ကိုရီးယား ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ အိမ်ခြံမြေများ ရင်းနှီးမြှုပ်နှံထားကာ အကြီးအကျယ်အမြတ်ရနေ (Song Seung Heon (ဂျွန်စော)၊ Shin Min Ah, Park Seo Joon နှင့် အခြားကြယ်ပွင့်များ)

ကိုရီးယား ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ အိမ်ခြံမြေများ ရင်းနှီးမြှုပ်နှံထားကာ အကြီးအကျယ်အမြတ်ရနေ (Song Seung Heon (ဂျွန်စော)၊ Shin Min Ah, Park Seo Joon နှင့် အခြားကြယ်ပွင့်များ) - Property News in Myanmar from iMyanmarHouse.com
10 Mar 2023 10:43 am တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

KBS ရုပ်သံလိုင်းတွင် ‘Entertainment Weekly’ အစီအစဉ်တွင် အိမ်ခြံမြေများ ဝယ်ယူရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကာ အံ့အားသင့်ဖွယ် အမြတ်အစွန်းများ ရနေကြသည့် ကိုရီးယားထိပ်တန်းကြယ်ပွင့်များစာရင်းကို ထုတ်လွှင့်ခဲ့သည်။

အောက်တွင် အမြတ်အစွန်းရမှု အနည်းဆုံးမှ အများဆုံးအထိ အမြတ်ရမှု ပမာဏအလိုက် ဖော်ပြထားပါသည်။

(၁၀)အဆိုတော် Jang Beom June

အဆိုပါစာရင်းတွင် Jang Beom June မှာ နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်။

၂၀၁၄ ခုနှစ်အတွင်း Jang Beom June က ဝမ်ငွေ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်း) ဖြင့် ဝယ်ယူခဲ့သောအဆောက်အအုံမှာ ယခုအခါ သူ၏အဆောက်အအုံအနီးတွင် ကူးသန်းရောင်းဝယ်ရေးနေရာ ဖော်ဆောင်လာမှုကြောင့် သူဝယ်ခဲ့ သော အဆောက်အအုံမှာ ယခုအခါ ဝမ်ငွေ ၅ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၁၃ သန်း) တန်ကြေးရှိနေပြီ ဖြစ်သည်။

(၉) Park Seo Joon

Park Seo Joon မှာ နံပါတ် ၉ နေရာတွင် ရပ်တည်နေသည်။

ရုပ်ရှင်ကြယ်ပွင့် Park Seo Joon သည် အဆောက်အအုံဟောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက ဝမ်ငွေ ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၉ ဒသမ ၀၈ သန်း) ဖြင့် ဝယ်ယူခဲ့သည်။

၂ နှစ်ခန့် ကာလအတွင်း သူ၏အမြတ်မှာ ဝမ်ငွေ ၄ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၃ သန်း) ရနေပြီ ဖြစ်သည်။

Park Seo Joon က အဆောက်အအုံ၏ အပြင်ဘက်နံရံများ ဆေးရောင်ပြောင်းခြင်း၊ ဓာတ်လှေကားတစ်စင်း တပ်ဆင်ခြင်းတို့ဖြင့် အဆောက်အအုံကို တန်ဖိုးမြင့်တက်စေခဲ့သည်။

(၈) Jung Yup

အဆိုတော် Jung Yup သည် ၂၀၁၅ ခုနှစ်အတွင်းက ဝမ်ငွေ သန်း ၈၀၀ ဖြင့် ဝယ်ယူခဲ့သော အဆောက်အအုံတွင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ခဲ့သည်။

ကော်ဖီဆိုင်၏ ခမ်းနားမှုကြောင့် အဆောက်အအုံ၏ တန်ဖိုး ၂ ဆကျော် တက်စေခဲ့ပြီး နောက်ပိုင်းတွင် Jung Yup က ထိုအဆောက်အအုံကို ပြန်လည်ရောင်းချခဲ့သည်ဟု ဆိုသည်။

(၇) Lee Hyori

အဆိုတော်မလေး Lee Hyori သည် ငွေလိုတိုင်း အိမ်တစ်လုံးရောင်းထုတ်လေ့ရှိပြီး စုစုပေါင်း အိမ်ခြံမြေ ၇ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၀၃ သန်း) ရောင်းထုတ်ခဲ့ပြီးဖြစ်သည်။

နောက်ပိုင်းတွင် Lee Hyoriက ဆိုးလ်မြို့တော်၊ Hannam-dong အရပ်ရှိ အဆောက်အအုံတစ်လုံးကို ဝမ်ငွေ ၅ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၇၉ သန်းဝန်းကျင်) ဖြင့် ဝယ်ယူခဲ့သည်။

ထိုအဆောက်အအုံ၏ ကာလပေါက်ဈေးမှာ ဝမ်ငွေ ၈ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၇ ဒသမ ၀၂ သန်း) တန်ကြေးှရှိနေပြီ ဖြစ်သည်။

(၆) Yoo Ah In

Yoo Ah In သည် ၂၀၁၆ ခုနှစ်အတွင်း လုံးချင်းအိမ်တစ်လုံးကို ဝမ်ငွေ ၅ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၇၉ သန်း) ဖြင့် ဝယ်ယူခဲ့သည်။

Yoo Ah In ဝယ်ခဲ့သောအိမ်သည် အသုံးပြုပုံပြောင်းလဲခွင့်ရှိသောနေရာတစ်ခု ဖြစ်သည်။

ယခုအခါ အဆိုပါ အဆောက်အအုံမှာ ဝမ်ငွေ ၈ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၆ သန်း) ခန့် တန်နေပြီ ဖြစ်သည်။

(၅) Big Bang မှ ကင်တေးယောင်

အဆိုတော် Taeyang သည် ၂၀၁၆ ခုနှစ်အတွင်း ၇ ထပ်အဆောက်အအုံတစ်လုံးကို ဝမ်ငွေ ၇ ဒသမ ၇ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၃၆ သန်း) ဖြင့် ဝယ်ယူခဲ့သည်။

ထိုစဉ်က သူဝယ်ယူခဲ့သည့်ဈေးမှာ ဈေးကွက်ပေါက်ဈေးအောက် သက်သာသောဈေးဖြင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအဆောက်အအုံ၏ ကာလပေါက်ဈေးမှာ ဝမ်ငွေ ၁၅ ဘီလီယံ (ကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်း) အထိ တန်နေပြီ ဖြစ်သည်။

(၄) Han Ye Seul

ရုပ်ရှင်မင်းသမီး Han Ye Seul သည် Nonhyeon-dong အရပ်ရှိ အဆောက်အအုံငယ်တစ်လုံးကို ဝမ်ငွေ ၃ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၈၁ သန်း) ဖြင့် ဝယ်ယူခဲ့သည်။ ထိုဈေးမှာ ဈေးကွက်ပေါက်ဈေး အောက် နည်းပါးသည့်ဈေးလည်း ဖြစ်သည်။

Han Ye Seul က ထိုအဆောက်အအုံကို ပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့ရာ ဝယ်ယူပြီး ၃ နှစ်အတွင်း အဆောက်အအုံတန်ကြေးမှာ ဝမ်ငွေ ၇ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၇၈ သန်း) ခန့် ဈေးပေါက်နေပြီ ဖြစ်သည်။

(၃) Jang Dong Gun

ရုပ်ရှင်မင်းသား Jang Dong Gun မှာ တတိယနေရာတွင် ရပ်နေသည်။ Jang Dong Gun သည် ၂၀၁၁ ခုနှစ်တွင် အဆောက်အအုံတစ်လုံးကို ဝမ်ငွေ ၁၂ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၄၁ သန်း) ဖြင့် ဝယ်ယူခဲ့ရာ ယခုအချိန်တွင် ဝမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၁၆ ဒသမ ၅၂ သန်း) တန်ကြေးှရှိနေပြီ ဖြစ်သည်။

Jang Dong Gun က ထိုအဆောက်အအုံဝယ်ယူပြီးနောက်ပိုင်း နာမည်ကြီး မော်တော်ကားကုမ္ပဏီတစ်ခုထံ အငှားချခဲ့ပြီး နောက်ပိုင်းတွင် ၁၁ နှစ်ခန့် အငှားမချဘဲထားခဲ့သည်။

(၂) Shin Min Ah

ရုပ်ရှင်မင်းသမီး Shin Min Ah မှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။ Shin Min Ah သည် ၂၀၁၈ ခုနှစ်အတွင်း သစ်သားအဆောက်အအုံတစ်လုံးကို ဝမ်ငွေ ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ယခုအခါ ထိုနေရာ၏ မြေဈေးသက်သက်ပင်လျှင် ဝမ်ငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၂၆ သန်း) ခန့် တန်နေပြီ ဖြစ်သည်။

ထိုမြေနေရာတွင် Shin Min Ah က ၂၀၂၀ ပြည့်နှစ်ကတည်းကစပြီး ကြီးမားသည့် အဆောက်အအုံကြီးတစ်လုံး ဆောက်လုပ်နေသည်ဟူသော သတင်းများရှိသည်။

(၁) Song Seung Heon

အမြတ်ရမှု အများဆုံးအဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေသူမှာ Song Seung Heon (ဂျွန်စော) ဖြစ်သည်။

Song Seung Heon သည် ၂၀၀၆ ခုနှစ်အတွင်း Jamwon-dong အရပ်ရှိ အဆောက်အအုံတစ်လုံးကို ဝမ်ငွေ ၁၁ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၉ ဒသမ ၄၂ သန်း) ဖြင့် ဝယ်ယူခဲ့သည်။

ထိုအဆောက်အအုံ၏ လက်ရှိဈေးကွက်ပေါက်ဈေးမှာ ဝမ်ငွေ ၃၅ ဘီလီယံ (ကန်ဒေါ်လာ ၂၈ ဒသမ ၉၁ သန်း) တန်ကြေးရှိနေပြီ ဖြစ်သည်။

အိမ်ခြံမြေလောက ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးက ပြောသည်မှာ Song Seung Heon အနေဖြင့် အဆောက်အအုံကို ပြန်လည်ဆောက်လုပ်မှု ပြုလုပ်ပါက ဝမ်ငွေ ၇၀ ဘီလီယံ (ကန်ဒေါ်လာ ၅၇ ဒသမ ၈၂ သန်း) နှင့်အထက် တန်ကြေးရှိလာနိုင်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Celebs that Made Huge Profits by Investing in Buildings: Song Seung Heon, Shin Min Ah, Park Seo Joon, and More (zapzee)

[Zawgyi]

ကိုရီးယား ဒိတ္ဒိတ္ၾကဲ ၾကယ္ပြင့္မ်ား အိမ္ျခံေျမမ်ား ရင္းႏွီးျမွဳပ္ႏွံထားကာ အၾကီးအက်ယ္အျမတ္ရေန (Song Seung Heon (ဂၽြန္ေစာ)၊ Shin Min Ah, Park Seo Joon ႏွင့္ အျခားၾကယ္ပြင့္မ်ား)

KBS ရုပ္သံလိုင္းတြင္ ‘Entertainment Weekly’ အစီအစဥ္တြင္ အိမ္ျခံေျမမ်ား ဝယ္ယူရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ထားကာ အံ့အားသင့္ဖြယ္ အျမတ္အစြန္းမ်ား ရေနၾကသည့္ ကိုရီးယားထိပ္တန္းၾကယ္ပြင့္မ်ားစာရင္းကို ထုတ္လႊင့္ခဲ့သည္။

ေအာက္တြင္ အျမတ္အစြန္းရမႈ အနည္းဆံုးမွ အမ်ားဆံုးအထိ အျမတ္ရမႈ ပမာဏအလိုက္ ေဖာ္ျပထားပါသည္။

(၁၀)အဆိုေတာ္ Jang Beom June

အဆိုပါစာရင္းတြင္ Jang Beom June မွာ နံပါတ္ ၁၀ ေနရာတြင္ ရပ္တည္ေနသည္။ ၂၀၁၄ ခုႏွစ္အတြင္း Jang Beom June က ဝမ္ေငြ ၂ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၆၅ သန္း) ျဖင့္ ဝယ္ယူခဲ့ေသာအေဆာက္အအံုမွာ ယခုအခါ သူ၏အေဆာက္အအံုအနီးတြင္ ကူးသန္းေရာင္းဝယ္ေရးေနရာ ေဖာ္ေဆာင္လာမႈေၾကာင့္ သူဝယ္ခဲ့ ေသာ အေဆာက္အအံုမွာ ယခုအခါ ဝမ္ေငြ ၅ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၁၃ သန္း) တန္ေၾကးရွိေနျပီ ျဖစ္သည္။

(၉) Park Seo Joon

Park Seo Joon မွာ နံပါတ္ ၉ ေနရာတြင္ ရပ္တည္ေနသည္။ ရုပ္ရွင္ၾကယ္ပြင့္ Park Seo Joon သည္ အေဆာက္အအံုေဟာင္းတစ္ခုကို ၂၀၂၀ ျပည့္ႏွစ္၊ မတ္လအတြင္းက ဝမ္ေငြ ၁၁ ဘီလီယံ (ကန္ေဒၚလာ ၉ ဒသမ ၀၈ သန္း) ျဖင့္ ဝယ္ယူခဲ့သည္။

၂ ႏွစ္ခန္႔ ကာလအတြင္း သူ၏အျမတ္မွာ ဝမ္ေငြ ၄ ဘီလီယံ (ကန္ေဒၚလာ ၃ ဒသမ ၃ သန္း) ရေနျပီ ျဖစ္သည္။

Park Seo Joon က အေဆာက္အအံု၏ အျပင္ဘက္နံရံမ်ား ေဆးေရာင္ေျပာင္းျခင္း၊ ဓာတ္ေလွကားတစ္စင္း တပ္ဆင္ျခင္းတို႔ျဖင့္ အေဆာက္အအံုကို တန္ဖိုးျမင့္တက္ေစခဲ့သည္။

(၈) Jung Yup

အဆိုေတာ္ Jung Yup သည္ ၂၀၁၅ ခုႏွစ္အတြင္းက ဝမ္ေငြ သန္း ၈၀၀ ျဖင့္ ဝယ္ယူခဲ့ေသာ အေဆာက္အအံုတြင္ ေကာ္ဖီဆိုင္တစ္ဆိုင္ ဖြင့္ခဲ့သည္။

ေကာ္ဖီဆိုင္၏ ခမ္းနားမႈေၾကာင့္ အေဆာက္အအံု၏ တန္ဖိုး ၂ ဆေက်ာ္ တက္ေစခဲ့ျပီး ေနာက္ပိုင္းတြင္ Jung Yup က ထိုအေဆာက္အအံုကို ျပန္လည္ေရာင္းခ်ခဲ့သည္ဟု ဆိုသည္။

(၇) Lee Hyori

အဆိုေတာ္မေလး Lee Hyori သည္ ေငြလိုတိုင္း အိမ္တစ္လံုးေရာင္းထုတ္ေလ့ရွိျပီး စုစုေပါင္း အိမ္ျခံေျမ ၇ ဒသမ ၃ ဘီလီယံ (ကန္ေဒၚလာ ၆ ဒသမ ၀၃ သန္း) ေရာင္းထုတ္ခဲ့ျပီးျဖစ္သည္။

ေနာက္ပိုင္းတြင္ Lee Hyoriက ဆိုးလ္ျမိဳ႕ေတာ္၊ Hannam-dong အရပ္ရွိ အေဆာက္အအံုတစ္လံုးကို ဝမ္ေငြ ၅ ဒသမ ၈ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၇၉ သန္းဝန္းက်င္) ျဖင့္ ဝယ္ယူခဲ့သည္။

ထိုအေဆာက္အအံု၏ ကာလေပါက္ေစ်းမွာ ဝမ္ေငြ ၈ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၇ ဒသမ ၀၂ သန္း) တန္ေၾကးွရိွေနျပီ ျဖစ္သည္။

(၆) Yoo Ah In

Yoo Ah In သည္ ၂၀၁၆ ခုႏွစ္အတြင္း လံုးခ်င္းအိမ္တစ္လံုးကို ဝမ္ေငြ ၅ ဒသမ ၈ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၇၉ သန္း) ျဖင့္ ဝယ္ယူခဲ့သည္။ Yoo Ah In ဝယ္ခဲ့ေသာအိမ္သည္ အသံုးျပဳပံုေျပာင္းလဲခြင့္ရွိေသာေနရာတစ္ခု ျဖစ္သည္။

ယခုအခါ အဆိုပါ အေဆာက္အအံုမွာ ဝမ္ေငြ ၈ ဘီလီယံ (ကန္ေဒၚလာ ၆ ဒသမ ၆ သန္း) ခန္႔ တန္ေနျပီ ျဖစ္သည္။

(၅) Big Bang မွ ကင္ေတးေယာင္

အဆိုေတာ္ Taeyang သည္ ၂၀၁၆ ခုႏွစ္အတြင္း ၇ ထပ္အေဆာက္အအံုတစ္လံုးကို ဝမ္ေငြ ၇ ဒသမ ၇ ဘီလီယံ (ကန္ေဒၚလာ ၆ ဒသမ ၃၆ သန္း) ျဖင့္ ဝယ္ယူခဲ့သည္။

ထိုစဥ္က သူဝယ္ယူခဲ့သည့္ေစ်းမွာ ေစ်းကြက္ေပါက္ေစ်းေအာက္ သက္သာေသာေစ်းျဖင့္ ရခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါအေဆာက္အအံု၏ ကာလေပါက္ေစ်းမွာ ဝမ္ေငြ ၁၅ ဘီလီယံ (ကန္ေဒၚလာ ၁၂ ဒသမ ၄ သန္း) အထိ တန္ေနျပီ ျဖစ္သည္။

(၄) Han Ye Seul

ရုပ္ရွင္မင္းသမီး Han Ye Seul သည္ Nonhyeon-dong အရပ္ရွိ အေဆာက္အအံုငယ္တစ္လံုးကို ဝမ္ေငြ ၃ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၂ ဒသမ ၈၁ သန္း) ျဖင့္ ဝယ္ယူခဲ့သည္။ ထိုေစ်းမွာ ေစ်းကြက္ေပါက္ေစ်း ေအာက္ နည္းပါးသည့္ေစ်းလည္း ျဖစ္သည္။

Han Ye Seul က ထိုအေဆာက္အအံုကို ျပန္လည္မြမ္းမံမႈမ်ားျပဳလုပ္ခဲ့ရာ ဝယ္ယူျပီး ၃ ႏွစ္အတြင္း အေဆာက္အအံုတန္ေၾကးမွာ ဝမ္ေငြ ၇ ဘီလီယံ (ကန္ေဒၚလာ ၅ ဒသမ ၇၈ သန္း) ခန္႔ ေစ်းေပါက္ေနျပီ ျဖစ္သည္။

(၃) Jang Dong Gun

ရုပ္ရွင္မင္းသား Jang Dong Gun မွာ တတိယေနရာတြင္ ရပ္ေနသည္။ Jang Dong Gun သည္ ၂၀၁၁ ခုႏွစ္တြင္ အေဆာက္အအံုတစ္လံုးကို ဝမ္ေငြ ၁၂ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၁၀ ဒသမ ၄၁ သန္း) ျဖင့္ ဝယ္ယူခဲ့ရာ ယခုအခ်ိန္တြင္ ဝမ္ေငြ ၂၀ ဘီလီယံ (ကန္ေဒၚလာ ၁၆ ဒသမ ၅၂ သန္း) တန္ေၾကးွရိွေနျပီ ျဖစ္သည္။

Jang Dong Gun က ထိုအေဆာက္အအံုဝယ္ယူျပီးေနာက္ပိုင္း နာမည္ၾကီး ေမာ္ေတာ္ကားကုမၸဏီတစ္ခုထံ အငွားခ်ခဲ့ျပီး ေနာက္ပိုင္းတြင္ ၁၁ ႏွစ္ခန္႔ အငွားမခ်ဘဲထားခဲ့သည္။

(၂) Shin Min Ah

ရုပ္ရွင္မင္းသမီး Shin Min Ah မွာ ဒုတိယေနရာတြင္ ရပ္တည္ေနသည္။ Shin Min Ah သည္ ၂၀၁၈ ခုႏွစ္အတြင္း သစ္သားအေဆာက္အအံုတစ္လံုးကို ဝမ္ေငြ ၅ ဒသမ ၅ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။

ယခုအခါ ထိုေနရာ၏ ေျမေစ်းသက္သက္ပင္လွ်င္ ဝမ္ေငြ ၁၀ ဘီလီယံ (ကန္ေဒၚလာ ၈ ဒသမ ၂၆ သန္း) ခန္႔ တန္ေနျပီ ျဖစ္သည္။

ထိုေျမေနရာတြင္ Shin Min Ah က ၂၀၂၀ ျပည့္ႏွစ္ကတည္းကစျပီး ၾကီးမားသည့္ အေဆာက္အအံုၾကီးတစ္လံုး ေဆာက္လုပ္ေနသည္ဟူေသာ သတင္းမ်ားရွိသည္။

(၁) Song Seung Heon

အျမတ္ရမႈ အမ်ားဆံုးအျဖစ္ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ေနသူမွာ Song Seung Heon (ဂၽြန္ေစာ) ျဖစ္သည္။

Song Seung Heon သည္ ၂၀၀၆ ခုႏွစ္အတြင္း Jamwon-dong အရပ္ရွိ အေဆာက္အအံုတစ္လံုးကို ဝမ္ေငြ ၁၁ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၉ ဒသမ ၄၂ သန္း) ျဖင့္ ဝယ္ယူခဲ့သည္။

ထိုအေဆာက္အအံု၏ လက္ရွိေစ်းကြက္ေပါက္ေစ်းမွာ ဝမ္ေငြ ၃၅ ဘီလီယံ (ကန္ေဒၚလာ ၂၈ ဒသမ ၉၁ သန္း) တန္ေၾကးရွိေနျပီ ျဖစ္သည္။

အိမ္ျခံေျမေလာက ကၽြမ္းက်င္ပုဂၢိဳလ္တစ္ဦးက ေျပာသည္မွာ Song Seung Heon အေနျဖင့္ အေဆာက္အအံုကို ျပန္လည္ေဆာက္လုပ္မႈ ျပဳလုပ္ပါက ဝမ္ေငြ ၇၀ ဘီလီယံ (ကန္ေဒၚလာ ၅၇ ဒသမ ၈၂ သန္း) ႏွင့္အထက္ တန္ေၾကးရွိလာႏိုင္ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Celebs that Made Huge Profits by Investing in Buildings: Song Seung Heon, Shin Min Ah, Park Seo Joon, and More (zapzee)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...

ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...

နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော...

ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး...

မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းက
အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းက
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သ
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သ
Happy Birthday ဗီဂျေး (သို့မဟုတ်) ဘောလိဝုဒ်နာမည်ကြီးမင်းသား ဗီဂျေး၏ ရူပီး ၁၅ ကုဋေတန်ကြေးရှိ စံအိမ်
Happy Birthday ဗီဂျေး (သို့မဟုတ်) ဘောလိဝုဒ်နာမည်ကြီးမင်းသား ဗီဂျေး၏ ရူပီး ၁၅ ကုဋေတန်ကြေးရှိ စံအိမ်
သမီးများ ရည်းစားထားသည်ကို မကြိုက်သော ဆီဗက်စတာ စတားလုံးက လော့စ်အိန်ဂျလိမြို့ရှိ ထောပတ်သီးနှင့် သံပုရာပင် ၁၀၀ ကျော်ပါသော စ
သမီးများ ရည်းစားထားသည်ကို မကြိုက်သော ဆီဗက်စတာ စတားလုံးက လော့စ်အိန်ဂျလိမြို့ရှိ ထောပတ်သီးနှင့် သံပုရာပင် ၁၀၀ ကျော်ပါသော စ
မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မို
မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မို
ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်
ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်
အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားမ
အမီတာဘဂျမ်း၏သား ၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီး မော်တော်ကားမ
ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသ
ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသ
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
7mile
hill-garden-tbc

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store