အသက် ၆၆ နှစ်အရွယ်ရှိ မုဆိုးမတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းလိုက်သော သတင်းမီဒီယာဌာန ရာနှင့်ချီကာ ပိုင်သည့် အသက် ၉၂ နှစ်အရွယ်ရှိ ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့နှင့် သူ၏ စံအိမ်များ

အသက် ၆၆ နှစ်အရွယ်ရှိ မုဆိုးမတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းလိုက်သော သတင်းမီဒီယာဌာန ရာနှင့်ချီကာ ပိုင်သည့် အသက် ၉၂ နှစ်အရွယ်ရှိ ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့နှင့် သူ၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
23 Mar 2023 12:19 pm တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(( ရူးပတ် မားဒေါ့ ဘယ်သူလဲ))

 

ရူးပတ် မားဒေါ့ (မွေး ၁၉၃၁) သည် သြစတေးလျနိုင်ငံဖွား၊ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သည်။

သူ၏ ကုမ္ပဏီ News Corp ၏ လက်အောက်တွင် ကမ္ဘာတစ်ဝန်း၌ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာ သတင်းမီဒီယာ ရာနှင့်ချီပြီး ပိုင်ဆိုင်ထားသည်။

ရူးပတ် မားဒေါ့ပိုင်ဆိုင်ထားသည့် သတင်းမီဒီယာများအနက် ဗြိတိန်တွင် The Sun နှင့် Times မဂ္ဂဇင်း၊ သြစတေးလျတွင် Daily Telegraph ၊ Herald Sun နှင့် The Australian ၊ အမေရိကန်ပြည်ထောင်စုတွင် Wall Street Journal နှင့် New York Post သတင်းဌာနများ၊ HarperCollins စာအုပ်တိုက်၊ Sky News Australia နှင့် Fox News ရုပ်သံလိုင်းများ အပါအဝင် ဖြစ်သည်။

ရူးပတ် မားဒေါ့သည် ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော 21st Century Fox ကိုလည်း ၂၀၁၉ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။

၂၀၂၂ ခုနှစ် အချက်အလက်များအရ ရူးပတ် မားဒေါ့၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၁ ဒသမ ၇ ဘီလီယံရှိပြီး အမေရိကန်ပြည်ထောင်စုတွင် ၃၁ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိသည်။

 

 

((အသက် ၆၆ နှစ်အရွယ် မုဆိုးမ Ann Lesley Smith နှင့် စေ့စပ်ကြောင်းလမ်း လိုက်ပြီ))

 

 

 

သတင်းမီဒီယာလုပ်ငန်းရှင် ဘီလျံနာကြီး ရူးပတ်မားဒေါ့သည် ယခုအခါ ပဉ္စမအကြိမ်မြောက် လက်ထပ်ရန် စိုင်းပြင်းလျက်ရှိသည်။

အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သော ဘီလျံနာကြီးက Ann Lesley Smith အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းလိုက်ကြောင်း ၎င်းပိုင်ဆိုင်သည့် သတင်းဌာနတစ်ခုဖြစ်သော New York Post သတင်းဌာနမှတဆင့် ထုတ်ဖော်ဖွင့်ဟလာခြင်း ဖြစ်သည်။

သူဌေးကြီး မားဒေါ့က သတင်းထောက် Cindy Adams ကို ပြောခဲ့သည်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Bel Air အရပ်ရှိ ၎င်းပိုင်ဆိုင်သော Moraga Estate အမည်ရှိ စပျစ်ခြံကြီးတွင် ဇနီးလောင်းဖြစ်လာမည့် Ann Lesley နှင့် ပြီးခဲ့သော စက်တင်ဘာလက စတင်ဆုံစည်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

(ရူးပတ်မားဒေါ့နှင့် Ann Lesley တို့ ပထမဆုံး ဆုံစည်းခဲ့ကြသော ရူးပတ်မားဒေါ့ပိုင် စပျစ်ခြံကြီး။)

 

“ကျွန်တော် တော်တော်စိတ်လှုပ်ရှားကြောက်ရွံ့မိပါတယ်။ ကျွန်တော်ဟာ ချစ်ရမှာကို တော်တော်ထိတ်လန့်ခဲ့ ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးအချစ်ရေးဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ပျော်ပါတယ်” ဟု ရူးပတ်မားဒေါ့က ၎င်းတို့နှစ်ဦး၏ မြန်ဆန်လှသော အချစ်ရေးအကြောင်း ပြောပြသည်။

ရူးပတ်မားဒေါ့က Ann Lesley ကို နယူးယောက်မြို့တွင် စိန်လက်စွပ်ဖြင့် ချစ်ရေးဆိုခဲ့ခြင်း ဖြစ်သည်။

 

 

၎င်းတို့စုံတွဲသည် ယခုနှစ် နွေရာသီအကုန်တွင် လက်ထပ်ရန် ရည်ရွယ်ထားသည်။

“ကျွန်တော်တို့ဘဝရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်ဝက်ကို အတူတကွ ဖြတ်သန်းကြဖို့ ရည်ရွယ်ထားပါတယ်” ဟု ရူးပတ်မားဒေါ့က ပြောသည်။

 

 

အသက် ၆၆ နှစ်ရှိပြီဖြစ်သူ Ann Lesley ၏ ယခင်အိမ်ထောင်မှာ Chester Smith အမည်ရှိ ကန်းထရီး အဆိုတော်တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်က ကွယ်လွန်သွားခဲ့သည်။

 

ရူးပတ်မားဒေါ့၏ ယခင်ဇနီးများကား လေယာဉ်မယ် Patricia Booker ၊ သတင်းထောက်မိန်းကလေး Anna Murdoch ၊ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး Wendi Deng တို့ ဖြစ်သည်။

 

အဆိုပါဇနီးများနောက်ပိုင်း ၂၀၁၆ ခုနှစ်တွင် ရူးပတ်မားဒေါ့သည် မော်ဒယ်တစ်ဦးဖြစ်သူ Jerry Hall နှင့် လန်ဒန်မြို့တွင်လက်ထပ်ခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင်မူ ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

 

((ရူးပတ်မားဒေါ့၏ စံအိမ်များ၊ ရွက်လှေများနှင့် လေယာဉ်ပျံများ))

 

ရူးပတ်မားဒေါ့သည် အင်္ဂလန်၊ တရုတ်ပြည်၊ သြစတေးလျနှင့် အမေရိကတို့တွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထား သည့်အပြင် လေယာဉ်များ၊ ရွက်လှေများလည်း ပိုင်ဆိုင်ထားသည်။

 

 

 

 

(လန်ဒန်မြို့၏ အိမ်ခြံမြေဈေးအကြီးဆုံးနေရာဖြစ်သော Mayfair အရပ်မှ ရူးပတ်မားဒေါ့ပိုင်နေအိမ်။ ဓာတ်ပုံ-AP Images)

 

 

(ရူးပတ်မားဒေါ့၏ နယူးယောက်ရုံးချုပ်မှာ ပဉ္စမရိပ်သာလမ်းရှိ ဤ triplex ခန်းတွင် အခြေစိုက်သည်။ ရူးပတ် မားဒေါ့က ထိုအခန်းကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Google maps)

 

(မားဒေါ့သည် ပဉ္စမရိပ်သာလမ်းအခန်းကို ပြုပြင်မွမ်းမံမှု အလွန်များပြားစွာ ပြုလုပ်ခဲ့ရာ ဒေါ်လာ ၄၀၀၀၀၀ တန် အားကစားလေ့ကျင့်ခန်းမ ထည့်သွင်းမှုလည်း ပါဝင်သည်။ ဓာတ်ပုံ- Curbed)

 

(နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ ရဟတ်ယာဉ်ဖြင့်သွားလျှင် ခဏအတွင်းရောက်ရှိနိုင်သော နေရာတွင် ရူးပတ်မားဒေါ့၏ OYSTER BAY ကမ်းခြေစံအိမ်ကြီး တည်ရှိသည်။ ရူးပတ် မားဒေါ့က ထိုစံအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Curbed)

 

(OYSTER BAY စံအိမ်အတွင်းမြင်ကွင်း)

 

(ရူးပတ်မားဒေါ့သည် လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်တွင် အိပ်ခန်း ၁၁ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၈၇၀၀ ရှိသည့် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ- Curbed)

 

(တရုတ်ပြည်၊ ပေကျင်းမြို့ရှိ FORBIDDEN CITY အနီး လူကုံထံရပ်ကွက်တွင် ရူးပတ်မားဒေါ့က ကွန်ဖြူးရှပ်ဗိသုကာဟန် စံအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး ထိုစံအိမ်တွင် မြေအောက်ရေကူးကန်လည်း ပါသည်။ -Source: NYT)

 

(ရူးပတ်မားဒေါ့ပိုင်ဆိုင်သော ROSEHEARTY အမည်ရှိ ရွက်လှေကြီး)

 

(ရူးပတ်မားဒေါ့သည် ပုံတွင်တွေ့ရသည့် လေယာဉ်ကဲ့သို့ ဘိုးအင်း-၇၃၇ လေယာဉ်ကြီးတစ်စင်းလည်း ပိုင်ဆိုင်ထားသည်)

 

(ရူးပတ်မားဒေါ့သည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းတွင်လည်း စံအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး တည်နေရာ အတိအကျကိုမူ မသိရချေ။ ဖော်ပြပါ ဓာတ်ပုံမှာ ရူးပတ်မားဒေါ့ နေထိုင်ကြီးပြင်းခဲ့ပြီး မိခင်ကြီး ၈၂ နှစ်ကြာ နေထိုင်ခဲ့သော မဲလ်ဘုန်းမြို့မှ ယာတောခြံဖြစ်သည်။ ဓာတ်ပုံ-regs79 on flickr)

 

(မားဒေါ့သည် ဤ SOHO တိုက်ခန်းကို ၂၀၀၅ ခုနှစ်တွင် ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ ဓာတ်ပုံ-Curbed)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rupert Murdoch is engaged to marry Ann Lesley Smith (wikipedia, CNN, nypost, trulia, businessinsider)

 

 

 

 

[Zawgyi]

အသက္ ၆၆ ႏွစ္အရြယ္ရွိ မုဆိုးမတစ္ဦးႏွင့္ ေစ့စပ္ေၾကာင္းလမ္းလိုက္ေသာ သတင္းမီဒီယာဌာန ရာႏွင့္ခ်ီကာ ပိုင္သည့္ အသက္ ၉၂ ႏွစ္အရြယ္ရွိ ကမၻာေက်ာ္သူေဌးၾကီး ရူးပတ္မားေဒါ့ႏွင့္ သူ၏ စံအိမ္မ်ား

 

(( ရူးပတ္ မားေဒါ့ ဘယ္သူလဲ))

ရူးပတ္ မားေဒါ့ (ေမြး ၁၉၃၁) သည္ ၾသစေတးလ်ႏိုင္ငံဖြား၊ အေမရိကန္ႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္ၾကီး ျဖစ္သည္။ သူ၏ ကုမၸဏီ News Corp ၏ လက္ေအာက္တြင္ ကမၻာတစ္ဝန္း၌ ေဒသတြင္းအဆင့္၊ ႏိုင္ငံအဆင့္ႏွင့္ ႏိုင္ငံတကာ သတင္းမီဒီယာ ရာႏွင့္ခ်ီျပီး ပိုင္ဆိုင္ထားသည္။

ရူးပတ္ မားေဒါ့ပိုင္ဆိုင္ထားသည့္ သတင္းမီဒီယာမ်ားအနက္ ျဗိတိန္တြင္ The Sun ႏွင့္ Times မဂၢဇင္း၊ ၾသစေတးလ်တြင္ Daily Telegraph ၊ Herald Sun ႏွင့္ The Australian ၊ အေမရိကန္ျပည္ေထာင္စုတြင္ Wall Street Journal ႏွင့္ New York Post သတင္းဌာနမ်ား၊ HarperCollins စာအုပ္တိုက္၊ Sky News Australia ႏွင့္ Fox News ရုပ္သံလိုင္းမ်ား အပါအဝင္ ျဖစ္သည္။

ရူးပတ္ မားေဒါ့သည္ ကမၻာေက်ာ္ ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီၾကီးျဖစ္ေသာ 21st Century Fox ကိုလည္း ၂၀၁၉ ခုႏွစ္အထိ ပိုင္ဆိုင္ခဲ့သည္။

၂၀၂၂ ခုႏွစ္ အခ်က္အလက္မ်ားအရ ရူးပတ္ မားေဒါ့၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၁ ဒသမ ၇ ဘီလီယံရွိျပီး အေမရိကန္ျပည္ေထာင္စုတြင္ ၃၁ ဦးေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ ရပ္တည္လ်က္ရွိသည္။

((အသက္ ၆၆ ႏွစ္အရြယ္ မုဆိုးမ Ann Lesley Smith ႏွင့္ ေစ့စပ္ေၾကာင္းလမ္း လိုက္ျပီ))

သတင္းမီဒီယာလုပ္ငန္းရွင္ ဘီလ်ံနာၾကီး ရူးပတ္မားေဒါ့သည္ ယခုအခါ ပဥၥမအၾကိမ္ေျမာက္ လက္ထပ္ရန္ စိုင္းျပင္းလ်က္ရွိသည္။

အသက္ ၉၂ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ဘီလ်ံနာၾကီးက Ann Lesley Smith အမည္ရွိ အမ်ဳိးသမီးတစ္ဦးႏွင့္ ေစ့စပ္ေၾကာင္းလမ္းလိုက္ေၾကာင္း ၎ပိုင္ဆိုင္သည့္ သတင္းဌာနတစ္ခုျဖစ္ေသာ New York Post သတင္းဌာနမွတဆင့္ ထုတ္ေဖာ္ဖြင့္ဟလာျခင္း ျဖစ္သည္။

သူေဌးၾကီး မားေဒါ့က သတင္းေထာက္ Cindy Adams ကို ေျပာခဲ့သည္မွာ ကယ္လီဖုိးနီးယားျပည္နယ္၊ Bel Air အရပ္ရွိ ၎ပိုင္ဆိုင္ေသာ Moraga Estate အမည္ရွိ စပ်စ္ျခံၾကီးတြင္ ဇနီးေလာင္းျဖစ္လာမည့္ Ann Lesley ႏွင့္ ျပီးခဲ့ေသာ စက္တင္ဘာလက စတင္ဆံုစည္းခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

  (ရူးပတ္မားေဒါ့ႏွင့္ Ann Lesley တို႔ ပထမဆံုး ဆံုစည္းခဲ့ၾကေသာ ရူးပတ္မားေဒါ့ပိုင္ စပ်စ္ျခံၾကီး။)

“ကၽြန္ေတာ္ ေတာ္ေတာ္စိတ္လႈပ္ရွားေၾကာက္ရြံ႕မိပါတယ္။ ကၽြန္ေတာ္ဟာ ခ်စ္ရမွာကို ေတာ္ေတာ္ထိတ္လန္႔ခဲ့ ပါတယ္။ ဒါေပမယ့္ ဒါက ကၽြန္ေတာ့္ရဲ႕ ေနာက္ဆံုးအခ်စ္ေရးျဖစ္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ္ေပ်ာ္ပါတယ္” ဟု ရူးပတ္မားေဒါ့က ၎တို႔ႏွစ္ဦး၏ ျမန္ဆန္လွေသာ အခ်စ္ေရးအေၾကာင္း ေျပာျပသည္။

ရူးပတ္မားေဒါ့က Ann Lesley ကို နယူးေယာက္ျမိဳ႕တြင္ စိန္လက္စြပ္ျဖင့္ ခ်စ္ေရးဆိုခဲ့ျခင္း ျဖစ္သည္။

၎တို႔စံုတြဲသည္ ယခုႏွစ္ ေႏြရာသီအကုန္တြင္ လက္ထပ္ရန္ ရည္ရြယ္ထားသည္။

“ကၽြန္ေတာ္တို႔ဘဝရဲ႕ က်န္ရွိတဲ့ ဘဝသက္တမ္းတစ္ဝက္ကို အတူတကြ ျဖတ္သန္းၾကဖို႔ ရည္ရြယ္ထားပါတယ္” ဟု ရူးပတ္မားေဒါ့က ေျပာသည္။

အသက္ ၆၆ ႏွစ္ရွိျပီျဖစ္သူ Ann Lesley ၏ ယခင္အိမ္ေထာင္မွာ Chester Smith အမည္ရွိ ကန္းထရီး အဆိုေတာ္တစ္ဦးျဖစ္ျပီး ၂၀၀၈ ခုႏွစ္က ကြယ္လြန္သြားခဲ့သည္။

ရူးပတ္မားေဒါ့၏ ယခင္ဇနီးမ်ားကား ေလယာဥ္မယ္ Patricia Booker ၊ သတင္းေထာက္မိန္းကေလး Anna Murdoch ၊ စီးပြားေရးလုပ္ငန္းရွင္အမ်ဳိးသမီး Wendi Deng တို႔ ျဖစ္သည္။ အဆိုပါဇနီးမ်ားေနာက္ပိုင္း ၂၀၁၆ ခုႏွစ္တြင္ ရူးပတ္မားေဒါ့သည္ ေမာ္ဒယ္တစ္ဦးျဖစ္သူ Jerry Hall ႏွင့္ လန္ဒန္ျမိဳ႕တြင္လက္ထပ္ခဲ့သည္။

ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လတြင္မူ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။

 

((ရူးပတ္မားေဒါ့၏ စံအိမ္မ်ား၊ ရြက္ေလွမ်ားႏွင့္ ေလယာဥ္ပ်ံမ်ား))

ရူးပတ္မားေဒါ့သည္ အဂၤလန္၊ တရုတ္ျပည္၊ ၾသစေတးလ်ႏွင့္ အေမရိကတို႔တြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထား သည့္အျပင္ ေလယာဥ္မ်ား၊ ရြက္ေလွမ်ားလည္း ပိုင္ဆိုင္ထားသည္။

(လန္ဒန္ျမိဳ႕၏ အိမ္ျခံေျမေစ်းအၾကီးဆံုးေနရာျဖစ္ေသာ Mayfair အရပ္မွ ရူးပတ္မားေဒါ့ပိုင္ေနအိမ္။ ဓာတ္ပံု-AP Images)

(ရူးပတ္မားေဒါ့၏ နယူးေယာက္ရံုးခ်ဳပ္မွာ ပဥၥမရိပ္သာလမ္းရွိ ဤ triplex ခန္းတြင္ အေျခစိုက္သည္။ ရူးပတ္ မားေဒါ့က ထိုအခန္းကို ၂၀၀၅ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Google maps)

(မားေဒါ့သည္ ပဥၥမရိပ္သာလမ္းအခန္းကို ျပဳျပင္မြမ္းမံမႈ အလြန္မ်ားျပားစြာ ျပဳလုပ္ခဲ့ရာ ေဒၚလာ ၄၀၀၀၀၀ တန္ အားကစားေလ့က်င့္ခန္းမ ထည့္သြင္းမႈလည္း ပါဝင္သည္။ ဓာတ္ပံု- Curbed)

(နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အရပ္မွ ရဟတ္ယာဥ္ျဖင့္သြားလွ်င္ ခဏအတြင္းေရာက္ရွိႏိုင္ေသာ ေနရာတြင္ ရူးပတ္မားေဒါ့၏ OYSTER BAY ကမ္းေျခစံအိမ္ၾကီး တည္ရွိသည္။ ရူးပတ္ မားေဒါ့က ထိုစံအိမ္ကို ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။ ဓာတ္ပံု-Curbed) (OYSTER BAY စံအိမ္အတြင္းျမင္ကြင္း)

(ရူးပတ္မားေဒါ့သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္တြင္ အိပ္ခန္း ၁၁ ခန္းပါဝင္ျပီး အက်ယ္အဝန္း စတုရန္းေပ ၈၇၀၀ ရွိသည့္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု- Curbed)

(တရုတ္ျပည္၊ ေပက်င္းျမိဳ႕ရွိ FORBIDDEN CITY အနီး လူကံုထံရပ္ကြက္တြင္ ရူးပတ္မားေဒါ့က ကြန္ျဖဴးရွပ္ဗိသုကာဟန္ စံအိမ္တစ္လံုးပိုင္ဆိုင္ထားျပီး ထိုစံအိမ္တြင္ ေျမေအာက္ေရကူးကန္လည္း ပါသည္။ -Source: NYT)

(ရူးပတ္မားေဒါ့ပိုင္ဆိုင္ေသာ ROSEHEARTY အမည္ရွိ ရြက္ေလွၾကီး)

(ရူးပတ္မားေဒါ့သည္ ပံုတြင္ေတြ႔ရသည့္ ေလယာဥ္ကဲ့သို႔ ဘိုးအင္း-၇၃၇ ေလယာဥ္ၾကီးတစ္စင္းလည္း ပိုင္ဆိုင္ထားသည္)

(ရူးပတ္မားေဒါ့သည္ ၾသစေတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းတြင္လည္း စံအိမ္တစ္လံုးပိုင္ဆိုင္ထားျပီး တည္ေနရာ အတိအက်ကိုမူ မသိရေခ်။ ေဖာ္ျပပါ ဓာတ္ပံုမွာ ရူးပတ္မားေဒါ့ ေနထုိင္ၾကီးျပင္းခဲ့ျပီး မိခင္ၾကီး ၈၂ ႏွစ္ၾကာ ေနထိုင္ခဲ့ေသာ မဲလ္ဘုန္းျမိဳ႕မွ ယာေတာျခံျဖစ္သည္။ ဓာတ္ပံု-regs79 on flickr)

(မားေဒါ့သည္ ဤ SOHO တိုက္ခန္းကို ၂၀၀၅ ခုႏွစ္တြင္ ေဒၚလာ ၂၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့သည္။ ဓာတ္ပံု-Curbed)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rupert Murdoch is engaged to marry Ann Lesley Smith (wikipedia, CNN, nypost, trulia, businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service