ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်းခြေမြို့ကလေး
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်းခြေမြို့ကလေး - Property News in Myanmar from iMyanmarHouse.com
21 Mar 2023 12:16 pm တွင် တင်ခဲ့သည်
1592 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံရှိ ပင်လယ်ကမ်းခြေမြို့ကလေးတစ်မြို့တွင် ကြောင်အရွယ်အစားခန့်ရှိသော ဧရာမကြွက်ကြီးများ အလွန်ပေါများသောင်းကျန်းနေကြသောကြောင့် မြို့သူမြို့သားများ ခြောက်ခြားလျက်ရှိကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော Tenby အမည်ရှိ ပင်လယ်ကမ်းခြေ မြို့ကလေးတွင် သာယာလှပသော ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ကမ်းပါးနံရံများမှာ ကြွက်တွင်းများ ကြောင့် ပြိုကျလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ထိုဒေသမှ လှေသမားတစ်ဦးဖြစ်သူ Roger Miles က ပြောသည်မှာ မကြာသေးမီလများအတွင်း ကြွက်ပြဿနာ မှာ ပိုမိုဆိုးရွားလာကြောင်း ပြောသည်။
“ညနေစောင်းတွေနဲ့ မနက်စောစောတွေမှာဆို ကြွက်တွေအပြည့်ပဲ။ Castle Hill မှာရှိတဲ့ ချောက်ကမ်းပါးတွေဆို ပြိုကျတောင်နေပါပြီ”
ကြွက်မတစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၆ ကြိမ်သားပေါက်လေ့ရှိပြီး တစ်ကြိမ်လျှင် ၁၂ ကောင် အထက် မွေးလေ့ရှိသည်။
(အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော Tenby အမည်ရှိ ပင်လယ်ကမ်းခြေ မြို့ကလေးတွင် ကြောင်အရွယ်အစားခန့်ရှိသော ဧရာမကြွက်ကြီးများ အလွန်ပေါများ သောင်းကျန်းနေကြ သောကြောင့် မြို့သူမြို့သားများ ခြောက်ခြားလျက်ရှိသည်)
(သာယာလှပသော ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ကမ်းပါးနံရံများမှာ ကြွက်တွင်းများကြောင့် ပြိုကျ လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။)
(Tenby သည် အေးချမ်းသာယာလှပသော ပင်လယ်ကမ်းခြေမြို့ကလေးအဖြစ် လူသိများသည်)  (ဓာတ်ပုံ- shutterstock)
ကြွက်များသည် မွေးဖွားပြီး ၄ ပတ်မှ ၅ ပတ်အတွင်း လိင်ဖွံ့ဖြိုးလာကြရာ ကြွက်အထီးအမ တစ်စုံမှ တစ်နှစ်အတွင်း ကြွက်ကောင်ရေ ၁၂၅၀ အထိ ရောက်ရှိနိုင်သည်။
ဒေသခံတစ်ဦးဖြစ်သူ Derek Brown က BBC သတင်းဌာနသို့ ပြောသည်မှာ “ချောက်ကမ်းပါးနံရံတွေ ပျက်စီးအောင်လုပ်နိုင်တာက အကြီးမားဆုံး စိုးရိမ်ရမှုပါပဲ”ဟု ဆိုသည်။
မြို့ကလေး၏ မြို့တော်ဝန် Sam Skyrme-Blackhall က ပြောသည်မှာ မြို့ကောင်စီအနေဖြင့် ကြွက်များ ရှင်းလင်းရန် ကြွက်ထောင်ချောက်အိမ်များစွာ ချထားလျက်ရှိကြောင်း Metro သတင်းဌာနသို့ ပြောသည်။
သို့သော် ဒေသခံတစ်ဦးက The Sun သတင်းဌာနသို့ ပြောသည်မှာ “ကြွက်တွေရဲ့ ပေါက်ဖွားနှုန်းထက် မြန်အောင် ရှင်းလင်းလို့ မရနိုင်ပါဘူး”ဟု ဆိုသည်။
ပန်ဘရွတ်ခ်ရှိုင်းယားကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က BBC သတင်းဌာနသို့ ပြောသည်မှာ မိမိတို့အနေဖြင့် အဆိုပါကြွက်ပြဿနာကို သတိပြုမိကြောင်းနှင့် ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောသည်။
(ထိုဒေသမှ လှေသမားတစ်ဦးဖြစ်သူ Roger Miles က ပြောသည်မှာ မကြာသေးမီလများအတွင်း ကြွက်ပြဿနာ မှာ ပိုမိုဆိုးရွားလာကြောင်း ပြောသည်။)
(ကြွက်အထီးအမ တစ်စုံမှ တစ်နှစ်အတွင်း ကြွက်ကောင်ရေ ၁၂၅၀ အထိ ပေါက်ဖွားရောက်ရှိနိုင်သည်။)
(မြို့ကောင်စီက ကြွက်များရှင်းလင်းရန် ကြွက်ထောင်ချောက်အိမ်များစွာ ချထားလျက်ရှိသည်)
(ကြွက်မတစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၆ ကြိမ်သားပေါက်လေ့ရှိပြီး တစ်ကြိမ်လျှင် ၁၂ ကောင် အထက် မွေးလေ့ရှိသည်။)
မြို့ကောင်စီက မြို့သူမြို့သားများကို တိုက်တွန်းသည်မှာ ငှက်များကို အစာမကျွေးရန်နှင့် မည်သည့်အစားအစာ မှ မစွန့်ပစ်ရန် တိုက်တွန်းထားသည်။
မြို့တော်ဝန် Skyrme-Blackhall က The Guardian သတင်းဌာနသို့ ပြောသည်မှာ “ငှက်တွေကို အစာကျွေးတဲ့ပြည်သူတွေရှိပါတယ်။ ဒါက ကြွက်တွေကို အစာကျွေးနေသလိုပါပဲ။ သူတို့က ကြင်နာတတ်တယ် လို့ ထင်ကြတယ်။ ဒါပေမယ့် ဒီပြဿနာအတွက် အထောက်အကူမဖြစ်စေပါဘူး”ဟု ဆိုသည်။
ပြည်သူများသည် တာဝန်မယူကြကြောင်း၊ ၎င်းတို့၏ အမှိုက်များနှင့် စားကြွင်းစားကျန်များကို နည်းမှန်လမ်းမှန် မစွန့်ပစ်ကြသောကြောင့် ကြွက်များသောင်းကျန်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“ကျွန်တော်တို့ ပြောဆိုနေတဲ့တချိန်တည်းမှာပဲ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ 
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Seaside town residents left 'living in terror' after being invaded by 'monster rats as big as cats' (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
thukha-garden-residence
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service