မလေးရှားနည်းပညာတက္ကသိုလ်တွင် ကြောင်ဘာသာအထူးပြုဖြင့် ပါရဂူတန်းကျောင်းတက်နေသော ကြောင်ကလေး
မလေးရှားနည်းပညာတက္ကသိုလ်တွင် ကြောင်ဘာသာအထူးပြုဖြင့် ပါရဂူတန်းကျောင်းတက်နေသော ကြောင်ကလေး - Property News in Myanmar from iMyanmarHouse.com
5 May 2023 10:49 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာပေါ်တွင် သီချင်းဆိုတက်သော ကြောင်ကလေးများအပါအဝင် ကြောင်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့လေးစားဖွယ်ရာ အရည်အချင်းများစွာ ရှိနေသည်။
မလေးရှားနိုင်ငံတွင် အဆင့်မြင့်ပညာရေး ဆည်းပူးလေ့လာနေသော ကြောင်ကလေးတစ်ကောင် အကြောင်းမှာ လူအများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
မလေးရှား နည်းပညာတက္ကသိုလ်တွင် ကြောင်ဘာသာအထူးပြုဖြင့် ပါရဂူတန်း (PhD) တက်ရောက်နေသော ကြောင်ကလေးအကြောင်းကို မလေးရှားကျောင်းသားတစ်ဦးက TikTok လူမှုကွန်ရက်မှတဆင့် ချပြလာခြင်း ဖြစ်သည်။
ကြောင်ကလေး၏ လည်ပင်းတွင် ကျောင်းသားကတ် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
မလေးရှား နည်းပညာတက္ကသိုလ် (UTM) မှ ကျောင်းသားတစ်ဦးဖြစ်သူ Wan Shahmi က ထိုကြောင်လေး၏ ဓာတ်ပုံများကို TikTok တွင် တင်ခဲ့သည်။
ကြောင်လေး၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ကျောင်းသားကတ်တွင် ဖော်ပြထားမှုအရ ကြောင်လေး၏ အမည်မှာချီချွမ်ဘီ ချီချိုကီ (အတိုကောက်အားဖြင့် ချွမ်ဘီ) ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
(ဓာတ်ပုံ- TikTok)
ကျောင်းသားကတ်၏ နောက်ဘက်အခြမ်းတွင် ကြောင်ဘာသာဂုဏ်ထူးတန်းကျောင်းသားဖြစ်ကြောင်း ဖော်ပြထားသည်။
ကတ်ပြားထုတ်ပေးသော ရက်စွဲမှာ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ ရက်ဟု ဖော်ပြထားသည်။
(ဓာတ်ပုံ- TikTok)
ချွမ်ဘီသည် ပါရဂူတန်းကို ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ချွမ်ဘီအား ရိုက်ကူးကာ လွှင့်တင်ခဲ့သော ဗွီဒီယိုမှာ TikTok လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်ပျံ့နှံ့လျက်ရှိသည်။
လူမှုကွန်ရက်သုံးစွဲသူ အချို့က ကြောင်ကလေးကို ဒေါက်တာချွမ်ဘီဟု ခေါ်ဝေါ်သုံးစွဲနေကြပြီ ဖြစ်သည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ ကြောင်ကလေးသည် လူတို့ထက်ပင် ပိုမိုအောင်မြင်နေကြောင်း ပြောသည်။
ချွမ်ဘီအနေဖြင့် ပါရဂူတန်းကို ထူးချွန်စွာ အောင်မြင်မည်ဟု မျှော်လင့်ရသည်။
မလေးရှားနည်းပညာတက္ကသိုလ်သည် မလေးရှားနိုင်ငံ Johor ပြည်နယ် ၊ Johor Bahru မြို့တွင် တည်ရှိပြီး အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကာ သင်ကြားသော တက္ကသိုလ်ဖြစ်သည်။
လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “အိမ်ကကြောင်လေး ဒါကိုတွေ့ပြီး နည်းနည်းလောက် ပိုကြိုးစားစေချင်တယ်။ ခုတော့သူက အိပ်ဖို့စားဖို့ပဲ သိတယ်”ဟု မှတ်ချက်ပြုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Student At Universiti Teknologi Malaysia Discovers Resident Cat With A PhD In Meowing (says)
[Zawgyi]
(ဓာတ်ပုံ- TikTok)
(ဓာတ်ပုံ- TikTok)
Ref: Student At Universiti Teknologi Malaysia Discovers Resident Cat With A PhD In Meowing (says, mustsharenews )
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
taunggyi-garden-city
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service