အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှင့်သမီးနေသော အိမ်ကို ရောင်းခိုင်းပြီး ဝေစုတစ်ဝက်တောင်းသည့် အဘိုးအိုကို လူမှုကွန်ရက် တွင် အပြင်းအထန်ဝေဖန်လျက်ရှိ 

အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှင့်သမီးနေသော အိမ်ကို ရောင်းခိုင်းပြီး ဝေစုတစ်ဝက်တောင်းသည့် အဘိုးအိုကို လူမှုကွန်ရက် တွင် အပြင်းအထန်ဝေဖန်လျက်ရှိ  - Property News in Myanmar from iMyanmarHouse.com
22 Mar 2023 11:32 am တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အမေရိကန်ပြည်ထောင်စုသို့ တရားမဝင်သွားရောက်နေထိုင်ခဲ့သော အသက် ၇၃ နှစ်အရွယ်ရှိ တရုတ်အဘိုးအိုသည် တရုတ်ပြည်သို့ ပြန်လာခဲ့ပြီး သူစွန့်ပစ်ထားရစ်ခဲ့သော ဇနီးနှင့် သမီးတို့ လက်ရှိနေထိုင်နေသော လူနေခန်းကို ရောင်းချခိုင်းကာ ဝေစုတစ်ဝက်တောင်းခဲ့မှုအပေါ် ပြည်မကြီး လူမှုကွန်ရက်တွင် များစွာအမျက်ထွက်ကာ ပြစ်တင်ရှုတ်ချလျက်ရှိသည်။

လျိုယုရှန်း (Liu Yusheng) သည် အမေရိကသို့ လွန်ခဲ့သော ၃၃ နှစ်က အစ်ကိုဖြစ်သူနှင့်အတူ သွားရောက်ခဲ့ ခြင်းဖြစ်ပြီး အမေရိကန်တွင် ၎င်းတိို့အနေဖြင့် ငွေတပုံတပင် အလွယ်ကလေးရမည်ဟု မှတ်ထင်ခဲ့ကြကြောင်း တရုတ်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် ifeng.com က ဖော်ပြသည်။

လျိုယုရှန်းသည် ဇနီးနှင့် ထိုစဉ်က ၈ နှစ်အရွယ်သာရှိသေးသော သမီးငယ်ကို ရှန်ဟိုင်းတွင် ကျောခိုင်းထားခဲ့ ကာ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစကာ ဇနီးနှင့် သမီးမှာ လျိုယုရှန်းထံမှ အဆက်အသွယ်မရတော့ချေ။

အမေရိကတွင် တရားမဝင်နေထိုင်ရသူတစ်ဦး၏ ဘဝမှာ ရပ်တည်ရန်ခက်ခဲကြောင်း တွေ့လာရပြီးနောက် လျို၏ အစ်ကိုမှာ တရုတ်ပြည်သို့ ပြန်သွားခဲ့သည်။

လျိုယုရှန်းမှာမူ အမေရိကတွင် ဆက်လက်နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ရာတွင် အလုပ်အကိုင်မရှိဘဲ အိမ်ရာမဲ့ အဖြစ် နှစ်ပေါင်း ၃၀ ကျော်ကာလပတ်လုံး လမ်းဘေးတွင် အိပ်စက်နေထိုင်ခဲ့သည်။

ပြီးခဲ့သောနှစ်စပိုင်းတွင်ကာ လျိုယုရှန်းအတွက် ဘဝအပြောင်းအလဲတစ်ခု ကြုံလာသည်။

ရှန်ဟိုင်းမှလာသော တရုတ်အမျိုးသမီးတစ်ဦးနှင့် နယူးယောက်မြို့လမ်းပေါ်တွင် တွေ့ဆုံခဲ့ရခြင်း ဖြစ်၏။

 

 

(အမေရိကသို့ အိပ်မက်ကြီးကြီးဖြင့် ရောက်လာခဲ့သော်လည်း တရားမဝင်နေထိုင်ရသူတစ်ဦး၏ ဘဝမှာ ခက်ခဲသည်ကို လျိုယုရှန်း တွေ့လာခဲ့ရပြီး ပြီးခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နေထိုင်ခဲ့သည်။ ဓာတ်ပုံ- Weibo)

ထိုအမျိုးသမီးက စာနာစိတ်ရှိစွာဖြင့် လျိုယုရှန်းကို အမေရိကရောက် ရှန်ဟိုင်းမြို့သားများအသင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး အသင်းက အကူအညီပေးနိုင်ရန် မျှော်လင့်ခဲ့သည်။

အသင်းသားများက လျိုယုရှန်းကို ဗွီဒီယိုများရိုက်ကာ လူမှုကွန်ရက်တွင် တင်ခဲ့ကြပြီး အလှူငွေများ ကောက်ခံခဲ့ကြသည်။ ၎င်းတို့က လျိုကို ခိုလှုံနေထိုင်နိုင်မည့်နေရာတစ်ခု စီစဉ်ပေးခဲ့ကြကာ အစားအသောက်များ ဝယ်ပေးခဲ့ကြသည်။

လူမှုကွန်ရက်တွင် ပျံနှံ့နေသော ဗွီဒီယိုဖိုင်များအတွင်း လျိုကပြောထားသည်မှာ မိသားစုက မိမိအပေါ် ခွင့်လွှတ်ရန် မျှော်လင့်ကြောင်း ၊ အမေရိကန်သို့ ရောက်ရှိပြီးကတည်းက အဆက်အသွယ်မရတော့ကြောင်း မိမိ၏ ငွေနှင့် ပတ်စ်ပို့များ အခိုးခံရခြင်းကြောင့် ဖြစ်ကြောင်းပြောထားသည်။

ရှန်ဟိုင်းမြို့သားများအသင်းက လျိုယုရှန်းကို တရုတ်ပြည်မှ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ကြိုးစားခဲ့ကြ သည်။

ထိုအသင်းက ရှန်ဟိုင်းသို့ လေယာဉ်လက်မှတ်နှင့် အခြားကုန်ကျစရိတ်များအတွက် ကန်ဒေါ်လာ ၁၅၀၀၀ အလှူငွေ ရှာဖွေပေးခဲ့ကြသည်။

လျိုယုရှန်းက ပြောသည်မှာ ဇနီးဖြစ်သူနှင့် ပြန်လည်ပေါင်းစည်းခွင့်ရပါက ဇနီးကို ဂရုစိုက်သွားမည်ဖြစ်ကြောင်း နှင့် ငွေရရန်ကြိုးစားအလုပ်လုပ်မည်ဟု ကတိပြုကြောင်း ပြောသည်။

 

(မိသားစုကို ပြန်လည်အကူအညီပေးမည်ဟူသော လျို၏ စကားကိုယုံကာ ရှန်ဟိုင်းမြို့သားများအသင်းက လျိုအား တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။ ဓာတ်ပုံ- Bilibili)

လျိုသည် ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကနဦးတွင် ဇနီးနှင့် သမီးကို ရှာမတွေ့ခဲ့။

ရှန်ဟိုင်းမြို့အသင်းက နောက်ပိုင်းတွင် လျို၏ ဇနီးနှင့်သမီးကို အဆက်အသွယ်ရလာခဲ့သည်။

သို့သော် ၎င်းတို့နှစ်ဦးလုံးက လျိုနှင့် စကားပြောရန် ၊ တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။

လျို၏ သားမက်က သတင်းမီဒီယာများသို့ ပြောသည်မှာ “ခင်ဗျားက အိမ်ကနေ နှစ်တွေအများကြီးထွက်သွားတယ်။

မိသားစုအပေါ် လစ်လျူရှုထားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ မိသားစုကလည်း ခင်ဗျားကို မရှိသလိုပဲ သဘောထားတယ်။ ကျွန်တော်တို့ ခင်ဗျားနဲ့ ပြန်လည် ပေါင်းစည်းမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။

သားမက်ဖြစ်သူက လျိုအား ရက်စက်သော အဘိုးကြီးဟု သတ်မှတ်ခဲ့သည်။

လျိုက ပြောသည်မှာ သူသည် အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး အစိုးရက တိုက်ခန်းတစ်ခန်းပေးခဲ့ ကြောင်း ၊ အဆိုပါ အခန်းတွင် ဇနီးနှင့် သမီးတို့ နေထိုင်ခဲ့ကြကြောင်း ၊ ၁၉၉၀ ပြည့်နှစ်တွင် တရုတ်ပြည်က ထွက်ခွာခဲ့ကြောင်း ပြောသည်။ နောင် ၃ နှစ်အကြာတွင် ထိုအဆောက်အအုံကို ဖြိုချဖျက်သိမ်းခဲ့ပြီး အာဏာပိုင်တို့က လျို၏ မိသားစုအား ပိုမိုကြီးမားသည့် အခန်းတစ်ခန်း လျော်ကြေးပေးခဲ့သည်။

အဆိုပါ အခန်းတွင် သူ၏ဇနီး ယနေ့တိုင် နေထိုင်လျက်ရှိသည်။

လျိုက တောင်းဆိုသည်မှာ မိမိအား ထိုအခန်း၏ တစ်ဝက်တွင် နေထိုင်ခွင့်ပေးရန် (သို့မဟုတ်) ကာလပေါက် ဈေး၏ တစ်ဝက်ပေးရန် တောင်းဆိုခဲ့သည်။

ထိုအခန်းသည် ရှန်ဟိုင်းမြို့လည်တွင် တည်ရှိပြီး လက်ရှိအားဖြင့် ယွမ်ငွေ သန်းပေါင်းများစွာတန်ကြောင်း ifeng.com သတင်းဌာနက ဖော်ပြသည်။

၎င်း၏ တောင်းဆိုချက်များကို သဘောမတူပါက တရားစွဲမည်ဖြစ်ကြောင်း လျိုက ခြိမ်းခြောက်ထားသည်။

 

 

(ဇနီးဖြစ်သူအား နေအိမ်တဝက်တောင်းသည့် လျို၏ လုပ်ရက်အပေါ် တရုတ်ပြည်သူများက အမျက်ထွက်လျက်ရှိကြောင်း တရုတ်ပြည်တွင်း သတင်းမီဒီယာတို့က ဖော်ပြသည်။ ဓာတ်ပုံ- Bilibili)

လျိုသည် လက်ရှိအားဖြင့် ရှန်ဟိုင်းမြို့ရှိ ခိုလှုံရေးစခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘I want my half’: Chinese man who lived illegally in US after abandoning wife and child 3 decades ago returns, demands they sell home to get his share (scmp)

 

 

 

 

[Zawgyi]

အေမရိကန္သို႔ ထြက္သြားျပီး အိမ္ရာမဲ့အျဖစ္ လမ္းေဘးတြင္ ႏွစ္ေပါင္း ၃၀ ခန္႔ေနထိုင္ခဲ့ရျပီးမွ ဇာတိႏိုင္ငံသို႔ ျပန္လာကာ ဇနီးႏွင့္သမီးေနေသာ အိမ္ကို ေရာင္းခိုင္းျပီး ေဝစုတစ္ဝက္ေတာင္းသည့္ အဘိုးအိုကို လူမႈကြန္ရက္ တြင္ အျပင္းအထန္ေဝဖန္လ်က္ရွိ

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔က အေမရိကန္ျပည္ေထာင္စုသို႔ တရားမဝင္သြားေရာက္ေနထိုင္ခဲ့ေသာ အသက္ ၇၃ ႏွစ္အရြယ္ရွိ တရုတ္အဘိုးအိုသည္ တရုတ္ျပည္သုိ႔ ျပန္လာခဲ့ျပီး သူစြန္႔ပစ္ထားရစ္ခဲ့ေသာ ဇနီးႏွင့္ သမီးတို႔ လက္ရွိေနထိုင္ေနေသာ လူေနခန္းကို ေရာင္းခ်ခိုင္းကာ ေဝစုတစ္ဝက္ေတာင္းခဲ့မႈအေပၚ ျပည္မၾကီး လူမႈကြန္ရက္တြင္ မ်ားစြာအမ်က္ထြက္ကာ ျပစ္တင္ရႈတ္ခ်လ်က္ရွိသည္။

လ်ဳိယုရွန္း (Liu Yusheng) သည္ အေမရိကသို႔ လြန္ခဲ့ေသာ ၃၃ ႏွစ္က အစ္ကိုျဖစ္သူႏွင့္အတူ သြားေရာက္ခဲ့ ျခင္းျဖစ္ျပီး အေမရိကန္တြင္ ၎တိုိ႔အေနျဖင့္ ေငြတပံုတပင္ အလြယ္ကေလးရမည္ဟု မွတ္ထင္ခဲ့ၾကေၾကာင္း တရုတ္သတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္သည့္ ifeng.com က ေဖာ္ျပသည္။

လ်ဳိယုရွန္းသည္ ဇနီးႏွင့္ ထိုစဥ္က ၈ ႏွစ္အရြယ္သာရွိေသးေသာ သမီးငယ္ကို ရွန္ဟိုင္းတြင္ ေက်ာခိုင္းထားခဲ့ ကာ ထြက္သြားခဲ့ျခင္း ျဖစ္သည္။

ထိုအခ်ိန္မွစကာ ဇနီးႏွင့္ သမီးမွာ လ်ဳိယုရွန္းထံမွ အဆက္အသြယ္မရေတာ့ေခ်။

အေမရိကတြင္ တရားမဝင္ေနထိုင္ရသူတစ္ဦး၏ ဘဝမွာ ရပ္တည္ရန္ခက္ခဲေၾကာင္း ေတြ႔လာရျပီးေနာက္ လ်ဳိ၏ အစ္ကိုမွာ တရုတ္ျပည္သို႔ ျပန္သြားခဲ့သည္။

လ်ဳိယုရွန္းမွာမူ အေမရိကတြင္ ဆက္လက္ေနထုိင္ခဲ့သည္။ ထိုသို႔ေနထိုင္ရာတြင္ အလုပ္အကိုင္မရွိဘဲ အိမ္ရာမဲ့ အျဖစ္ ႏွစ္ေပါင္း ၃၀ ေက်ာ္ကာလပတ္လံုး လမ္းေဘးတြင္ အိပ္စက္ေနထိုင္ခဲ့သည္။

ျပီးခဲ့ေသာႏွစ္စပိုင္းတြင္ကာ လ်ဳိယုရွန္းအတြက္ ဘဝအေျပာင္းအလဲတစ္ခု ၾကံဳလာသည္။

ရွန္ဟိုင္းမွလာေသာ တရုတ္အမ်ဳိးသမီးတစ္ဦးႏွင့္ နယူးေယာက္ျမိဳ႕လမ္းေပၚတြင္ ေတြ႔ဆံုခဲ့ရျခင္း ျဖစ္၏။

(အေမရိကသို႔ အိပ္မက္ၾကီးၾကီးျဖင့္ ေရာက္လာခဲ့ေသာ္လည္း တရားမဝင္ေနထိုင္ရသူတစ္ဦး၏ ဘဝမွာ ခက္ခဲသည္ကို လ်ဳိယုရွန္း ေတြ႔လာခဲ့ရျပီး ျပီးခဲ့ေသာ ဆယ္စုႏွစ္ ၃ ခုအတြင္း အိမ္ရာမဲ့အျဖစ္ လမ္းေဘးတြင္ ေနထိုင္ခဲ့သည္။ ဓာတ္ပံု- Weibo) ထိုအမ်ဳိးသမီးက စာနာစိတ္ရွိစြာျဖင့္ လ်ဳိယုရွန္းကို အေမရိကေရာက္ ရွန္ဟိုင္းျမိဳ႕သားမ်ားအသင္းႏွင့္ မိတ္ဆက္ေပးခဲ့ျပီး အသင္းက အကူအညီေပးႏိုင္ရန္ ေမွ်ာ္လင့္ခဲ့သည္။

အသင္းသားမ်ားက လ်ိဳယုရွန္းကို ဗြီဒီယိုမ်ားရိုက္ကာ လူမႈကြန္ရက္တြင္ တင္ခဲ့ၾကျပီး အလွဴေငြမ်ား ေကာက္ခံခဲ့ၾကသည္။ ၎တို႔က လ်ဳိကို ခုိလႈံေနထိုင္ႏိုင္မည့္ေနရာတစ္ခု စီစဥ္ေပးခဲ့ၾကကာ အစားအေသာက္မ်ား ဝယ္ေပးခဲ့ၾကသည္။

လူမႈကြန္ရက္တြင္ ပ်ံႏွံ႔ေနေသာ ဗြီဒီယိုဖိုင္မ်ားအတြင္း လ်ဳိကေျပာထားသည္မွာ မိသားစုက မိမိအေပၚ ခြင့္လႊတ္ရန္ ေမွ်ာ္လင့္ေၾကာင္း ၊ အေမရိကန္သို႔ ေရာက္ရွိျပီးကတည္းက အဆက္အသြယ္မရေတာ့ေၾကာင္း မိမိ၏ ေငြႏွင့္ ပတ္စ္ပို႔မ်ား အခိုးခံရျခင္းေၾကာင့္ ျဖစ္ေၾကာင္းေျပာထားသည္။

ရွန္ဟိုင္းျမိဳ႕သားမ်ားအသင္းက လ်ဳိယုရွန္းကို တရုတ္ျပည္မွ မိသားစုႏွင့္ ျပန္လည္ဆံုစည္းႏိုင္ရန္ ၾကိဳးစားခဲ့ၾက သည္။

ထိုအသင္းက ရွန္ဟိုင္းသို႔ ေလယာဥ္လက္မွတ္ႏွင့္ အျခားကုန္က်စရိတ္မ်ားအတြက္ ကန္ေဒၚလာ ၁၅၀၀၀ အလွဴေငြ ရွာေဖြေပးခဲ့ၾကသည္။

လ်ဳိယုရွန္းက ေျပာသည္မွာ ဇနီးျဖစ္သူႏွင့္ ျပန္လည္ေပါင္းစည္းခြင့္ရပါက ဇနီးကို ဂရုစိုက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ေငြရရန္ၾကိဳးစားအလုပ္လုပ္မည္ဟု ကတိျပဳေၾကာင္း ေျပာသည္။

(မိသားစုကို ျပန္လည္အကူအညီေပးမည္ဟူေသာ လ်ဳိ၏ စကားကိုယံုကာ ရွန္ဟိုင္းျမိဳ႕သားမ်ားအသင္းက လ်ဳိအား တရုတ္ျပည္သို႔ ျပန္လည္ ပို႔ေဆာင္ေပးခဲ့ၾကသည္။ ဓာတ္ပံု- Bilibili)

လ်ဳိသည္ ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလတြင္ ရွန္ဟိုင္းျမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာခဲ့သည္။

ကနဦးတြင္ ဇနီးႏွင့္ သမီးကို ရွာမေတြ႔ခဲ့။

ရွန္ဟိုင္းျမိဳ႕အသင္းက ေနာက္ပိုင္းတြင္ လ်ဳိ၏ ဇနီးႏွင့္သမီးကို အဆက္အသြယ္ရလာခဲ့သည္။

သို႔ေသာ္ ၎တို႔ႏွစ္ဦးလံုးက လ်ဳိႏွင့္ စကားေျပာရန္ ၊ ေတြ႔ဆံုရန္ ျငင္းပယ္ခဲ့သည္။

လ်ဳိ၏ သားမက္က သတင္းမီဒီယာမ်ားသို႔ ေျပာသည္မွာ “ခင္ဗ်ားက အိမ္ကေန ႏွစ္ေတြအမ်ားၾကီးထြက္သြားတယ္။

မိသားစုအေပၚ လစ္လ်ဴရႈထားခဲ့တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ မိသားစုကလည္း ခင္ဗ်ားကို မရွိသလိုပဲ သေဘာထားတယ္။ ကၽြန္ေတာ္တို႔ ခင္ဗ်ားနဲ႔ ျပန္လည္ ေပါင္းစည္းမွာ မဟုတ္ပါဘူး”ဟု ဆိုသည္။

သားမက္ျဖစ္သူက လ်ဳိအား ရက္စက္ေသာ အဘုိးၾကီးဟု သတ္မွတ္ခဲ့သည္။

လ်ဳိက ေျပာသည္မွာ သူသည္ အစိုးရဌာနတစ္ခုတြင္ အလုပ္လုပ္ခဲ့ျပီး အစိုးရက တုိက္ခန္းတစ္ခန္းေပးခ့ဲ ေၾကာင္း ၊ အဆိုပါ အခန္းတြင္ ဇနီးႏွင့္ သမီးတို႔ ေနထိုင္ခဲ့ၾကေၾကာင္း ၊ ၁၉၉၀ ျပည့္ႏွစ္တြင္ တရုတ္ျပည္က ထြက္ခြာခဲ့ေၾကာင္း ေျပာသည္။ ေနာင္ ၃ ႏွစ္အၾကာတြင္ ထိုအေဆာက္အအံုကို ျဖိဳခ်ဖ်က္သိမ္းခဲ့ျပီး အာဏာပိုင္တို႔က လ်ဳိ၏ မိသားစုအား ပိုမိုၾကီးမားသည့္ အခန္းတစ္ခန္း ေလ်ာ္ေၾကးေပးခဲ့သည္။

အဆိုပါ အခန္းတြင္ သူ၏ဇနီး ယေန႔တိုင္ ေနထိုင္လ်က္ရွိသည္။

လ်ဳိက ေတာင္းဆိုသည္မွာ မိမိအား ထုိအခန္း၏ တစ္ဝက္တြင္ ေနထိုင္ခြင့္ေပးရန္ (သို႔မဟုတ္) ကာလေပါက္ ေစ်း၏ တစ္ဝက္ေပးရန္ ေတာင္းဆိုခဲ့သည္။

ထိုအခန္းသည္ ရွန္ဟိုင္းျမိဳ႕လည္တြင္ တည္ရွိျပီး လက္ရွိအားျဖင့္ ယြမ္ေငြ သန္းေပါင္းမ်ားစြာတန္ေၾကာင္း ifeng.com သတင္းဌာနက ေဖာ္ျပသည္။

၎၏ ေတာင္းဆိုခ်က္မ်ားကို သေဘာမတူပါက တရားစြဲမည္ျဖစ္ေၾကာင္း လ်ဳိက ျခိမ္းေျခာက္ထားသည္။

(ဇနီးျဖစ္သူအား ေနအိမ္တဝက္ေတာင္းသည့္ လ်ဳိ၏ လုပ္ရက္အေပၚ တရုတ္ျပည္သူမ်ားက အမ်က္ထြက္လ်က္ရွိေၾကာင္း တရုတ္ျပည္တြင္း သတင္းမီဒီယာတို႔က ေဖာ္ျပသည္။ ဓာတ္ပံု- Bilibili)

လ်ဳိသည္ လက္ရွိအားျဖင့္ ရွန္ဟိုင္းျမိဳ႕ရွိ ခိုလံႈေရးစခန္းတစ္ခုတြင္ ေနထိုင္လ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘I want my half’: Chinese man who lived illegally in US after abandoning wife and child 3 decades ago returns, demands they sell home to get his share (scmp)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service