အသက် ၃၀ အရွယ်အမျိုးသားနှင့် ယောက်ျားချင်းလက်ထပ်လိုက်သော အသက် ၈၀ အရွယ် ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး David Geffen ၏ ဒေါ်လာ ၆၈ သန်းတန် စံအိမ်ကြီး

အသက် ၃၀ အရွယ်အမျိုးသားနှင့် ယောက်ျားချင်းလက်ထပ်လိုက်သော အသက် ၈၀ အရွယ် ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး David Geffen ၏ ဒေါ်လာ ၆၈ သန်းတန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
17 Mar 2023 12:38 pm တွင် တင်ခဲ့သည်
1605 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(David Geffen ဘယ်သူလဲ)

ဒေးဗစ် ဂက်ဖန် (မွေး-၁၉၄၃) ၏ အမည်ရင်းမှာ ဒေးဗစ် လောရင့်စ် ဂက်ဖန် (David Lawrence Geffen) ဖြစ်ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်နှင့် ဂီတထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

Asylum Records တေးထုတ်လုပ်ရေးကုမ္ပဏီကို ၁၉၇၁ ခုနှစ်၊ Geffen Records တေးထုတ်လုပ်ရေး ကုမ္ပဏီ ကို ၁၉၈၀ ပြည့်နှစ်၊ DGC Records တေးထုတ်လုပ်ရေးကို ၁၉၉၀ ပြည့်နှစ်နှင့် DreamWorks SKG ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း တည်ထောင်ခဲ့သူ ဖြစ်သည်။

 

ဒေးဗစ် ဂက်ဖန်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် မွေးဖွားသည်။

မိဘနှစ်ပါးလုံးမှာ ပါလက်စတိုင်းမှ ဂျူးလူမျိုးများဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့သူများ ဖြစ်သည်။

 

(Asylum Records တေးထုတ်လုပ်ရေးကုမ္ပဏီ၏ ထူးခြားချက်)

ဂက်ဖန်သည် Asylum Records တေးထုတ်လုပ်ရေးကုမ္ပဏီကို ၁၉၇၁ ခုနှစ်တွင် Elliot Roberts နှင့် ပူးတွဲ တည်ထောင်ခဲ့သည်။

Asylum ဟူသော အမည်ကို ရွေးချယ်ခဲ့ခြင်းမှာ တေးထုတ်လုပ်ပေးမည့် ကုမ္ပဏီမရှိသော အနုပညာရှင်များကို စာချုပ်ချုပ်ကာ မြေတောင်မြှောက်ပေးရန် ဖြစ်ပြီး အရည်အချင်းရှိသူများစွာကို မြေတောင်မြှောက် စင်တင်ပေးခဲ့သည်။

Asylum Records တေးထုတ်လုပ်ရေးကုမ္ပဏီမှ ပေါ်ထွက်ခဲ့သော အဆိုတော်များတွင် အထင်ရှားဆုံးမှာ ဘော့ဘ်ဒိုင်လန်ဖြစ်သည်။

ဘော့ဘ်ဒိုင်လန်သည် ၂၀၁၆ ခုနှစ်တွင် သူ၏တေးသီချင်းများ၌ ကဗျာဆန်လှသော စာသားများ ပြောင်မြောက်စွာ ရေးဖွဲ့သီဆိုခဲ့မှုအတွက် စာပေနိုဗယ်ဆု ရရှိခဲ့သူ ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ဂက်ဖန်သည် DreamWorks SKG ရုပ်ရှင်ထုတ်လုပ်ရေးကို ဒါရိုက်တာ စတီဗင် စပီးဘတ်၊ Jeffrey Katzenberg တို့နှင့် ပူးတွဲကာ တည်ထောင်ခဲ့သည်။

 

 

(သူ၏ ဘဝ)

 

ဒေးဗစ် ဂက်ဖန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံရှိသည်ဟု ခန့်မှန်းရပြီး ရုပ်ရှင်နှင့် တေးထုတ်လုပ်ရေးနယ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဂက်ဖန်သည် မူလက သူ၏ လိင်မှုဘဝအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် gay တစ်ဦးအဖြစ် တရားဝင်ပေါ်ပေါက်လာသည်။

၂၀၀၇ ခုနှစ် မေလတွင် Out မဂ္ဂဇင်းက အမေရိက၏ သြဇာအလွှမ်းဆုံး gay အမျိုးသားနှင့် အမျိုးသမီး ၅၀ ဦးစာရင်းတွင် ဂက်ဖန်ကို နံပါတ် ၁ နေရာတွင် ဖော်ပြခဲ့သည်။

 

((ဒေးဗစ်ဂက်ဖန်၏ ဒေါ်လာ ၆၈ သန်းတန် လော့စ်အိန်ဂျလိစံအိမ်))

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်တွင် တည်ရှိ သော စတုရန်းပေ ၁၈၅၄၃ ကျယ်ဝန်းသည့် စံအိမ်ကြီးသည် ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၆၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွား ကြောင်း The Real Deal သတင်းဌာနက ဖော်ပြသည်။

 

ခြံအကျယ် ၃ ဒသမ ၂၅ ဧကရှိသော ခြံဝန်းအတွင်း ၂၀၁၆ ခုနှစ်တွင် စံအိမ်ဆောက်လုပ်ခဲ့ပြီး ရောင်းချလိုက် သော ပိုင်ရှင်မှာ လော့စ်အိန်ဂျလိ အိုလံပစ် ကမကထကော်မတီဥက္ကဌ Casey Wasserman ဖြစ်သည်။

ဝယ်ယူသွားသည့် ဝယ်လက်မှာ ဘီလျံနာကြီး ဒေးဗစ် ဂက်ဖန်ဖြစ်သည်။

 

ဒေးဗစ်ဂက်ဖန်သည် သူ၏ The Warner Estate စံအိမ်ကို Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် (Jeff Bezos) ထံ စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၁၆၅ သန်းဖြင့် ရောင်းချခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်။

ဂက်ဖန်က ဒေါ်လာ ၆၈ သန်းဖြင့် ဝယ်ယူလိုက်သော စံအိမ်ကို ဗိသုကာပညာရှင် Richard Meier က ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး အဖြူရောင်ဝက်သစ်ချသား၊ ကျောက်တုံး၊ မှန်နံရံများဖြင့် ဖွဲ့စည်းထားသော စံအိမ် ဖြစ်သည်။

 

အခန်းဖွဲ့စည်းပုံမှာ ပြခန်းအသွင်ဆန်ပြီး စံအိမ်အတွင်း ဓာတ်လှေကားတစ်ခုပါကာ အလိုအလျောက်စနစ်သုံး စတီးတံခါးများပါသည့် ခန်းမကြီးတစ်ခုမှတဆင့် မြက်ခင်းဆီသို့ ပေါက်သည်။

စံအိမ်အတွင်း စတုရန်းပေ ၁၁၄၈ ကျယ်ဝန်းသော အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ရုံ၊ ကျယ်ပြောသော ရေကူးကန်နှင့် ရေကူးကန်ဘေးအိမ်တစ်လုံးတို့လည်းရှိသည်။

 

 

 

 

((အသက် ၃၀ အရွယ် လူရွယ်တစ်ဦးနှင့် လက်ထပ်လိုက်ပြီ))

 

 

အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဘီလျံနာကြီးဂက်ဖန်သည် အသက် ၃၀ အရွယ်ချစ်သူအမျိုးသား Donovan Michaels နှင့် Beverly Hills တွင် လက်ထပ်လိုက်ပြီ ဖြစ်သည်။

ဂက်ဖန်နှင့် Michaels တို့နှစ်ဦး အကျဉ်းရုံးကာ လျှို့ဝှက်လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

သူဌေးကြီးဂက်ဖန်သည် သူ၏ များပြားလှသော စည်းစိမ်ဥစ္စာများဖြင့် ပရဟိတလုပ်ငန်းများစွာလုပ်ဆောင်ခြင်း၊ ပြတိုက်များ၊ အနုပညာဌာနများနှင့် ဆေးရုံများသို့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ယခင်က ဂက်ဖန်သည် ကမ္ဘာကျော်အဆိုတော်အမျိုးသမီး Cher နှင့် ပတ်သက်မှုများရှိခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်းတွင်မူ ယောက်ျားလေးချစ်သူ များစွာနှင့် တွဲခဲ့သည်။

ယခုအခါတွင်ကား လက်ထပ်လိုက်ပြီ ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: DreamWorks Founder David Geffen Buyer of $68M Beverly Hills Mansion (showbiz411, priceypads,wikipedia)

 

 

 

 

 

[Zawgyi]

အသက္ ၃၀ အရြယ္အမ်ဳိးသားႏွင့္ ေယာက်္ားခ်င္းလက္ထပ္လိုက္ေသာ အသက္ ၈၀ အရြယ္ ကမၻာေက်ာ္ ဘီလ်ံနာသူေဌးၾကီး David Geffen ၏ ေဒၚလာ ၆၈ သန္းတန္ စံအိမ္ၾကီး

(David Geffen ဘယ္သူလဲ)

ေဒးဗစ္ ဂက္ဖန္ (ေမြး-၁၉၄၃) ၏ အမည္ရင္းမွာ ေဒးဗစ္ ေလာရင့္စ္ ဂက္ဖန္ (David Lawrence Geffen) ျဖစ္ျပီး အေမရိကန္စီးပြားေရးလုပ္ငန္းရွင္၊ ရုပ္ရွင္ႏွင့္ ဂီတထုတ္လုပ္ေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္သည္။

Asylum Records ေတးထုတ္လုပ္ေရးကုမၸဏီကို ၁၉၇၁ ခုႏွစ္၊ Geffen Records ေတးထုတ္လုပ္ေရး ကုမၸဏီ ကို ၁၉၈၀ ျပည့္ႏွစ္၊ DGC Records ေတးထုတ္လုပ္ေရးကို ၁၉၉၀ ျပည့္ႏွစ္ႏွင့္ DreamWorks SKG ရုပ္ရွင္ ထုတ္လုပ္ေရး ကုမၸဏီကို ၁၉၉၄ ခုႏွစ္တြင္လည္းေကာင္း တည္ေထာင္ခဲ့သူ ျဖစ္သည္။ ေဒးဗစ္ ဂက္ဖန္ကို အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ ဘရြတ္ကလင္းအရပ္တြင္ ေမြးဖြားသည္။

မိဘႏွစ္ပါးလံုးမွာ ပါလက္စတိုင္းမွ ဂ်ဴးလူမ်ဳိးမ်ားျဖစ္ျပီး အေမရိကန္ျပည္ေထာင္စုသို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့သူမ်ား ျဖစ္သည္။

(Asylum Records ေတးထုတ္လုပ္ေရးကုမၸဏီ၏ ထူးျခားခ်က္)

ဂက္ဖန္သည္ Asylum Records ေတးထုတ္လုပ္ေရးကုမၸဏီကို ၁၉၇၁ ခုႏွစ္တြင္ Elliot Roberts ႏွင့္ ပူးတြဲ တည္ေထာင္ခဲ့သည္။

Asylum ဟူေသာ အမည္ကို ေရြးခ်ယ္ခဲ့ျခင္းမွာ ေတးထုတ္လုပ္ေပးမည့္ ကုမၸဏီမရွိေသာ အႏုပညာရွင္မ်ားကို စာခ်ဳပ္ခ်ဳပ္ကာ ေျမေတာင္ေျမွာက္ေပးရန္ ျဖစ္ျပီး အရည္အခ်င္းရွိသူမ်ားစြာကို ေျမေတာင္ေျမွာက္ စင္တင္ေပးခဲ့သည္။

Asylum Records ေတးထုတ္လုပ္ေရးကုမၸဏီမွ ေပၚထြက္ခဲ့ေသာ အဆိုေတာ္မ်ားတြင္ အထင္ရွားဆံုးမွာ ေဘာ့ဘ္ဒိုင္လန္ျဖစ္သည္။

ေဘာ့ဘ္ဒိုင္လန္သည္ ၂၀၁၆ ခုႏွစ္တြင္ သူ၏ေတးသီခ်င္းမ်ား၌ ကဗ်ာဆန္လွေသာ စာသားမ်ား ေျပာင္ေျမာက္စြာ ေရးဖြဲ႔သီဆိုခဲ့မႈအတြက္ စာေပႏိုဗယ္ဆု ရရွိခဲ့သူ ျဖစ္သည္။

၁၉၉၄ ခုႏွစ္တြင္ ဂက္ဖန္သည္ DreamWorks SKG ရုပ္ရွင္ထုတ္လုပ္ေရးကို ဒါရိုက္တာ စတီဗင္ စပီးဘတ္၊ Jeffrey Katzenberg တို႔ႏွင့္ ပူးတြဲကာ တည္ေထာင္ခဲ့သည္။

 

(သူ၏ ဘဝ)

ေဒးဗစ္ ဂက္ဖန္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀ ဒသမ ၈ ဘီလီယံရွိသည္ဟု ခန္႔မွန္းရျပီး ရုပ္ရွင္ႏွင့္ ေတးထုတ္လုပ္ေရးနယ္၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ဂက္ဖန္သည္ မူလက သူ၏ လိင္မႈဘဝအစစ္အမွန္ကို ဖံုးကြယ္ထားခဲ့ေသာ္လည္း ၁၉၉၂ ခုႏွစ္တြင္ gay တစ္ဦးအျဖစ္ တရားဝင္ေပၚေပါက္လာသည္။

၂၀၀၇ ခုႏွစ္ ေမလတြင္ Out မဂၢဇင္းက အေမရိက၏ ၾသဇာအလႊမ္းဆံုး gay အမ်ဳိးသားႏွင့္ အမ်ဳိးသမီး ၅၀ ဦးစာရင္းတြင္ ဂက္ဖန္ကို နံပါတ္ ၁ ေနရာတြင္ ေဖာ္ျပခဲ့သည္။

((ေဒးဗစ္ဂက္ဖန္၏ ေဒၚလာ ၆၈ သန္းတန္ ေလာ့စ္အိန္ဂ်လိစံအိမ္))

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္တြင္ တည္ရွိ ေသာ စတုရန္းေပ ၁၈၅၄၃ က်ယ္ဝန္းသည့္ စံအိမ္ၾကီးသည္ ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ ကန္ေဒၚလာ ၆၈ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြား ေၾကာင္း The Real Deal သတင္းဌာနက ေဖာ္ျပသည္။

ျခံအက်ယ္ ၃ ဒသမ ၂၅ ဧကရွိေသာ ျခံဝန္းအတြင္း ၂၀၁၆ ခုႏွစ္တြင္ စံအိမ္ေဆာက္လုပ္ခဲ့ျပီး ေရာင္းခ်လိုက္ ေသာ ပိုင္ရွင္မွာ ေလာ့စ္အိန္ဂ်လိ အိုလံပစ္ ကမကထေကာ္မတီဥကၠဌ Casey Wasserman ျဖစ္သည္။

ဝယ္ယူသြားသည့္ ဝယ္လက္မွာ ဘီလ်ံနာၾကီး ေဒးဗစ္ ဂက္ဖန္ျဖစ္သည္။

ေဒးဗစ္ဂက္ဖန္သည္ သူ၏ The Warner Estate စံအိမ္ကို Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) ထံ စံခ်ိန္တင္ေစ်းႏႈန္း ကန္ေဒၚလာ ၁၆၅ သန္းျဖင့္ ေရာင္းခ်ခဲ့မႈမွာ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ဖူးသည္။

ဂက္ဖန္က ေဒၚလာ ၆၈ သန္းျဖင့္ ဝယ္ယူလိုက္ေသာ စံအိမ္ကို ဗိသုကာပညာရွင္ Richard Meier က ဒီဇိုင္းေရးဆြဲေပးထားျခင္းျဖစ္ျပီး အျဖဴေရာင္ဝက္သစ္ခ်သား၊ ေက်ာက္တံုး၊ မွန္နံရံမ်ားျဖင့္ ဖြဲ႔စည္းထားေသာ စံအိမ္ ျဖစ္သည္။

အခန္းဖြဲ႔စည္းပံုမွာ ျပခန္းအသြင္ဆန္ျပီး စံအိမ္အတြင္း ဓာတ္ေလွကားတစ္ခုပါကာ အလိုအေလ်ာက္စနစ္သံုး စတီးတံခါးမ်ားပါသည့္ ခန္းမၾကီးတစ္ခုမွတဆင့္ ျမက္ခင္းဆီသို႔ ေပါက္သည္။ စံအိမ္အတြင္း စတုရန္းေပ ၁၁၄၈ က်ယ္ဝန္းေသာ အားကစားေလ့က်င့္ခန္းမ၊ ရုပ္ရွင္ရံု၊ က်ယ္ေျပာေသာ ေရကူးကန္ႏွင့္ ေရကူးကန္ေဘးအိမ္တစ္လံုးတို႔လည္းရွိသည္။

 

((အသက္ ၃၀ အရြယ္ လူရြယ္တစ္ဦးႏွင့္ လက္ထပ္လိုက္ျပီ))

အသက္ ၈၀ အရြယ္ရွိျပီျဖစ္ေသာ ဘီလ်ံနာၾကီးဂက္ဖန္သည္ အသက္ ၃၀ အရြယ္ခ်စ္သူအမ်ဳိးသား Donovan Michaels ႏွင့္ Beverly Hills တြင္ လက္ထပ္လိုက္ျပီ ျဖစ္သည္။

ဂက္ဖန္ႏွင့္ Michaels တို႔ႏွစ္ဦး အက်ဥ္းရံုးကာ လွ်ိဳ႕ဝွက္လက္ထပ္ခဲ့ၾကျခင္း ျဖစ္သည္။

သူေဌးၾကီးဂက္ဖန္သည္ သူ၏ မ်ားျပားလွေသာ စည္းစိမ္ဥစၥာမ်ားျဖင့္ ပရဟိတလုပ္ငန္းမ်ားစြာလုပ္ေဆာင္ျခင္း၊ ျပတိုက္မ်ား၊ အႏုပညာဌာနမ်ားႏွင့္ ေဆးရံုမ်ားသို႔ လွဴဒါန္းျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ယခင္က ဂက္ဖန္သည္ ကမၻာေက်ာ္အဆိုေတာ္အမ်ဳိးသမီး Cher ႏွင့္ ပတ္သက္မႈမ်ားရွိခဲ့ေသာ္လည္း မၾကာေသးမီႏွစ္မ်ားအတြင္းတြင္မူ ေယာက်္ားေလးခ်စ္သူ မ်ားစြာႏွင့္ တြဲခဲ့သည္။ယခုအခါတြင္ကား လက္ထပ္လိုက္ျပီ ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလး႐ွား အစ႐ွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: DreamWorks Founder David Geffen Buyer of $68M Beverly Hills Mansion (showbiz411, priceypads,wikipedia)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service