မမြင်နိုင်တဲ့မျက်လုံးပေါင်းများစွာက သင့်ကိုစိုက်ကြည့်နေသလို ကျောစိမ့်စေမယ့် မက္ကဆီကိုနိုင်ငံက အရုပ်ကျွန်း

မမြင်နိုင်တဲ့မျက်လုံးပေါင်းများစွာက သင့်ကိုစိုက်ကြည့်နေသလို ကျောစိမ့်စေမယ့် မက္ကဆီကိုနိုင်ငံက အရုပ်ကျွန်း - Property News in Myanmar from iMyanmarHouse.com
21 Mar 2023 10:19 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ငယ်စဉ်ကလေးဘဝတုန်းက အတူဆော့ကစားနေကျအရုပ်လေးတွေဟာ ချစ်စရာကောင်းပြီး ကလေးတိုင်းအတွက် တွယ်တာစရာအဖော်မွန်လေးတွေဖြစ်ခဲ့ကြပါတယ်။

သစ်သစ်လွင်လွင်အချိန်တုန်းကတော့ အပြစ်ကင်းစင်ပြီးချစ်စရာကောင်းပေမဲ့ အကြောင်းတစ်ခုခုကြောင့် ချို့ယွင်းပြီးမပြည့်စုံတော့တဲ့အခါမှာ စွန့်ပစ်ခြင်းခံလိုက်ရတဲ့ အစွန့်ပစ်ခံတွေဖြစ်လာကြပါတော့တယ်။

ဒီလို ပိုင်ရှင်မရှိတော့တဲ့ အထီးကျန်အစွန့်ပစ်ခံအရုပ်တွေအားလုံးအတွက် နားခိုစရာနေရာလေးတစ်ခုကလည်းရှိနေပြန်ပါတယ်။

အဲဒီနေရာကတော့ မက္ကဆီကိုနိုင်ငံ ၊ Xochimilco တူးမြောင်းတွေထဲက Floating island (သို့) The islands of dolls လို့အမည်ရတဲ့ ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာဆိုရင် ကျိုးပဲ့ဟောင်းနွမ်းပျက်စီးနေတဲ့အရုပ်တွေ နေရာအနှံ့ပြည့်နှက်နေပြီး နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်ထားနိုင်တဲ့ နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။

အရုပ်အများစုက ကလေးပုံသဏ္ဍာန်အရုပ်တွေဖြစ်ပြီး သစ်ပင်တွေပေါ်မှာ ဟိုဟိုဒီဒီတွဲလောင်းကျနေတဲ့ အစွန့်ပစ်ခံအရုပ်အကျိုးအပျက်တွေအများကြီးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းတွေ့လိုက်ရတဲ့အခါ အရင်ကချစ်စရာအရုပ်လေးတွေဟာ ခြောက်ခြားစရာအသွင်ကိုပြောင်းလဲသွားပြီး မြင်သူတိုင်း‌ကျောစိမ့်စေတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါတယ်။

ဒီကြောက်စရာမြင်ကွင်းရဲ့နောက်ကွယ်မှာတော့ သနားစရာဒဏ္ဍာရီလေးတစ်ခု ရှိနေခဲ့ပါတယ်။အရုပ်ကျွန်းရယ်လို့မဖြစ်လာခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အရုပ်ကျွန်းကို Julián Santana Barrera ဆိုတဲ့လူတစ်ဦးပိုင်ဆိုင်ခဲ့တယ်။တစ်နေ့မှာ Julian က သူ့ညီမလေးတွေနဲ့အတူ မြစ်ကမ်းနံဘေးမှာ ရေကူးဆော့ကစားနေတဲ့ ကလေးမလေးတစ်ယောက်ကို သတိထားမိခဲ့တယ်။ခဏအကြာမှာတော့ ရုတ်တရက်ရေစီးကြမ်းလာပြီး ထိုကလေးမလေးဟာ ရေစီးနဲ့အတူမျောပါသွားတယ်။Julian လည်းရေထဲကိုချက်ချင်းဆင်းပြီး ကယ်ဆယ်ခဲ့ပေမဲ့ အချိန်မမီတော့ဘဲ ကလေးမလေးဟာရေထဲကို နှစ်မြှုပ်သွားတော့တယ်။ထိုကလေးမလေးသေဆုံးသွားတဲ့နေရာမှာ သူ(မ)ရဲ့အရုပ်လေးကိုသာတွေ့ရပြီး Julian လည်းအပြစ်မကင်းစိတ်နဲ့ အဲဒီအရုပ်လေးကိုသစ်ပင်တစ်ပင်မှာချိတ်ဆွဲပြီး သူ(မ)ရဲ့ဝိဉာဉ်ကိုဂုဏ်ပြုပေးခဲ့တယ်။ နေ့ရက်တွေကုန်လွန်သွားပေမဲ့လည်း ထိုကလေးမလေးရဲ့ဝိဉာဉ်ဟာမငြိမ်းချမ်းသေးဘူးလို့ ခံစားရတဲ့အတွက် Julian ဟာ နောက်ထပ်အရုပ်တွေကို အခြားသစ်ပင်တွေမှာလည်း လိုက်ပြီးချိတ်ဆွဲခဲ့ပါတယ်။

တချို့ကောလာဟလတွေအရ အရုပ်တွေချိတ်ဆွဲပြီးနောက်ပိုင်း Julien ရဲ့အိမ်အနီးဝန်းကျင်မှာ ခြေသံတွေ၊ ငိုရှိုက်သံနဲ့ ငြီးတွားသံတွေကို ကြားရတတ်တယ်လို့ဆိုပါတယ်။၂၀၀၁ ခုနှစ်မှာ‌တော့ထိုကလေးမလေးသေဆုံးခဲ့တဲ့နေရာမှာပဲ Julian တစ်ယောက်ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။Julian သေဆုံးတာနဲ့ပတ်သက်ပြီးဘယ်လိုသေဆုံးသွားတယ်၊ ဘာကြောင့်သေဆုံးသွားတယ်ဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပေမဲ့ သူပိုင်ဆိုင်ခဲ့တဲ့ကျွန်းကတော့ The islands of dolls (အရုပ်ကျွန်း) အဖြစ် ကမ္ဘာကျော်လာခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ Xochimilco ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး အရုပ်ကျွန်းကလည်း နိုင်ငံခြားခရီးသွားတွေ၊ ပရလောကစူးစမ်းရှာဖွေရေးသမားတွေနဲ့ ကမ္ဘာတစ်ဝှမ်းကသတ္တိခဲတွေမျက်စိကျလည်ပတ်တဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာတွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်အရ ကျွန်းပေါ်မှာ တီးတိုးပြောဆိုသံတွေနဲ့ ခြေသံတွေကို ကြားရတတ်ပြီး တစ်ခါတစ်ရံမှာ အရုပ်တွေကလှုပ်သွားတာ၊ မျက်တောင်ခတ်သွားတာ၊ ဧည့်သည်တွေသွားတဲ့နောက်ကို ခေါင်းလှည့်ပြီးလိုက်ကြည့်တာမျိုးတွေရှိတယ်လို့ပြောကြပါတယ်။

တချို့ကလည်း ဒီအရုပ်တွေမှာ မမြင်နိုင်တဲ့ဝိဉာဉ်တွေခိုအောင်းနေတယ်လို့ ထင်ကြေးပေးပြောဆိုကြပါတယ်။

ကျွန်းပေါ်ကအရုပ်တွေမှာ တကယ်ပဲဝိဉာဉ်တွေခိုအောင်းနေတာလားဆိုတာကို ဘယ်သူမှသေချာမပြောနိုင်ပေမဲ့ ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ အရုပ်အပျက်အစီးတွေနေရာအနှံ့မင်းမူနေတဲ့ ကျောချမ်းဖွယ်အရုပ်ကျွန်းကတော့ ကမ္ဘာ့တစ်ဝှမ်းကခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်နေဆဲပဲ ဆိုတာကတော့ အသေအချာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

  (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : thetravel.com

[Zawgyi]

မျမင္ႏိုင္တဲ့မ်က္လုံးေပါင္းမ်ားစြာက သင့္ကိုစိုက္ၾကည့္ေနသလို ေက်ာစိမ့္ေစမယ့္ မကၠဆီကိုႏိုင္ငံက အ႐ုပ္ကြၽန္း

ငယ္စဥ္ကေလးဘဝတုန္းက အတူေဆာ့ကစားေနက်အ႐ုပ္ေလးေတြဟာ ခ်စ္စရာေကာင္းၿပီး ကေလးတိုင္းအတြက္ တြယ္တာစရာအေဖာ္မြန္ေလးေတြျဖစ္ခဲ့ၾကပါတယ္။

သစ္သစ္လြင္လြင္အခ်ိန္တုန္းကေတာ့ အျပစ္ကင္းစင္ၿပီးခ်စ္စရာေကာင္းေပမဲ့ အေၾကာင္းတစ္ခုခုေၾကာင့္ ခ်ိဳ႕ယြင္းၿပီးမျပည့္စုံေတာ့တဲ့အခါမွာ စြန္႔ပစ္ျခင္းခံလိုက္ရတဲ့ အစြန္႔ပစ္ခံေတြျဖစ္လာၾကပါေတာ့တယ္။

ဒီလို ပိုင္႐ွင္မ႐ွိေတာ့တဲ့ အထီးက်န္အစြန္႔ပစ္ခံအ႐ုပ္ေတြအားလုံးအတြက္ နားခိုစရာေနရာေလးတစ္ခုကလည္း႐ွိေနျပန္ပါတယ္။

အဲဒီေနရာကေတာ့ မကၠဆီကိုႏိုင္ငံ ၊ Xochimilco တူးေျမာင္းေတြထဲက Floating island (သို႔) The islands of dolls လို႔အမည္ရတဲ့ ကြၽန္းတစ္ကြၽန္းပဲျဖစ္ပါတယ္။အဲဒီကြၽန္းေပၚမွာဆိုရင္ က်ိဳးပဲ့ေဟာင္းႏြမ္းပ်က္စီးေနတဲ့အ႐ုပ္ေတြ ေနရာအႏွံ႔ျပည့္ႏွက္ေနၿပီး ႏိုင္ငံျခားခရီးသြားေတြကိုဆြဲေဆာင္ထားႏိုင္တဲ့ ေနရာတစ္ခုဆိုရင္လည္းမမွားပါဘူး။

အ႐ုပ္အမ်ားစုက ကေလးပုံသ႑ာန္အ႐ုပ္ေတြျဖစ္ၿပီး သစ္ပင္ေတြေပၚမွာ ဟိုဟိုဒီဒီတြဲေလာင္းက်ေနတဲ့ အစြန္႔ပစ္ခံအ႐ုပ္အက်ိဳးအပ်က္ေတြအမ်ားႀကီးကို တစ္ေနရာတည္းမွာ တစ္စုတစ္စည္းတည္းေတြ႕လိုက္ရတဲ့အခါ အရင္ကခ်စ္စရာအ႐ုပ္ေလးေတြဟာ ေျခာက္ျခားစရာအသြင္ကိုေျပာင္းလဲသြားၿပီး ျမင္သူတိုင္း‌ေက်ာစိမ့္ေစတဲ့ ျမင္ကြင္းတစ္ခု ျဖစ္လာပါတယ္။

ဒီေၾကာက္စရာျမင္ကြင္းရဲ႕ေနာက္ကြယ္မွာေတာ့ သနားစရာဒ႑ာရီေလးတစ္ခု ႐ွိေနခဲ့ပါတယ္။အ႐ုပ္ကြၽန္းရယ္လို႔မျဖစ္လာခင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာက္က အ႐ုပ္ကြၽန္းကို Julián Santana Barrera ဆိုတဲ့လူတစ္ဦးပိုင္ဆိုင္ခဲ့တယ္။တစ္ေန႔မွာ Julian က သူ႕ညီမေလးေတြနဲ႔အတူ ျမစ္ကမ္းနံေဘးမွာ ေရကူးေဆာ့ကစားေနတဲ့ ကေလးမေလးတစ္ေယာက္ကို သတိထားမိခဲ့တယ္။ခဏအၾကာမွာေတာ့ ႐ုတ္တရက္ေရစီးၾကမ္းလာၿပီး ထိုကေလးမေလးဟာ ေရစီးနဲ႔အတူေမ်ာပါသြားတယ္။Julian လည္းေရထဲကိုခ်က္ခ်င္းဆင္းၿပီး ကယ္ဆယ္ခဲ့ေပမဲ့ အခ်ိန္မမီေတာ့ဘဲ ကေလးမေလးဟာေရထဲကို ႏွစ္ျမႇဳပ္သြားေတာ့တယ္။ထိုကေလးမေလးေသဆုံးသြားတဲ့ေနရာမွာ သူ(မ)ရဲ႕အ႐ုပ္ေလးကိုသာေတြ႕ရၿပီး Julian လည္းအျပစ္မကင္းစိတ္နဲ႔ အဲဒီအ႐ုပ္ေလးကိုသစ္ပင္တစ္ပင္မွာခ်ိတ္ဆြဲၿပီး သူ(မ)ရဲ႕ဝိဉာဥ္ကိုဂုဏ္ျပဳေပးခဲ့တယ္။ ေန႔ရက္ေတြကုန္လြန္သြားေပမဲ့လည္း ထိုကေလးမေလးရဲ႕ဝိဉာဥ္ဟာမၿငိမ္းခ်မ္းေသးဘူးလို႔ ခံစားရတဲ့အတြက္ Julian ဟာ ေနာက္ထပ္အ႐ုပ္ေတြကို အျခားသစ္ပင္ေတြမွာလည္း လိုက္ၿပီးခ်ိတ္ဆြဲခဲ့ပါတယ္။

တခ်ိဳ႕ေကာလာဟလေတြအရ အ႐ုပ္ေတြခ်ိတ္ဆြဲၿပီးေနာက္ပိုင္း Julien ရဲ႕အိမ္အနီးဝန္းက်င္မွာ ေျခသံေတြ၊ ငို႐ိႈက္သံနဲ႔ ၿငီးတြားသံေတြကို ၾကားရတတ္တယ္လို႔ဆိုပါတယ္။၂၀၀၁ ခုႏွစ္မွာ‌ေတာ့ ထိုကေလးမေလးေသဆုံးခဲ့တဲ့ေနရာမွာပဲ Julian တစ္ေယာက္ထူးဆန္းစြာ ေသဆုံးသြားခဲ့ပါတယ္။Julian ေသဆုံးတာနဲ႔ပတ္သက္ၿပီးဘယ္လိုေသဆုံးသြားတယ္၊ ဘာေၾကာင့္ေသဆုံးသြားတယ္ဆိုတာ ဘယ္သူမွတပ္အပ္မေျပာႏိုင္ေပမဲ့ သူပိုင္ဆိုင္ခဲ့တဲ့ကြၽန္းကေတာ့ The islands of dolls (အ႐ုပ္ကြၽန္း) အျဖစ္ ကမ႓ာေက်ာ္လာခဲ့ပါတယ္။

၁၉၈၇ ခုႏွစ္မွာ Xochimilco ကို ယူနက္စကိုက ကမ႓ာ့အေမြအႏွစ္ေနရာတစ္ခုအျဖစ္သတ္မွတ္ခဲ့ၿပီး အ႐ုပ္ကြၽန္းကလည္း ႏိုင္ငံျခားခရီးသြားေတြ၊ ပရေလာကစူးစမ္း႐ွာေဖြေရးသမားေတြနဲ႔ ကမ႓ာတစ္ဝွမ္းကသတၱိခဲေတြမ်က္စိက်လည္ပတ္တဲ့ နာမည္ႀကီးေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။

ျဖတ္သြားျဖတ္လာေတြနဲ႔ ေဒသခံေတြရဲ႕ေျပာဆိုခ်က္အရ ကြၽန္းေပၚမွာ တီးတိုးေျပာဆိုသံေတြနဲ႔ ေျခသံေတြကို ၾကားရတတ္ၿပီး တစ္ခါတစ္ရံမွာ အ႐ုပ္ေတြကလႈပ္သြားတာ၊ မ်က္ေတာင္ခတ္သြားတာ၊ ဧည့္သည္ေတြသြားတဲ့ေနာက္ကို ေခါင္းလွည့္ၿပီးလိုက္ၾကည့္တာမ်ိဳးေတြ႐ွိတယ္လို႔ေျပာၾကပါတယ္။

တခ်ိဳ႕ကလည္း ဒီအ႐ုပ္ေတြမွာ မျမင္ႏိုင္တဲ့ဝိဉာဥ္ေတြခိုေအာင္းေနတယ္လို႔ ထင္ေၾကးေပးေျပာဆိုၾကပါတယ္။

ကြၽန္းေပၚကအ႐ုပ္ေတြမွာ တကယ္ပဲဝိဉာဥ္ေတြခိုေအာင္းေနတာလားဆိုတာကို ဘယ္သူမွေသခ်ာမေျပာႏိုင္ေပမဲ့ ပုံသ႑ာန္အမ်ိဳးမ်ိဳး႐ွိတဲ့ အ႐ုပ္အပ်က္အစီးေတြေနရာအႏွံ႔မင္းမူေနတဲ့ ေက်ာခ်မ္းဖြယ္အ႐ုပ္ကြၽန္းကေတာ့ ကမ႓ာ့တစ္ဝွမ္းကခရီးသြားေတြအတြက္ စိတ္ဝင္စားစရာေနရာတစ္ခုျဖစ္ေနဆဲပဲ ဆိုတာကေတာ့ အေသအခ်ာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : thetravel.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service