အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။

အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။ - Property Knowledge in Myanmar from iMyanmarHouse.com
26 Mar 2023 11:40 am တွင် တင်ခဲ့သည်
568 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရန်ကုန်မြို့မှာ မြေရှိရင် ငွေရှိတယ်တဲ့။ ကိုယ့်မြေအပိုလေးမှာ ဆောက်လုပ်ထားတဲ့အိမ်ခန်း၊ ဆိုင်ခန်းကို အငှားချထားချင်တဲ့အခါ အိမ်ခြံမြေဥပဒေအကြောင်းအချက်လေးအချို့ကိုတော့ သိမှတ်ထားဖို့လိုမယ်နော်။ ဒီကနေ့ညမှာတော့ iMyanmarHouse ဆီသို့ လာရောက်မေးမြန်းကြတဲ့ ဥပဒေမေးခွန်းတွေထဲမှာမှ အမေးအများဆုံးမေးခွန်း သုံးခု ကို တင်ဆက်ပေးလိုက်ပါတယ်ရှင့် ။

 

 

မေးခွန်း (၁) - အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းလျှင် လုပ်ငန်းလိုင်စင်လုပ်ရန် လိုအပ်ပါသလား?

အဖြေ (၁) - မိမိပိုင်အိမ်ခန်း၊ ဆိုင်ခန်းတွေဖြစ်တဲ့ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုငှားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် လုပ်ငန်းလိုင်စင် လျှောက်ထားရမည် ဖြစ်ပါသည်။ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းသည် ငှားရမ်းသည့်အချိန် ကာလနှင့်သက်ဆိုင်ခြင်းမရှိဘဲ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုငှားရမ်းခြင်းအား ဆောင်ရွက်လုပ်ကိုင်သည်နှင့် တစ်ပြိုင်နက် လုပ်ငန်းလိုင်စင်လုပ်ရမှာဖြစ်ပါသည်။ အိမ်ငှားရမ်းခြင်းလုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် လျှောက်ထားရမည်။ အိမ်ငှားရမ်းခြင်း လုပ်ငန်းလိုင်စင်ကို သတ်မှတ်ထားသည့်လျှောက်လွှာတွင် ဖြည့်စွက်ပြီး လျှောက်ထားရမည်။ လျှောက်လွှာနှင့် အတူ အိမ်ခြံမြေပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်၊ ပိုင်ရှင်နဲ့ ငှားရမ်းသူတို့ချုပ်ဆိုထားတဲ့စာချုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ လျှောက်ထားသူအိမ်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယားမိတ္တူ၊ ပတ်စပို့ ဓာတ်ပုံသုံးပုံတို့ တင်ပြရမည်။ ယင်းကဲ့သို့ လျှောက်ထားခြင်းအား အိမ်ငှားရမ်းခြင်း ကတိစာချုပ် ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မဲ့ ငှားရမ်းခဲ့သည်ကို တွေ့ရှိရပါက စည်ပင်ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ပါသည်။

 

 

မေးခွန်း (၂) - ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းဆိုတာဘာလဲ ?

အဖြေ (၂) - ခွင့်ပြုချက်ဖြင့် အခမဲ့ နေထိုင်ခွင့်ပြုခြင်းဆိုသည်မှာ မိမိ ပိုင်ဆိုင်သည့် အဆောက်အအုံတွင် ဖြစ်စေ၊ မြေပေါ်တွင် အဆောက်အအုံ ဆောက်ခွင့်ပြုပြီးဖြစ်စေ အခြားသူတစ်ဦးအား သတ်မှတ်သည့်ကာလအပိုင်းအခြားဖြင့် နေထိုင် နိုင်ရန် ခွင့်ပြုခြင်းကို ဆိုသည်။ ခွင့်ပြုသူအနေဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းအား အချိန်ကာမရွေး ပြန်လည် ရုတ်သိမ်းခွင့် ရှိပါသည်။

ခွင့်ပြုချက်ဖြင့် အခမဲ့ နေထိုင်ခွင့်ပြုခြင်းသည် ဥပစာတွင် နေထိုင်နိုင်ရန် မေတ္တာဖြင့် ခွင့်ပြုခြင်းသာဖြစ်ပြီး နေထိုင်ခွင့်ရရှိသူအနေဖြင့် မည်သည့်အခါတွင်မျှ ပိုင်ရေးဆိုင်ခွင့်ရှိသူအဖြစ်သို့ ပြောင်းလဲ သွားနိုင်ခြင်း မရှိသည်ကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အခမဲ့ နေထိုင်ခွင့်ပြုခြင်းကို ပြန်လည်ရုတ်သိမ်းသည့်အချိန်တွင် နေထိုင်ခွင့်ရရှိထားသူမှ ဥပစာမှ ထွက်ခွာခြင်း မရှိဘဲ ပြန်လည်ခုခံပါက အဆိုပါပုဂ္ဂိုလ်အား ဥပစာမှ ဖယ်ရှားပေးရန် တရားစွဲဆိုနိုင်ပါသည်။

 

 

မေးခွန်း (၃) - တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်များကို မှတ်ပုံတင်ရန် လိုအပ်ပါသလား?

အဖြေ (၃) - တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ဆိုသည် တိုက်ခန်းလက်ရှိဖြစ်သူက အခြားသူတစ်ဦးတစ်ယောက်အား ပိုင်ရေးဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချရန် ချုပ်ဆိုသည့် ကတိစာချုပ်ဖြစ်သည်။ ပဋိညာဉ်အက်ဥပဒေအရ ကတိ စာချုပ်များသည် စာချုပ် ချုပ်ဆိုသူများအကြား တစ်ဖက်မှ ကမ်းလှမ်းချက်ကို တစ်ဖက်မှ လက်ခံပြီး ‌အပြန် အလှန် လိုက်နာရမည့်တာဝန်များ၊ ဝတ္တရားများကို ဖော်ပြထားသည့် ပဋိညာဉ် ဖြစ်သည်။

တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်အား ချုပ်ဆိုသည့်အချိန်တွင် တံဆိပ်ခေါင်းခွန်အနေဖြင့် ၃၀၀ကျပ် ထမ်းဆောင်မှသာ တရားဝင်မည် ဖြစ်ပါသည်။ အရပ်ကတိစာချုပ်ဖြင့် ချုပ်ဆိုကြသည့် တိုက်ခန်းအရောင်းအဝယ်စာချုပ်များသည် ကတိပဋိညာဉ်အဆင့်တွင် ပင် ရှိနေသေးသဖြင့် ယင်းစာချုပ်ကို တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်ဟု အမည်တပ်ချုပ်ဆိုခြင်းဖြစ်၍ မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ရန်မလိုဟု ဦးအေဝမ်းခေါ် ဦးမြတ်စိုးနှင့် ဒေါ်ရာဘီယာ (၎င်း၏ ကိုယ်စားလှယ်စာ ရသူ မလှမြင့်) ၁၉၈၆ခုနှစ်။ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂၈ဆုံးဖြတ်ခဲ့ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္ခန္း၊ ဆိုင္ခန္း ငွားေတာ့မွာလား? ဒီအခ်က္ေလးေတြ သိဖို႔ေတာ့ လိုမယ္ေနာ္။

 

ရန္ကုန္ၿမိဳ႕မွာ ေျမ႐ွိရင္ ေငြ႐ွိတယ္တဲ့။ ကိုယ့္ေျမအပိုေလးမွာ ေဆာက္လုပ္ထားတဲ့အိမ္ခန္း၊ ဆိုင္ခန္းကို အငွားခ်ထားခ်င္တဲ့အခါ အိမ္ျခံေျမဥပေဒအေၾကာင္းအခ်က္ေလးအခ်ိဳ႕ကိုေတာ့ သိမွတ္ထားဖို႔လိုမယ္ေနာ္။ ဒီကေန႔ညမွာေတာ့ iMyanmarHouse ဆီသို႔ လာေရာက္ေမးျမန္းၾကတဲ့ ဥပေဒေမးခြန္းေတြထဲမွာမွ အေမးအမ်ားဆုံးေမးခြန္း သုံးခု ကို တင္ဆက္ေပးလိုက္ပါတယ္႐ွင့္ ။

 

ေမးခြန္း (၁) - အိမ္ခန္း၊ ဆိုင္ခန္းငွားရမ္းလွ်င္ လုပ္ငန္းလိုင္စင္လုပ္ရန္ လိုအပ္ပါသလား?

အေျဖ (၁) - မိမိပိုင္အိမ္ခန္း၊ ဆိုင္ခန္းေတြျဖစ္တဲ့ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကိုငွားရမ္းျခင္းလုပ္ငန္းလုပ္ကိုင္မည္ဆိုလွ်င္ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားရမည္ ျဖစ္ပါသည္။ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္းသည္ ငွားရမ္းသည့္အခ်ိန္ ကာလႏွင့္သက္ဆိုင္ျခင္းမ႐ွိဘဲ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကိုငွားရမ္းျခင္းအား ေဆာင္႐ြက္လုပ္ကိုင္သည္ႏွင့္ တစ္ၿပိဳင္နက္ လုပ္ငန္းလိုင္စင္လုပ္ရမွာျဖစ္ပါသည္။ အိမ္ငွားရမ္းျခင္းလုပ္ငန္းလိုင္စင္ကို သက္ဆိုင္ရာၿမိဳ႕နယ္စည္ပင္တြင္ ေလွ်ာက္ထားရမည္။ အိမ္ငွားရမ္းျခင္း လုပ္ငန္းလိုင္စင္ကို သတ္မွတ္ထားသည့္ေလွ်ာက္လႊာတြင္ ျဖည့္စြက္ၿပီး ေလွ်ာက္ထားရမည္။ ေလွ်ာက္လႊာႏွင့္ အတူ အိမ္ျခံေျမပိုင္ဆိုင္ေၾကာင္းအေထာက္အထားစာခ်ဳပ္၊ ပိုင္႐ွင္နဲ႔ ငွားရမ္းသူတို႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံစာ၊ ေလွ်ာက္ထားသူအိမ္႐ွင္ရဲ႕ မွတ္ပုံတင္မိတၱဴနဲ႔ အိမ္ေထာင္စုဇယားမိတၱဴ၊ ပတ္စပို႔ ဓာတ္ပုံသုံးပုံတို႔ တင္ျပရမည္။ ယင္းကဲ့သို႔ ေလွ်ာက္ထားျခင္းအား အိမ္ငွားရမ္းျခင္း ကတိစာခ်ဳပ္ ခ်ဳပ္ဆိုသည့္ေန႔မွ ရက္ေပါင္း ၆၀ အတြင္း ေလွ်ာက္ထားရမည္ျဖစ္ၿပီး လိုင္စင္မဲ့ ငွားရမ္းခဲ့သည္ကို ေတြ႕႐ွိရပါက စည္ပင္ဥပေဒအရ အေရးယူျခင္း ခံရမည္ ျဖစ္ပါသည္။

 

ေမးခြန္း (၂) - ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္ခြင့္ျပဳျခင္းဆိုတာဘာလဲ ?

အေျဖ (၂) - ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ ေနထိုင္ခြင့္ျပဳျခင္းဆိုသည္မွာ မိမိ ပိုင္ဆိုင္သည့္ အေဆာက္အအုံတြင္ ျဖစ္ေစ၊ ေျမေပၚတြင္ အေဆာက္အအုံ ေဆာက္ခြင့္ျပဳၿပီးျဖစ္ေစ အျခားသူတစ္ဦးအား သတ္မွတ္သည့္ကာလအပိုင္းအျခားျဖင့္ ေနထိုင္ ႏိုင္ရန္ ခြင့္ျပဳျခင္းကို ဆိုသည္။ ခြင့္ျပဳသူအေနျဖင့္ အခမဲ့ေနထိုင္ခြင့္ျပဳျခင္းအား အခ်ိန္ကာမေ႐ြး ျပန္လည္ ႐ုတ္သိမ္းခြင့္ ႐ွိပါသည္။

ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ ေနထိုင္ခြင့္ျပဳျခင္းသည္ ဥပစာတြင္ ေနထိုင္ႏိုင္ရန္ ေမတၱာျဖင့္ ခြင့္ျပဳျခင္းသာျဖစ္ၿပီး ေနထိုင္ခြင့္ရ႐ွိသူအေနျဖင့္ မည္သည့္အခါတြင္မွ် ပိုင္ေရးဆိုင္ခြင့္႐ွိသူအျဖစ္သို႔ ေျပာင္းလဲ သြားႏိုင္ျခင္း မ႐ွိသည္ကို သိ႐ွိနားလည္ထားရန္ လိုအပ္ပါသည္။ အခမဲ့ ေနထိုင္ခြင့္ျပဳျခင္းကို ျပန္လည္႐ုတ္သိမ္းသည့္အခ်ိန္တြင္ ေနထိုင္ခြင့္ရ႐ွိထားသူမွ ဥပစာမွ ထြက္ခြာျခင္း မ႐ွိဘဲ ျပန္လည္ခုခံပါက အဆိုပါပုဂၢိဳလ္အား ဥပစာမွ ဖယ္႐ွားေပးရန္ တရားစြဲဆိုႏိုင္ပါသည္။

 

ေမးခြန္း (၃) - တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္မ်ားကို မွတ္ပုံတင္ရန္ လိုအပ္ပါသလား?

အေျဖ (၃) - တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ဆိုသည္ တိုက္ခန္းလက္႐ွိျဖစ္သူက အျခားသူတစ္ဦးတစ္ေယာက္အား ပိုင္ေရးဆိုင္ခြင့္ကို လႊဲေျပာင္းေရာင္းခ်ရန္ ခ်ဳပ္ဆိုသည့္ ကတိစာခ်ဳပ္ျဖစ္သည္။ ပဋိညာဥ္အက္ဥပေဒအရ ကတိ စာခ်ဳပ္မ်ားသည္ စာခ်ဳပ္ ခ်ဳပ္ဆိုသူမ်ားအၾကား တစ္ဖက္မွ ကမ္းလွမ္းခ်က္ကို တစ္ဖက္မွ လက္ခံၿပီး ‌အျပန္ အလွန္ လိုက္နာရမည့္တာဝန္မ်ား၊ ဝတၱရားမ်ားကို ေဖာ္ျပထားသည့္ ပဋိညာဥ္ ျဖစ္သည္။

တိုက္ခန္းအေရာင္းအဝယ္ကတိစာခ်ဳပ္အား ခ်ဳပ္ဆိုသည့္အခ်ိန္တြင္ တံဆိပ္ေခါင္းခြန္အေနျဖင့္ ၃၀၀က်ပ္ ထမ္းေဆာင္မွသာ တရားဝင္မည္ ျဖစ္ပါသည္။ အရပ္ကတိစာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုၾကသည့္ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္မ်ားသည္ ကတိပဋိညာဥ္အဆင့္တြင္ ပင္ ႐ွိေနေသးသျဖင့္ ယင္းစာခ်ဳပ္ကို တိုက္ခန္းအေရာင္းအဝယ္ကတိစာခ်ဳပ္ဟု အမည္တပ္ခ်ဳပ္ဆိုျခင္းျဖစ္၍ မွတ္ပုံတင္အက္ဥပေဒအရ မွတ္ပုံတင္ရန္မလိုဟု ဦးေအဝမ္းေခၚ ဦးျမတ္စိုးႏွင့္ ေဒၚရာဘီယာ (၎၏ ကိုယ္စားလွယ္စာ ရသူ မလွျမင့္) ၁၉၈၆ခုႏွစ္။ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၂၈ဆုံးျဖတ္ခဲ့ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service