တစ်ခါတုန်းက အဖြစ်လေးတွေ (၅)

တစ်ခါတုန်းက အဖြစ်လေးတွေ (၅) - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2023 12:00 pm တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကလေးများမကြည့်ရဇာတ်ကား...

ပြောစရာ အဖြစ်လေးတွေပြောတော့ ဗီဒီယိုအကြောင်းပြောဖြစ်တယ်။ဗီဒီယိုကြည့်ချင်တော့ ပိုက်ဆံစုဘူး ဖောက်ရတဲ့ အဖြစ်တွေရှိခဲ့ဘူးတာပေါ့။ညနေရောက်လာပြီဆိုရင် ဗီဒီယိုရုံကို ချီတက်ဖို့ သူငယ်ချင်းနဲ့ အချိန်းအချက်လုပ်ထားရတာပေါ့။

ကျွန်တော်နဲ့ငယ်ငယ်တုန်းက အတွဲများခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။သူကဆန်းဝင်း။သူ့အိမ်နဲ့ ကျွန်တော်တို့အ်ိမ်နဲ့က လမ်းပဲခြားတယ်။မျက်စောင်းထိုးလောက်မှာရှိတယ်။

ဗီဒီယိုကြည့်ဖို့အချိန်နီးရင် အိမ်ကလူကြီးတွေအလစ်ကိုချောင်းနေရတယ်။လူကြီးတွေလစ်တာနဲ့ အချင်းချင်း အဆက်အသွယ်လုပ်ရတယ်။ ကျွန်တော်တို့အဆက်အသွယ်လုပ်ပုံက ဘယ်လက်နဲ့ ညာလက်ကို လက်ချောင်းချင်းယှက်ကာ ‘တကူကူးမှုတ်ပြီး’ဆက်သွယ်တယ်။ ကျွန်တော်ဦးရင် တကူကူးအသံကို ကျွန်တော်က အရင်မှုတ်တယ်။သူဦးရင် သူကအရင်မှုတ်တယ်။ပြီးရင် လူကြီးတွေ မမြင်နိုင်တဲ့ လမ်းထိပ်ရေကျော်ကနေ သွားစောင့်နေကြတယ်။နောက်တော့နှစ်ယောက်ဆုံပြီး ဗီဒီယိုရုံကို အပြေးတပိုင်းနဲ့ ဇာတ်ကားအမီ အရောက်သွားကြရတယ်။

ဗီဒီယိုရုံတွေက လူတိုင်းကြည့်နိုင်မယ့်ကားတွေပြတာပေါ့။ ဂျိမ်းစဘွန်းကားတွေလည်း ပြပါတယ်။ဒါပေမဲ့ ဂျိန်းစဘွန်းကားတွေကို သိပ်မကြည့်တတ်သေးဘူး။ကျွန်တော်တို့ ကလေးဘဝက သိုင်းကားတွေဆို သိပ်ကြိုက်ပေါ့။ ဘရုစ်လီကားတွေဆို ဘယ်အချိန်ပြပြ ကြည့်တာပါပဲ။အဲလောက်ကိုကြိုက်တာပါ။ သူ့ကိုအားကျပြီး ဖောင်းကတောချောင်းသွားပြီး သိုင်းတွေကျင့်ကြ၊ ချောင်းကမ်းပါးနေ ဂျွမ်းထိုးလေ့ကျင့်ကြတဲ့အထိကို ရူးသွတ်ခဲ့ဘူးတာပေါ့။

ဗီဒီယိုရုံတွေက ဘရုစ်လီကားကို အဲဒီတုန်းက တစ်ပတ်ကို တစ်ရက်လောက်တော့ ပြပေးရတဲ့အထိ ကျွန်တော်တို့မြို့သားတွေ ကြိုက်ခဲ့ကြတယ်။ ပြတိုင်းလည်း ကြည့်ပြီးသားဖြစ်ဦးတော့ လာကြည့်ကြတယ်။ ရုံပြည့်ကို အားပေးကြတာပါ။

ပိုက်ဆံမရှိတဲ့အခါမျိုးမှာ အထဲမဝင်ဘဲ ရုံဝမှာရစ်သီရစ်သီ လုပ်နေတဲ့ ကျွန်တော်တို့ကို မြင်သွားတဲ့ပိုင်ရှင်က အလကားပြပေးရတဲ့အထိကို အဲလိုကြိုက်ခဲ့ကြတဲ့ ကောင်တွေပါ။

ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းတို့ စာဖတ်တာကြိုက်သလို ရုပ်ရှင်၊ဗီဒီယို၊အငြိမ့်၊ဇာတ်ပွဲတွေကြိုက်ချက်က လွန်ရောဆိုပါတော့။ပတ်စာခွာ ဖြာလိပ်တဲ့အထိနေပြီး ကြည့်ချင်တဲ့ ကောင်စားမျိုးတွေပါ။

ဒါပေမဲ့ ကျွန်တော်တို့ကသာ ရုံသိမ်းတဲ့အထိ ကြည့်ချင်တာ၊ရုံပိုင်ရှင်ရယ် ကြည့်နေတဲ့ လူကြီးတွေနဲ့ ကာလသားကြီးတွေက အမျိုးသမီးတွေနဲ့ ကျွန်တော်တို့ ကလေးတွေကို ကြော်ငြာထားတဲ့ ဇာတ်ကားပြပြီး သွားရင် မောင်းထုတ်တော့တာပါပဲ။ပထမတော့ ယောင်တောင်ပေါင်တောင်နဲ့ ကျွန်တော်တို့လည်း ယောယောင်ပြီး အပြင်ထွက်ခဲ့ကြတာပေါ့။ မထွက်ဘဲနဲ့ကျန်ခဲ့တဲ့သူတွေက ရှိနေကြသေးတယ်ဗျ။ ဘာလဲပေါ့လေ။

နောက်တော့ကျွန်တော်တို့လည်းနပ်သွားတာပေါ့။မိန်းမတွေနဲ့ ကလေးတွေထွက်သွားရင် နောက်ထပ် ဇာတ်ကားပြသေးတယ်နေမှာဆိုပြီး တွက်မိတာပေါ့။တစ်ရက်တော့ အမျိုးသမီးတွေ အကုန်ထွက်သားပေမယ့် ကျွန်တော်တို့ မထွက်ဘဲ ချောင်ကပ်ပြီးနေကြတာပေါ့။ရုံပိုင်ရှင်က ကလေးနဲ့ မိန်းမတွေကုန်ပြီလားလို့ မေးတဲ့အသံထွက်လာတယ်။သေချာမကြည့်ဘဲ ကုန်ပြီဆိုတဲ့အဖြေပေးသံကြားရတယ်။နောက်ပြီးကျမှ ကျွန်တော်တို့ကိုမြင်သွားပြီး “ဟာ..ဟာ...နေအုံးဟေ့ ဒီမှာကလေးနှစ်ကောင်ကျန်သေးတယ်..”လို့ပြောပြီး ငါနဲ့ကိုင်တုတ်ပြီး မောင်းထုတ်ပါတော့တယ်။

ကျွန်တော်တို့ကလည်း “ခင်ဗျားတို့ကရော ဘာလုပ်နေတာလဲ” လို့မေးတော့.. “ဟိတ်ကောင်တွေ လျှာမရှည်နဲ့ သွားဆိုသွား” ဆိုပြီး မောင်းထုတ်ပါတယ်။ မကျေမနပ်နဲ့ ကျွန်တော်တို့ထွက်လာခဲ့ရတယ်။

အပြင်ရောက်တော့ ဒီလူကြီးတွေဘာလုပ်ကြမှာမို့လို့ ငါတို့ကို အသည်းအသန် မောင်ထုတ်နေရတာလဲလို့ သိချင်လာတယ်။

ဒါနဲ့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အထဲကိုမြင်နိုင်တဲ့နေရာရှာကြတာပေါ့။ ဗီဒီယိုရုံရဲ့ နောက်ကျောဘက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်အစပ်က ဝါးကပ်နဲ့အကန့်လုပ်ထားတဲ့ ကဲလားရဲ့ကြားထဲကနေ ချောင်းကြည့်ကြတာပေါ့။

ကဲလားကြားထဲကနေ အလင်းရောင်ထွက်လာသောနေရာကိုရှာကြည့်ရာ ဇာတ်ကားတော့ပြနေပါတယ်။ လူတွေရှိပြီး အသံမထွက်ငြိမ်ချက်သားကောင်းလှပါကလား။ ဘာဇာတ်ကားမို့လဲ။သေချာပြူးပြဲကြည့်လိုက်တော့ “အို…မင်းသားနဲ့ မင်းသမီး အင်္ကျီမပါတဲ့ ဇာတ်ကားကြီးတွေကို ကြည့်နေကြပါရောလား အရပ်ကတို့ရေ့..”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 Photo Credit: achitpost

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၅)

ကေလးမ်ားမၾကည့္ရဇာတ္ကား...

ေျပာစရာ အျဖစ္ေလးေတြေျပာေတာ့ ဗီဒီယိုအေၾကာင္းေျပာျဖစ္တယ္။ဗီဒီယိုၾကည့္ခ်င္ေတာ့ ပိုက္ဆံစုဘူး ေဖာက္ရတဲ့ အျဖစ္ေတြရွိခဲ့ဘူးတာေပါ့။ညေနေရာက္လာၿပီဆိုရင္ ဗီဒီယိုရုံကို ခ်ီတက္ဖို႔ သူငယ္ခ်င္းနဲ႔ အခ်ိန္းအခ်က္လုပ္ထားရတာေပါ့။

ကၽြန္ေတာ္နဲ႔ငယ္ငယ္တုန္းက အတြဲမ်ားခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။သူကဆန္းဝင္း။သူ႔အိမ္နဲ႔ ကၽြန္ေတာ္တို႔အိ္မ္နဲ႔က လမ္းပဲျခားတယ္။မ်က္ေစာင္းထိုးေလာက္မွာရွိတယ္။

ဗီဒီယိုၾကည့္ဖို႔အခ်ိန္နီးရင္ အိမ္ကလူႀကီးေတြအလစ္ကိုေခ်ာင္းေနရတယ္။လူႀကီးေတြလစ္တာနဲ႔ အခ်င္းခ်င္း အဆက္အသြယ္လုပ္ရတယ္။ ကၽြန္ေတာ္တို႔အဆက္အသြယ္လုပ္ပုံက ဘယ္လက္နဲ႔ ညာလက္ကို လက္ေခ်ာင္းခ်င္းယွက္ကာ ‘တကူကူးမႈတ္ၿပီး’ဆက္သြယ္တယ္။ ကၽြန္ေတာ္ဦးရင္ တကူကူးအသံကို ကၽြန္ေတာ္က အရင္မႈတ္တယ္။သူဦးရင္ သူကအရင္မႈတ္တယ္။ၿပီးရင္ လူႀကီးေတြ မျမင္ႏိုင္တဲ့ လမ္းထိပ္ေရေက်ာ္ကေန သြားေစာင့္ေနၾကတယ္။ေနာက္ေတာ့ႏွစ္ေယာက္ဆုံၿပီး ဗီဒီယိုရုံကို အေျပးတပိုင္းနဲ႔ ဇာတ္ကားအမီ အေရာက္သြားၾကရတယ္။

ဗီဒီယိုရုံေတြက လူတိုင္းၾကည့္ႏိုင္မယ့္ကားေတြျပတာေပါ့။ ဂ်ိမ္းစဘြန္းကားေတြလည္း ျပပါတယ္။ဒါေပမဲ့ ဂ်ိန္းစဘြန္းကားေတြကို သိပ္မၾကည့္တတ္ေသးဘူး။ကၽြန္ေတာ္တို႔ ကေလးဘဝက သိုင္းကားေတြဆို သိပ္ႀကိဳက္ေပါ့။ ဘရုစ္လီကားေတြဆို ဘယ္အခ်ိန္ျပျပ ၾကည့္တာပါပဲ။အဲေလာက္ကိုႀကိဳက္တာပါ။ သူ႔ကိုအားက်ၿပီး ေဖာင္းကေတာေခ်ာင္းသြားၿပီး သိုင္းေတြက်င့္ၾက၊ ေခ်ာင္းကမ္းပါးေန ဂၽြမ္းထိုးေလ့က်င့္ၾကတဲ့အထိကို ရူးသြတ္ခဲ့ဘူးတာေပါ့။

ဗီဒီယိုရုံေတြက ဘရုစ္လီကားကို အဲဒီတုန္းက တစ္ပတ္ကို တစ္ရက္ေလာက္ေတာ့ ျပေပးရတဲ့အထိ ကၽြန္ေတာ္တို႔ၿမိဳ႕သားေတြ ႀကိဳက္ခဲ့ၾကတယ္။ ျပတိုင္းလည္း ၾကည့္ၿပီးသားျဖစ္ဦးေတာ့ လာၾကည့္ၾကတယ္။ ရုံျပည့္ကို အားေပးၾကတာပါ။

ပိုက္ဆံမရွိတဲ့အခါမ်ိဳးမွာ အထဲမဝင္ဘဲ ရုံဝမွာရစ္သီရစ္သီ လုပ္ေနတဲ့ ကၽြန္ေတာ္တို႔ကို ျမင္သြားတဲ့ပိုင္ရွင္က အလကားျပေပးရတဲ့အထိကို အဲလိုႀကိဳက္ခဲ့ၾကတဲ့ ေကာင္ေတြပါ။

ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ္သူငယ္ခ်င္းတို႔ စာဖတ္တာႀကိဳက္သလို ရုပ္ရွင္၊ဗီဒီယို၊အၿငိမ့္၊ဇာတ္ပြဲေတြႀကိဳက္ခ်က္က လြန္ေရာဆိုပါေတာ့။ပတ္စာခြာ ျဖာလိပ္တဲ့အထိေနၿပီး ၾကည့္ခ်င္တဲ့ ေကာင္စားမ်ိဳးေတြပါ။

ဒါေပမဲ့ ကၽြန္ေတာ္တို႔ကသာ ရုံသိမ္းတဲ့အထိ ၾကည့္ခ်င္တာ၊ရုံပိုင္ရွင္ရယ္ ၾကည့္ေနတဲ့ လူႀကီးေတြနဲ႔ ကာလသားႀကီးေတြက အမ်ိဳးသမီးေတြနဲ႔ ကၽြန္ေတာ္တို႔ ကေလးေတြကို ေၾကာ္ျငာထားတဲ့ ဇာတ္ကားျပၿပီး သြားရင္ ေမာင္းထုတ္ေတာ့တာပါပဲ။ပထမေတာ့ ေယာင္ေတာင္ေပါင္ေတာင္နဲ႔ ကၽြန္ေတာ္တို႔လည္း ေယာေယာင္ၿပီး အျပင္ထြက္ခဲ့ၾကတာေပါ့။ မထြက္ဘဲနဲ႔က်န္ခဲ့တဲ့သူေတြက ရွိေနၾကေသးတယ္ဗ်။ ဘာလဲေပါ့ေလ။

ေနာက္ေတာ့ကၽြန္ေတာ္တို႔လည္းနပ္သြားတာေပါ့။မိန္းမေတြနဲ႔ ကေလးေတြထြက္သြားရင္ ေနာက္ထပ္ ဇာတ္ကားျပေသးတယ္ေနမွာဆိုၿပီး တြက္မိတာေပါ့။တစ္ရက္ေတာ့ အမ်ိဳးသမီးေတြ အကုန္ထြက္သားေပမယ့္ ကၽြန္ေတာ္တို႔ မထြက္ဘဲ ေခ်ာင္ကပ္ၿပီးေနၾကတာေပါ့။ရုံပိုင္ရွင္က ကေလးနဲ႔ မိန္းမေတြကုန္ၿပီလားလို႔ ေမးတဲ့အသံထြက္လာတယ္။ေသခ်ာမၾကည့္ဘဲ ကုန္ၿပီဆိုတဲ့အေျဖေပးသံၾကားရတယ္။ေနာက္ၿပီးက်မွ ကၽြန္ေတာ္တို႔ကိုျမင္သြားၿပီး “ဟာ..ဟာ...ေနအုံးေဟ့ ဒီမွာကေလးႏွစ္ေကာင္က်န္ေသးတယ္..”လို႔ေျပာၿပီး ငါနဲ႔ကိုင္တုတ္ၿပီး ေမာင္းထုတ္ပါေတာ့တယ္။

ကၽြန္ေတာ္တို႔ကလည္း “ခင္ဗ်ားတို႔ကေရာ ဘာလုပ္ေနတာလဲ” လို႔ေမးေတာ့.. “ဟိတ္ေကာင္ေတြ လွ်ာမရွည္နဲ႔ သြားဆိုသြား” ဆိုၿပီး ေမာင္းထုတ္ပါတယ္။ မေက်မနပ္နဲ႔ ကၽြန္ေတာ္တို႔ထြက္လာခဲ့ရတယ္။

အျပင္ေရာက္ေတာ့ ဒီလူႀကီးေတြဘာလုပ္ၾကမွာမို႔လို႔ ငါတို႔ကို အသည္းအသန္ ေမာင္ထုတ္ေနရတာလဲလို႔ သိခ်င္လာတယ္။

ဒါနဲ႔ ကၽြန္ေတာ္တို႔သူငယ္ခ်င္းႏွစ္ေယာက္ အထဲကိုျမင္ႏိုင္တဲ့ေနရာရွာၾကတာေပါ့။ ဗီဒီယိုရုံရဲ႕ ေနာက္ေက်ာဘက္မွာရွိတဲ့ လက္ဖက္ရည္ဆိုင္အစပ္က ဝါးကပ္နဲ႔အကန္႔လုပ္ထားတဲ့ ကဲလားရဲ႕ၾကားထဲကေန ေခ်ာင္းၾကည့္ၾကတာေပါ့။

ကဲလားၾကားထဲကေန အလင္းေရာင္ထြက္လာေသာေနရာကိုရွာၾကည့္ရာ ဇာတ္ကားေတာ့ျပေနပါတယ္။ လူေတြရွိၿပီး အသံမထြက္ၿငိမ္ခ်က္သားေကာင္းလွပါကလား။ ဘာဇာတ္ကားမို႔လဲ။ေသခ်ာျပဴးၿပဲၾကည့္လိုက္ေတာ့ “အို…မင္းသားနဲ႔ မင္းသမီး အကႌ်မပါတဲ့ ဇာတ္ကားႀကီးေတြကို ၾကည့္ေနၾကပါေရာလား အရပ္ကတို႔ေရ႕..”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 Photo Credit: achitpost

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
shwe-moe-kaung
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service