အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားများ

အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားများ - Property News in Myanmar from iMyanmarHouse.com
5 May 2023 12:02 pm တွင် တင်ခဲ့သည်
1659 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အဘီရှိတ် ဘဂျမ်း ဘာလဲ)

အဘီရှိတ်ဘဂျမ်း (မွေး ၁၉၇၆) သည် အိန္ဒိယ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဟင်ဒီစကားပြော ရုပ်ရှင်များဖြင့် နာမည်ကျော်သည်။

အဘီရှိတ်ဘဂျမ်းသည် ဘောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့်ကြီး အမီတာ ဘဂျမ်း၏ သားလည်း ဖြစ်သည်။

အဘီရှိတ်ဘဂျမ်း၏ ကြွယ်ဝမှုမှာ ရူပီး ၂၁၂ ကုဋေ (မြန်မာငွေအားဖြင့် သန်းပေါင်း ၅၄၀၀၀ ကျော်၊ ကန်ဒေါ်လာ အားဖြင့် ၂၅ သန်း၊ ယူရိုငွေအားဖြင့် ၂၃ သန်း၊ ဗြိတိန်ပေါင်အားဖြင့် သန်း ၂၀၊ စင်္ကာပူဒေါ်လာအားဖြင့် ၃၄ သန်း) ဖြစ်သည်။

အဘီရှိတ်ဘဂျမ်း၏ စီးပွားရေးအရ အောင်မြင်ခဲ့သော ဇာတ်ကားများတွင် အက်ရှင်ကားများဖြစ်သော Dus (၂၀၀၅) ၊ Dhoom 2 (၂၀၀၆) နှင့် Dhoom 3 (၂၀၁၃) ၊ ဟာသကားများဖြစ်သော Bluffmaster! (၂၀၀၅) ၊ Dostana (၂၀၀၈) ၊ Bol Bachchan (၂၀၁၂) ၊ Happy New Year (၂၀၁၄) နှင့် Housefull 3 (၂၀၁၆) ဇာတ်ကားများအပါအဝင်ဖြစ်သည်။

အဘီရှိတ်ဘဂျမ်းသည် ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့သော ဟာသ- ဒရာမာဇာတ်ကား Paa ကို ထုတ်လုပ်ခဲ့မှုဖြင့် အမျိုးသားရုပ်ရှင်ဆုမှ ချီးမြှင့်ခဲ့သော Best Feature Flim ဆုအပြင် Filmfare Awards ၃ ဆုလည်းရရှိထားသည်။

အဘီရှိတ်သည် ၂၀၀၇ ခုနှစ်တွင် ရုပ်ရှုင်မင်းသမီး Aishwarya Rai နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားသည်။

(ဒူဘိုင်းမှ စံအိမ် ၊ အားကစားသင်း ၂ ခု ၊ တန်ဖိုးကြီးမော်တော်ကားများနှင့် ကြွယ်ဝမှု ရူပီး ၂၁၂ ကုဋေ)

အဘီရှိတ်ဘဂျမ်းသည် ရုပ်ရှင်မင်းသားဖြစ်သည့်အပြင် စီးပွားရေးကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပြီး သူ၏ ဥစ္စာဓနများကို ရင်းနှီးမြှပ်နှံမှု အမျိုးမျိုးပြုလုပ်ထားသည်။

(၁။ မွန်ဘိုင်းမြို့မှ တန်ဖိုးကြီး ဘန်ဂလိုအိမ် ၅ လုံး)

အဘီရှိတ်သည် မွန်ဘိုင်းမြို့ ၊ Jahu ပင်လယ်ကမ်းခြေဒေသတွင် တန်ဖိုးကြီး ဘန်ဂလိုအိမ် ၅ လုံးပိုင်ဆိုင်ထားသည်။

အဘီရှိတ်တို့ မိသားစုနေထိုင်သည်မှာ Jalsa အမည်ရှိ ဘန်ဂလိုအိမ်တွင် ဖြစ်သည်။

အခြားဘန်ဂလိုအိမ်များကို အမည်ပေးထားသည်မှာ Janak ၊ Pratiksha ၊ Vatsa တို့ဖြစ်သည်။

နောက်ဆုံးဘန်ဂလိုတစ်လုံးကိုမူ အမည်မပေးရသေး။

(၂။ ဒူဘိုင်းရှိ Jumeirah ဂေါက်ကွင်းအိမ်ရာမှ စံအိမ်)

အဘီရှိတ်တို့ ဇနီးမောင်နှံသည် ဒူဘိုင်းတွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ထိုစံအိမ် တည်နေရာမှာ ဒူဘိုင်း၏ အခမ်းနားဆုံးဖြစ်သော Jumeirah ဂေါက်ကွင်းအိမ်ရာတွင် တည်ရှိသည်။

ထိုအိမ်ရာတွင် ဂေါက်ကွင်းကို စီးမိုးတွေ့မြင်နိုင်သော အပန်းဖြေစခန်းအသွင် စံအိမ် ၉၇ လုံးရှိသည်။

စံအိမ်အတွင်း အဆင့်မြင့် အလိုအလျောက်စနစ်များ တပ်ဆင်ထားပြီး ခမ်းနားထည်ဝါသော အဝတ်အစားထားသိုခန်းတစ်ခု ပါဝင်သည်။

(၃။ အားကစားအသင်းများ ပိုင်ဆိုင်သူ)

အဘီရှိတ်သည် အိန္ဒိယတွင် ခေတ်စားသော Kabaddi အားကစားအသင်းတစ်ခုဖြစ်သော Jaipur Pink Panthers နှင့် အိန္ဒိယဘောလုံးအသင်းတစ်ခုဖြစ်သော Chennaiyin FC တို့ကို ပိုင်ဆိုင်ထားသည်။

Chennaiyin FC သည် အိန္ဒိယစူပါလိဂ်ချန်ပီယံဆု ၂ ကြိမ် ရရှိထားသည်။

(၄။ Audi 8L မော်တော်ကား )

အဘီရှိတ်သည် တန်ဖိုးကြီး ဇိမ်ခံမော်တော်ကားများစွာ ပိုင်ဆိုင်ထားသော်လည်း ဂျာမနီထုတ် Audi 8L မော်တော်ကားဖြင့် မကြာခဏတွေ့ရလေ့ရှိသည်။

အဘီရှိတ်၏ Audi 8L မော်တော်ကားမှာ အခြား Audi 8L များနှင့်မတူဘဲ အတွင်းပိုင်းကို အနီရင့်ရောင်ဖြင့် အထူးမွမ်းမံမှုများ ပြုလုပ်ထားသည်။

4.2-litre V8 အင်ဂျင်တပ်ဆင်ထားပြီး 0-100 kmph ကို ၅ ဒသမ ၉ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။

(၅။ Mercedes-Benz S-Class S350d - W221 မော်တော်ကား)

အဘီရှိတ်သည် 3.0-litre V6 bi-turbo အင်ဂျင်တပ်ဆင်ထားသော W221 Mercedes-Benz S-Class မော်တော်ကားတစ်စီးပိုင်ဆိုင်ထားသည်။

(၆။ Bentley Continental GT မော်တော်ကား)

Cartoq ၏ ဖော်ပြချက်အရ အထက်လွှတ်တော်အမတ် Amar Singh က အဘီရှိတ်တို့ မိသားစုကို Bentley Continental GT မော်တော်ကားလက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

6.0 litre W12 အင်ဂျင်တပ်ဆင်ထားသော ကား၏ တန်ကြေးမှာ ရူပီး ၃ ဒသမ ၆ ကုဋေရှိသည်။

(၇။ Mercedes-Benz GL63 AMG မော်တော်ကား)

အဘီရှိတ်တွင် 5.5-litre V8 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားသော Mercedes-Benz GL63 AMG မော်တော်ကားတစ်စင်း ပိုင်ဆိုင်ထားသည်။

အင်ဂျင်၏ မြင်းကောင်ရေအားမှာ 563bhp အမြင့်ဆုံးထုတ်လုပ်နိုင်စွမ်းရှိသည်။

၈။ အိမ်ခြံမြေအငှားချထားမှုမှ ဝင်ငွေ

အဘီရှိတ်နှင့် အမီတာဘဂျမ်းတို့သည် မွန်ဘိုင်းမြို့ ၊ ဂျူဟူကမ်းခြေဒေသတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားပြီး Vatsa နှင့် Ammu ဘန်ဂလိုအိမ်တို့၏ အောက်ထပ်ကို State Bank of India အား တစ်လလျှင် ရူပီး ၁၈ ဒသမ ၉ သိန်းဖြင့် ၁၅ နှစ် အငှားချထားခဲ့ပြီးဖြစ်သည်။

၉။ အခြားရင်းနှီးမြှပ်နှံမှုများ

Economic Times ၏ ဖော်ပြချက်အရ အဘီရှိတ်သည် ၂၀၁၅ ခုနှစ်အတွင်း Meridian Tech Pte အမည်ရှိ ကုမ္ပဏီတစ်ခုတွင်လည်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။

အဘီရှိတ်တို့ သားအဖသည် အဆိုပါကုမ္ပဏီတွင် ကန်ဒေါ်လာ ၂၅၀၀၀၀ ခန့် ရင်းနှီးမြှပ်နှံထားသည်။

(၁၀။ကြွယ်ဝမှု ရူပီး ၂၁၂ ကုဋေ)

အဘီရှိတ်သည် သရုပ်ဆောင်ခြင်းမှအပြင် အိမ်ခြံမြေများနှင့် အမြတ်အစွန်းရသော ရင်းနှီးမြှပ်နှံမှုများမှာလည်း ဝင်ငွေများ ရရှိနေသည်။

Asianet ၏ ဖော်ပြချက်အရ အဘီရှိတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၅ သန်း (ရူပီး ၂၁၂ ကုဋေ) ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Abhishek Bachchan's uber-luxurious lifestyle: A villa in Dubai, two sports teams, a Bentley Continental GT, Rs 212 crore net worth and more (gqindia)

[Zawgyi]

အမီတာဘဂ်မ္း၏သား ၊ ရူပီး ၂၁၂ ကုေဋ ခ်မ္းသာေသာ ေဘာလိဝုဒ္ၾကယ္ပြင့္ အဘီရွိတ္ ဘဂ်မ္း၏ စံအိမ္မ်ားႏွင့္ တန္ဖိုးၾကီး ေမာ္ေတာ္ကားမ်ား

(အဘီရွိတ္ ဘဂ်မ္း ဘာလဲ)

အဘီရွိတ္ဘဂ်မ္း (ေမြး ၁၉၇၆) သည္ အိႏိၵယ ရုပ္ရွင္မင္းသား၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးျဖစ္ျပီး ဟင္ဒီစကားေျပာ ရုပ္ရွင္မ်ားျဖင့္ နာမည္ေက်ာ္သည္။

အဘီရွိတ္ဘဂ်မ္းသည္ ေဘာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ၾကီး အမီတာ ဘဂ်မ္း၏ သားလည္း ျဖစ္သည္။

အဘီရွိတ္ဘဂ်မ္း၏ ၾကြယ္ဝမႈမွာ ရူပီး ၂၁၂ ကုေဋ (ျမန္မာေငြအားျဖင့္ သန္းေပါင္း ၅၄၀၀၀ ေက်ာ္၊ ကန္ေဒၚလာ အားျဖင့္ ၂၅ သန္း၊ ယူရိုေငြအားျဖင့္ ၂၃ သန္း၊ ျဗိတိန္ေပါင္အားျဖင့္ သန္း ၂၀၊ စကၤာပူေဒၚလာအားျဖင့္ ၃၄ သန္း) ျဖစ္သည္။

အဘီရွိတ္ဘဂ်မ္း၏ စီးပြားေရးအရ ေအာင္ျမင္ခဲ့ေသာ ဇာတ္ကားမ်ားတြင္ အက္ရွင္ကားမ်ားျဖစ္ေသာ Dus (၂၀၀၅) ၊ Dhoom 2 (၂၀၀၆) ႏွင့္ Dhoom 3 (၂၀၁၃) ၊ ဟာသကားမ်ားျဖစ္ေသာ Bluffmaster! (၂၀၀၅) ၊ Dostana (၂၀၀၈) ၊ Bol Bachchan (၂၀၁၂) ၊ Happy New Year (၂၀၁၄) ႏွင့္ Housefull 3 (၂၀၁၆) ဇာတ္ကားမ်ားအပါအဝင္ျဖစ္သည္။ အဘီရွိတ္ဘဂ်မ္းသည္ ၂၀၀၉ ခုႏွစ္က ထုတ္လုပ္ခဲ့ေသာ ဟာသ- ဒရာမာဇာတ္ကား Paa ကို ထုတ္လုပ္ခဲ့မႈျဖင့္ အမ်ဳိးသားရုပ္ရွင္ဆုမွ ခ်ီးျမွင့္ခဲ့ေသာ Best Feature Flim ဆုအျပင္ Filmfare Awards ၃ ဆုလည္းရရွိထားသည္။

အဘီရွိတ္သည္ ၂၀၀၇ ခုႏွစ္တြင္ ရုပ္ရွုင္မင္းသမီး Aishwarya Rai ႏွင့္ လက္ထပ္ခဲ့ျပီး သမီးတစ္ဦး ထြန္းကားသည္။

(ဒူဘိုင္းမွ စံအိမ္ ၊ အားကစားသင္း ၂ ခု ၊ တန္ဖုိးၾကီးေမာ္ေတာ္ကားမ်ားႏွင့္ ၾကြယ္ဝမႈ ရူပီး ၂၁၂ ကုေဋ)

အဘီရွိတ္ဘဂ်မ္းသည္ ရုပ္ရွင္မင္းသားျဖစ္သည့္အျပင္ စီးပြားေရးကၽြမ္းက်င္သူတစ္ဦးလည္း ျဖစ္ျပီး သူ၏ ဥစၥာဓနမ်ားကို ရင္းႏွီးျမွပ္ႏွံမႈ အမ်ဳိးမ်ဳိးျပဳလုပ္ထားသည္။

(၁။ မြန္ဘိုင္းျမိဳ႕မွ တန္ဖုိးၾကီး ဘန္ဂလိုအိမ္ ၅ လံုး)

အဘီရွိတ္သည္ မြန္ဘိုင္းျမိဳ႕ ၊ Jahu ပင္လယ္ကမ္းေျခေဒသတြင္ တန္ဖုိးၾကီး ဘန္ဂလိုအိမ္ ၅ လံုးပိုင္ဆိုင္ထားသည္။ အဘီရွိတ္တို႔ မိသားစုေနထုိင္သည္မွာ Jalsa အမည္ရွိ ဘန္ဂလိုအိမ္တြင္ ျဖစ္သည္။

အျခားဘန္ဂလိုအိမ္မ်ားကို အမည္ေပးထားသည္မွာ Janak ၊ Pratiksha ၊ Vatsa တို႔ျဖစ္သည္။

ေနာက္ဆံုးဘန္ဂလိုတစ္လံုးကိုမူ အမည္မေပးရေသး။

(၂။ ဒူဘိုင္းရွိ Jumeirah ေဂါက္ကြင္းအိမ္ရာမွ စံအိမ္)

အဘီရွိတ္တို႔ ဇနီးေမာင္ႏွံသည္ ဒူဘုိင္းတြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ထိုစံအိမ္ တည္ေနရာမွာ ဒူဘိုင္း၏ အခမ္းနားဆံုးျဖစ္ေသာ Jumeirah ေဂါက္ကြင္းအိမ္ရာတြင္ တည္ရွိသည္။

ထိုအိမ္ရာတြင္ ေဂါက္ကြင္းကို စီးမိုးေတြ႔ျမင္ႏိုင္ေသာ အပန္းေျဖစခန္းအသြင္ စံအိမ္ ၉၇ လံုးရွိသည္။

စံအိမ္အတြင္း အဆင့္ျမင့္ အလိုအေလ်ာက္စနစ္မ်ား တပ္ဆင္ထားျပီး ခမ္းနားထည္ဝါေသာ အဝတ္အစားထားသိုခန္းတစ္ခု ပါဝင္သည္။

(၃။ အားကစားအသင္းမ်ား ပိုင္ဆိုင္သူ)

အဘီရွိတ္သည္ အိႏိၵယတြင္ ေခတ္စားေသာ Kabaddi အားကစားအသင္းတစ္ခုျဖစ္ေသာ Jaipur Pink Panthers ႏွင့္ အိႏိၵယေဘာလံုးအသင္းတစ္ခုျဖစ္ေသာ Chennaiyin FC တုိ႔ကို ပိုင္ဆုိင္ထားသည္။

Chennaiyin FC သည္ အိႏိၵယစူပါလိဂ္ခ်န္ပီယံဆု ၂ ၾကိမ္ ရရွိထားသည္။

(၄။ Audi 8L ေမာ္ေတာ္ကား )

အဘီရွိတ္သည္ တန္ဖုိးၾကီး ဇိမ္ခံေမာ္ေတာ္ကားမ်ားစြာ ပုိင္ဆိုင္ထားေသာ္လည္း ဂ်ာမနီထုတ္ Audi 8L ေမာ္ေတာ္ကားျဖင့္ မၾကာခဏေတြ႔ရေလ့ရွိသည္။

အဘီရွိတ္၏ Audi 8L ေမာ္ေတာ္ကားမွာ အျခား Audi 8L မ်ားႏွင့္မတူဘဲ အတြင္းပိုင္းကို အနီရင့္ေရာင္ျဖင့္ အထူးမြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

4.2-litre V8 အင္ဂ်င္တပ္ဆင္ထားျပီး 0-100 kmph ကို ၅ ဒသမ ၉ စကၠန္႔အတြင္း ေရာက္ရွိႏိုင္သည္။

(၅။ Mercedes-Benz S-Class S350d - W221 ေမာ္ေတာ္ကား)

အဘီရွိတ္သည္ 3.0-litre V6 bi-turbo အင္ဂ်င္တပ္ဆင္ထားေသာ W221 Mercedes-Benz S-Class ေမာ္ေတာ္ကားတစ္စီးပိုင္ဆိုင္ထားသည္။

(၆။ Bentley Continental GT ေမာ္ေတာ္ကား)

Cartoq ၏ ေဖာ္ျပခ်က္အရ အထက္လႊတ္ေတာ္အမတ္ Amar Singh က အဘီရွိတ္တုိ႔ မိသားစုကို Bentley Continental GT ေမာ္ေတာ္ကားလက္ေဆာင္ေပးခဲ့သည္ဟု ဆိုသည္။

6.0 litre W12 အင္ဂ်င္တပ္ဆင္ထားေသာ ကား၏ တန္ေၾကးမွာ ရူပီး ၃ ဒသမ ၆ ကုေဋရွိသည္။

(၇။ Mercedes-Benz GL63 AMG ေမာ္ေတာ္ကား)

အဘီရွိတ္တြင္ 5.5-litre V8 ဓာတ္ဆီအင္ဂ်င္တပ္ဆင္ထားေသာ Mercedes-Benz GL63 AMG ေမာ္ေတာ္ကားတစ္စင္း ပိုင္ဆိုင္ထားသည္။

အင္ဂ်င္၏ ျမင္းေကာင္ေရအားမွာ 563bhp အျမင့္ဆံုးထုတ္လုပ္ႏိုင္စြမ္းရွိသည္။

၈။ အိမ္ျခံေျမအငွားခ်ထားမႈမွ ဝင္ေငြ

အဘီရွိတ္ႏွင့္ အမီတာဘဂ်မ္းတို႔သည္ မြန္ဘိုင္းျမိဳ႕ ၊ ဂ်ဴဟူကမ္းေျခေဒသတြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားျပီး Vatsa ႏွင့္ Ammu ဘန္ဂလိုအိမ္တို႔၏ ေအာက္ထပ္ကို State Bank of India အား တစ္လလွ်င္ ရူပီး ၁၈ ဒသမ ၉ သိန္းျဖင့္ ၁၅ ႏွစ္ အငွားခ်ထားခဲ့ျပီးျဖစ္သည္။

၉။ အျခားရင္းႏွီးျမွပ္ႏွံမႈမ်ား

Economic Times ၏ ေဖာ္ျပခ်က္အရ အဘီရွိတ္သည္ ၂၀၁၅ ခုႏွစ္အတြင္း Meridian Tech Pte အမည္ရွိ ကုမၸဏီတစ္ခုတြင္လည္း ရင္းႏွီးျမွပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္ဟု ဆိုသည္။

အဘီရွိတ္တို႔ သားအဖသည္ အဆိုပါကုမၸဏီတြင္ ကန္ေဒၚလာ ၂၅၀၀၀၀ ခန္႔ ရင္းႏွီးျမွပ္ႏွံထားသည္။

(၁၀။ၾကြယ္ဝမႈ ရူပီး ၂၁၂ ကုေဋ)

အဘီရွိတ္သည္ သရုပ္ေဆာင္ျခင္းမွအျပင္ အိမ္ျခံေျမမ်ားႏွင့္ အျမတ္အစြန္းရေသာ ရင္းႏွီးျမွပ္ႏွံမႈမ်ားမွာလည္း ဝင္ေငြမ်ား ရရွိေနသည္။

Asianet ၏ ေဖာ္ျပခ်က္အရ အဘီရွိတ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၅ သန္း (ရူပီး ၂၁၂ ကုေဋ) ခန္႔ရွိသည္ဟု ခန္႔မွန္းထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Abhishek Bachchan's uber-luxurious lifestyle: A villa in Dubai, two sports teams, a Bentley Continental GT, Rs 212 crore net worth and more (gqindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-villa
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service