္ ျပန္လည္ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။

မိုက္တိုင္ဆန္သည္ ရုပ္ရွင္မင္းသမီး ေရာ္ဘင္ ဂစ္ဗန္းစ္ႏွင့္ ၁၉၈၇ ခုႏွစ္တြင္ တြဲခဲ့ျပီး ၁၉၈၈ တြင္ လက္ထပ္ခဲ့ၾကသည္။

သို႔ေသာ္ မိုက္တိုင္ဆန္က မၾကာခဏရိုက္ႏွက္ႏွိပ္စက္မႈမ်ားေၾကာင့္ အသက္အႏၱရာယ္စိုးရိမ္ရသည္ဟု ဆိုကာ ရုပ္ရွင္မင္းသမီး ဂစ္ဗန္းစ္က ကြာရွင္းခြင့္ေလွ်ာက္ထားခဲ့ျပီး အိမ္ေထာင္သက္ ၁ ႏွစ္အၾကာတြင္ပင္ ၎တုိ႔၏ အိမ္ေထာင္ေရးအဆံုးသတ္သြားသည္။

(၁၉၈၉ ခုႏွစ္အတြင္း မိုက္တုိင္ဆန္က အက်ၤ ီမပါဘဲ ကမၻာေက်ာ္ေမာ္ဒယ္မိန္းကေလး နာအိုမီ ကင္းဘဲႏွင့္ လမ္းအတူေလွ်ာက္ခဲ့ၾကပံု။)

ကမၻာေက်ာ္သတင္းေထာက္ Graham Bensinger စီစဥ္တင္ဆက္ေသာ In Depth with Graham Bensinger ဟူေသာ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္တြင္ မိုက္တိုင္ဆန္က သူ၏ဇနီး ဂစ္ဗန္းစ္ကို အိပ္ယာထဲတြင္ ဘရက္ပစ္ႏွင့္မိခဲ့ခ်ိန္၌ ရူးမတတ္ျဖစ္သြားခဲ့ေၾကာင္း ၊ လူငယ္ဘဝသာရွိေသးေသာ ဘရက္ပစ္မွာလည္း လိပ္ျပာလြင့္မတတ္ ေၾကာက္ရြံ႕ေနခဲ့ေၾကာင္း ေျပာသည္။

“အဲဒီေန႔က ကၽြန္ေတာ့္ကို ေတြ႔လိုက္တဲ့အခ်ိန္ ဘရက္ပစ္ရဲ႕မ်က္ႏွာ ဘယ္လိုျဖစ္သြားတယ္ဆိုတာ ခင္ဗ်ားတို႔ ေတြ႔ေစခ်င္တယ္။ကၽြန္ေတာ္နဲ႔ ဂစ္ဗန္းစ္က ကြာရွင္းဖုိ႔စီစဥ္ထားၾကတယ္။ ဒါေပမဲ့ သူ႔အိမ္ကို ေန႔တုိင္းသြားျပီး ကၽြန္ေတာ္ လိင္ဆက္ဆံတယ္။ အဲဒီေန႔မွာေတာ့ တျခားတစ္ေယာက္က ကၽြန္ေတာ့္ကို အရိႈက္ထိုးလိုက္ပါတယ္။ ဘရက္ပစ္က အဲဒီေန႔မွာ ကၽြန္ေတာ့္ထက္အရင္ေစာေရာက္ေနခဲ့တယ္”ဟု မိုက္တိုင္ဆန္က ေျပာသည္။

မိုက္တိုင္ဆန္သည္ အေမရိကန္အသံလႊင့္ဌာနျဖစ္ေသာ Sirius XM ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္လည္း ယခုျဖစ္ရပ္မ်ားကို ထုတ္ေျပာခဲ့ဖူးေသးသည္။

(မိုက္တိုင္ဆန္၏ လာ့စ္ဗီးဂပ္စ္ျမိဳ႕မွ ေပါင္ ၂ ဒသမ ၅ သန္းတန္စံအိမ္)

မိုက္တိုင္ဆန္သည္ လာ့စ္ဗီးဂပ္စ္ျမိဳ႕တြင္ ဂိတ္ဝန္းခတ္အိမ္ရာဝန္းတစ္ခုအတြင္း အိပ္ခန္း ၆ ခန္း ၊ ၾကီးမားေသာ ေရကူးကန္ၾကီးႏွင့္ ျခံဝန္းအတြင္း မီးလင္းဖိုတို႔ပါဝင္ကာ ေပါင္ ၂ ဒသမ ၅ သန္းတန္ေၾကးရွိေသာ စံအိမ္ၾကီးတြင္ ေနထိုင္သည္။

(မိုက္တိုင္ဆန္၏ လာ့စ္ဗီးဂပ္စ္စံအိမ္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(မိုက္တိုင္ဆန္က ေပါင္ ၂ ဒသမ ၅ သန္းျဖင့္ ဝယ္ခဲ့ျခင္းျဖစ္သည္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(၂၀၁၆ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(စက်င္ေက်ာက္ျပားခင္း ရင္သပ္ရႈေမာဖြယ္ အဝင္ခန္းမ။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(အိပ္ခန္း ၆ ခန္းပါဝင္ျပီး ပံုတြင္ ေတြ႔ရသည္မွာ Master Bedroom ျဖစ္သည္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ေရခ်ဳိးခန္း ၆ ခန္းပါသည္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ေရစိမ္ကန္ႏွင့္ သီးသန္႔ဝရန္တာပါေသာ Master Bedroom ။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(အဝတ္အစား ထားသိုရန္ ေနရာမ်ားစြာ ပါဝင္သည္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(က်ယ္ေျပာေသာ ဧည့္ခန္း။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ေခတ္မီအသံုးအေဆာင္မ်ားျဖင့္ မီးဖိုေဆာင္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ဝိုင္သိုေလွာင္ခန္း။ ဓာတ္ပုံ- Luxury Homes of Las Vegas) (ေျမထဲပင္လယ္ ဗိသုကာဟန္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(အရက္ဘား။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ညစာစားခန္း။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ခမ္းနားလွေသာ ေရကူးကန္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ျခံဝန္းအလယ္ဗဟိုမွ အပန္းေျဖစခန္းအသြင္ ေရကူးကန္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(စိမ္းလန္းေသာ ပန္းဥယ်ာဥ္။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ေနအိမ္ျပင္ပ Barbecue ေနရာ။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ျခံဝန္းအတြင္း မီးလင္းဖိုေနရာ။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ေနအိမ္ျပင္ပ ျမင္ကြင္း။ ဓာတ္ပုံ- Luxury Homes of Las Vegas)

(ပရဟိတရန္ပံုေငြပြဲ ထုိးသတ္ရန္ ေလ့က်င့္ခန္းဆင္းေနေသာ မိုက္တုိင္ဆန္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mike Tyson: The time "Iron Mike" caught Brad Pitt in bed with his ex-wife Robin Givens (marca, the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service