“ငါ့အတွက် နေဖို့ရက်တို့ ဘယ်လောက်ရှိသေးလဲ”
“ငါ့အတွက် နေဖို့ရက်တို့ ဘယ်လောက်ရှိသေးလဲ” - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2023 1:56 pm တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
လူမှုကွန်ရက်တွင် ဖတ်ရသည့်စာလေးက တရားသဘောနှင့်သတိတရားတို့ထားကြဖို့ အသိပေးသည်ဟု အတွေးကိုဖြစ်ပေါ်စေသည်။
အဲဒီစာလေးက “လူ့တစ်သက် ရက်( ၃ဝဝဝဝ )”တဲ့။ရက်(၃၀၀၀၀)ကို တစ်နှစ်မှာရှိသည့်ရက်နှင့် စားလိုက်သည့်အခါ (၈၃)နှစ် ရရှိလေသည်။
တကယ်ရော ငါက (၈၃)နှစ်ထိနေခွင့်ရနိုင်ပါ့မလား။ဒါကိုတွက်ဆရပေမည်။
နေရမည့်ရက်တို့ကို တွက်ဆရာတွင် ကံအကြောင်းတရားများရှိသည်။ သပ္ပါယ မျှတမှု၊မမျှတမှုတွေက နေရမည့်ရက်ကို သတ်မှတ်ပေး ပါလိမ့်မည်။
ရှေးကံတို့ ယခုဘဝမှာ အခွင့်သာအောင်၊အခွင့်အရေးပေးအောင်၊ အားရှိအောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် အထောက်အပံ့မှုလုပ်ရပါမည်။ ရှေးကပြုခဲ့သောကံတို့တွင် ကောင်းကံဆိုးကံများကို ကျွန်တော်တို့ မသိနိုင်၊ မတွက်ဆနိုင်ပေ။ လူဖြစ်ခွင့်ရခဲ့ခြင်းသည်ပင် ကောင်းကံ၏ အားကောင်းမှုဟုတွက်ဆရပါလိမ့်မည်။ လက်ရှိဘဝတွင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ပြုသော ကောင်းသော ကံအကြောင်းများသည် နောင်ဘဝအတွက် ကောင်းကံတို့ပင်ဖြစ်သည်။
ကံမှာလည်း နှစ်မျိုးရှိသည်။သာမန်ကံနှင့် အလွန်အားကောင်းသော ကံဟူ၍ ရှိသည်။
သာမန်ကံသည် အကျိုးပေးပုံမှာ မထင်ရှားဘဲ သူများနည်းတူ အကျိုးမျိုးကိုသာရစေနိုင်ပြီး လူပြည်လောက၌ မိမိတို့ချည်းသက်သက် အကျိုးပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ်၊ဝီရိယနှင့် သတိ ဟူသော ပယောဂကို ကူညီပေးရကြောင်းသိရသည်။
အလွန်အားကောင်းသောကံမှာ အကျိုးပေးပုံထင်ရှားသည်။ဆင်းရဲသားအမျိုး၌ ဖြစ်ရစေကာမူ တစ်နည်းနည်းဖြင့် ကြွယ်ဝ ချမ်းသာစေနိုင်သည်ဟုဆိုသည်။
အတိတ်ဘဝတွင် ကျွန်တော်တို့ဘာတွေပြုခဲ့ကြသည်ကို မသိနိုင်တော့ပေ။ လက်ရှိရှင်သန် နေထိုင်ရမှုကို ကြည့်ပြီးတော့သာ ခန့်မှန်းရပေတော့မည်။
လက်ရှိဘဝတွင် မကျန်းမမာ၊အနာရောဂါတွေထူပြောစွာ ခံစားပြီး နေရသလား။ ဆင်းဆင်းရဲရဲနေရသည်လား။ အခုလည်း ကုသိုလ်ကောင်းမှုနှင့် အကုသိုလ် အမှုတို့တွင် ဘယ်အရာကို ပိုအားကြီးအောင် ပြုမူနေသနည်း ဆိုသည်ကိုကြည့်ပြီး အသက်အပိုင်းအခြားကိုလည်း ခန့်မှန်းတွက်ဆနိုင်ကောင်းပေသည်။
ထိုအတူပါပဲ သပ္ပါယ မျှတခြင်းဖြင့်လည်း ကိုယ်ရဲ့ အသက်အပိုင်းအခြားကို ခန့်မှန်းကြည့်ဖို့ကောင်းသည်ဟု ထင်သည်။
သပ္ပါယဆိုသည်က လျောက်ပတ်ခြင်းကိုပြောခြင်းဖြစ်သည်။ ဘာတွေကို လျောက်ပတ်ရမည်နည်း။ လျောက်ပတ်စွာနေခြင်းဖြင့်လည်း လူ့လောကတွင် မိမိနေဖို့ရက်တို့ ရှည်လျားနိုင်ပါသည်။
သပ္ပါယအပြား (၄)မျိုးခွဲထားပါသည်။
၁။ ဘောဇနသပ္ပါယ
၂။ အာဝါသ သပ္ပါယ
၃။ ပုဂ္ဂလ သပ္ပါယ
၄။ ဥတုသပ္ပါယ ဆိုပြီးခွဲထားသည်။
မြန်မာလိုမူ-
၁။စားသောက်မှု၌ သင့်လျော် လျောက်ပတ်ခြင်း။၂။ နေထိုင်ရာ အိုးအိမ်ကျောင်းတို့ လျောက်ပတ်ခြင်း။ ၃။ပေါင်းသင်းဆက်ဆံမှု၌ ညီညွတ်သင့်တင့်လျောက်ပတ်ခြင်း။ ၄။ ကျန်းမာရေး၌ သင့်တင့်လျောက်ပတ်ခြင်း တို့ပင်ဖြစ်သည်။
ထို(၄)ခုထဲမှ တစ်ခုခုကို ချို့ယွင်းဖောက်ပြန်ခြင်း၊ဂရုမစိုက်ခြင်းတို့သည်လည်း လူ့ဘဝသက်တမ်းကို ယုတ်လျော့စေမည်ဖြစ်သည်။
ကျွန်တော်လည်း ရက်ပေါင်း(၃၀၀၀၀)=နှစ်အားဖြင့် (၈၃) နှစ်အထိလည်းကောင်း။ဒါမှမဟုတ် ထို့ထက်ပိုပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေချင်လျှင်တော့ ဖြစ်ပြီးသော အတိတ်ကံအကြောင်းတွေထက် လက်ရှိရော နောင်ပါကောင်းစေမည့် ကံအကြောင်းတရားများနှင့် သပ္ပါယမျှတလျောက်ပတ်အောင် နေထိုင်ကျင့်ကြံရပေတော့မည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
 [Zawgyi]
၁။ ဘောဇနသပ္ပါယ
၂။ အာဝါသ သပ္ပါယ
၃။ ပုဂ္ဂလ သပ္ပါယ
မြန်မာလိုမူ-
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
area-one-business-complex
shwe-moe-kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service