စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည်

စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Mar 2023 11:09 am တွင် တင်ခဲ့သည်
1179 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စကော့တလန်တွင် ရထားဘူတာကို နေအိမ်အဖြစ် ပြောင်းလဲထားသောအိမ်တစ်လုံး ပေါင် ၅၀၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါအိမ်တွင် ကိုယ်ပိုင် ရထားစက်ခေါင်းနှင့် ကိုယ်ပိုင်ရထားလမ်းလည်း ပါဝင်သည်ဟု ဆိုသည်။

တည်နေရာမှာ စကော့တလန်နှင့် အင်္ဂလန်နယ်စပ်မှ Newcastleton အမည်ရှိ ရွာကလေးတွင် တည်ရှိပြီး ယခင်က Saughtree ဘူတာရုံဟု ခေါ်ဆိုခဲ့ကာ ၁၈၆၇ ခုနှစ်က ဆောက်လုပ်ခဲ့သော ဘူတာ ဖြစ်သည်။

ထိုဘူတာရုံကို ၁၉၉၀ ပြည့်လွန်ကာလများအတွင်း လူနေအိမ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့သည်။

တမူထူးဆန်းသော နေအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး ဝယ်ယူမည့်သူအနေဖြင့် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများအပြင် သဘာဝတရားနှင့် ထိတွေ့နိုင်မည့် အခွင့်အလမ်းများစွာ ရရှိမည် ဖြစ်သည်။

နေအိမ်၏ မြောက်ဘက်တွင် မီးရထားပလက်ဖောင်းဟောင်းတစ်ခုနှင့် ရထားလမ်းတို့တည်ရှိသည်။ အဆိုပါ ရထားလမ်းမှာ ကိုယ်ပိုင်ရထားလမ်းအဖြစ် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

(နေအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Jam Press/Exposure Photography)

(ချမ်းမြေ့သာယာသော ကျေးလက်ရှုမျှော်ခင်း။ ဓာတ်ပုံ-Jam Press/Exposure Photography)

ခြံဝန်းအတွင်း ရထားလမ်းနှင့်အတူ Meg of Saughtree အမျိုးအစား ဒီဇယ်ရထားခေါင်းအပြင် ကုန်တွဲ ၂ ခုနှင့် တွဲထိန်းအတွက် ရထားတွဲတို့ ပါဝင်မည် ဖြစ်သည်။

အဆောက်အအုံမှာ ကျောက်တုံးဖြင့် ဆောက်လုပ်ထားပြီး သင်ပုန်းကျောက်ပြားမိုးထားသည်။

အဆောက်အအုံပြင်ပတွင်ကား စိမ်းလန်းသော ကျေးလက်ရှုခင်းများ ၊ ပန်းမန်များ ၊ သစ်ပင်များ ဝန်းပတ်ထားသည်။ အဆောက်အအုံအတွင်းတွင်ကား ကျယ်ပြောသော ဧည့်ခန်းနေရာ ၂ ခုပါဝင်သည်။

(ဤရထားဖြင့် ခြံဝန်းအတွင်း ကိုယ်ပိုင်ရထားလမ်းတွင် မောင်းနှင်နိုင်သည်။ ဓာတ်ပုံ- Jam Press/Exposure Photography)

(ထူးခြားသော--။ ဓာတ်ပုံ-Jam Press/Exposure Photography)

ဆောင်းကာလများတွင် အနွေးဓာတ်အတွက်မူ ထင်းသုံးမီးဖိုတစ်ခု ရှိသည်။

နားနေခန်းဘက်တွင် အိပ်ခန်းဆောင်တစ်ခုရှိပြီး ရေချိုးခန်းတစ်ခုလည်းရှိသည်။

ထိုနေရာမှ လှေကားထစ်အနည်းငယ်တက်သွားလျှင် လက်မှတ်ရုံဟောင်းတစ်ခုရှိပြီး ယခုအခါတွင်မူ ရုံးခန်း (သို့မဟုတ်) စာဖတ်ခန်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

(ကျောက်တုံးအိမ်။ ဓာတ်ပုံ-Jam Press/Exposure Photography)

(တောင်ဘက်သို့ မျက်နှာမူသော နားနေဆောင်မှာ ဖျော်ဖြေရေးအတွက် နေရာကောင်းဖြစ်သည်။ ဓာတ်ပုံ- Jam Press/Exposure Photography)

ယခုအခန်းများအပြင် အခြား အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်းတစ်ခန်းလည်းရှိသေးသည်။

Aga မီးဖိုပါသော မီးဖိုဆောင်မှာ ပန်းဥယျာဉ်ကို အပေါ်စီးမှ တွေ့မြင်နေရသည်။

နေအိမ်၏ အနောက်ဘက်စွန်းတွင် ကျယ်ဝန်းသော အိပ်ခန်း ၃ ခန်းရှိသေးပြီး အခန်းအားလုံးတွင် ရေချိုးခန်းပါဝင်သည်။

(နေအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Jam Press/Exposure Photography)

နေအိမ်အပြင်ဘက် အပန်းဖြေနေထိုင်ရမှုကို နှစ်သက်သူများအတွက် တောင်ဘက်သို့ မျက်နှာမူသည့် နားနေဆောင်မှာ နွေကာလများတွင် ညစာစားရန်နှင့် ဖျော်ဖြေရေးအတွက် နေရာကောင်း ဖြစ်သည်။

Liddlesdale တောင်ကြားဒေသတွင် ဈေးဆိုင်များ၊ ဘဏ်တစ်ခု၊ ကျန်းမာရေးဌာနတစ်ခုနှင့် စာသင်ကျောင်းများ ရှိသည်။

နယ်စပ်မြို့များဖြစ်သော Hawick နှင့် Jedburgh တို့မှာ နီးကပ်စွာရှိရာ အလိုရှိသည်များကို အလွယ်တကူ သွားရောက်ဝယ်ယူနိုင်သည်။

ထို့အပြင် အင်္ဂလန်မြို့တစ်မြို့ဖြစ်သော Carlisle သို့လည်း အနည်းငယ်ကားမောင်းသွားရုံဖြင့် ရောက်သည်။

အိမ်ခြံမြေအကျိုးဆောင် အင်ဒရူး သွမ်ဆင်က ပြောသည်မှာ “ကျွန်တော်တွေ့ဖူးသမျှမှာ အထူးခြားဆုံး အိမ်ခြံမြေတစ်ခုပါပဲ။ ကိုယ်ပိုင်ရထားလမ်းနဲ့ ဒီဇယ်ရထားခေါင်းပါတဲ့ တစ်ခုတည်းသော အိမ်ခြံမြေပါပဲ”ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: House with its own train and private working railway on sale for £500,000 (metro)

[Zawgyi]

စေကာ့တလန္တြင္ ကိုယ္ပိုင္ရထားႏွင့္ ရထားလမ္းပါေသာ အိမ္တစ္လုံး ေပါင္ ၅၀၀,၀၀၀ ျဖင့္ ေရာင္းမည္

စေကာ့တလန္တြင္ ရထားဘူတာကို ေနအိမ္အျဖစ္ ေျပာင္းလဲထားေသာအိမ္တစ္လုံး ေပါင္ ၅၀၀၀၀၀ ျဖင့္ အေရာင္းေဈးကြက္ဝင္လာသည္။

အဆိုပါအိမ္တြင္ ကိုယ္ပိုင္ ရထားစက္ေခါင္းႏွင့္ ကိုယ္ပိုင္ရထားလမ္းလည္း ပါဝင္သည္ဟု ဆိုသည္။

တည္ေနရာမွာ စေကာ့တလန္ႏွင့္ အဂၤလန္နယ္စပ္မွ Newcastleton အမည္႐ွိ ႐ြာကေလးတြင္ တည္႐ွိၿပီး ယခင္က Saughtree ဘူတာ႐ုံဟု ေခၚဆိုခဲ့ကာ ၁၈၆၇ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ ဘူတာ ျဖစ္သည္။

ထိုဘူတာ႐ုံကို ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း လူေနအိမ္တစ္လုံးအျဖစ္ ေျပာင္းလဲခဲ့သည္။

တမူထူးဆန္းေသာ ေနအိမ္တြင္ အိပ္ခန္း ၆ ခန္း၊ ေရခ်ိဳးခန္း ၆ ခန္းပါဝင္ၿပီး ဝယ္ယူမည့္သူအေနျဖင့္ ရင္သပ္႐ႈေမာဖြယ္ ႐ႈေမွ်ာ္ခင္းမ်ားအျပင္ သဘာဝတရားႏွင့္ ထိေတြ႕ႏိုင္မည့္ အခြင့္အလမ္းမ်ားစြာ ရ႐ွိမည္ ျဖစ္သည္။

ေနအိမ္၏ ေျမာက္ဘက္တြင္ မီးရထားပလက္ေဖာင္းေဟာင္းတစ္ခုႏွင့္ ရထားလမ္းတို႔တည္႐ွိသည္။ အဆိုပါ ရထားလမ္းမွာ ကိုယ္ပိုင္ရထားလမ္းအျဖစ္ ယေန႔တိုင္ အသုံးျပဳေနဆဲျဖစ္သည္ဟု ဆိုသည္။

(ေနအိမ္အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပုံ-Jam Press/Exposure Photography)

(ခ်မ္းေျမ့သာယာေသာ ေက်းလက္႐ႈေမွ်ာ္ခင္း။ ဓာတ္ပုံ-Jam Press/Exposure Photography)

ျခံဝန္းအတြင္း ရထားလမ္းႏွင့္အတူ Meg of Saughtree အမ်ိဳးအစား ဒီဇယ္ရထားေခါင္းအျပင္ ကုန္တြဲ ၂ ခုႏွင့္ တြဲထိန္းအတြက္ ရထားတြဲတို႔ ပါဝင္မည္ ျဖစ္သည္။

အေဆာက္အအုံမွာ ေက်ာက္တုံးျဖင့္ ေဆာက္လုပ္ထားၿပီး သင္ပုန္းေက်ာက္ျပားမိုးထားသည္။

အေဆာက္အအုံျပင္ပတြင္ကား စိမ္းလန္းေသာ ေက်းလက္႐ႈခင္းမ်ား ၊ ပန္းမန္မ်ား ၊ သစ္ပင္မ်ား ဝန္းပတ္ထားသည္။ အေဆာက္အအုံအတြင္းတြင္ကား က်ယ္ေျပာေသာ ဧည့္ခန္းေနရာ ၂ ခုပါဝင္သည္။

(ဤရထားျဖင့္ ျခံဝန္းအတြင္း ကိုယ္ပိုင္ရထားလမ္းတြင္ ေမာင္းႏွင္ႏိုင္သည္။ ဓာတ္ပုံ- Jam Press/Exposure Photography)

(ထူးျခားေသာ--။ ဓာတ္ပုံ-Jam Press/Exposure Photography)

ေဆာင္းကာလမ်ားတြင္ အေႏြးဓာတ္အတြက္မူ ထင္းသုံးမီးဖိုတစ္ခု ႐ွိသည္။

နားေနခန္းဘက္တြင္ အိပ္ခန္းေဆာင္တစ္ခု႐ွိၿပီး ေရခ်ိဳးခန္းတစ္ခုလည္း႐ွိသည္။

ထိုေနရာမွ ေလွကားထစ္အနည္းငယ္တက္သြားလွ်င္ လက္မွတ္႐ုံေဟာင္းတစ္ခု႐ွိၿပီး ယခုအခါတြင္မူ ႐ုံးခန္း (သို႔မဟုတ္) စာဖတ္ခန္းအျဖစ္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

(ေက်ာက္တုံးအိမ္။ ဓာတ္ပုံ-Jam Press/Exposure Photography)

(ေတာင္ဘက္သို႔ မ်က္ႏွာမူေသာ နားေနေဆာင္မွာ ေဖ်ာ္ေျဖေရးအတြက္ ေနရာေကာင္းျဖစ္သည္။ ဓာတ္ပုံ- Jam Press/Exposure Photography)

ယခုအခန္းမ်ားအျပင္ အျခား အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ိဳးခန္းတစ္ခန္းလည္း႐ွိေသးသည္။

Aga မီးဖိုပါေသာ မီးဖိုေဆာင္မွာ ပန္းဥယ်ာဥ္ကို အေပၚစီးမွ ေတြ႕ျမင္ေနရသည္။

ေနအိမ္၏ အေနာက္ဘက္စြန္းတြင္ က်ယ္ဝန္းေသာ အိပ္ခန္း ၃ ခန္း႐ွိေသးၿပီး အခန္းအားလုံးတြင္ ေရခ်ိဳးခန္းပါဝင္သည္။

(ေနအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပုံ-Jam Press/Exposure Photography)

ေနအိမ္အျပင္ဘက္ အပန္းေျဖေနထိုင္ရမႈကို ႏွစ္သက္သူမ်ားအတြက္ ေတာင္ဘက္သို႔ မ်က္ႏွာမူသည့္ နားေနေဆာင္မွာ ေႏြကာလမ်ားတြင္ ညစာစားရန္ႏွင့္ ေဖ်ာ္ေျဖေရးအတြက္ ေနရာေကာင္း ျဖစ္သည္။

Liddlesdale ေတာင္ၾကားေဒသတြင္ ေဈးဆိုင္မ်ား၊ ဘဏ္တစ္ခု၊ က်န္းမာေရးဌာနတစ္ခုႏွင့္ စာသင္ေက်ာင္းမ်ား ႐ွိသည္။

နယ္စပ္ၿမိဳ႕မ်ားျဖစ္ေသာ Hawick ႏွင့္ Jedburgh တို႔မွာ နီးကပ္စြာ႐ွိရာ အလို႐ွိသည္မ်ားကို အလြယ္တကူ သြားေရာက္ဝယ္ယူႏိုင္သည္။

ထို႔အျပင္ အဂၤလန္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာ Carlisle သို႔လည္း အနည္းငယ္ကားေမာင္းသြား႐ုံျဖင့္ ေရာက္သည္။

အိမ္ျခံေျမအက်ိဳးေဆာင္ အင္ဒ႐ူး သြမ္ဆင္က ေျပာသည္မွာ “ကြၽန္ေတာ္ေတြ႕ဖူးသမွ်မွာ အထူးျခားဆုံး အိမ္ျခံေျမတစ္ခုပါပဲ။ ကိုယ္ပိုင္ရထားလမ္းနဲ႔ ဒီဇယ္ရထားေခါင္းပါတဲ့ တစ္ခုတည္းေသာ အိမ္ျခံေျမပါပဲ”ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသည္။)

Credit: iMyanmarHouse.com

Ref: House with its own train and private working railway on sale for £500,000 (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service