မိုင်ပေါင်း ၂၅၀၀ ခရီးကို ဖြတ်သန်းလာရောက်ခဲ့ကာ ကမ္ဘာကျော်အဆိုတော် Rihanna ကို နေအိမ်ထဲအထိ ဝင်ရောက် ချစ်ရေးဆိုရန် ကြိုးစားသည့်အမျိုးသား၊ (Rihanna ၏ Beverly Hills စံအိမ်)

မိုင်ပေါင်း ၂၅၀၀ ခရီးကို ဖြတ်သန်းလာရောက်ခဲ့ကာ ကမ္ဘာကျော်အဆိုတော် Rihanna ကို နေအိမ်ထဲအထိ ဝင်ရောက် ချစ်ရေးဆိုရန် ကြိုးစားသည့်အမျိုးသား၊ (Rihanna ၏ Beverly Hills စံအိမ်) - Property News in Myanmar from iMyanmarHouse.com
31 Mar 2023 12:48 pm တွင် တင်ခဲ့သည်
632 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်အဆိုတော် Rihanna နေထိုင်ရာ လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ နေအိမ်သို့ ဝင်ရောက်ကာ ချစ်ရေးဆိုရန် ကြိုးစားသည့်အမျိုးသားတစ်ဦး ပြီးခဲ့သော ကြာသပတေးနေ့က ဖမ်းဆီးခြင်းခံလိုက်ရသည်။

TMZ သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါအမျိုးသားသည် Rihanna နေထိုင်သော လော့စ်အိန်ဂျလိမှ မိုင်ပေါင်း ၂၅၀၀ ကျော်ကွာဝေးသည့် တောင်ကာရိုလိုင်းနားပြည်နယ်မှ ခရီးထွက်ခဲ့ကာ Rihanna ကို ဒူးတစ်ဖက်ထောက် ချစ်ရေးဆိုရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် Rihanna မှာ နေအိမ်၌ ရှိ၊ မရှိ မသိရချေ။ သတင်းဌာနများစွာ၏ ဖော်ပြချက်အရ အမျိုးသားတစ်ဦးက ချစ်ရေးဆိုရန် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ရန် ကြိုးစားခဲ့သောကြောင့် Rihanna ၏ Beverly Hills စံအိမ်သို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူ ခဲ့ရသည်ဟု ဆိုသည်။

TMZ သတင်းဌာန၏ ဖော်ပြချက်အရ Rihanna ၏ ခြံဝန်းအတွင်း ကားလမ်းအထိ ကျူးကျော်ဝင်ရောက်လာ သော ထိုအမျိုးသားကို ခြံဝန်းလုံခြုံရေးက ဟန့်တားခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခေါ်ယူခဲ့ပြီး ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း Page Six သတင်းဌာနက ဖော်ပြသည်။

သို့သော် TMZ သတင်းဌာန၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့က ထိုအမျိုးသားအား စစ်ဆေးမေးမြန်းပြီးနောက် မည်သည့်ဥပဒေကိုမှ ချိုးဖောက်ခြင်းမရှိဟုဆိုကာ ပြန်လွှတ်လိုက်ကြောင်း၊ နောက်နောင်တွင် Rihanna ၏ ခြံဝန်းသို့ ပြန်မလာရန် ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

Rihanna သည် သူမ၏ချစ်သူ ရက်ပ်အဆိုတော် A$AP Rocky ၏ ဒုတိယမြောက်ရင်သွေးကို ကိုယ်ဝန်လွယ်ထားရသူ ဖြစ်သည်။

(Rihanna ၏ Beverly Hills စံအိမ်))

Rihanna သည် လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်းပေးခဲ့ရသည်။

တောင်ကုန်းများပေါ်တွင် တည်ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်သည်။

Savills အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် အရောင်းဈေးကွက်တင်ခဲ့သောမှတ်တမ်းအရ နေအိမ်အကျယ် ၇၆၂၈ စတုရန်းပေရှိကြောင်း ဖော်ပြသည်။

အဆိုပါစံအိမ်ကို မူလက ဈေးခေါ်ခဲ့သည်မှာ ဒေါ်လာ ၁၃၉၅၀၀၀၀ ဖြစ်သည်။

Rihanna သည် လော့စ်အိန်ဂျလိတွင် အခြားနေအိမ် ၃ လုံး ပိုင်ဆိုင်ထားသေးပြီး ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အကြား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ယခင်ကလည်း ကျူးကျော်ဝင်ရောက်သူများ ရှိခဲ့ဖူး))

လော့စ်အိန်ဂျလိရဲတပ်ဖွဲ့နှင့် Rihanna ၏ ပြောရေးဆိုခွင့်ရသူတို့က ယခုဖြစ်ရပ်အပေါ် သဘောထားမှတ်ချက် ပြုချင်း မရှိသေးချေ။

ယခင်ကလည်း Rihanna ၏ နေအိမ်အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက်ခဲ့မှု ဖြစ်ခဲ့ဖူးသည်။

၂၀၁၈ ခုနှစ်အတွင်း Eduardo Leon အမည်ရှိ အမျိုးသားတစ်ဦးသည် Rihanna ၏ နေအိမ် (ထိုစဉ်က Hollywood Hills အရပ်ရှိ နေအိမ်တွင်ဖြစ်) အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ အိမ်ထဲတွင် ၁၂ နာရီကျော် စောင့်ဆိုင်းနေခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ Leon သည် Rihanna ၏ နေအိမ်ကို ခြံစည်းရိုးကျော်ကာ ဝင်ရောက်ခဲ့ပြီး အိမ်ထဲတွင် တစ်ညလုံးစောင့်နေခဲ့သည်။

TMZ သတင်းဌာန၏ ဖော်ပြခဲ့မှုအရ ထိုအမျိုးသားသည် Rihanna ၏ နေအိမ်အတွင်း ဖုန်းအားပင် သွင်းခဲ့သေးသည်ဟု ဆိုသည်။

ထိုအချိန်တွင် Rihanna မှာ အိမ်တွင် ရှိမနေခဲ့။

နောက်တစ်နေ့တွင်မူ Rihanna ၏ လက်ထောက်ဖြစ်သူက ထိုအမျိုးသားကို တွေ့ရှိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။

Leon က ရဲတပ်ဖွဲ့ကို ပြောခဲ့သည်မှာ Rihanna နှင့် လိင်ဆက်ဆံရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်ဟု TMZ သတင်းဌာနက ဖော်ပြသည်။

Leon အား လော့စ်အိန်ဂျလိတရားရုံးတွင် ဖောက်ထွင်းမှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

TMZ သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်အတွင်းကလည်း Rihanna ၏ နေအိမ်သို့ အမျိုးသားတစ်ဦး ကျူးကျော်ဝင်ရောက်လာသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရမှု ဖြစ်ပွားခဲ့သေးသည်။

ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် ထိုအမျိုးသားမှာ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

Rihanna က အမေရိကန် Superbowl ဘောလုံးပွဲတွင် သီချင်းဆိုရန် တစ်ညလျှင် ဒေါ်လာ ၈၅၀၀၀ (မြန်မာငွေ ၁၇၈၅ သိန်း) ပေးရသည့် စံအိမ်ကြီး ငှားရမ်းတည်းခိုခဲ့ကာ မြန်မာပြည်ထွက် ဒေါ်လာ ၁ သန်းတန် ပတ္တမြားလက်စွပ်ကြီး ဝတ်ကာ ဖျော်ဖြေခဲ့

https://www.imyanmarhouse.com/news/read/1056081

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A man was arrested after traveling over 2,500 miles to try and propose to Rihanna at her Beverly Hills home: reports (insider)

[Zawgyi]

မိုင္ေပါင္း ၂၅၀၀ ခရီးကို ျဖတ္သန္းလာေရာက္ခဲ့ကာ ကမၻာေက်ာ္အဆိုေတာ္ Rihanna ကုိ ေနအိမ္ထဲအထိ ဝင္ေရာက္ ခ်စ္ေရးဆိုရန္ ၾကိဳးစားသည့္အမ်ဳိးသား၊ (Rihanna ၏ Beverly Hills စံအိမ္)

ကမၻာေက်ာ္အဆိုေတာ္ Rihanna ေနထိုင္ရာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ ေနအိမ္သို႔ ဝင္ေရာက္ကာ ခ်စ္ေရးဆိုရန္ ၾကိဳးစားသည့္အမ်ဳိးသားတစ္ဦး ျပီးခဲ့ေသာ ၾကာသပေတးေန႔က ဖမ္းဆီးျခင္းခံလုိက္ရသည္။

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ အဆိုပါအမ်ဳိးသားသည္ Rihanna ေနထိုင္ေသာ ေလာ့စ္အိန္ဂ်လိမွ မိုင္ေပါင္း ၂၅၀၀ ေက်ာ္ကြာေဝးသည့္ ေတာင္ကာရိုလိုင္းနားျပည္နယ္မွ ခရီးထြက္ခဲ့ကာ Rihanna ကို ဒူးတစ္ဖက္ေထာက္ ခ်စ္ေရးဆိုရန္ ၾကိဳးစားခဲ့ျခင္း ျဖစ္သည္။

အခင္းျဖစ္ပြားခ်ိန္တြင္ Rihanna မွာ ေနအိမ္၌ ရွိ၊ မရွိ မသိရေခ်။ သတင္းဌာနမ်ားစြာ၏ ေဖာ္ျပခ်က္အရ အမ်ဳိးသားတစ္ဦးက ခ်စ္ေရးဆိုရန္ ေနအိမ္အတြင္း တိတ္တဆိတ္ ဝင္ေရာက္ရန္ ၾကိဳးစားခဲ့ေသာေၾကာင့္ Rihanna ၏ Beverly Hills စံအိမ္သို႔ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားေခၚယူ ခဲ့ရသည္ဟု ဆိုသည္။

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ Rihanna ၏ ျခံဝန္းအတြင္း ကားလမ္းအထိ က်ဴးေက်ာ္ဝင္ေရာက္လာ ေသာ ထိုအမ်ဳိးသားကို ျခံဝန္းလံုျခံဳေရးက ဟန္႔တားခဲ့ေၾကာင္း ေဖာ္ျပသည္။

ယင္းေနာက္ ရဲတပ္ဖြဲ႔ကို ဆက္သြယ္ေခၚယူခဲ့ျပီး ပိုင္နက္က်ဴးလြန္မႈျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း Page Six သတင္းဌာနက ေဖာ္ျပသည္။

သို႔ေသာ္ TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ရဲတပ္ဖြဲ႔က ထိုအမ်ဳိးသားအား စစ္ေဆးေမးျမန္းျပီးေနာက္ မည္သည့္ဥပေဒကိုမွ ခ်ဳိးေဖာက္ျခင္းမရွိဟုဆိုကာ ျပန္လႊတ္လိုက္ေၾကာင္း၊ ေနာက္ေနာင္တြင္ Rihanna ၏ ျခံဝန္းသို႔ ျပန္မလာရန္ ေျပာဆိုခဲ့ေၾကာင္း ေဖာ္ျပသည္။

Rihanna သည္ သူမ၏ခ်စ္သူ ရက္ပ္အဆိုေတာ္ A$AP Rocky ၏ ဒုတိယေျမာက္ရင္ေသြးကို ကိုယ္ဝန္လြယ္ထားရသူ ျဖစ္သည္။

(Rihanna ၏ Beverly Hills စံအိမ္))

https://www.usmagazine.com/celebrity-news/pictures/inside-rihannas-13-8-million-mansion-pictures/

Rihanna သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ စံအိမ္ကို ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၆ ရက္က ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၁၃ ဒသမ ၈ သန္းေပးခဲ့ရသည္။

ေတာင္ကုန္းမ်ားေပၚတြင္ တည္ရွိျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္းပါဝင္သည္။

Savills အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ အေရာင္းေစ်းကြက္တင္ခဲ့ေသာမွတ္တမ္းအရ ေနအိမ္အက်ယ္ ၇၆၂၈ စတုရန္းေပရွိေၾကာင္း ေဖာ္ျပသည္။ အဆိုပါစံအိမ္ကို မူလက ေစ်းေခၚခဲ့သည္မွာ ေဒၚလာ ၁၃၉၅၀၀၀၀ ျဖစ္သည္။

Rihanna သည္ ေလာ့စ္အိန္ဂ်လိတြင္ အျခားေနအိမ္ ၃ လံုး ပိုင္ဆိုင္ထားေသးျပီး ၂၀၁၄ မွ ၂၀၁၇ ခုႏွစ္အၾကား ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ယခင္ကလည္း က်ဴးေက်ာ္ဝင္ေရာက္သူမ်ား ရွိခဲ့ဖူး))

ေလာ့စ္အိန္ဂ်လိရဲတပ္ဖြဲ႔ႏွင့္ Rihanna ၏ ေျပာေရးဆိုခြင့္ရသူတို႔က ယခုျဖစ္ရပ္အေပၚ သေဘာထားမွတ္ခ်က္ ျပဳခ်င္း မရွိေသးေခ်။

ယခင္ကလည္း Rihanna ၏ ေနအိမ္အတြင္းသို႔ အမ်ဳိးသားတစ္ဦး ဝင္ေရာက္ခဲ့မႈ ျဖစ္ခဲ့ဖူးသည္။

၂၀၁၈ ခုႏွစ္အတြင္း Eduardo Leon အမည္ရွိ အမ်ဳိးသားတစ္ဦးသည္ Rihanna ၏ ေနအိမ္ (ထိုစဥ္က Hollywood Hills အရပ္ရွိ ေနအိမ္တြင္ျဖစ္) အတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္ကာ အိမ္ထဲတြင္ ၁၂ နာရီေက်ာ္ ေစာင့္ဆိုင္းေနခဲ့သည္။

အသက္ ၂၇ ႏွစ္အရြယ္ရွိ Leon သည္ Rihanna ၏ ေနအိမ္ကို ျခံစည္းရိုးေက်ာ္ကာ ဝင္ေရာက္ခဲ့ျပီး အိမ္ထဲတြင္ တစ္ညလံုးေစာင့္ေနခဲ့သည္။

TMZ သတင္းဌာန၏ ေဖာ္ျပခဲ့မႈအရ ထိုအမ်ဳိးသားသည္ Rihanna ၏ ေနအိမ္အတြင္း ဖုန္းအားပင္ သြင္းခဲ့ေသးသည္ဟု ဆိုသည္။

ထိုအခ်ိန္တြင္ Rihanna မွာ အိမ္တြင္ ရွိမေနခဲ့။

ေနာက္တစ္ေန႔တြင္မူ Rihanna ၏ လက္ေထာက္ျဖစ္သူက ထိုအမ်ဳိးသားကို ေတြ႔ရွိျပီး ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့သည္။

Leon က ရဲတပ္ဖြဲ႔ကို ေျပာခဲ့သည္မွာ Rihanna ႏွင့္ လိင္ဆက္ဆံရန္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္ဟု TMZ သတင္းဌာနက ေဖာ္ျပသည္။ Leon အား ေလာ့စ္အိန္ဂ်လိတရားရံုးတြင္ ေဖာက္ထြင္းမႈ၊ မုဒိမ္းက်င့္ရန္ ၾကံစည္မႈတို႔ျဖင့္ စြဲခ်က္တင္ခဲ့သည္။

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ၂၀၂၁ ခုႏွစ္အတြင္းကလည္း Rihanna ၏ ေနအိမ္သို႔ အမ်ဳိးသားတစ္ဦး က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ ရဲတပ္ဖြဲ႔ကို ေခၚယူရမႈ ျဖစ္ပြားခဲ့ေသးသည္။

ရဲတပ္ဖြဲ႔ ေရာက္ရွိလာခ်ိန္တြင္ ထိုအမ်ဳိးသားမွာ ထြက္ေျပးသြားခဲ့သည္ဟု ဆိုသည္။

(ဆက္စပ္သတင္း)

Rihanna က အေမရိကန္ Superbowl ေဘာလံုးပြဲတြင္ သီခ်င္းဆိုရန္ တစ္ညလွ်င္ ေဒၚလာ ၈၅၀၀၀ (ျမန္မာေငြ ၁၇၈၅ သိန္း) ေပးရသည့္ စံအိမ္ၾကီး ငွားရမ္းတည္းခိုခဲ့ကာ ျမန္မာျပည္ထြက္ ေဒၚလာ ၁ သန္းတန္ ပတၱျမားလက္စြပ္ၾကီး ဝတ္ကာ ေဖ်ာ္ေျဖခဲ့

https://www.imyanmarhouse.com/news/read/1056081

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A man was arrested after traveling over 2,500 miles to try and propose to Rihanna at her Beverly Hills home: reports (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service