“ပန်းပိတောက်နှင့် ကြိုစေဦးတော့”

“ပန်းပိတောက်နှင့် ကြိုစေဦးတော့” - Property Knowledge in Myanmar from iMyanmarHouse.com
31 Mar 2023 1:54 pm တွင် တင်ခဲ့သည်
2035 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တနေ့က လမ်းလျှောက်နေရင်း ဖြတ်သွားသည့် ကားပေါ်မှ ဖွင့်လိုက်သည့် သီချင်းသံကြောင့် လူကိုမြူးကြွသွားစေသည်။

“ဒီတန်ခူး…ရွှင်မြူး…နှစ်ကူးရောက်ပြီလေ…

ရွှဲစိုအောင်ပက်လိုက်တော့လေ..မောင်မောင်ရယ်တဲ့…

ရွှဲစိုအောင်ပက်လိုက်တော့ ချမ်းပါတယ်တဲ့ခင်ဗျ…

သင်္ကြန်ရေတွေအေးပါတယ်ဆို…သင်္ကြန်ရေကချမ်းပါတယ်လေ…။”

ဪ…သင်္ကြန်မရောက်သေးသော်လည်း သင်္ကြန်သီချင်းတွေတောင် ဖွင့်နေကြပါပေါ့လားလို့ အတွေးတို့ဖြစ်ရသည်။

ကျွန်တော်က သင်္ကြန်မှာရေပက်ခံထွက်ခဲသည်။ သင်္ကြန်ကို မနှစ်သက်လို့တော့မဟုတ်ပါ။ မြင်ရသည့် မြင်ကွင်းတို့က စိတ်ကို မသက်မသာ ဖြစ်စေခြင်းတွေကြောင့်ပင်ဖြစ်သည်။

ကြမ်းတမ်းရိုင်းပြသည့် အပြုအမူတို့နှင့် တရားလွန်သောက်စားမူးယစ်ခြင်းတို့ကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးသွားကြရသည့် အဖြစ်များနှင့် အသက်သေဆုံးကြရသည့် အဖြစ်များကို ထိုသင်္ကြန်ရက်အတွင်း မမြင်ချင်မှအဆုံး တွေ့ရသဖြင့် သင်္ကြန်ကိုလည်ဖို့ ကျွန်တော်တွန့်ဆုတ်ခဲ့ရခြင်းဖြစ်သည်။

အညွန့်တလူလူနှင့် ဘဝကောင်းလေးများသည် ထိုသင်္ကြန်ရက်လေးအတွင်း ကြုံလိုက်ရသည့် ဖြစ်ရပ်ဆိုးတို့ကြောင့် သေရင်သေ၊ မသေရင်လည်း လူလုံးမလှသည့် အဖြစ်တို့ဆိုက်ရောက်သွားတတ်ကြသည်။ ထိုမြင်ကွင်းတို့က ကျွန်တော့်ရင်ကို နင့်စေသည်။မင်းကဒါတွေပဲကြည့်လို့ ဒါတွေပဲမြင်တာနေမှာပေါ့ဟု ပြောချင်လျှင်ပြောနိုင်ပါသည်။

ကျွန်တော်မြင်ရသည်နှင့် တွေးမိသည်တို့က ထပ်တူမကျတောင်မှ အတော်ကိုနီးစပ်ပါသည်။ သင်္ကြန်မဟုတ်သော ကျန်သည့်အချိန်တို့တွင် သောက်စားမူးယစ်မှု မလုပ်တတ်ကြသည့် သူများသည်ပင်လျှင် သင်္ကြန်ရက်အတွင်း တရားလက်လွတ် ပုံစံတို့လုပ်လာခြင်းပင်ဖြစ်သည်။

 

ကျွန်တော် ရန်ကုန်ရောက်ခါစနှစ်များအတွင်း သင်္ကြန်တွင် ရုပ်ရှင်တို့ပြသေးသည်။ထိုစဉ်က ကျော်ဟိန်းပါဝင်သည့် ‘အဖေ့ဓား’ဇာတ်ကားကို သင်္ကြန်ရက်များအတွင်း (၃၅)လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်က ရုပ်ရှင်ရုံ(သွင်ရုံဟု ထင်ပါသည်)တွင် ပြသနေရာ လက်မှတ်ဖြတ်ဖို့ ကျွန်တော်တန်းစီနေရင်းမှ ဖြတ်သွားသည့် ရေပက်ခံကားများကို ကြည့်မိနေသည်။

ဗိုလ်ချုပ်လမ်းအတိုင်း သွားသည့် ရေပက်ခံကားတစ်စီးပေါ်တွင် သောက်စားထားသည့် လူငယ်တော်တော် များများ မတ်တတ်ရပ်ပြီး စီးလာကြသည်ကို တွေ့ရသည်။တစ်ဦးကို တစ်ဦးထိန်းထားကြသော်လည်း အကုန်လုံးသည် မူးယစ်ရီဝေခြင်းတို့နှင့် ယိမ်းယိုင်နေကြသည်။

ဗိုလ်ချုပ်လမ်းသည် အလယ်တွင် လမ်းအလျားအတွင်း လျှပ်စစ်မီးတိုင်တို့ရှိသဖြင့် လမ်းကိုတစ်ဝက်စီ ခွဲထားသကဲသို့ဖြစ်ကာ လမ်းကြောနှစ်ကြောဖြစ်နေသည်။ လမ်းကြောတစ်ခုမှမောင်းလာသောကားသည် အခြားလမ်းကြောမှ သွားလိုလျှင် ဓာတ်တိုင်တွေကြားက လမ်းကူးရန်ပေးထားသောအပိုင်းမှ ဖြတ်ဝင်ကြရသည်။

ဗိုလ်ချုပ်လမ်းပေါ်တွင် ရေပက်ခံမဏ္ဍပ်တို့မရှိသဖြင့် မောင်းလာသောကားတို့မှာ အရှိန်ပါကြသည်။ ကျွန်တော့်မြင်ကွင်းမှ ထိုကားသည် နဂိုမောင်းလာသော လမ်းကြောမှ အခြားလမ်းကြောကို အရှိန်နှင့် ကွေ့ဝင်ရာတွင် ကားပေါ်မှ လူငယ်တစ်ယောက် လွင့်ကျသွားသည်ကိုတွေ့လိုက်ရသည်။

ကားကိုရပ်ပြီး ကားပေါ်မှလူများပြေးဆင်းလာကြသည်။ပြုတ်ကြသူသည် ကျသည့်အရှိန်ကြောင့် အော်ဟစ်နေသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် သွေးတို့ဖြင့်နီရဲနေသည်။ကာယကံရှင်သည် ထိုဒဏ်ရာတို့ကို ဂရုမစိုက် ခြေထောက်ကိုသာကိုင်ပြီး အော်နေသည်။အဟုတ်ပင် သူ့ခြေထောက်သည် ပြောင်းပြန်ကြီး ဖြစ်နေသည်ကို တွေ့ရသည်။ထိုသူမှာ ပါးစပ်ကလည်း “ငါ့ဘဝတော့ သွားပြီထင်တယ်ကွ”ဟုအော်နေပါသည်။

ကုလို့ပျောက်ရင်တော့ ကောင်းပါရဲ့။သုံးမရသည့် ခြေထောက်ဖြစ်သွားလျှင်တော့ ပျော်ရွှင်မှုခဏတာလေးနှင့် လဲလိုက်ရသည်က မတန်လှပါပေ။ဒါမျိုးတွေက ဒီတစ်ခုတည်းမဟုတ်။ဒီတစ်နေရာတည်းမဟုတ်။

သင်္ကြန်တွင်းမှာ ဆေးရုံများကို သက်ဆိုင်ရာဌာနများက အဆင်သင့်ပြင်ဆင်ထားစေခြင်းက ယဉ်ကျေးမှုပွဲတော် ဘယ်လောက်ပျက်သုဉ်းသွားသည်ကို ဆိုလိုနေသယောင်ပင်ဖြစ်သည်။

ကျွန်တော်ကတော့ ထိုသို့ မပျော်တတ်။ ကျွန်တော်ပျော်တတ်သည့်က သင်္ကြန်ရဲ့ အရိပ်နိမိတ်တွေကို ကြည့်ပြီးသာပျော်သည်။လမ်းလျှောက်ရင်း ရေပက်ခံရသည်ကိုပျော်သည်။သူတကာတို့ လမ်းလျှောက်ရင်း ရေပက်ခံကြသည်ကို ကြည့်နေရလျှင်လည်းပျော်သည်။

“ဆီးလို့ကြိုနေမယ်…လှမ်းလာခဲ့ပေါ့ကွယ်…

ညစဉ်ရက်ဆက်အတူ …ကဗျာနွေဦးတေးသွားအလှနဲ့

ကိုယ်လေမျှော်နေမယ်….”

သို့သော်လည်း လာမယ့်သင်္ကြန်ကိုတော့ ကျွန်တော်နားပါဦးမည်။ရေပက်ခံ မထွက်ဖြစ်ပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

“ပန္းပိေတာက္ႏွင့္ ႀကိဳေစဦးေတာ့”

 

တေန႔က လမ္းေလွ်ာက္ေနရင္း ျဖတ္သြားသည့္ ကားေပၚမွ ဖြင့္လိုက္သည့္ သီခ်င္းသံေၾကာင့္ လူကိုျမဴးႂကြသြားေစသည္။

“ဒီတန္ခူး…႐ႊင္ျမဴး…ႏွစ္ကူးေရာက္ၿပီေလ…

႐ႊဲစိုေအာင္ပက္လိုက္ေတာ့ေလ..ေမာင္ေမာင္ရယ္တဲ့…

႐ႊဲစိုေအာင္ပက္လိုက္ေတာ့ ခ်မ္းပါတယ္တဲ့ခင္ဗ်…

သႀကၤန္ေရေတြေအးပါတယ္ဆို…သႀကၤန္ေရကခ်မ္းပါတယ္ေလ…။”

ဪ…သႀကၤန္မေရာက္ေသးေသာ္လည္း သႀကၤန္သီခ်င္းေတြေတာင္ ဖြင့္ေနၾကပါေပါ့လားလို႔ အေတြးတို႔ျဖစ္ရသည္။

ကြၽန္ေတာ္က သႀကၤန္မွာေရပက္ခံထြက္ခဲသည္။ သႀကၤန္ကို မႏွစ္သက္လို႔ေတာ့မဟုတ္ပါ။ ျမင္ရသည့္ ျမင္ကြင္းတို႔က စိတ္ကို မသက္မသာ ျဖစ္ေစျခင္းေတြေၾကာင့္ပင္ျဖစ္သည္။

ၾကမ္းတမ္း႐ိုင္းျပသည့္ အျပဳအမူတို႔ႏွင့္ တရားလြန္ေသာက္စားမူးယစ္ျခင္းတို႔ေၾကာင့္ ကိုယ္လက္အဂၤါ ပ်က္စီးသြားၾကရသည့္ အျဖစ္မ်ားႏွင့္ အသက္ေသဆုံးၾကရသည့္ အျဖစ္မ်ားကို ထိုသႀကၤန္ရက္အတြင္း မျမင္ခ်င္မွအဆုံး ေတြ႕ရသျဖင့္ သႀကၤန္ကိုလည္ဖို႔ ကြၽန္ေတာ္တြန္႔ဆုတ္ခဲ့ရျခင္းျဖစ္သည္။

အၫြန္႔တလူလူႏွင့္ ဘဝေကာင္းေလးမ်ားသည္ ထိုသႀကၤန္ရက္ေလးအတြင္း ၾကဳံလိုက္ရသည့္ ျဖစ္ရပ္ဆိုးတို႔ေၾကာင့္ ေသရင္ေသ၊ မေသရင္လည္း လူလုံးမလွသည့္ အျဖစ္တို႔ဆိုက္ေရာက္သြားတတ္ၾကသည္။ ထိုျမင္ကြင္းတို႔က ကြၽန္ေတာ့္ရင္ကို နင့္ေစသည္။မင္းကဒါေတြပဲၾကည့္လို႔ ဒါေတြပဲျမင္တာေနမွာေပါ့ဟု ေျပာခ်င္လွ်င္ေျပာႏိုင္ပါသည္။

ကြၽန္ေတာ္ျမင္ရသည္ႏွင့္ ေတြးမိသည္တို႔က ထပ္တူမက်ေတာင္မွ အေတာ္ကိုနီးစပ္ပါသည္။ သႀကၤန္မဟုတ္ေသာ က်န္သည့္အခ်ိန္တို႔တြင္ ေသာက္စားမူးယစ္မႈ မလုပ္တတ္ၾကသည့္ သူမ်ားသည္ပင္လွ်င္ သႀကၤန္ရက္အတြင္း တရားလက္လြတ္ ပုံစံတို႔လုပ္လာျခင္းပင္ျဖစ္သည္။

ကြၽန္ေတာ္ ရန္ကုန္ေရာက္ခါစႏွစ္မ်ားအတြင္း သႀကၤန္တြင္ ႐ုပ္႐ွင္တို႔ျပေသးသည္။ထိုစဥ္က ေက်ာ္ဟိန္းပါဝင္သည့္ ‘အေဖ့ဓား’ဇာတ္ကားကို သႀကၤန္ရက္မ်ားအတြင္း (၃၅)လမ္းႏွင့္ဗိုလ္ခ်ဳပ္လမ္းေထာင့္က ႐ုပ္႐ွင္႐ုံ(သြင္႐ုံဟု ထင္ပါသည္)တြင္ ျပသေနရာ လက္မွတ္ျဖတ္ဖို႔ ကြၽန္ေတာ္တန္းစီေနရင္းမွ ျဖတ္သြားသည့္ ေရပက္ခံကားမ်ားကို ၾကည့္မိေနသည္။

ဗိုလ္ခ်ဳပ္လမ္းအတိုင္း သြားသည့္ ေရပက္ခံကားတစ္စီးေပၚတြင္ ေသာက္စားထားသည့္ လူငယ္ေတာ္ေတာ္ မ်ားမ်ား မတ္တတ္ရပ္ၿပီး စီးလာၾကသည္ကို ေတြ႕ရသည္။တစ္ဦးကို တစ္ဦးထိန္းထားၾကေသာ္လည္း အကုန္လုံးသည္ မူးယစ္ရီေဝျခင္းတို႔ႏွင့္ ယိမ္းယိုင္ေနၾကသည္။

ဗိုလ္ခ်ဳပ္လမ္းသည္ အလယ္တြင္ လမ္းအလ်ားအတြင္း လွ်ပ္စစ္မီးတိုင္တို႔႐ွိသျဖင့္ လမ္းကိုတစ္ဝက္စီ ခြဲထားသကဲသို႔ျဖစ္ကာ လမ္းေၾကာႏွစ္ေၾကာျဖစ္ေနသည္။ လမ္းေၾကာတစ္ခုမွေမာင္းလာေသာကားသည္ အျခားလမ္းေၾကာမွ သြားလိုလွ်င္ ဓာတ္တိုင္ေတြၾကားက လမ္းကူးရန္ေပးထားေသာအပိုင္းမွ ျဖတ္ဝင္ၾကရသည္။

ဗိုလ္ခ်ဳပ္လမ္းေပၚတြင္ ေရပက္ခံမ႑ပ္တို႔မ႐ွိသျဖင့္ ေမာင္းလာေသာကားတို႔မွာ အ႐ွိန္ပါၾကသည္။ ကြၽန္ေတာ့္ျမင္ကြင္းမွ ထိုကားသည္ နဂိုေမာင္းလာေသာ လမ္းေၾကာမွ အျခားလမ္းေၾကာကို အ႐ွိန္ႏွင့္ ေကြ႕ဝင္ရာတြင္ ကားေပၚမွ လူငယ္တစ္ေယာက္ လြင့္က်သြားသည္ကိုေတြ႕လိုက္ရသည္။

ကားကိုရပ္ၿပီး ကားေပၚမွလူမ်ားေျပးဆင္းလာၾကသည္။ျပဳတ္ၾကသူသည္ က်သည့္အ႐ွိန္ေၾကာင့္ ေအာ္ဟစ္ေနသည္ မ်က္ႏွာႏွင့္ ဦးေခါင္းတို႔တြင္ ေသြးတို႔ျဖင့္နီရဲေနသည္။ကာယကံ႐ွင္သည္ ထိုဒဏ္ရာတို႔ကို ဂ႐ုမစိုက္ ေျခေထာက္ကိုသာကိုင္ၿပီး ေအာ္ေနသည္။အဟုတ္ပင္ သူ႕ေျခေထာက္သည္ ေျပာင္းျပန္ႀကီး ျဖစ္ေနသည္ကို ေတြ႕ရသည္။ထိုသူမွာ ပါးစပ္ကလည္း “ငါ့ဘဝေတာ့ သြားၿပီထင္တယ္ကြ”ဟုေအာ္ေနပါသည္။

ကုလို႔ေပ်ာက္ရင္ေတာ့ ေကာင္းပါရဲ႕။သုံးမရသည့္ ေျခေထာက္ျဖစ္သြားလွ်င္ေတာ့ ေပ်ာ္႐ႊင္မႈခဏတာေလးႏွင့္ လဲလိုက္ရသည္က မတန္လွပါေပ။ဒါမ်ိဳးေတြက ဒီတစ္ခုတည္းမဟုတ္။ဒီတစ္ေနရာတည္းမဟုတ္။

သႀကၤန္တြင္းမွာ ေဆး႐ုံမ်ားကို သက္ဆိုင္ရာဌာနမ်ားက အဆင္သင့္ျပင္ဆင္ထားေစျခင္းက ယဥ္ေက်းမႈပြဲေတာ္ ဘယ္ေလာက္ပ်က္သုဥ္းသြားသည္ကို ဆိုလိုေနသေယာင္ပင္ျဖစ္သည္။

ကြၽန္ေတာ္ကေတာ့ ထိုသို႔ မေပ်ာ္တတ္။ ကြၽန္ေတာ္ေပ်ာ္တတ္သည့္က သႀကၤန္ရဲ႕ အရိပ္နိမိတ္ေတြကို ၾကည့္ၿပီးသာေပ်ာ္သည္။လမ္းေလွ်ာက္ရင္း ေရပက္ခံရသည္ကိုေပ်ာ္သည္။သူတကာတို႔ လမ္းေလွ်ာက္ရင္း ေရပက္ခံၾကသည္ကို ၾကည့္ေနရလွ်င္လည္းေပ်ာ္သည္။

“ဆီးလို႔ႀကိဳေနမယ္…လွမ္းလာခဲ့ေပါ့ကြယ္…

ညစဥ္ရက္ဆက္အတူ …ကဗ်ာေႏြဦးေတးသြားအလွနဲ႔

ကိုယ္ေလေမွ်ာ္ေနမယ္….”

သို႔ေသာ္လည္း လာမယ့္သႀကၤန္ကိုေတာ့ ကြၽန္ေတာ္နားပါဦးမည္။ေရပက္ခံ မထြက္ျဖစ္ပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service