အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ ……

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ …… - Property News in Myanmar from iMyanmarHouse.com
3 Mar 2023 10:45 am တွင် တင်ခဲ့သည်
1918 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီသည် Spare အမည်ကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ဗြိတိန်တော်ဝင်မိသားစု အကြောင်း ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ခမည်းတော် ချားလ်စ်ဘုရင်က ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့ကို ဝင်ဆာရဲတိုက်ဝန်းကြီးအတွင်းရှိ Frogmore အိမ်တော်မှ နှင်ထုတ်လိုက်သည်။

ဟယ်ရီတို့စုံတွဲကို Frogmore အိမ်တော်မှ နှင်ထုတ်ပြီးနောက် အရာချခံထားရသော အင်ဒရူးမင်းသားအား ထိုအိမ်တော်ပေးခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

ဟယ်ရီတို့စုံတွဲသည် ယခုအခါ ၎င်းတို့ပိုင် ပစ္စည်းပစ္စယများကို အမေရိကန်ပြည်မှ နေအိမ်သို့ ပြောင်းရွှေ့ရန် စီစဉ်ရလျက်ရှိသည်။

 

 

(ချားလ်စ်ဘုရင်က ဟယ်ရီနှင့် မီဂန်တို့ကို Frogmore အိမ်တော်မှ နှင်ထုတ်လိုက်ပြီဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ ဝင်ဆာရဲတိုက်အတွင်းရှိ Frogmore အိမ်တော်ဖြစ်သည်။ ဓာတ်ပုံ-Credit: Jon Bond)

 

(ဟယ်ရီနှင့် မီဂန်မာကယ်။ ဓာတ်ပုံ-The Mega Agency)

 

(ချားလ်စ်ဘုရင်က အရာချခံထားရသော တော်ဝင်မင်းသားကြီး အင်ဒရူးကို ဟယ်ရီတို့ ပိုင်ဆိုင်ခဲ့သော အိပ်ခန်း ၅ ခန်းပါ အိမ်တော် လွှဲပြောင်းပေးအပ်ခဲ့သည်။ ဓာတ်ပုံ-Credit: Getty)

 

 

ယခုကဲ့သို့ Frogmore အိမ်တော်မှ ဟယ်ရီတို့စုံတွဲကို နှင်ထုတ်လိုက်ခြင်းကြောင့် လာမည့်မေလတွင် ကျင်းပမည့် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားသို့ ဟယ်ရီတို့စုံတွဲကို ဖိတ်ကြားမည့် အလားအလာမှာ မရေရာတော့ချေ။

ချားလ်ဘုရင်နှင့် မိဘုရားကြီး ကမီလာတို့သည် ဝက်စ်မင်စတာ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် မေလ ၆ ရက်၌ နန်းတက်ပွဲကျင်းပရန် စီစဉ်ထားသည်။

အတွင်းလူတစ်ဦးက ပြောသည်မှာ “ဒါက ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ဗြိတိန်ကဘဝ အဆုံးသတ်သွားစေပြီ ဖြစ်ပါတယ်”ဟု ပြောသည်။

ဟယ်ရီတို့စုံတွဲ ပိုင်ဆိုင်ခဲ့သော အဆိုပါအိမ်တော်ကို ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက အရာချခံထားရသော မင်းသားကြီး အင်ဒရူးအား ပေးအပ်ခဲ့သည်ဟု ဆိုသည်။

သားတော် ဟယ်ရီက တော်ဝင်မိသားစုအပေါ် ဝေဖန်ရေးသားထားသည့် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ Spare ကို ထုတ်ဝေခဲ့ပြီးနောက် ခမည်းတော် ချားလ်စ်ဘုရင်က ဟယ်ရီတို့စုံတွဲကို Frogmore အိမ်တော်မှ နှင်ထုတ်လိုက် ခြင်းလည်း ဖြစ်သည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်နေသော ဟယ်ရီနှင့် မီဂန်မာကယ်တို့ကို Frogmore အိမ်တော်မှ နှင်ထုတ်သည့် သတိပေးစာတစ်ရပ် ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ထားသည်။

အရာချခံထားရသူ အင်ဒရူးမင်းသားကြီးသည် နတ်ရွာစံသွားပြီဖြစ်သော အဲလစ်ဇဘက်ဘုရင်မကြီး၏ ဒုတိယမြောက် သားတော်ဖြစ်ပြီး လက်ရှိအင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်၏ ညီတော်လည်း ဖြစ်သည်။

လိင်ကုန်ကူးခံရသူတို့အရေး ဆောင်ရွက်လျက်ရှိသူ Virginia Giuffre အမည်ရှိ အမေရိကန်အမျိုးသမီးက ပြောသည်မှာ လိင်ကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး ထောင်အတွင်း သေဆုံးသွားသူ Jeffery Epstein သည် ၎င်း၏ ဂိုဏ်းမှတဆင့် မင်းသားအင်ဒရူးထံ လိင်ကုန်ကူးခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

မင်းသားအင်ဒရူးကမူ Virginia ၏ စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။ အဆိုပါဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း အဲလစ်ဇဘက်ဘုရင်မကြီးက အင်ဒရူးမင်းသားကို ဂုဏ်ထူးဆောင်စစ်ဘက်ရာထူးများနှင့် တော်ဝင် အရိုက်အရာ များ ရုပ်သိမ်းခဲ့သည်။

ထို့အပြင် သူ၏ တော်ဝင်အိမ်တော်မှလည်း ဖယ်ရှားခံခဲ့ရသည်။ ယခုအခါတွင်မူ ချားလ်စ်ဘုရင်က သားတော် ဟယ်ရီကို Frogmore အိမ်တော်မှ နှင်ထုတ်ကာ ထိုအိမ်တော်ကို မင်းသားအင်ဒရူးအား ပေးလိုက်ခြင်းလည်း ဖြစ်သည်။

မင်းသားအင်ဒရူး နှင်ထုတ်ခံရသော အိမ်တော်မှာ ဟယ်ရီ၏ အိမ်ထက် များစွာကြီးမားခမ်းနားသော အိမ်တော်ကြီး ဖြစ်သည်။

Frogmore အိမ်တော်သည် အဲလစ်ဇဘက်ဘုရင်မကြီးက ဟယ်ရီ (၃၈ နှစ်) နှင့် မီဂန်မာကယ် (၄၁ နှစ်) တို့အား မင်္ဂလာလက်ဖွဲ့အဖြစ် ၂၀၁၈ ခုနှစ်အတွင်း ပေးအပ်ခဲ့သော အိမ်တော်လည်း ဖြစ်သည်။

ယခုအခါ ဟယ်ရီနှင့် မီဂန်တို့အဖို့ ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Frogmore အိမ်တော်မှ ထွက်ခွာပေးရေးအပြင် အခြားရွေးချယ်စရာ မရှိတော့ချေ။

ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် နေအိမ်မရှိတော့ချေ။

ပြီးခဲ့သော ဇန်နဝါရီလအတွင်း ဖြန့်ချိခဲ့သည့် Spare အမည်ရှိ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ဟယ်ရီက တော်ဝင်မိသားစုအပေါ် ဝေဖန်မှုများစွာ ရေးသားထားသည်။

ထိုစာအုပ်ထုတ်ဝေပြီးနောက်ပိုင်း Frogmore အိမ်တော်မှ နှင်ထုတ်ခံရခြင်းလည်း ဖြစ်သည်။

တော်ဝင်မိသားစုအကြောင်း ဟယ်ရီ၏ ထုတ်ဖော်ရေးသားချက်များအနက် အစ်ကိုဖြစ်သူ ဝေလမင်းသား (အိမ်ရှေ့စံ) ဝီလျံက ၎င်းအား ကြမ်းပြင်လဲကျအောင် ထိုးနှက်ခဲ့သည့် အကြောင်းလည်း ပါဝင်သည်။

ဝီလျံက ဟယ်ရီ၏ ဇနီးဖြစ်သူ မီဂန်မာကယ်သည် ရိုင်းစိုင်းကာ ခက်ထန်ကြမ်းတမ်းကြောင်း ထိုးနှက်ပြောဆိုမှု များကြောင့် စကားများခဲ့ခြင်း ဖြစ်သည်။

Spare စာအုပ်အတွင်း ဟယ်ရီရေးသားခဲ့ပုံမှာ “ဒါတွေအားလုံး အတော်မြန်မြန်ကြီး ဖြစ်ခဲ့တာပါ။ သိပ်ကို မြန်ပါတယ်။ သူက ကျွန်တော့်အင်္ကျီကော်လံကို ဆွဲပြီး ကြမ်းပြင်ပေါ်လဲကျသွားအောင် ထိုးပါတယ်။ ကျွန်တော် ခွေးစာပန်းကန်ပေါ် လဲကျသွားပြီး ကျောကုန်းအောက်မှာ ပန်းကန်က ကွဲသွားတယ်။ ပြီးတော့ ပန်းကန်ကွဲစတွေ ကျောကုန်းကို စူးပါတယ်” ဟု ရေးသားထားသည်။

“ကျွန်တော်ကြမ်းပြင်ပေါ်မှာ ခဏလောက်လဲပြီး ကြောင်နေတယ်။ ပြီးတော့ ကျွန်တော်ထရပ်လိုက်ပြီး သူ့ကို ထွက်သွားဖို့ ပြောတယ်”

အဆိုပါ အဖြစ်အပျက်များသည် နော်တင်ဟမ်အိမ်တော်သို့ ဟယ်ရီနှင့် မီဂန်တို့ ပြောင်းရွှေ့နေထိုင်ချိန် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝီလျံက ဟယ်ရီရှိနေချိန် ထိုအိမ်တော်သို့ ရောက်လာကာ မီဂန်အကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ချားလ်စ်ဘုရင်၏ မိဘုရားကြီး ကမီလာက မိမိတို့ညီအကိုအကြား ဖြစ်ပွားခဲ့မှုများကို ပေါက်ကြားစေခဲ့ကြောင်း လည်း ဟယ်ရီက ရေးသားထားသည်။

Spare စာအုပ်မထုတ်ဝေမီကလည်း ဟယ်ရီသည် အမေရိကန်တွင် အော်ပရာဝင်းဖရေး ရုပ်သံမေးမြန်းခန်း အစီအစဉ်နှင့် Netflix ရုပ်သံအစီအစဉ်တို့မှတဆင့် ဗြိတိန်တော်ဝင်မိသားစုအပေါ် ဝေဖန်မှုများ ပြုလုပ်ထားသည်။

“အင်ဒရူးက Frogmore အိမ်တော်ကို ရွှေ့ပြောင်းရမယ့်ကိစ္စ သဘောမတွေ့ဘူး။ ဟယ်ရီနဲ့ မီဂန်တို့ အနေနဲ့ လည်း ဒီလိုနှင်ထုတ်ခံရမှုကို ဟန့်တားဖို့ သြဇာမရှိပါဘူး”ဟု အတွင်းလူတစ်ဦးက insider သတင်းဌာနသို့ ပြောသည်။

အသက် ၃ နှစ်အရွယ် Archie နှင့် ၁၈ လအရွယ် Lilibet တို့၏ မိဘများဖြစ်သော ဟယ်ရီတို့စုံတွဲကို အခြားအိမ် တစ်လုံး အစားထိုး ပေးအပ်ခဲ့ခြင်းမရှိကြောင်း ယူဆရသည်။

ဟယ်ရီအနေဖြင့် အလှဆင် အော့တိုမန် ခုံတန်းတစ်ခုနှင့် ကျောမီပါ အိပ်စက်ဆိုဖာခုံတစ်လုံးတို့အပါအဝင် သူ၏ ပစ္စည်းပစ္စယများကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။

 

(ဟယ်ရီနှင့် မီဂန်မာကယ်။ ဓာတ်ပုံ -Credit: The Mega Agency)

 

(တော်ဝင်အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရသော အသက် ၆၃ နှစ်အရွယ်ရှိ မင်းသားကြီး အင်ဒရူး။ ဓာတ်ပုံ-Credit: Getty)

 

(မင်းသားဟယ်ရီ ရေးသားကာ ဇန်နဝါရီလအတွင်း ထုတ်ဝေခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare ။ ဓာတ်ပုံ-Credit: PA)

 

(မင်းသားဟယ်ရီအား အဲလစ်ဇဘက်ဘုရင်မကြီးက မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ခဲ့သော Frogmore အိမ်တော်။ ဓာတ်ပုံ-Credit: Alamy)

 

(Spare စာအုပ်ထွက်ရှိပြီးနောက် မီဂန်မာကယ်ကို သူမ ပါဝင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသော ကျန်းမာရေး ကော်ဖီ သောက်နေပုံကို တွေ့ရပုံ။ ဓာတ်ပုံ- Credit: clevrblends/Instagram)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Harry and Meghan evicted from Frogmore Cottage by King Charles after Spare memoir – and Prince Andrew could be moving in (the-sun)

 

 

[Zawgyi]

အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္က သားေတာ္ ဟယ္ရီႏွင့္ မီဂန္မာကယ္တုိ႔ စံုတြဲအား အဂၤလန္အိမ္ေတာ္မွ ႏွင္ထုတ္ျပီ ……

 

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီသည္ Spare အမည္ကို ကိုယ္တိုင္ေရးအတၳဳပၸတၱိတြင္ ျဗိတိန္ေတာ္ဝင္မိသားစု အေၾကာင္း ေဝဖန္ေရးသားမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ ယခုအခါ ခမည္းေတာ္ ခ်ားလ္စ္ဘုရင္က ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔ကို ဝင္ဆာရဲတိုက္ဝန္းၾကီးအတြင္းရွိ Frogmore အိမ္ေတာ္မွ ႏွင္ထုတ္ လိုက္သည္။

ဟယ္ရီတို႔စံုတြဲကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္ျပီးေနာက္ အရာခ်ခံထားရေသာ အင္ဒရူးမင္းသားအား ထိုအိမ္ေတာ္ေပးခဲ့ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

ဟယ္ရီတို႔စံုတြဲသည္ ယခုအခါ ၎တို႔ပိုင္ ပစၥည္းပစၥယမ်ားကို အေမရိကန္ျပည္မွ ေနအိမ္သို႔ ေျပာင္းေရႊ႕ရန္ စီစဥ္ရလ်က္ရွိသည္။

(ခ်ားလ္စ္ဘုရင္က ဟယ္ရီႏွင့္ မီဂန္တို႔ကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္လိုက္ျပီျဖစ္သည္။ ပံုတြင္ ေတြ႔ရသည္မွာ ဝင္ဆာရဲတိုက္အတြင္းရွိ Frogmore အိမ္ေတာ္ျဖစ္သည္။ ဓာတ္ပံု-Credit: Jon Bond)

(ဟယ္ရီႏွင့္ မီဂန္မာကယ္။ ဓာတ္ပံု-The Mega Agency)

(ခ်ားလ္စ္ဘုရင္က အရာခ်ခံထားရေသာ ေတာ္ဝင္မင္းသားၾကီး အင္ဒရူးကို ဟယ္ရီတို႔ ပိုင္ဆိုင္ခဲ့ေသာ အိပ္ခန္း ၅ ခန္းပါ အိမ္ေတာ္ လႊဲေျပာင္းေပးအပ္ခဲ့သည္။ ဓာတ္ပံု-Credit: Getty)

ယခုကဲ့သို႔ Frogmore အိမ္ေတာ္မွ ဟယ္ရီတို႔စံုတြဲကို ႏွင္ထုတ္လိုက္ျခင္းေၾကာင့္ လာမည့္ေမလတြင္ က်င္းပမည့္ ခ်ားလ္စ္ဘုရင္၏ နန္းတက္ပြဲအခမ္းအနားသို႔ ဟယ္ရီတုိ႔စံုတြဲကို ဖိတ္ၾကားမည့္ အလားအလာမွာ မေရရာေတာ့ေခ်။

ခ်ားလ္ဘုရင္ႏွင့္ မိဘုရားၾကီး ကမီလာတို႔သည္ ဝက္စ္မင္စတာ ဘုန္းေတာ္ၾကီးေက်ာင္းတြင္ လာမည့္ ေမလ ၆ ရက္၌ နန္းတက္ပြဲက်င္းပရန္ စီစဥ္ထားသည္။

အတြင္းလူတစ္ဦးက ေျပာသည္မွာ “ဒါက ဟယ္ရီနဲ႔ မီဂန္တို႔ရဲ႕ ျဗိတိန္ကဘဝ အဆံုးသတ္သြားေစျပီ ျဖစ္ပါတယ္”ဟု ေျပာသည္။

ဟယ္ရီတုိ႔စံုတြဲ ပိုင္ဆိုင္ခဲ့ေသာ အဆိုပါအိမ္ေတာ္ကို ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက အရာခ်ခံထားရေသာ မင္းသားၾကီး အင္ဒရူးအား ေပးအပ္ခဲ့သည္ဟု ဆိုသည္။

သားေတာ္ ဟယ္ရီက ေတာ္ဝင္မိသားစုအေပၚ ေဝဖန္ေရးသားထားသည့္ သူ၏ ကိုယ္ေရးအတၳဳပၸတၱိ Spare ကို ထုတ္ေဝခဲ့ျပီးေနာက္ ခမည္းေတာ္ ခ်ားလ္စ္ဘုရင္က ဟယ္ရီတို႔စံုတြဲကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္လိုက္ ျခင္းလည္း ျဖစ္သည္။

ယခုအခါ အေမရိကန္ျပည္ေထာင္စုတြင္ အေျခခ်ေနထိုင္ေနေသာ ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔ကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္သည့္ သတိေပးစာတစ္ရပ္ ဘက္ကင္ဟမ္နန္းေတာ္က ထုတ္ျပန္ထားသည္။

အရာခ်ခံထားရသူ အင္ဒရူးမင္းသားၾကီးသည္ နတ္ရြာစံသြားျပီျဖစ္ေသာ အဲလစ္ဇဘက္ဘုရင္မၾကီး၏ ဒုတိယေျမာက္ သားေတာ္ျဖစ္ျပီး လက္ရွိအဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္၏ ညီေတာ္လည္း ျဖစ္သည္။

လိင္ကုန္ကူးခံရသူတုိ႔အေရး ေဆာင္ရြက္လ်က္ရွိသူ Virginia Giuffre အမည္ရွိ အေမရိကန္အမ်ဳိးသမီးက ေျပာသည္မွာ လိင္ကုန္ကူးမႈျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံရျပီး ေထာင္အတြင္း ေသဆံုးသြားသူ Jeffery Epstein သည္ ၎၏ ဂိုဏ္းမွတဆင့္ မင္းသားအင္ဒရူးထံ လိင္ကုန္ကူးခံခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။

မင္းသားအင္ဒရူးကမူ Virginia ၏ စြပ္စြဲခ်က္မ်ားကို ျငင္းပယ္ခဲ့သည္။ အဆိုပါျဖစ္ရပ္ေပၚေပါက္ျပီးေနာက္ပိုင္း အဲလစ္ဇဘက္ဘုရင္မၾကီးက အင္ဒရူးမင္းသားကို ဂုဏ္ထူးေဆာင္စစ္ဘက္ရာထူးမ်ားႏွင့္ ေတာ္ဝင္ အရိုက္အရာ မ်ား ရုပ္သိမ္းခဲ့သည္။

ထို႔အျပင္ သူ၏ ေတာ္ဝင္အိမ္ေတာ္မွလည္း ဖယ္ရွားခံခဲ့ရသည္။ ယခုအခါတြင္မူ ခ်ားလ္စ္ဘုရင္က သားေတာ္ ဟယ္ရီကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္ကာ ထိုအိမ္ေတာ္ကို မင္းသားအင္ဒရူးအား ေပးလိုက္ျခင္းလည္း ျဖစ္သည္။

မင္းသားအင္ဒရူး ႏွင္ထုတ္ခံရေသာ အိမ္ေတာ္မွာ ဟယ္ရီ၏ အိမ္ထက္ မ်ားစြာၾကီးမားခမ္းနားေသာ အိမ္ေတာ္ၾကီး ျဖစ္သည္။

Frogmore အိမ္ေတာ္သည္ အဲလစ္ဇဘက္ဘုရင္မၾကီးက ဟယ္ရီ (၃၈ ႏွစ္) ႏွင့္ မီဂန္မာကယ္ (၄၁ ႏွစ္) တို႔အား မဂၤလာလက္ဖြဲ႔အျဖစ္ ၂၀၁၈ ခုႏွစ္အတြင္း ေပးအပ္ခဲ့ေသာ အိမ္ေတာ္လည္း ျဖစ္သည္။

ယခုအခါ ဟယ္ရီႏွင့္ မီဂန္တို႔အဖို႔ ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ Frogmore အိမ္ေတာ္မွ ထြက္ခြာေပးေရးအျပင္ အျခားေရြးခ်ယ္စရာ မရွိေတာ့ေခ်။

ဟယ္ရီတို႔စံုတြဲအတြက္ ျဗိတိန္တြင္ ေနအိမ္မရွိေတာ့ေခ်။

ျပီးခဲ့ေသာ ဇန္နဝါရီလအတြင္း ျဖန္႔ခ်ိခဲ့သည့္ Spare အမည္ရွိ ကိုယ္တိုင္ေရးအတၳဳပၸတိၱစာအုပ္တြင္ ဟယ္ရီက ေတာ္ဝင္မိသားစုအေပၚ ေဝဖန္မႈမ်ားစြာ ေရးသားထားသည္။

ထိုစာအုပ္ထုတ္ေဝျပီးေနာက္ပိုင္း Frogmore အိမ္ေတာ္မွ ႏွင္ထုတ္ခံရျခင္းလည္း ျဖစ္သည္။

ေတာ္ဝင္မိသားစုအေၾကာင္း ဟယ္ရီ၏ ထုတ္ေဖာ္ေရးသားခ်က္မ်ားအနက္ အစ္ကိုျဖစ္သူ ေဝလမင္းသား (အိမ္ေရွ႕စံ) ဝီလ်ံက ၎အား ၾကမ္းျပင္လဲက်ေအာင္ ထိုးႏွက္ခဲ့သည့္ အေၾကာင္းလည္း ပါဝင္သည္။

ဝီလ်ံက ဟယ္ရီ၏ ဇနီးျဖစ္သူ မီဂန္မာကယ္သည္ ရိုင္းစိုင္းကာ ခက္ထန္ၾကမ္းတမ္းေၾကာင္း ထိုးႏွက္ေျပာဆိုမႈ မ်ားေၾကာင့္ စကားမ်ားခဲ့ျခင္း ျဖစ္သည္။

Spare စာအုပ္အတြင္း ဟယ္ရီေရးသားခဲ့ပံုမွာ “ဒါေတြအားလံုး အေတာ္ျမန္ျမန္ၾကီး ျဖစ္ခဲ့တာပါ။ သိပ္ကို ျမန္ပါ တယ္။ သူက ကၽြန္ေတာ့္အကၤ်ီေကာ္လံကို ဆြဲျပီး ၾကမ္းျပင္ေပၚလဲက်သြားေအာင္ ထုိးပါတယ္။ ကၽြန္ေတာ္ ေခြးစာပန္းကန္ေပၚ လဲက်သြားျပီး ေက်ာကုန္းေအာက္မွာ ပန္းကန္က ကြဲသြားတယ္။ ျပီးေတာ့ ပန္းကန္ကြဲစေတြ ေက်ာကုန္းကို စူးပါတယ္” ဟု ေရးသားထားသည္။

“ကၽြန္ေတာ္ၾကမ္းျပင္ေပၚမွာ ခဏေလာက္လဲျပီး ေၾကာင္ေနတယ္။ ျပီးေတာ့ ကၽြန္ေတာ္ထရပ္လိုက္ျပီး သူ႔ကို ထြက္သြားဖုိ႔ ေျပာတယ္”

အဆိုပါ အျဖစ္အပ်က္မ်ားသည္ ေနာ္တင္ဟမ္အိမ္ေတာ္သို႔ ဟယ္ရီႏွင့္ မီဂန္တို႔ ေျပာင္းေရႊ႕ေနထိုင္ခ်ိန္ ၂၀၁၉ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ဝီလ်ံက ဟယ္ရီရွိေနခ်ိန္ ထိုအိမ္ေတာ္သို႔ ေရာက္လာကာ မီဂန္အေၾကာင္း ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ခ်ားလ္စ္ဘုရင္၏ မိဘုရားၾကီး ကမီလာက မိမိတို႔ညီအကိုအၾကား ျဖစ္ပြားခဲ့မႈမ်ားကို ေပါက္ၾကားေစခဲ့ေၾကာင္း လည္း ဟယ္ရီက ေရးသားထားသည္။ Spare စာအုပ္မထုတ္ေဝမီကလည္း ဟယ္ရီသည္ အေမရိကန္တြင္ ေအာ္ပရာဝင္းဖေရး ရုပ္သံေမးျမန္းခန္း အစီအစဥ္ႏွင့္ Netflix ရုပ္သံအစီအစဥ္တို႔မွတဆင့္ ျဗိတိန္ေတာ္ဝင္မိသားစုအေပၚ ေဝဖန္မႈမ်ား ျပဳလုပ္ထားသည္။

“အင္ဒရူးက Frogmore အိမ္ေတာ္ကို ေရႊ႕ေျပာင္းရမယ့္ကိစၥ သေဘာမေတြ႔ဘူး။ ဟယ္ရီနဲ႔ မီဂန္တို႔ အေနနဲ႔ လည္း ဒီလိုႏွင္ထုတ္ခံရမႈကို ဟန္႔တားဖို႔ ၾသဇာမရွိပါဘူး”ဟု အတြင္းလူတစ္ဦးက insider သတင္းဌာနသို႔ ေျပာသည္။

အသက္ ၃ ႏွစ္အရြယ္ Archie ႏွင့္ ၁၈ လအရြယ္ Lilibet တို႔၏ မိဘမ်ားျဖစ္ေသာ ဟယ္ရီတို႔စံုတြဲကို အျခားအိမ္ တစ္လံုး အစားထိုး ေပးအပ္ခဲ့ျခင္းမရွိေၾကာင္း ယူဆရသည္။

ဟယ္ရီအေနျဖင့္ အလွဆင္ ေအာ့တိုမန္ ခံုတန္းတစ္ခုႏွင့္ ေက်ာမီပါ အိပ္စက္ဆိုဖာခံုတစ္လံုးတို႔အပါအဝင္ သူ၏ ပစၥည္းပစၥယမ်ားကို အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္သို႔ ေျပာင္းေရႊ႕ရမည္ ျဖစ္သည္။

(ဟယ္ရီႏွင့္ မီဂန္မာကယ္။ ဓာတ္ပံု -Credit: The Mega Agency)

(ေတာ္ဝင္အေဆာင္အေယာင္မ်ား ရုပ္သိမ္းခံလိုက္ရေသာ အသက္ ၆၃ ႏွစ္အရြယ္ရွိ မင္းသားၾကီး အင္ဒရူး။ ဓာတ္ပံု-Credit: Getty)

(မင္းသားဟယ္ရီ ေရးသားကာ ဇန္နဝါရီလအတြင္း ထုတ္ေဝခဲ့ေသာ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ Spare ။ ဓာတ္ပံု-Credit: PA)

(မင္းသားဟယ္ရီအား အဲလစ္ဇဘက္ဘုရင္မၾကီးက မဂၤလာလက္ဖြဲ႔အျဖစ္ ေပးအပ္ခဲ့ေသာ Frogmore အိမ္ေတာ္။ ဓာတ္ပံု-Credit: Alamy)

(Spare စာအုပ္ထြက္ရွိျပီးေနာက္ မီဂန္မာကယ္ကို သူမ ပါဝင္ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ထားေသာ က်န္းမာေရး ေကာ္ဖီ ေသာက္ေနပံုကို ေတြ႔ရပံု။ ဓာတ္ပံု- Credit: clevrblends/Instagram)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Harry and Meghan evicted from Frogmore Cottage by King Charles after Spare memoir – and Prince Andrew could be moving in (the-sun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
area-one-business-complex
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service