မိုင်လေဆိုင်းရပ်စ် လန်ဒန်တွင် ဂီတဖျော်ဖြေပွဲအတွက် အိမ်ငှားနေထိုင်ခဲ့စဉ် မှင်စာခြောက်လှန့်ခံရသောကြောင့် ထွက်ပြေးခဲ့ရသည့် တိုက်ခန်း

မိုင်လေဆိုင်းရပ်စ် လန်ဒန်တွင် ဂီတဖျော်ဖြေပွဲအတွက် အိမ်ငှားနေထိုင်ခဲ့စဉ် မှင်စာခြောက်လှန့်ခံရသောကြောင့် ထွက်ပြေးခဲ့ရသည့် တိုက်ခန်း - Property News in Myanmar from iMyanmarHouse.com
17 Mar 2023 11:40 am တွင် တင်ခဲ့သည်
1219 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မိုင်လေဆိုင်းရပ်စ် (မွေး ၁၉၉၂) သည် အမေရိကန်အဆိုတော်၊ ရုပ်ရှင်မင်းသမီး ဖြစ်သည်။

သူ၏ ဂီတအမျိုးအစားများကား ပေါ့ပ်၊ ကန်းထရီး၊ ရော့ခ်၊ ဟစ်ပ်ဟော့နှင့် R&B တို့ ဖြစ်သည်။

မိုင်လေဆိုင်းရပ်စ်ကို ၂၀၀၀ ပြည့်လွန်ကာလများအတွင်း ပေါ့ပ်ယဉ်ကျေးမှု၏ Teen Queen အဖြစ် ညွှန်းဆိုကြသည်။

 

 

 

မိုင်လေဆိုင်းရပ်စ်သည် တိုင်းမ်မဂ္ဂဇင်းကြီး၏ Time 100 စာရင်းတွင် ၂၀၀၈ နှင့် ၂၀၁၄ ခုနှစ်များတွင် လည်းကောင်း၊ Forbes မဂ္ဂဇင်းကြီး၏ 30 under 30 စာရင်းတွင် ၂၀၁၄ နှင့် ၂၀၂၁ ခုနှစ်များတွင် လည်းကောင်း၊ Billboard ၏ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး အမျိုးသမီး အနုပညာရှင် ၂၀၀ စာရင်းတွင် နံပါတ် ၉ နေရာ၌လည်းကောင်း ဖော်ပြခံထားရသည်။

 

(မိုင်လေဆိုင်းရပ်စ်ဘဝတွင် မည်သည့်အခါမှ မေ့ပျောက်မည်မဟုတ်သော ခြောက်ခြားဖွယ် ဖြစ်ရပ်)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်၏ အထူးခြားဆုံးအချက်တစ်ခုမှာ သမိုင်းဝင်အဆောက်အအုံကြီးများနှင့် နေရာတိုင်းတွင် ထိတွေ့ခွင့်ရနိုင်ခြင်းဖြစ်ပြီး မိုင်လေဆိုင်းရပ်သည်ကား လန်ဒန်၏ သမိုင်းကို သူ၏ ရေချိုးခန်းထဲတွင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသည်။

မိုင်လေဆိုင်းရပ်စ်က သူ၏ ဂီတဖျော်ဖြေပွဲခရီးစဉ်အတွက် လန်ဒန်သို့ ရောက်ခဲ့စဉ် သရဲခြောက်သော တိုက်ခန်းတစ်ခန်းတွင် နေထိုင်ခဲ့ရပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။

Elle မဂ္ဂဇင်းသို့ ပြောခဲ့သည်မှာ သူမနှင့် မိသားစုသည် Harrods ကုန်တိုက်၏ မျက်နှာချင်းဆိုင်ရှိ တိုက်ခန်း တစ်ခန်းတွင် ငှားရမ်းနေထိုင်စဉ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

(ဆံပင်များပင် ထောင်သွားခဲ့ပုံရ။ သရဲခြောက်သော လန်ဒန်တိုက်ခန်းတွင် မိုင်လေဆိုင်းရပ်စ်နေထိုင်ခဲ့)

“အဲဒီဖြစ်ရပ်က တော်တော်ကြီး ခြောက်ခြားဖို့ကောင်းပါတယ်”ဟု မိုင်လေဆိုင်းရပ်စ်က ပြန်လည်တွေးဆရင်း ပြောသည်။ သူငှားရမ်းနေထိုင်ခဲ့သော တိုက်ခန်းမှာ မုန့်တိုက်ဟောင်းတစ်ခုကို လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထား သော အဆောက်အအုံတစ်ခုတွင် တည်ရှိသည်။

မိုင်လေဆိုင်းရပ်စ်က ELLE မဂ္ဂဇင်းသို့ ပြောခဲ့သည်မှာ “ကျွန်မ ဥရောပကို ဖျော်ဖြေရေးခရီးထွက်နေတုန်းက အခြေစိုက် နေထိုင်ဖို့ ဥရောပမှာ အိမ်တစ်လုံးလိုခဲ့တယ်။ကျွန်မက အိုင်ယာလန်ကို သွားပြီး ဖျော်ဖြေမယ်ဆိုရင် ပွဲပြီးရင် ပြန်လာပြီး နားနေမယ့် နေရာမျိုးပေါ့။ အဲဒီအတွက် ကျွန်မက လန်ဒန်မှာ တိုက်ခန်းတစ်ခန်း ငှားရမ်း အသုံးပြုခဲ့တယ်။ အဲဒီတိုက်ခန်းက Harrods ကုန်တိုက်ကြီးနှင့် တစ်လမ်းတည်းရှိတဲ့ တိုက်ခန်းပါ။ အဲဒီ တိုက်ခန်းက သရဲအရမ်းခြောက်လို့ ကျွန်မ ပြောင်းပြေးခဲ့ရတယ်။ ဒါက လိမ်ညာတာမဟုတ်ပါဘူး” ဟု ပြောသည်။

မိုင်လေဆိုင်းရပ်စ်သည် အိုင်ယာလန် (သို့မဟုတ်) ပြင်သစ်ကဲ့သို့သော နီးစပ်သည့် နိုင်ငံများတွင် ဂီတဖျော်ဖြေပွဲ ပြီးဆုံးပါက လန်ဒန်ရှိ တိုက်ခန်းသို့ ပြန်လာလေ့ရှိ ခဲ့သည်။

ထိုတိုက်ခန်းသည် ယခင်က သားအဖနှစ်ဦး တည်ထောင်ထားသော ကိတ်မုန့်ဆိုင်ဟောင်း နေရာဖြစ်သည်။

မိုင်လေဆိုင်းရပ်စ် တွေ့ခဲ့သည်မှာ သားဖြစ်သူ ကလေးလေး၏ သရဲဖြစ်သည်။

“တကယ်ကို ရူးချင်စရာ၊ ခြောက်ခြားစရာဖြစ်ရပ်နဲ့ ကြုံခဲ့ရတယ်။ တစ်ညမှာ ကျွန်မရဲ့ ညီမလေးက ရေချိုးခန်း ထဲမှာရှိနေတုန်း သူ့ရဲ့ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတယ်”

မိုင်လေဆိုင်းရပ်စ်က ရေချိုးခန်းရှိရာသို့ ပြေးသွားချိန်တွင် ရေပူပြောင်းသည့်ခလုတ်ကို ညီမဖြစ်သူ Noah က မနှိပ်သော်လည်း ရေပူအဖြစ် ပြောင်းလဲအောင် သူ့အလိုလို ပြောင်းသွားကာ ညီမဖြစ်သူမှာ အရေပြားလောင် သွားသည်ကို တွေ့ခဲ့ရသည်။

 

 

(မိုင်လေဆိုင်းရပ်စ်သည် Knightsbridge အရပ်မှ Harrods အမည်ရှိ ကုန်တိုက်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ တိုက်ခန်းတွင် သရဲခြောက်ခံခဲ့ရခြင်း ဖြစ်သည်)

အဆိုပါ သရဲခြောက်ခံရမှုဖြစ်ရပ်က မိုင်လေဆိုင်းရပ်စ်ကို ခြေဖျားလက်ဖျားများ အေးစက်သွားစေခဲ့သည်။

“ဒီဖြစ်ရပ် မဖြစ်ခင်ကလည်း ကလေးပေါက်စ ယောင်္ကျားလေးတစ်ယောက် ရေစိမ်ကန်ထဲမှာ ထိုင်ရေချိုးနေရင်း ကျွန်မကို စိုက်ကြည့်နေတာ တွေ့ခဲ့ရတယ်။ ကျွန်မတကယ်ကို လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့တယ်”ဟု မိုင်လေဆိုင်းရပ်စ်က ပြောသည်။

“နောက်ညမှာလည်း ကျွန်မရေချိုးခန်းထဲရှိနေတုန်း အဲဒီကလေးလေးက ရေစိမ်ကန်ထဲမှာ ထိုင်နေရင်း ခြေထောက်တွေ ကန်ကြောက်နေတာ တွေ့ခဲ့တယ်။ အဲဒါကို ကျွန်မတွေ့ခဲ့တာ ကျိန်ပြောလို့ ရပါတယ်”

 

 

(တိုက်ခန်းထဲရှိ ရေချိုးခန်းတွင် ကလေးသရဲကို တွေ့ခဲ့ရကြောင်း မိုင်လေဆိုင်းရပ်စ်က ပြောသည်)

မိုင်လေဆိုင်းရပ်စ်က ထိုအဖြစ်ကို မိခင်အား ပြောပြခဲ့သည်။ မိုင်လေဆိုင်းရပ်စ်၏ မိခင်က ကနဦးတွင် အယုံအကြည်မရှိခဲ့။ သို့သော် မိုင်လေဆိုင်းရပ်စ်၏ အဒေါ်ဖြစ်သူလည်း ခြောက်ခြားဖွယ်ဖြစ်ရပ်နှင့် ရင်ဆိုင်ရပြန်သည်။

တစ်ရက်တွင် မိုင်လေဆိုင်းရပ်စ်၏ အဒေါ်က အခန်းပြတင်းများ အားလုံးပိတ်ကာ တံခါးသော့ခတ်ပြီး အပြင်ထွက်သွားခဲ့သော်လည်း တိုက်ခန်းသို့ ပြန်လာချိန်တွင် တံခါးမကြီးအပြင် အခန်းပြတင်းများအားလုံး ပွင့်နေသည်ကို တွေ့ခဲ့ရသည်။

“အဲဒါအပြင် နောက်ထပ် ၃ ကြိမ်၊ ၄ ကြိမ်လောက် ထူးဆန်းတာတွေ ကြုံခဲ့ရပါသေးတယ်။ ကျွန်မ အဲ့တိုက်ခန်း မှာ နောက်ထပ်ဘယ်တော့မှ မနေတော့ပါဘူး။ လီယမ် ဟမ်းစ်ဝါ့သ် (မိုင်လေဆိုင်းရပ်စ်၏ ချစ်သူဟောင်း) လည်း ခြောက်လှန့်ခံရတယ်။ အမေလည်း ကြုံဖူးတယ်။ ကျွန်မတို့အားလုံး အဲဒီအခန်းမှာ သရဲခြောက်ခံခဲ့ရ တယ်။ အဲဒါက တကယ်ကို ခြောက်ခြားဖို့ ကောင်းပါတယ်”ဟု မိုင်လေဆိုင်းရပ်စ်က ပြောသည်။

ယင်းနောက်ပိုင်း မိုင်လေဆိုင်းရပ်စ်တို့ မိသားစုသည် Soho ဟိုတယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သောအခါမှ ညဘက်တွင် သရဲခြောက်ခံရသောဖြစ်ရပ်များ ကင်းဝေးခဲ့သည်။

 

 

(သရဲတစ်ကောင်နှင့် လိင်ဆက်ဆံခဲ့ဖူးသည်ဟု Ke$ha ကလည်း ပြောသည်)

 

မိုင်လေဆိုင်းရပ်စ်အပြင် တစ္ဆေသရဲနှင့် စပ်လျဉ်းပြီး ထူးခြားသည့် အတွေ့အကြုံရှိခဲ့သူမှာ Ke$ha ဖြစ်သည်။

Ke$ha က သူမသည် သရဲတစ်ကောင်နှင့် လိင်ဆက်ဆံခဲ့ရသည်ဟု ဆိုသည်။

Ke$ha က ရုပ်သံစကားပြောအစီအစဉ်တစ်ခုတွင် အစီအစဉ်တင်ဆက်သူ Conan O'Brien ကို သူမ၏ အတွေ့အကြုံအား ပြောပြခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A trip she'll never forget: Miley Cyrus recalls terrifying experience when she stayed at a 'haunted apartment' opposite Harrods (dailymail, elle,metro, thelist)

 

 

 

 

[Zawgyi]

မိုင္ေလဆိုင္းရပ္စ္ လန္ဒန္တြင္ ဂီတေဖ်ာ္ေျဖပြဲအတြက္ အိမ္ငွားေနထိုင္ခဲ့စဥ္ မွင္စာေျခာက္လွန္႔ခံရေသာေၾကာင့္ ထြက္ေျပးခဲ့ရသည့္ တိုက္ခန္း

 

မိုင္ေလဆိုင္းရပ္စ္ (ေမြး ၁၉၉၂) သည္ အေမရိကန္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး ျဖစ္သည္။

သူ၏ ဂီတအမ်ဳိးအစားမ်ားကား ေပါ့ပ္၊ ကန္းထရီး၊ ေရာ့ခ္၊ ဟစ္ပ္ေဟာ့ႏွင့္ R&B တို႔ ျဖစ္သည္။

မိုင္ေလဆိုင္းရပ္စ္ကို ၂၀၀၀ ျပည့္လြန္ကာလမ်ားအတြင္း ေပါ့ပ္ယဥ္ေက်းမႈ၏ Teen Queen အျဖစ္ ညႊန္းဆိုၾကသည္။

မိုင္ေလဆိုင္းရပ္စ္သည္ တိုင္းမ္မဂၢဇင္းၾကီး၏ Time 100 စာရင္းတြင္ ၂၀၀၈ ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားတြင္ လည္းေကာင္း၊ Forbes မဂၢဇင္းၾကီး၏ 30 under 30 စာရင္းတြင္ ၂၀၁၄ ႏွင့္ ၂၀၂၁ ခုႏွစ္မ်ားတြင္ လည္းေကာင္း၊ Billboard ၏ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး အမ်ဳိးသမီး အႏုပညာရွင္ ၂၀၀ စာရင္းတြင္ နံပါတ္ ၉ ေနရာ၌လည္းေကာင္း ေဖာ္ျပခံထားရသည္။

(မိုင္ေလဆိုင္းရပ္စ္ဘဝတြင္ မည္သည့္အခါမွ ေမ့ေပ်ာက္မည္မဟုတ္ေသာ ေျခာက္ျခားဖြယ္ ျဖစ္ရပ္)

အဂၤလန္ႏိုင္ငံ၊ လန္ဒန္၏ အထူးျခားဆံုးအခ်က္တစ္ခုမွာ သမိုင္းဝင္အေဆာက္အအံုၾကီးမ်ားႏွင့္ ေနရာတိုင္းတြင္ ထိေတြ႔ခြင့္ရႏိုင္ျခင္းျဖစ္ျပီး မိုင္ေလဆိုင္းရပ္သည္ကား လန္ဒန္၏ သမိုင္းကို သူ၏ ေရခ်ဳိးခန္းထဲတြင္ မ်က္ဝါးထင္ထင္ ၾကံဳေတြ႔ခဲ့ရသည္။

မိုင္ေလဆိုင္းရပ္စ္က သူ၏ ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္အတြက္ လန္ဒန္သို႔ ေရာက္ခဲ့စဥ္ သရဲေျခာက္ေသာ တိုက္ခန္းတစ္ခန္းတြင္ ေနထိုင္ခဲ့ရပံုကို ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

Elle မဂၢဇင္းသို႔ ေျပာခဲ့သည္မွာ သူမႏွင့္ မိသားစုသည္ Harrods ကုန္တိုက္၏ မ်က္ႏွာခ်င္းဆိုင္ရွိ တိုက္ခန္း တစ္ခန္းတြင္ ငွားရမ္းေနထုိင္စဥ္ ၾကံဳေတြ႔ခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။

(ဆံပင္မ်ားပင္ ေထာင္သြားခဲ့ပံုရ။ သရဲေျခာက္ေသာ လန္ဒန္တိုက္ခန္းတြင္ မိုင္ေလဆိုင္းရပ္စ္ေနထိုင္ခဲ့)

“အဲဒီျဖစ္ရပ္က ေတာ္ေတာ္ၾကီး ေျခာက္ျခားဖို႔ေကာင္းပါတယ္”ဟု မိုင္ေလဆိုင္းရပ္စ္က ျပန္လည္ေတြးဆရင္း ေျပာသည္။ သူငွားရမ္းေနထိုင္ခဲ့ေသာ တိုက္ခန္းမွာ မုန္႔တိုက္ေဟာင္းတစ္ခုကို လူေနအေဆာက္အအံုအျဖစ္ ေျပာင္းလဲထား ေသာ အေဆာက္အအံုတစ္ခုတြင္ တည္ရွိသည္။

မိုင္ေလဆိုင္းရပ္စ္က ELLE မဂၢဇင္းသို႔ ေျပာခဲ့သည္မွာ “ကၽြန္မ ဥေရာပကို ေဖ်ာ္ေျဖေရးခရီးထြက္ေနတုန္းက အေျခစိုက္ ေနထိုင္ဖို႔ ဥေရာပမွာ အိမ္တစ္လံုးလိုခဲ့တယ္။ကၽြန္မက အိုင္ယာလန္ကို သြားျပီး ေဖ်ာ္ေျဖမယ္ဆိုရင္ ပြဲျပီးရင္ ျပန္လာျပီး နားေနမယ့္ ေနရာမ်ဳိးေပါ့။ အဲဒီအတြက္ ကၽြန္မက လန္ဒန္မွာ တုိက္ခန္းတစ္ခန္း ငွားရမ္း အသံုးျပဳခဲ့တယ္။ အဲဒီတိုက္ခန္းက Harrods ကုန္တိုက္ၾကီးႏွင့္ တစ္လမ္းတည္းရွိတဲ့ တိုက္ခန္းပါ။ အဲဒီ တိုက္ခန္းက သရဲအရမ္းေျခာက္လို႔ ကၽြန္မ ေျပာင္းေျပးခဲ့ရတယ္။ ဒါက လိမ္ညာတာမဟုတ္ပါဘူး” ဟု ေျပာသည္။

မိုင္ေလဆုိင္းရပ္စ္သည္ အိုင္ယာလန္ (သို႔မဟုတ္) ျပင္သစ္ကဲ့သုိ႔ေသာ နီးစပ္သည့္ ႏိုင္ငံမ်ားတြင္ ဂီတေဖ်ာ္ေျဖပြဲ ျပီးဆံုးပါက လန္ဒန္ရွိ တိုက္ခန္းသို႔ ျပန္လာေလ့ရွိ ခဲ့သည္။

ထိုတိုက္ခန္းသည္ ယခင္က သားအဖႏွစ္ဦး တည္ေထာင္ထားေသာ ကိတ္မုန္႔ဆိုင္ေဟာင္း ေနရာျဖစ္သည္။

မိုင္ေလဆိုင္းရပ္စ္ ေတြ႔ခဲ့သည္မွာ သားျဖစ္သူ ကေလးေလး၏ သရဲျဖစ္သည္။

“တကယ္ကို ရူးခ်င္စရာ၊ ေျခာက္ျခားစရာျဖစ္ရပ္နဲ႔ ၾကံဳခဲ့ရတယ္။ တစ္ညမွာ ကၽြန္မရဲ႕ ညီမေလးက ေရခ်ဳိးခန္း ထဲမွာရွိေနတုန္း သူ႔ရဲ႕ စူးစူးဝါးဝါးေအာ္သံကို ၾကားလိုက္ရတယ္”

မိုင္ေလဆိုင္းရပ္စ္က ေရခ်ဳိးခန္းရွိရာသို႔ ေျပးသြားခ်ိန္တြင္ ေရပူေျပာင္းသည့္ခလုတ္ကို ညီမျဖစ္သူ Noah က မႏွိပ္ေသာ္လည္း ေရပူအျဖစ္ ေျပာင္းလဲေအာင္ သူ႔အလိုလို ေျပာင္းသြားကာ ညီမျဖစ္သူမွာ အေရျပားေလာင္ သြားသည္ကို ေတြ႔ခဲ့ရသည္။

(မိုင္ေလဆိုင္းရပ္စ္သည္ Knightsbridge အရပ္မွ Harrods အမည္ရွိ ကုန္တိုက္ၾကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ တိုက္ခန္းတြင္ သရဲေျခာက္ခံခဲ့ရျခင္း ျဖစ္သည္)

အဆိုပါ သရဲေျခာက္ခံရမႈျဖစ္ရပ္က မိုင္ေလဆိုင္းရပ္စ္ကို ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္သြားေစခဲ့သည္။

“ဒီျဖစ္ရပ္ မျဖစ္ခင္ကလည္း ကေလးေပါက္စ ေယာက်ၤားေလးတစ္ေယာက္ ေရစိမ္ကန္ထဲမွာ ထိုင္ေရခ်ဳိးေနရင္း ကၽြန္မကို စိုက္ၾကည့္ေနတာ ေတြ႔ခဲ့ရတယ္။ ကၽြန္မတကယ္ကို လိပ္ျပာလြင့္မတတ္ ျဖစ္သြားခဲ့တယ္”ဟု မိုင္ေလဆိုင္းရပ္စ္က ေျပာသည္။

“ေနာက္ညမွာလည္း ကၽြန္မေရခ်ဳိးခန္းထဲရွိေနတုန္း အဲဒီကေလးေလးက ေရစိမ္ကန္ထဲမွာ ထိုင္ေနရင္း ေျခေထာက္ေတြ ကန္ေၾကာက္ေနတာ ေတြ႔ခဲ့တယ္။ အဲဒါကို ကၽြန္မေတြ႔ခဲ့တာ က်ိန္ေျပာလို႔ ရပါတယ္”

(တိုက္ခန္းထဲရွိ ေရခ်ဳိးခန္းတြင္ ကေလးသရဲကို ေတြ႔ခဲ့ရေၾကာင္း မိုင္ေလဆိုင္းရပ္စ္က ေျပာသည္)

မိုင္ေလဆိုင္းရပ္စ္က ထိုအျဖစ္ကို မိခင္အား ေျပာျပခဲ့သည္။ မိုင္ေလဆုိင္းရပ္စ္၏ မိခင္က ကနဦးတြင္ အယံုအၾကည္မရွိခဲ့။ သို႔ေသာ္ မိုင္ေလဆိုင္းရပ္စ္၏ အေဒၚျဖစ္သူလည္း ေျခာက္ျခားဖြယ္ျဖစ္ရပ္ႏွင့္ ရင္ဆိုင္ရျပန္သည္။

တစ္ရက္တြင္ မိုင္ေလဆိုင္းရပ္စ္၏ အေဒၚက အခန္းျပတင္းမ်ား အားလံုးပိတ္ကာ တံခါးေသာ့ခတ္ျပီး အျပင္ထြက္သြားခဲ့ေသာ္လည္း တိုက္ခန္းသို႔ ျပန္လာခ်ိန္တြင္ တံခါးမၾကီးအျပင္ အခန္းျပတင္းမ်ားအားလံုး ပြင့္ေနသည္ကို ေတြ႔ခဲ့ရသည္။

“အဲဒါအျပင္ ေနာက္ထပ္ ၃ ၾကိမ္၊ ၄ ၾကိမ္ေလာက္ ထူးဆန္းတာေတြ ၾကံဳခဲ့ရပါေသးတယ္။ ကၽြန္မ အဲ့တိုက္ခန္း မွာ ေနာက္ထပ္ဘယ္ေတာ့မွ မေနေတာ့ပါဘူး။ လီယမ္ ဟမ္းစ္ဝါ့သ္ (မိုင္ေလဆိုင္းရပ္စ္၏ ခ်စ္သူေဟာင္း) လည္း ေျခာက္လွန္႔ခံရတယ္။ အေမလည္း ၾကံဳဖူးတယ္။ ကၽြန္မတို႔အားလံုး အဲဒီအခန္းမွာ သရဲေျခာက္ခံခဲ့ရ တယ္။ အဲဒါက တကယ္ကို ေျခာက္ျခားဖုိ႔ ေကာင္းပါတယ္”ဟု မိုင္ေလဆိုင္းရပ္စ္က ေျပာသည္။

ယင္းေနာက္ပိုင္း မိုင္ေလဆိုင္းရပ္စ္တို႔ မိသားစုသည္ Soho ဟိုတယ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ေသာအခါမွ ညဘက္တြင္ သရဲေျခာက္ခံရေသာျဖစ္ရပ္မ်ား ကင္းေဝးခဲ့သည္။

(သရဲတစ္ေကာင္ႏွင့္ လိင္ဆက္ဆံခဲ့ဖူးသည္ဟု Ke$ha ကလည္း ေျပာသည္)

မိုင္ေလဆိုင္းရပ္စ္အျပင္ တေစၦသရဲႏွင့္ စပ္လ်ဥ္းျပီး ထူးျခားသည့္ အေတြ႔အၾကံဳရွိခဲ့သူမွာ Ke$ha ျဖစ္သည္။

Ke$ha က သူမသည္ သရဲတစ္ေကာင္ႏွင့္ လိင္ဆက္ဆံခဲ့ရသည္ဟု ဆိုသည္။

Ke$ha က ရုပ္သံစကားေျပာအစီအစဥ္တစ္ခုတြင္ အစီအစဥ္တင္ဆက္သူ Conan O'Brien ကို သူမ၏ အေတြ႔အၾကံဳအား ေျပာျပခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A trip she'll never forget: Miley Cyrus recalls terrifying experience when she stayed at a 'haunted apartment' opposite Harrods (dailymail, elle,metro, thelist)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service