ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းဖြင့်ဝယ်

ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
15 May 2023 10:04 am တွင် တင်ခဲ့သည်
3440 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဘရက်ပစ်သည် ခန့်ညားသောရုပ်ရည် ၊ ကြီးမားသော သြဇာလွှမ်းနိုင်မှု ၊ ပင်ကိုယ်အရည်အသွေးတို့ကြောင့် အများကလေးစားခြင်း ခံရသူဖြစ်သည်။

Once Upon a Time in Hollywood အပြင် အခြားအောင်မြင်သည့် ဇာတ်ကားများစွာကြောင့် လူကြိုက်အများဆုံး ရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်လာသည်။

ထိုသို့ ရုပ်ရှင်လောက ကြီးမားသော အောင်မြင်မှုများရှိသော်လည်း သူ၏ တကိုယ်ရေသန့်ရှင်းမှုမှာမူ နှစ်ပေါင်းများစွာ လူပြောများစရာ အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

ဘရက်ပစ်သည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ချရန်အတွက်ဟု ဆိုကာ ရေချိုးခြင်းနှင့် ဆပ်ပြာသုံးခြင်းများ ရှောင်ကြဉ်လေ့ရှိသည်ဟု ဆိုသည်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရန် ဘရက်ပစ်၏ ကြိုးစားအားထုတ်မှုအပေါ် အချို့က ချီးကျူးကြသော်လည်း ၎င်းနှင့် ပူးတွဲသရုပ်ဆောင်အချို့ကမူ စက်ဆုပ်ရွံရှာကြသည်။

ဘရက်ပစ် ပြောလေ့ရှိသည်မှာ ရေချိုးရန် အချိန်မရှိကြောင်း ပြောလေ့ရှိပြီး  Wet tissue ကိုသာ သုံးသည်ဟု ဆိုသည်။

ရုပ်ရှင်လောကတွင် သရုပ်ဆောင်များ ရိုက်ကွင်းအဖွဲ့သားများသည် အခန်းကျဉ်းများအတွင်း နာရီပေါင်းများစွာ အတူတကွ နေထိုင်ကြရလေ့ရှိရာ ဘရက်ပစ်ထံမှ ဆိုးရွားသောအနံ့များမှာ ပူးတွဲသရုပ်ဆောင်များနှင့် ရိုက်ကွင်းအဖွဲ့သားများကို အာရုံမစိုက်နိုင်အောင် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင်များတွင် ရေချိုးနည်းမှုဖြင့် နာမည်ကြီးသူ အခြားတစ်ဦးမှာ ရောဘတ်ပက်တင်ဆန် ဖြစ်သည်။

((ဘရက်ပစ် နောက်ဆုံးဝယ်ယူခဲ့သော ဒေါ်လာ ၅ သန်းတန်စံအိမ်))

ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့်တို့သည် တစ်ချိန်လုံး နေအိမ်များ ဝယ်ယူခြင်း ၊ ရောင်းချခြင်းများပြုလုပ်ကြသည်။

အော်စကာဆုရှင် ဘရက်ပစ်သည် လော့စ်အိန်ဂျလိမြို့ ၊ Los Feliz အရပ်ရှိ စံအိမ်ကို ဒေါ်လာ ၃၃ သန်းဖြင့် ရောင်းချခဲ့သည်။

(မှတ်ချက်။ အဆိုပါ စံအိမ်ရောင်းချခဲ့သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

ယင်းနောက် ဘရက်ပစ်သည် ၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဘရက်ပစ်သည် Goleta ၊ Malibu ၊ Beverly Hills တို့အပါအဝင် ကယ်လီဖိုးနီးယားပြည်နယ် ၊တောင်ပိုင်းတခွင်ရှိ စံအိမ်များကို ဝယ်ယူရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

ယခုနောက်ဆုံး ဝယ်ယူလိုက်သောစံအိမ်တွင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည်။

(၁၉၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ- Realtor)

(ဧည့်ခန်း။ ဓာတ်ပုံ- Realtor)

(မီးဖိုဆောင်။ ဓာတ်ပုံ- Realtor)

ယခုစံအိမ်ကို Steel House ဟု အမည်ပြောင်ပေးထားပြီး ဗိသုကာပညာရှင် Neil Johnson က ဒီဇိုင်းရေးဆွဲပေးခဲ့ကာ လော့စ်အိန်ဂျလိမြို့ ၊ Los Feliz အရပ်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။

(ပင်မအိပ်ခန်း။ ဓာတ်ပုံ- Realtor)

(ပင်မရေချိုးခန်း။ ဓာတ်ပုံ- Realtor)

(ရေပန်းနှင့် ရေစိမ်ကန်။ ဓာတ်ပုံ- Realtor)

(ရေကူးကန်။ ဓာတ်ပုံ- Realtor)

(ရေစည်တစ်ခု။ ဓာတ်ပုံ- Realtor)

(နားနေနေရာ။ ဓာတ်ပုံ- Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: “I didn’t have time to shower”: Brad Pitt Left Co-Star Disgusted While Filming $321M Tarantino Film, Claims He Doesn’t Shower to Protect the Environment (fandomwire, realtor)

[Zawgyi]

ေရခ်ဳိးအလြန္ပ်င္းေသာေၾကာင့္ တြဲဖက္သရုပ္ေဆာင္သူမ်ား၏ စက္ဆုပ္ရြံရွာမႈခံရသူ ဘရက္ပစ္က ေလာ့စ္အိန္ဂ်လိမွ စံအိမ္တစ္လံုးကို ေဒၚလာ ၅ သန္းျဖင့္ဝယ္

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ဘရက္ပစ္သည္ ခန္႔ညားေသာရုပ္ရည္ ၊ ၾကီးမားေသာ ၾသဇာလႊမ္းႏိုင္မႈ ၊ ပင္ကိုယ္အရည္အေသြးတို႔ေၾကာင့္ အမ်ားကေလးစားျခင္း ခံရသူျဖစ္သည္။

Once Upon a Time in Hollywood အျပင္ အျခားေအာင္ျမင္သည့္ ဇာတ္ကားမ်ားစြာေၾကာင့္ လူၾကိဳက္အမ်ားဆံုး ရုပ္ရွင္သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္လာသည္။

ထိုသို႔ ရုပ္ရွင္ေလာက ၾကီးမားေသာ ေအာင္ျမင္မႈမ်ားရွိေသာ္လည္း သူ၏ တကိုယ္ေရသန္႔ရွင္းမႈမွာမူ ႏွစ္ေပါင္းမ်ားစြာ လူေျပာမ်ားစရာ အေၾကာင္းအရာတစ္ခုျဖစ္ခဲ့သည္။

ဘရက္ပစ္သည္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈေလ်ာ့ခ်ရန္အတြက္ဟု ဆိုကာ ေရခ်ဳိးျခင္းႏွင့္ ဆပ္ျပာသံုးျခင္းမ်ား ေရွာင္ၾကဥ္ေလ့ရွိသည္ဟု ဆိုသည္။

သဘာဝပတ္ဝန္းက်င္ ကာကြယ္ရန္ ဘရက္ပစ္၏ ၾကိဳးစားအားထုတ္မႈအေပၚ အခ်ဳိ႕က ခ်ီးက်ဴးၾကေသာ္လည္း ၎ႏွင့္ ပူးတြဲသရုပ္ေဆာင္အခ်ဳိ႕ကမူ စက္ဆုပ္ရြံရွာၾကသည္။

ဘရက္ပစ္ ေျပာေလ့႐ွိသည္မွာ ေရခ်ိဳးရန္ အခ်ိန္မ႐ွိေၾကာင္း ေျပာေလ့ရွိျပီး  Wet tissue ကိုသာ သုံးသည္ဟု ဆိုသည္

ရုပ္ရွင္ေလာကတြင္ သရုပ္ေဆာင္မ်ား ရိုက္ကြင္းအဖြဲ႔သားမ်ားသည္ အခန္းက်ဥ္းမ်ားအတြင္း နာရီေပါင္းမ်ားစြာ အတူတကြ ေနထိုင္ၾကရေလ့ရွိရာ ဘရက္ပစ္ထံမွ ဆိုးရြားေသာအန႔ံမ်ားမွာ ပူးတြဲသရုပ္ေဆာင္မ်ားႏွင့္ ရိုက္ကြင္းအဖြဲ႔သားမ်ားကို အာရံုမစိုက္ႏိုင္ေအာင္ စိတ္ပ်က္စရာ ျဖစ္ေစခဲ့သည္။

ေဟာလိဝုဒ္သရုပ္ေဆာင္မ်ားတြင္ ေရခ်ဳိးနည္းမႈျဖင့္ နာမည္ၾကီးသူ အျခားတစ္ဦးမွာ ေရာဘတ္ပက္တင္ဆန္ ျဖစ္သည္။

((ဘရက္ပစ္ ေနာက္ဆံုးဝယ္ယူခဲ့ေသာ ေဒၚလာ ၅ သန္းတန္စံအိမ္))

ေဟာလိဝုဒ္ထိပ္သီးၾကယ္ပြင့္တို႔သည္ တစ္ခ်ိန္လုံး ေနအိမ္မ်ား ဝယ္ယူျခင္း ၊ ေရာင္းခ်ျခင္းမ်ားျပဳလုပ္ၾကသည္။

ေအာ္စကာဆုရွင္ ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Los Feliz အရပ္ရွိ စံအိမ္ကို ေဒၚလာ ၃၃ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

(မွတ္ခ်က္။ အဆိုပါ စံအိမ္ေရာင္းခ်ခဲ့သည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီးျဖစ္ပါသည္။)

ယင္းေနာက္ ဘရက္ပစ္သည္ ၁၉၆၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၅ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ဘရက္ပစ္သည္ Goleta ၊ Malibu ၊ Beverly Hills တို႔အပါအဝင္ ကယ္လီဖုိးနီးယားျပည္နယ္ ၊ေတာင္ပိုင္းတခြင္ရွိ စံအိမ္မ်ားကို ဝယ္ယူေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ယခုေနာက္ဆံုး ဝယ္ယူလိုက္ေသာစံအိမ္တြင္ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္သည္။

(၁၉၆၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု- Realtor) (ဧည့္ခန္း။ ဓာတ္ပံု- Realtor)

(မီးဖိုေဆာင္။ ဓာတ္ပံု- Realtor)

ယခုစံအိမ္ကို Steel House ဟု အမည္ေျပာင္ေပးထားျပီး ဗိသုကာပညာရွင္ Neil Johnson က ဒီဇိုင္းေရးဆြဲေပးခဲ့ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Los Feliz အရပ္ရွိ ေတာင္ကုန္းတစ္ခုေပၚတြင္ တည္ရွိသည္။

(ပင္မအိပ္ခန္း။ ဓာတ္ပံု- Realtor)

(ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု- Realtor)

(ေရပန္းႏွင့္ ေရစိမ္ကန္။ ဓာတ္ပံု- Realtor)

(ေရကူးကန္။ ဓာတ္ပံု- Realtor)

(ေရစည္တစ္ခု။ ဓာတ္ပံု- Realtor)

(နားေနေနရာ။ ဓာတ္ပံု- Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: “I didn’t have time to shower”: Brad Pitt Left Co-Star Disgusted While Filming $321M Tarantino Film, Claims He Doesn’t Shower to Protect the Environment (fandomwire, realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
pan-swal-taw
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service