Elon Musk, Jeff Bezos, Bill Gates နှင့် အခြားဘီလျံနာကြီးများ မတန်တဆ ဈေးပေးကာ ဝယ်ယူခဲ့သော အရာများ (ရေငုပ်မော်တော်ကား၊ ၁၄ ပေရှည်သော ဆေးစိမ်ကျားငါးမန်းနှင့် အခြားသော..)

Elon Musk, Jeff Bezos, Bill Gates နှင့် အခြားဘီလျံနာကြီးများ မတန်တဆ ဈေးပေးကာ ဝယ်ယူခဲ့သော အရာများ (ရေငုပ်မော်တော်ကား၊ ၁၄ ပေရှည်သော ဆေးစိမ်ကျားငါးမန်းနှင့် အခြားသော..) - Property News in Myanmar from iMyanmarHouse.com
24 Mar 2023 12:23 pm တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

နည်းပညာနယ်မှ ဘီလျံနာသူဌေးကြီးများသည် ၎င်းတို့၏ ခမ်းနားထည်ဝါသော ဘဝနေထိုင်မှုနှင့် ငွေအလွန်အကျွံသုံးစွဲတတ်မှုတို့ဖြင့် နာမည်ကြီးသည်။

အဆိုပါ သူဌေးကြီးများသည် ၎င်းတို့၏ နည်းပညာလုပ်ငန်းငယ်လေးများကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကုမ္ပဏီကြီးများ ဖြစ်လာစေရန် ကြိုးစားနိုင်ခဲ့ကြမှုနှင့်အတူ ၎င်းတို့သည်လည်း ဒေါ်လာ ဘီလီယံနှင့်ချီကာ ချမ်းသာကြွယ်ဝလာခဲ့ကြသည်။

သင်၏ ဘဝသက်တမ်းအတွင်း သင်သုံးစွဲနိုင်သည့်အတိုင်းအတာထက် ပိုမိုသော ငွေကြေးများ ချမ်းသာလာချိန်တွင် အချို့သောပစ္စည်းများကို မတန်တဆဈေးပေးကာ ဝယ်ယူလာခြင်းမှာ မထူးဆန်းချေ။

၎င်းတို့ ဝယ်ယူခဲ့မှုများတွင် ကုန်းရေ နှစ်တန်သွားနိုင်သည့် မော်တော်ကားမှသည် ဆေးစိမ်ထားသော အလျား ၁၄ ပေရှိ ငါးမန်းတစ်ကောင်အထိ ပါဝင်သည်။

အဆိုပါ ဝယ်ယူမှုများမှာ ရူးနှမ်းမိုက်မဲလှသည်ဟု ယူဆဖွယ်ရာရှိသည်။

ယင်းငွေကြေးများသည် အခြားသူများအတွက် လုပ်ငန်းငယ်တစ်ခု တည်ထောင်နိုင်လောက်သည့် ငွေပမာဏဖြစ်သော်လည်း ကျိကျိတက်ချမ်းသာကြွယ်ဝသူများအတွက်မူ ၎င်းတို့၏ ချမ်းသာဓနကို ပြသသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

 

(Twitter, SpaceX နှင့် Tesla ပိုင်ရှင် Elon Musk ၏ ဝယ်ယူမှု)

ငွေကို မည်သို့သုံးရမည်ဟူသော သင်သိထားသည့်နည်းလမ်းများထက် ပိုမိုချမ်းသာလာလျှင် သင်ဘာလုပ်မည်နည်။

Twitter, SpaceX နှင့် Tesla ကုမ္ပဏီကြီးများ၏ပိုင်ရှင် Elon Musk ကမူ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားတစ်ခုတွင် အသုံးပြုခဲ့သော ရေငုပ်နိုင်သည့် မော်တော်ကားကို ဝယ်ယူခဲ့သည်။

 

 

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ရော်ဂျာမိုး ပါဝင်သရုပ်ဆောင်ခဲ့သော ၁၉၇၇ ခုနှစ်က ရုံတင်ပြသခဲ့သည့် The Spy Who Loved Me ဇာတ်ကားတွင် အသုံးပြုခဲ့သော ရေငုပ်မော်တော်ကားကို Elon Musk က ဒေါ်လာ ၁ သန်းပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

(( Amazon ၏ ပိုင်ရှင် Jeff Bezos))

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျက်ဘေးဇော့စ်သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ ပြတိုက်တစ်ခုကို ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူကာ သူ၏နေအိမ်အဖြစ် ပြောင်းလဲ ခဲ့သည်။

 

 

ထို့အပြင် ဂျက်ဘေးဇော့စ်က ဒေါ်လာ ၁၂ သန်းခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သေးသည်။

 

(လာရီပေ့ချ်)

Google ၏ ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) သည် Senses ဟု အမည်ရသော ရွက်လှေကြီးကို ဒေါ်လာ ၄၅ သန်းပုံပေးကာ ဝယ်ယူခဲ့သည်။

ရွက်လှေကြီးပေါ်တွင် မက်မောဖွယ် feature များ အတိပြီးနေရာ ဂျိန်းစ်ဘွန်းပင် အားကျရမည့် ရွက်လှေကြီး ဖြစ်သည်။

 

ရဟတ်ယာဉ်ကွင်း၊ ဇိမ်ခံလူနေခန်း ၁၀ ခန်းအပြင် jet skis များလည်း ပါဝင်ရာ လာရီပေ့ချ်အနေဖြင့် အမြဲတက်ကြွရွှင်လန်းနေသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။

ဆီလီကွန်တောင်ကြား၏ စိတ်ဖိစီးဖွယ်များမှ ခဏထွက်ပြေးလွတ်မြောက်ရန် ပြီးပြည့်စုံသော ရွက်လှေကြီး ဖြစ်သည်။

 

(Alibaba တည်ထောင်သူ ဂျက်မား)

 

အိမ်ခြံမြေဈေးအကြီးဆုံးအဖြစ် ကမ္ဘာကျော်သော ဟောင်ကောင်၏ အိမ်ခြံမြေဈေးနှုန်းမှာ Alibaba တည်ထောင်သူ ဂျက်မားအတွက် ဂရုစိုက်ဖွယ်မဟုတ်ချေ။

 

 

ဟောင်ကောင်၏ အိမ်ခြံမြေဈေးအကြီးဆုံးဒေသဖြစ်သော The Peak မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၉၁ သန်းဖြင့် အမည်မဖော်ဘဲ ဝယ်ယူသွားသူမှာ ဂျက်မားဖြစ်သည်ဟူသော သတင်းများရှိသည်။

 

(မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်)

နည်းပညာနယ်မှ အခြားသူဌေးကြီးများက ရွက်လှေများ၊ ရေငုပ်သင်္ဘောများ ဝယ်ယူနေချိန်တွင် မိုက္ကရိုဆော့ဖ် ကော်ပိုရေးရှင်း၏ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ် ဝယ်ယူခဲ့သည်မှာ ဂျက်လေယာဉ်ကြီးတစ်စင်း ဖြစ်သည်။

 

ဘီလ်ဂိတ်၏ ဂျက်လေယာဉ်မှာ သမားရိုးကျ ဂျက်လေယာဉ်အများစုထက် ကြီးမားသော ဘိုးအင်း ၇၅၇ လေယာဉ်ကြီးဖြစ်သည်။

အဆိုပါ လေယာဉ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး master bedroom ၊ ညစာစားခန်းနှင့် ရုပ်ရှင်ရုံတို့ ပါဝင်သည်။

(တယ်လီကွန် ဆက်သွယ်ရေးကုမ္ပဏီပိုင်ရှင် ကားလော့စ် စလင်း))

မက္ကဆီကို တယ်လီကွန်သူဌေးကြီး ကားလော့စ် စလင်းသည် အနုပညာလက်ရာပေါင်း ၆၅၀၀၀ ကျော် ဝယ်ယူစုဆောင်းထားသူဖြစ်ပြီး ထိုအနုပညာပစ္စည်းများထားရန် ပြတိုက်တစ်ခုကိုလည်း ဒေါ်လာ သန်း ၈၀၀ အကုန်အကျခံဆောက်လုပ်ထားသည်။

 

 

ပြတိုက်အဆောက်အအုံ ကိုယ်တိုင်သည်ပင်လျှင် ဂန္ထဝင်မြောက်နေပြီး ယင်း၏ တမူထူးသော ဒီဇိုင်းလက်ရာမှာ သင့်အား ပါးစပ်အဟောင်းသား ဖြစ်စေမည် ဖြစ်သည်။

ထိုပြတိုက်တွင် ဂန္ထဝင်အနုပညာရှင်များဖြစ်သော Auguste Rodin, Salvador Dalí, Bartolomé Esteban Murillo နှင့် Tintoretto တို့၏ အနုပညာပစ္စည်းများကို ပြသထားသည်။

(ဘီလျံနာ စတီဗင် ကိုဟင်))

ဘီလျံနာသူဌေးကြီး စတီဗင် ကိုဟင် (Steven Cohen) ၏ ဝယ်ယူစုဆောင်းမှုမှာကား တမူထူးသည်။

စတီဗင် ကိုဟင် ဈေးကြီးပေးကာ ဝယ်ယူထားသည်မှာ အရက်၊ formaldehyde တို့ဖြင့် ဆေးစိမ်ထားသော အလျား ၁၄ ပေရှိသည့် ကျားငါးမန်းတစ်ကောင် ဖြစ်သည်။

 

 

ထိုဆေးစိမ်ငါးမန်းကို ယခင်က ဝယ်ယူပိုင်ဆိုင်ခဲ့သူမှာ Charles Saatchi ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ကန်ဒေါ်လာ ၉၃၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စတီဗင် ကိုဟင်က ဆေးစိမ်ကျားငါးမန်းကို ဝယ်ယူခဲ့သည့်ဈေးနှုန်းကိုမူ မသိရချေ။ သို့သော် ကန်ဒေါ်လာ ၈ သန်းမှ ၁၂ သန်းကြားဖြစ်ဖွယ်ရှိသည်ဟု အချို့က ခန့်မှန်းသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk, Jeff Bezos, Bill Gates and Other Billionaires Outrageously Lavish Purchases That Will Make Your Head Spin ( finance.yahoo)

 

 

 

[Zawgyi]

Elon Musk, Jeff Bezos, Bill Gates ႏွင့္ အျခားဘီလ်ံနာၾကီးမ်ား မတန္တဆ ေစ်းေပးကာ ဝယ္ယူခဲ့ေသာ အရာမ်ား (ေရငုပ္ေမာ္ေတာ္ကား၊ ၁၄ ေပရွည္ေသာ ေဆးစိမ္က်ားငါးမန္းႏွင့္ အျခားေသာ..)

 

နည္းပညာနယ္မွ ဘီလ်ံနာသူေဌးၾကီးမ်ားသည္ ၎တို႔၏ ခမ္းနားထည္ဝါေသာ ဘဝေနထိုင္မႈႏွင့္ ေငြအလြန္အကၽြံသံုးစြဲတတ္မႈတို႔ျဖင့္ နာမည္ၾကီးသည္။

အဆိုပါ သူေဌးၾကီးမ်ားသည္ ၎တုိ႔၏ နည္းပညာလုပ္ငန္းငယ္ေလးမ်ားကို ကမၻာေပၚတြင္ အၾကီးမားဆံုး ကုမၸဏီၾကီးမ်ား ျဖစ္လာေစရန္ ၾကိဳးစားႏိုင္ခဲ့ၾကမႈႏွင့္အတူ ၎တို႔သည္လည္း ေဒၚလာ ဘီလီယံႏွင့္ခ်ီကာ ခ်မ္းသာၾကြယ္ဝလာခဲ့ၾကသည္။

သင္၏ ဘဝသက္တမ္းအတြင္း သင္သံုးစြဲႏိုင္သည့္အတိုင္းအတာထက္ ပိုမိုေသာ ေငြေၾကးမ်ား ခ်မ္းသာလာခ်ိန္တြင္ အခ်ဳိ႕ေသာပစၥည္းမ်ားကို မတန္တဆေစ်းေပးကာ ဝယ္ယူလာျခင္းမွာ မထူးဆန္းေခ်။

၎တို႔ ဝယ္ယူခဲ့မႈမ်ားတြင္ ကုန္းေရ ႏွစ္တန္သြားႏိုင္သည့္ ေမာ္ေတာ္ကားမွသည္ ေဆးစိမ္ထားေသာ အလ်ား ၁၄ ေပရွိ ငါးမန္းတစ္ေကာင္အထိ ပါဝင္သည္။

အဆိုပါ ဝယ္ယူမႈမ်ားမွာ ရူးႏွမ္းမိုက္မဲလွသည္ဟု ယူဆဖြယ္ရာရွိသည္။

ယင္းေငြေၾကးမ်ားသည္ အျခားသူမ်ားအတြက္ လုပ္ငန္းငယ္တစ္ခု တည္ေထာင္ႏိုင္ေလာက္သည့္ ေငြပမာဏျဖစ္ေသာ္လည္း က်ိက်ိတက္ခ်မ္းသာၾကြယ္ဝသူမ်ားအတြက္မူ ၎တို႔၏ ခ်မ္းသာဓနကို ျပသသည့္ နည္းလမ္းတစ္ခုသာ ျဖစ္သည္။

 

(Twitter, SpaceX ႏွင့္ Tesla ပိုင္ရွင္ Elon Musk ၏ ဝယ္ယူမႈ)

ေငြကို မည္သို႔သံုးရမည္ဟူေသာ သင္သိထားသည့္နည္းလမ္းမ်ားထက္ ပိုမိုခ်မ္းသာလာလွ်င္ သင္ဘာလုပ္မည္နည္။

Twitter, SpaceX ႏွင့္ Tesla ကုမၸဏီၾကီးမ်ား၏ပိုင္ရွင္ Elon Musk ကမူ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ဇာတ္ကားတစ္ခုတြင္ အသံုးျပဳခဲ့ေသာ ေရငုပ္ႏိုင္သည့္ ေမာ္ေတာ္ကားကို ဝယ္ယူခဲ့သည္။

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ေရာ္ဂ်ာမိုး ပါဝင္သရုပ္ေဆာင္ခဲ့ေသာ ၁၉၇၇ ခုႏွစ္က ရံုတင္ျပသခဲ့သည့္ The Spy Who Loved Me ဇာတ္ကားတြင္ အသံုးျပဳခဲ့ေသာ ေရငုပ္ေမာ္ေတာ္ကားကို Elon Musk က ေဒၚလာ ၁ သန္းေပးကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

 

(( Amazon ၏ ပိုင္ရွင္ Jeff Bezos))

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ဂ်က္ေဘးေဇာ့စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီျမိဳ႕ေတာ္ရွိ ျပတိုက္တစ္ခုကို ကန္ေဒၚလာ ၂၃ သန္းျဖင့္ ဝယ္ယူကာ သူ၏ေနအိမ္အျဖစ္ ေျပာင္းလဲ ခဲ့သည္။

ထို႔အျပင္ ဂ်က္ေဘးေဇာ့စ္က ေဒၚလာ ၁၂ သန္းခန္႔ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေသးသည္။

 

(လာရီေပ့ခ်္)

Google ၏ ပူးတြဲတည္ေထာင္သူ လာရီေပ့ခ်္ (Larry Page) သည္ Senses ဟု အမည္ရေသာ ရြက္ေလွၾကီးကို ေဒၚလာ ၄၅ သန္းပံုေပးကာ ဝယ္ယူခဲ့သည္။

ရြက္ေလွၾကီးေပၚတြင္ မက္ေမာဖြယ္ feature မ်ား အတိျပီးေနရာ ဂ်ိန္းစ္ဘြန္းပင္ အားက်ရမည့္ ရြက္ေလွၾကီး ျဖစ္သည္။ ရဟတ္ယာဥ္ကြင္း၊ ဇိမ္ခံလူေနခန္း ၁၀ ခန္းအျပင္ jet skis မ်ားလည္း ပါဝင္ရာ လာရီေပ့ခ်္အေနျဖင့္ အျမဲတက္ၾကြရႊင္လန္းေနသည္မွာ အံ့အားသင့္ဖြယ္မရွိေခ်။

ဆီလီကြန္ေတာင္ၾကား၏ စိတ္ဖိစီးဖြယ္မ်ားမွ ခဏထြက္ေျပးလြတ္ေျမာက္ရန္ ျပီးျပည့္စံုေသာ ရြက္ေလွၾကီး ျဖစ္သည္။

 

(Alibaba တည္ေထာင္သူ ဂ်က္မား))

အိမ္ျခံေျမေစ်းအၾကီးဆံုးအျဖစ္ ကမၻာေက်ာ္ေသာ ေဟာင္ေကာင္၏ အိမ္ျခံေျမေစ်းႏႈန္းမွာ Alibaba တည္ေထာင္သူ ဂ်က္မားအတြက္ ဂရုစိုက္ဖြယ္မဟုတ္ေခ်။

ေဟာင္ေကာင္၏ အိမ္ျခံေျမေစ်းအၾကီးဆံုးေဒသျဖစ္ေသာ The Peak မွ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၁၉၁ သန္းျဖင့္ အမည္မေဖာ္ဘဲ ဝယ္ယူသြားသူမွာ ဂ်က္မားျဖစ္သည္ဟူေသာ သတင္းမ်ားရွိသည္။

 

(မိုကၠရိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္)

နည္းပညာနယ္မွ အျခားသူေဌးၾကီးမ်ားက ရြက္ေလွမ်ား၊ ေရငုပ္သေဘၤာမ်ား ဝယ္ယူေနခ်ိန္တြင္ မိုကၠရိုေဆာ့ဖ္ ေကာ္ပိုေရးရွင္း၏ ပူးတြဲတည္ေထာင္သူ ဘီလ္ဂိတ္ ဝယ္ယူခဲ့သည္မွာ ဂ်က္ေလယာဥ္ၾကီးတစ္စင္း ျဖစ္သည္။

ဘီလ္ဂိတ္၏ ဂ်က္ေလယာဥ္မွာ သမားရိုးက် ဂ်က္ေလယာဥ္အမ်ားစုထက္ ၾကီးမားေသာ ဘိုးအင္း ၇၅၇ ေလယာဥ္ၾကီးျဖစ္သည္။

အဆိုပါ ေလယာဥ္၏ တန္ဖုိးမွာ ကန္ေဒၚလာ သန္း ၇၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရျပီး master bedroom ၊ ညစာစားခန္းႏွင့္ ရုပ္ရွင္ရံုတို႔ ပါဝင္သည္။

 

(တယ္လီကြန္ ဆက္သြယ္ေရးကုမၸဏီပိုင္ရွင္ ကားေလာ့စ္ စလင္း))

မကၠဆီကို တယ္လီကြန္သူေဌးၾကီး ကားေလာ့စ္ စလင္းသည္ အႏုပညာလက္ရာေပါင္း ၆၅၀၀၀ ေက်ာ္ ဝယ္ယူစုေဆာင္းထားသူျဖစ္ျပီး ထိုအႏုပညာပစၥည္းမ်ားထားရန္ ျပတိုက္တစ္ခုကိုလည္း ေဒၚလာ သန္း ၈၀၀ အကုန္အက်ခံေဆာက္လုပ္ထားသည္။

ျပတိုက္အေဆာက္အအံု ကိုယ္တိုင္သည္ပင္လွ်င္ ဂႏၳဝင္ေျမာက္ေနျပီး ယင္း၏ တမူထူးေသာ ဒီဇိုင္းလက္ရာမွာ သင့္အား ပါးစပ္အေဟာင္းသား ျဖစ္ေစမည္ ျဖစ္သည္။

ထိုျပတိုက္တြင္ ဂႏၳဝင္အႏုပညာရွင္မ်ားျဖစ္ေသာ Auguste Rodin, Salvador Dalí, Bartolomé Esteban Murillo ႏွင့္ Tintoretto တုိ႔၏ အႏုပညာပစၥည္းမ်ားကို ျပသထားသည္။

(ဘီလ်ံနာ စတီဗင္ ကိုဟင္))

ဘီလ်ံနာသူေဌးၾကီး စတီဗင္ ကိုဟင္ (Steven Cohen) ၏ ဝယ္ယူစုေဆာင္းမႈမွာကား တမူထူးသည္။

စတီဗင္ ကိုဟင္ ေစ်းၾကီးေပးကာ ဝယ္ယူထားသည္မွာ အရက္၊ formaldehyde တို႔ျဖင့္ ေဆးစိမ္ထားေသာ အလ်ား ၁၄ ေပရွိသည့္ က်ားငါးမန္းတစ္ေကာင္ ျဖစ္သည္။

ထိုေဆးစိမ္ငါးမန္းကို ယခင္က ဝယ္ယူပိုင္ဆိုင္ခဲ့သူမွာ Charles Saatchi ျဖစ္ျပီး ၁၉၉၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၉၃၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

စတီဗင္ ကိုဟင္က ေဆးစိမ္က်ားငါးမန္းကို ဝယ္ယူခဲ့သည့္ေစ်းႏႈန္းကိုမူ မသိရေခ်။ သို႔ေသာ္ ကန္ေဒၚလာ ၈ သန္းမွ ၁၂ သန္းၾကားျဖစ္ဖြယ္ရွိသည္ဟု အခ်ဳိ႕က ခန္႔မွန္းသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk, Jeff Bezos, Bill Gates and Other Billionaires Outrageously Lavish Purchases That Will Make Your Head Spin ( finance.yahoo)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service