အင်္ဂလန်နိုင်ငံ အလယ်ပိုင်း Burslem မြို့ငယ်တွင် နေထိုင်သူတစ်ဦး အိမ်ချဲ့ထွင်ဆောက်လုပ်လာမှုမှာ အကျည်းတန်လွန်းကာ မျက်စိ စပါးမွှေးစူးသောကြောင့်ဟုဆိုကာ ဒေသခံများ အိမ်ပြောင်းသွားကြ

အင်္ဂလန်နိုင်ငံ အလယ်ပိုင်း Burslem မြို့ငယ်တွင် နေထိုင်သူတစ်ဦး အိမ်ချဲ့ထွင်ဆောက်လုပ်လာမှုမှာ အကျည်းတန်လွန်းကာ မျက်စိ စပါးမွှေးစူးသောကြောင့်ဟုဆိုကာ ဒေသခံများ အိမ်ပြောင်းသွားကြ - Property News in Myanmar from iMyanmarHouse.com
23 Mar 2023 10:10 am တွင် တင်ခဲ့သည်
1727 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အလယ်ပိုင်း အိုးလုပ်ငန်းဖြင့် နာမည်ကျော် Stoke-on-Trent အမည်ရှိမြို့ကြီးတွင် တည်ရှိသော Burslem မြို့ငယ်တွင် အဆောက်အအုံတစ်လုံးကို ဘေးဘက်တွင် နှစ်ထပ်နှင့် နောက်ဘက်တွင် တစ်ထပ် တိုးချဲ့ဆောက်လုပ်ခဲ့မှုအပေါ် ဒေသခံများက ပရမ်းပတာ စည်းကမ်းမဲ့ခြင်းတစ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ ကြသည်။

ထိုသို့ ချဲ့ထွင်ဆောက်လုပ်မှုမှာ အလွန်အကျည်းတန်ကာ မျက်စိ စပါးမွှေးစူးစရာဖြစ်နေသောကြောင့် ဒေသခံ အချို့မှာ ထိုဒေသတွင် ဆက်လက်မနေထိုင်တော့ဘဲ အိမ်ပြောင်း၍ပင် သွားကြကြောင်း The Sun သတင်းဌာန သို့ ပြောသည်။

(အိမ်နီးချင်းတစ်ဦးက မျက်စိ စပါးမွှေးစူးလောက်အောင် တိုးချဲ့ဆောက်လုပ်မှု လုပ်လာသောကြောင့် ဒေသခံ များ အိမ်ပြောင်းသွားကြသည်။ ဓာတ်ပုံ- Credit: Stoke Live/BPM MEDIA)

(Mohammed Shorab ဆိုသူသည် ခွင့်ပြုချက်ရထားသော နေအိမ်တိုးချဲ့မှု ပုံစံအတိုင်း မဆောက်လုပ်ခဲ့ချေ။ ဓာတ်ပုံ- Credit: Stoke Live/BPM MEDIA)

နေအိမ်တိုးချဲ့ဆောက်လုပ်သူမှာ အငှားယာဉ်မောင်းသူ Mohammed Shorab ဆိုသူဖြစ်ပြီး ခွင့်ပြုချက်ရထား သည့် ပုံစံအတိုင်း မလိုက်နာဘဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မိုဟာမက် ရှိုရက်ဘ်၏ နေအိမ်တိုးချဲ့မှုကို စိတ်ပျက်တုန်လှုပ်နေကြသော ဒေသခံတို့က မြို့ကောင်စီထံ တင်ပြ ခဲ့ကြသည်။

မိုဟာမက်၏ အိမ်နီးချင်းတစ်ဦးဖြစ်သူ ဒေးဗစ် ဂျက်ဆင်က မြို့၏စီမံကိန်းကော်မတီံ တင်ပြသည်မှာ မိုဟာမက် ၏ တုန်လှုပ်ဖွယ်ရာ နေအိမ်တိုးချဲ့မှုကြောင့် ထိုဒေသတွင် နေထိုင်သူများမှာ အိမ်ပြောင်းသွားကြခြင်းများပင် ရှိကြောင်း တင်ပြသည်ဟု Stoke-on-Trent Live သတင်းဌာနက ဖော်ပြသည်။

ဒေးဗစ်ဂျက်ဆင်က ပြောသည်မှာ “အဲဒါဟာ တစ်နှစ်နီးပါးရှိနေပါပြီ။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုတွေနဲ့ နေခဲ့ရတဲ့ တစ်နှစ် တာပါပဲ။ ဒါက အခြားအိမ်ခြံမြေတွေကို ထိခိုက်နစ်နာစေအောင် နေအိမ်တွေ ဆောက်လုပ်လာကြစေဖို့ နမူနာ ဖြစ်လာနိုင်တဲ့၊ အန္တရာယ်ကြီးတဲ့ အစဉ်အလာတစ်ခု ဖြစ်စေပါတယ်”ဟု ဆိုသည်။

မိုဟာမက်၏ တိုးချဲ့ဆောက်လုပ်သော အိမ်သည် တစ်ဘက်ပိတ်လမ်းငယ်တစ်ခုတွင်ရှိပြီး ကန့်ကွက်သူ အလွန်များရာ ဒေသခံတို့၏ စိတ်ပျက်မှုအတိုင်းအတာကို သိနိုင်ကြောင်း ဒေးဗစ်ဂျက်ဆင်က ပြောသည်။

“အဲဒီလမ်းက Burslem မြို့မှာ လူကြိုက်အများဆုံးနေရာတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်နဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့တဲ့သူအချို့ဟာ အခုအိမ်ပြောင်းသွားကြပါပြီ။ တချို့ကတော့ အသက်အရွယ် အိုမင်းနေ ပြီဖြစ်တာကြောင့် အိမ်ပြောင်းဖို့မလွယ်တာကြောင့် ဒီခြောက်လှန့်မှုကနေ ထွက်ပြေးမလွတ်မြောက် နိုင်ကြသေး ပါဘူး။”

မိုဟာမက်သည် မြို့ကောင်စီထံမှ တိုးချဲ့ဆောက်လုပ်မှု ခွင့်ပြုထားသည့်ပုံစံအတိုင်း မလိုက်နာဘဲ အိမ်ရှေ့တွင် ဆင်ဝင်တစ်ခုနှင့် အဆောက်အအုံတစ်လျှောက် အမိုးစွန်းဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။

ထိုအမိုးစွန်းများကို ဂရီစီယန်ဗိသုကာဟန် ကော်လံတိုင် ၅ ခုဖြင့် ထောက်မထားသည်။ အိမ်နီးချင်းများက ပြောသည်မှာ ကျူးကျော်အနှောင့်အယှက်ပေးခြင်းဖြစ်ကြောင်း ပြောကြသည်။

ကြမ်းပြင်အမြင့်ကိုလည်း မြှင့်ထားသည့်အပြင် ပြတင်းများ၏ အရွယ်အစားနှင့် တည်နေရာတို့မှာ ခွင့်ပြုထား သည့် ပုံစံနှင့် ကွဲလွဲနေသည်။

အမျက်ထွက်နေကြသော ဒေသခံတို့ကပြောသည်မှာ ထိုအိမ်သည် တစ်ဘက်ပိတ်လမ်းနှင့် လိုက်ဖက်မှု မရှိဘဲ မျက်စိ စပါးမွှေးစူးစရာဖြစ်ကြောင်း ပြောကြသည်။

ယင်းသို့ ချဲ့ထွင်ဆောက်လုပ်လာမှုမှာ ထိုမြေနေရာတွင် အလွန်အကျွံ ဆောက်လုပ်ထားမှုဖြစ်ကြောင်းလည်း ပြောကြသည်။

Stoke-on-Trent မြို့ကောင်စီ၏ စီမံကိန်းကော်မတီဝင်များက အဆိုပါအိမ်အပေါ် အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် ပြီးခဲ့သောနှစ် ဧပြီလကတည်းက ခွင့်ပြုထားခဲ့ကြသည်။

အရေးယူမည်ဆိုပါက အဆောက်အအုံတစ်ခုလုံးကို ဖျက်သိမ်းစေခြင်း ဖြစ်လာနိုင်သည်။

သို့သော် နောက်ပိုင်းကာလများတွင် မိုဟာမက်သည် စီမံကိန်းကော်မတီဝင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ အိမ်တိုးချဲ့မှုတွင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ကာ လက်ခံနိုင်အောင်လုပ်ဆောင်ရန် သဘောတူညီချက် ရရှိထားသည်ဟု ဆိုသည်။

စံအိမ်ပင်မကိုယ်ထည်နှင့် တိုးချဲ့မှုများ၏ အမြင့်ကို ဆက်လက်ထားရှိနိုင်မည်ဖြစ်သော်လည်း ကော်လံတိုင်များအားလုံးကို ဖယ်ရှားရမည်ဖြစ်ကာ အမိုးစွန်းများကို အရွယ်အစားလျှော့ချရမည် ဖြစ်သည်။

စီမံကိန်းကော်မတီဥက္ကဌ Ross Irving က ပြောသည်မှာ “ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ လျှောက်ထားသူအနေနဲ့ အိမ်နီးချင်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး အနှောင့်အယှက် နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: GETTING UGLY We hate our neighbour’s eyesore extension which is so ugly people have moved OUT… it’s a nightmare (thesun)

[Zawgyi]

အဂၤလန္ႏိုင္ငံ အလယ္ပိုင္း Burslem ျမိဳ႕ငယ္တြင္ ေနထိုင္သူတစ္ဦး အိမ္ခ်ဲ႕ထြင္ေဆာက္လုပ္လာမႈမွာ အက်ည္းတန္လြန္းကာ မ်က္စိ စပါးေမႊးစူးေသာေၾကာင့္ဟုဆိုကာ ေဒသခံမ်ား အိမ္ေျပာင္းသြားၾက

အဂၤလန္ႏိုင္ငံ အလယ္ပိုင္း အိုးလုပ္ငန္းျဖင့္ နာမည္ေက်ာ္ Stoke-on-Trent အမည္ရွိျမိဳ႕ၾကီးတြင္ တည္ရွိေသာ Burslem ျမိဳ႕ငယ္တြင္ အေဆာက္အအံုတစ္လံုးကို ေဘးဘက္တြင္ ႏွစ္ထပ္ႏွင့္ ေနာက္ဘက္တြင္ တစ္ထပ္ တိုးခ်ဲ႕ေဆာက္လုပ္ခဲ့မႈအေပၚ ေဒသခံမ်ားက ပရမ္းပတာ စည္းကမ္းမဲ့ျခင္းတစ္ရပ္အျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့ ၾကသည္။

ထိုသို႔ ခ်ဲ႕ထြင္ေဆာက္လုပ္မႈမွာ အလြန္အက်ည္းတန္ကာ မ်က္စိ စပါးေမႊးစူးစရာျဖစ္ေနေသာေၾကာင့္ ေဒသခံ အခ်ဳိ႕မွာ ထိုေဒသတြင္ ဆက္လက္မေနထိုင္ေတာ့ဘဲ အိမ္ေျပာင္း၍ပင္ သြားၾကေၾကာင္း The Sun သတင္းဌာန သို႔ ေျပာသည္။

(အိမ္နီးခ်င္းတစ္ဦးက မ်က္စိ စပါးေမႊးစူးေလာက္ေအာင္ တိုးခ်ဲ႕ေဆာက္လုပ္မႈ လုပ္လာေသာေၾကာင့္ ေဒသခံ မ်ား အိမ္ေျပာင္းသြားၾကသည္။ ဓာတ္ပံု- Credit: Stoke Live/BPM MEDIA)

(Mohammed Shorab ဆိုသူသည္ ခြင့္ျပဳခ်က္ရထားေသာ ေနအိမ္တိုးခ်ဲ႕မႈ ပံုစံအတိုင္း မေဆာက္လုပ္ခဲ့ေခ်။ ဓာတ္ပံု- Credit: Stoke Live/BPM MEDIA)

ေနအိမ္တိုးခ်ဲ႕ေဆာက္လုပ္သူမွာ အငွားယာဥ္ေမာင္းသူ Mohammed Shorab ဆိုသူျဖစ္ျပီး ခြင့္ျပဳခ်က္ရထား သည့္ ပံုစံအတိုင္း မလိုက္နာဘဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

မိုဟာမက္ ရႈိရက္ဘ္၏ ေနအိမ္တိုးခ်ဲ႕မႈကို စိတ္ပ်က္တုန္လႈပ္ေနၾကေသာ ေဒသခံတို႔က ျမိဳ႕ေကာင္စီထံ တင္ျပ ခဲ့ၾကသည္။

မိုဟာမက္၏ အိမ္နီးခ်င္းတစ္ဦးျဖစ္သူ ေဒးဗစ္ ဂ်က္ဆင္က ျမိဳ႕၏စီမံကိန္းေကာ္မတီံ တင္ျပသည္မွာ မိုဟာမက္ ၏ တုန္လႈပ္ဖြယ္ရာ ေနအိမ္တိုးခ်ဲ႕မႈေၾကာင့္ ထိုေဒသတြင္ ေနထိုင္သူမ်ားမွာ အိမ္ေျပာင္းသြားၾကျခင္းမ်ားပင္ ရွိေၾကာင္း တင္ျပသည္ဟု Stoke-on-Trent Live သတင္းဌာနက ေဖာ္ျပသည္။

ေဒးဗစ္ဂ်က္ဆင္က ေျပာသည္မွာ “အဲဒါဟာ တစ္ႏွစ္နီးပါးရွိေနပါျပီ။ စိတ္ဖိစီးမႈ၊ စိုးရိမ္မႈေတြနဲ႔ ေနခဲ့ရတဲ့ တစ္ႏွစ္ တာပါပဲ။ ဒါက အျခားအိမ္ျခံေျမေတြကို ထိခိုက္နစ္နာေစေအာင္ ေနအိမ္ေတြ ေဆာက္လုပ္လာၾကေစဖို႔ နမူနာ ျဖစ္လာႏိုင္တဲ့၊ အႏၱရာယ္ၾကီးတဲ့ အစဥ္အလာတစ္ခု ျဖစ္ေစပါတယ္”ဟု ဆိုသည္။

မိုဟာမက္၏ တိုးခ်ဲ႕ေဆာက္လုပ္ေသာ အိမ္သည္ တစ္ဘက္ပိတ္လမ္းငယ္တစ္ခုတြင္ရွိျပီး ကန္႔ကြက္သူ အလြန္မ်ားရာ ေဒသခံတို႔၏ စိတ္ပ်က္မႈအတိုင္းအတာကို သိႏိုင္ေၾကာင္း ေဒးဗစ္ဂ်က္ဆင္က ေျပာသည္။

“အဲဒီလမ္းက Burslem ျမိဳ႕မွာ လူၾကိိဳက္အမ်ားဆံုးေနရာေတြထဲမွာ ပါပါတယ္။ ဒါေပမယ့္ အဲ့ဒီအိမ္နဲ႔ နီးနီးကပ္ကပ္ ေနထိုင္ခဲ့တဲ့သူအခ်ဳိ႕ဟာ အခုအိမ္ေျပာင္းသြားၾကပါျပီ။ တခ်ဳိ႕ကေတာ့ အသက္အရြယ္ အိုမင္းေန ျပီျဖစ္တာေၾကာင့္ အိမ္ေျပာင္းဖို႔မလြယ္တာေၾကာင့္ ဒီေျခာက္လွန္႔မႈကေန ထြက္ေျပးမလြတ္ေျမာက္ ႏိုင္ၾကေသး ပါဘူး။”

မိုဟာမက္သည္ ျမိဳ႕ေကာင္စီထံမွ တိုးခ်ဲ႕ေဆာက္လုပ္မႈ ခြင့္ျပဳထားသည့္ပံုစံအတိုင္း မလိုက္နာဘဲ အိမ္ေရွ႕တြင္ ဆင္ဝင္တစ္ခုႏွင့္ အေဆာက္အအံုတစ္ေလွ်ာက္ အမိုးစြန္းေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုအမိုးစြန္းမ်ားကို ဂရီစီယန္ဗိသုကာဟန္ ေကာ္လံတိုင္ ၅ ခုျဖင့္ ေထာက္မထားသည္။ အိမ္နီးခ်င္းမ်ားက ေျပာသည္မွာ က်ဴးေက်ာ္အေႏွာင့္အယွက္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။

ၾကမ္းျပင္အျမင့္ကိုလည္း ျမွင့္ထားသည့္အျပင္ ျပတင္းမ်ား၏ အရြယ္အစားႏွင့္ တည္ေနရာတို႔မွာ ခြင့္ျပဳထား သည့္ ပံုစံႏွင့္ ကြဲလြဲေနသည္။

အမ်က္ထြက္ေနၾကေသာ ေဒသခံတို႔ကေျပာသည္မွာ ထိုအိမ္သည္ တစ္ဘက္ပိတ္လမ္းႏွင့္ လိုက္ဖက္မႈ မရွိဘဲ မ်က္စိ စပါးေမႊးစူးစရာျဖစ္ေၾကာင္း ေျပာၾကသည္။

ယင္းသို႔ ခ်ဲ႕ထြင္ေဆာက္လုပ္လာမႈမွာ ထိုေျမေနရာတြင္ အလြန္အကၽြံ ေဆာက္လုပ္ထားမႈျဖစ္ေၾကာင္းလည္း ေျပာၾကသည္။

Stoke-on-Trent ျမိဳ႕ေကာင္စီ၏ စီမံကိန္းေကာ္မတီဝင္မ်ားက အဆိုပါအိမ္အေပၚ အေရးယူေဆာင္ရြက္မႈ လုပ္ေဆာင္ရန္ ျပီးခဲ့ေသာႏွစ္ ဧျပီလကတည္းက ခြင့္ျပဳထားခဲ့ၾကသည္။

အေရးယူမည္ဆိုပါက အေဆာက္အအံုတစ္ခုလံုးကို ဖ်က္သိမ္းေစျခင္း ျဖစ္လာႏိုင္သည္။

သို႔ေသာ္ ေနာက္ပိုင္းကာလမ်ားတြင္ မိုဟာမက္သည္ စီမံကိန္းေကာ္မတီဝင္မ်ားႏွင့္ ညွိႏႈိင္းမႈမ်ား ျပဳလုပ္ကာ အိမ္တိုးခ်ဲ႕မႈတြင္ ျပဳျပင္ေျပာင္းလဲမႈမ်ားစြာ ျပဳလုပ္ကာ လက္ခံႏိုင္ေအာင္လုပ္ေဆာင္ရန္ သေဘာတူညီခ်က္ ရရွိထားသည္ဟု ဆိုသည္။

စံအိမ္ပင္မကိုယ္ထည္ႏွင့္ တိုးခ်ဲ႕မႈမ်ား၏ အျမင့္ကို ဆက္လက္ထားရွိႏိုင္မည္ျဖစ္ေသာ္လည္း ေကာ္လံတိုင္မ်ားအားလံုးကို ဖယ္ရွားရမည္ျဖစ္ကာ အမိုးစြန္းမ်ားကို အရြယ္အစားေလွ်ာ့ခ်ရမည္ ျဖစ္သည္။

စီမံကိန္းေကာ္မတီဥကၠဌ Ross Irving က ေျပာသည္မွာ “ကၽြန္ေတာ္တို႔အေနနဲ႔ ဒီျပႆနာကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ ေျဖရွင္းႏိုင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္။ ေလွ်ာက္ထားသူအေနနဲ႔ အိမ္နီးခ်င္းေတြနဲ႔ ထိေတြ႔ဆက္ဆံျပီး အေႏွာင့္အယွက္ နည္းႏိုင္သမွ်နည္းေအာင္ လုပ္ေဆာင္ဖို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္”ဟု ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: GETTING UGLY We hate our neighbour’s eyesore extension which is so ugly people have moved OUT… it’s a nightmare (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service