အမေရိကန်တွင် ၄ လအတွင်း ထီဆုကြီး ၂ ကြိမ်ပေါက်ကာ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၄ သန်း ရခဲ့သော်လည်း နှစ်အနည်းငယ်အတွင်း ပြန်လည်ဆင်းရဲသွားသော အမျိုးသမီး
အမေရိကန်တွင် ၄ လအတွင်း ထီဆုကြီး ၂ ကြိမ်ပေါက်ကာ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၄ သန်း ရခဲ့သော်လည်း နှစ်အနည်းငယ်အတွင်း ပြန်လည်ဆင်းရဲသွားသော အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
4 May 2023 10:08 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်တွင် အမျိုးသမီးတစ်ဦးသည် ထီ ၂ ကြိမ်ပေါက်ခဲ့ရာမှ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၄ သန်းရခဲ့ သော်လည်း နောက်ပိုင်းတွင် ငွေအားလုံးကုန်ကာ ရွေ့လျားနေအိမ်များ ထားရှိသည့် ကွင်းတစ်ခုအတွင်း နေထိုင်ရသည့်ဘဝသို့ ဆိုက်ရောက်သွားသည်။
အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာစီပြည်နယ်မှ အိဗ်လင်း အဒမ်စ်ဆိုသည့် အမျိုးသမီးသည် စတိုးဆိုင်ဝန်ထမ်း တစ်ဦးဖြစ်ပြီး ၄ လတာအတွင်း ထီဆုကြီး ၂ ကြိမ်ပေါက်ခဲ့သည်။
(အိဗ်လင်း အဒမ်စ်သည် နယူးဂျာစီပြည်နယ်သမိုင်းတွင် ဒေါ်လာသန်းနှင့်ချီ၍ ထီ ၂ ကြိမ်ပေါက်သော ပထမဆုံး ကံထူးရှင်လည်းဖြစ်ကာ ၁၉၈၅ နှင့်၁၉၈၆ ခုနှစ်များတွင် ထီပေါက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Getty)
(အိဗ်လင်း အဒမ်စ်သည် လောင်းကစား စွဲစွဲလန်းလန်းလုပ်ခြင်း ၊ စီးပွားရေးအရှုံးပေါ်ခြင်းများကြောင့် ၂၀၁၂ ခုနှစ်တွင် ရွေ့လျားနေအိမ်များ ထားရှိသည့်ဝန်းတွင် နေထိုင်ရသည့်ဘဝသို့ ဆိုက်ရောက်သွားခြင်း ဖြစ်သည်။)
သူသည် ၁၉၈၅ ခုနှစ် ၊ အောက်တိုဘာလတွင် ဒေါ်လာ ၃ ဒသမ ၉ သန်း ထီပေါက်ခဲ့ပြီး ၁၉၈၆ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၁ ဒသမ ၄ သန်း ထပ်မံထီပေါက်ခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်တွင် ငွေတစ်ပြားမှ မရှိတော့သည့်ဘဝသို့ ရောက်ရှိသွားခဲ့သည်။
“ကျွန်မရဲ့ အမေရိကန်အိပ်မက် တကယ်ဖြစ်လာခဲ့ပေမယ့် အားလုံးပြန်ပြီး ဆုံးရှုံးသွားတယ်။ ဒါက တကယ့်ကို အကျနာပါတယ်”ဟု အိဗ်လင်းက ပြောသည်။
အိဗ်လင်းသည် နယူးဂျာစီပြည်နယ်သမိုင်းတွင် ဒေါ်လာ ၁ သန်းအထက် ထီတစ်ကြိမ်ထက်ပို၍ ပေါက်ဖူးသည့် ပထမဆုံးသူလည်း ဖြစ်သည်။
သူ၏ ထီဆုငွေမှ ၂၀ ရာခိုင်နှုန်းနှုတ်ပြီးနောက် အိဗ်လင်းသည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၁၈၀၀၀ ထုတ်ယူခဲ့သည်။
အိဗ်လင်းသည် လောင်းကစားကို အလွန်စွဲစွဲလန်းလန်း ဝါသနာကြီးသူတစ်ဦး ဖြစ်သည်။
ပထမအကြိမ် ထီပေါက်ပြီးနောက် တက္ကသိုလ်တက်နေသော သမီးအတွက် ကျောင်းစရိတ်များ ပေးရသည်။
ယင်းနောက် ကားသစ်တစ်စီးဝယ်ခဲ့ပြီး မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်အချို့ဝယ်ပေး ခဲ့သည်။
ကနဦးတွင် အိဗ်လင်းက ရည်ရွယ်သည်မှာ ကျောင်းပြန်တက်ရန်နှင့် ဂီတတူရိယာပစ္စည်းဆိုင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း အထမမြောက်ခဲ့။
အိဗ်လင်းက သူအလုပ်လုပ်ခဲ့ဖူးသော စတိုးဆိုင်ကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည် ရောင်းချခဲ့သည်။
ထီဆုငွေများမှ များပြားလှသော ငွေများကို အခြားသူများအား ပေးခြင်းဖြင့် ကုန်သွားခဲ့သည်။
သူ၏ သူငယ်ချင်းများစွာကလည်း အိဗ်လင်းထံမှ ငွေချေးခဲ့ကြပြီး ပြန်မဆပ်ကြ။
“လူတိုင်းက ကျွန်မပိုက်ဆံကို လိုချင်ခဲ့ကြတယ်။ လူတိုင်းက ကျွန်မဆီမှာ လက်ဝါးလာဖြန့်ကြတယ်။ ကျွန်မကလည်း ဟင့်အင်းဆိုတဲ့စကား မပြောတတ်ခဲ့ဘူး” ဟု အိဗ်လင်းက ပြောသည်။
၂၀၁၂ ခုနှစ်တွင်ကား သူ၏ အလွန်အကျွံလောင်းကစားခြင်းနှင့် လုပ်ငန်းအရှုံးပေါ်ခြင်းတို့ကြောင့် ငွေအားလုံး ကုန်ခမ်းသွားခဲ့သည်။
“ဒါတွေကို အစကနေပြန်စဖို့ အခွင့်အရေး ရချင်မိတယ်။ အခုတော့ ကျွန်မ ကောင်းကောင်းသိသွားပြီလေ။ ကျွန်မအမှားတွေ လုပ်ခဲ့တယ်။ တချို့ကို နောင်တရတယ်။ တချို့ကိုတော့ နောင်တမရပါဘူး။ ကျွန်မလူသားတစ်ဦးပါ။ နောက်ကို ပြန်သွားလို့ မရနိုင်ဘူးလေ။ ဒါကြောင့် ကျွန်မရှေ့ကိုပဲ သွားပါတယ်။ တစ်ကြိမ်မှာ ခြေတစ်လှမ်းလှမ်းရင်းပေါ့။”
(ဆက်စပ်သတင်း)
အင်္ဂလန်တွင် ပေါင် ၃ ဒသမ ၅ သန်းထီပေါက်သူတစ်ဦး ကားအစင်း ၄၀ ဝယ်ယူခဲ့ပြီး ၃ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝသို့ ဆိုက်ရောက်
https://www.imyanmarhouse.com/news/read/1064156
ငွေသည် ကျိန်စာလော (သို့မဟုတ်) ပေါင် ၆ ဒသမ ၅ သန်း ထီပေါက်ခဲ့ပြီး ၆ လအကြာတွင် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခဲ့ရသော အင်္ဂလန်နိုင်ငံသား
https://www.imyanmarhouse.com/news/read/1062741
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lottery winner hits the ‘American Dream’ with two jackpot wins totaling $5.4m – but reached rock bottom within years (the sun)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
mya-villa
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service