တရုတ်ပြည်က ထွက်ရပ်ပေါက်ဆရာတော်ကြီး ဖန်တီးခဲ့သည့် အသဲတလှပ်လှပ် ရင်တဖိုဖို နှလုံးရပ်ဖွယ် အန္တရာယ်များသော ကောင်းကင်ပျဉ်ပြားလမ်းနှင့် အဆုံးမဲ့လှေကား

တရုတ်ပြည်က ထွက်ရပ်ပေါက်ဆရာတော်ကြီး ဖန်တီးခဲ့သည့် အသဲတလှပ်လှပ် ရင်တဖိုဖို နှလုံးရပ်ဖွယ် အန္တရာယ်များသော ကောင်းကင်ပျဉ်ပြားလမ်းနှင့် အဆုံးမဲ့လှေကား - Property News in Myanmar from iMyanmarHouse.com
1 Mar 2023 12:24 pm တွင် တင်ခဲ့သည်
866 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟွာရှန်းတောင်သည် တရုတ်ယဉ်ကျေးမှု၏ ဇစ်မြစ်အဖြစ် အထူးသဖြင့် နာမည်ကျော်သည်။

တရုတ်ပြည်၏ အထင်ကရ တောင်ကြီး ၅ လုံးတွင် တစ်ခုပါဝင်သော ဟွာရှန်းတောင်တွင် ကမ္ဘာ့အန္တရာယ် အများဆုံး တောင်တက်လမ်း၊ လှပခမ်းနားသော ရှုမျှော်ခင်းများ၊ ဘုရားကျောင်းများ အစရှိသည်တို့ကို တွေ့ရမည် ဖြစ်သည်။

 

အမျိုးအစား- တောင်၊ ရှုခင်းကြည့်နေရာ၊ သမိုင်းနှင့်ယဉ်ကျေးမှုအမွေအနှစ်နေရာ၊ ရှေးဟောင်း အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာနေရာ

အမြင့်- ၂၁၅၄ ဒသမ ၉ မီတာ (၇၀၇၀ ပေ)

လည်ပတ်ရန်အကောင်းဆုံး- ဧပြီလမှ အောက်တိုဘာအကြား

လည်ပတ်သင့်သည့်ကြာချိန်- ၁ ရက်မှ ၂ ရက်

ဖွင့်လှစ်ချိန်- အနောက်ဘက်ဂိတ် ၂၄ နာရီ။ အရှေ့ဘက်ဂိတ်- မနက် ၇ နာရီ- ည ၇ နာရီ (လည်ပတ်သူ များချိန်)။ လည်ပတ်သူနည်းချိန်များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ

ဝင်ကြေး - တစ်ဦးလျှင် ယွမ်ငွေ ၁၆၀ (မတ်လမှ နိုဝင်ဘာကြား)၊

တစ်ဦးလျှင် ယွမ်ငွေ ၁၀၀ ( ဒီဇင်ဘာမှ ဖေဖော်ဝါရီ)

လိပ်စာ- တရုတ်ပြည်၊ ရှန်စီပြည်နယ်၊ ဟွာရှန်းမြို့၊ ဟွာယင်မြို့၊ ဝေနန်မြို့များမှ သွားနိုင်သည်။

 

 

 

(ဟွာရှန်းတောင်ကို ဘာကြောင့် လည်ပတ်သင့်လဲ)

ဟွာရှန်းတောင် (华山) သည် တရုတ်ယဉ်ကျေးမှု၏ ဇစ်မြစ်နေရာတစ်ခုဖြစ်သည်။

တရုတ်စကားလုံး “Zhong Hua” မှ “ဟွာ”မှာ တရုတ်ဟု အဓိပ္ပာယ်ရသည်။ တရုတ်ပြည်၏ ရှေးအမည် ဟွာရှား (华夏) မှာ ဟွာရှန်း (ဟွာရှန်းတောင်) မှ ဆင်းသက်လာခြင်း ဖြစ်သည်။

တရုတ်ပြည်၏ အထွတ်အမြတ်တောင်အဖြစ် နာမည်ကျော်ဖြစ်သော ဟွာရှန်းတောင်ကို ဟွာရှား (တရုတ်) ၏ ဇာစ်မြစ်ဟုလည်း တင်စားကြသည်။

ဟွာရှန်းတောင်ကို တရုတ်ပြည်၏ နံပါတ် ၁ အန္တရာယ်အကြီးဆုံးတောင်အဖြစ် သတ်မှတ်ထားကြရာ စွန့်စားလိုသူများ၊ တောင်တက်သမားများသည် နှလုံးရပ်ဖွယ် အန္တရာယ်ကြီးသော ချောက်ကမ်းပါးနံရံများမှ ကျဉ်းမြောင်းလှသော လမ်းလေးများတွင် စွန့်စားရန် ရောက်ရှိလာကြသည်။

ဟွာရှန်းတောင်မှ နံပါတ် ၅ တောင်ထွတ်၏ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရန်နေရာတွင် အသက်ရှုမှား လောက်ဖွယ် နေထွက်ချိန်ရှုခင်း ၊ နေဝင်ဆည်းဆာ ၊ တိမ်ပင်လယ် ၊ ခွန်အားကြီးမားလှသော တောင်စဉ် တောင်တန်း ရှုခင်းများ ၊ သွားရောက်လည်ပတ်ကြည့်ရန် စိတ်ဝင်စားဖွယ်နေရာများစွာ ရှိသည်။

 

ထို့အပြင် ဟွာရှန်းတောင်တွင် ရှေးဟောင်း တာအိုကျောင်းတော်များစွာရှိကာ အဆိုပါ ကျောင်းတော်များတွင် သင်လေ့လာကြည့်သင့်သော ပုံပြင်များ ၊ ဒဏ္ဍာရီများ များစွာရှိသည်။

ဟွာရှန်းတောင်တွင် စိတ်ဝင်စားဖွယ်နေရာပေါင်း ၂၁၀ ကျော်ရှိရာ ယင်းတို့အနက်မှ Changkong ပျဉ်ပြားလျှောက်လမ်းအကြောင်း ရွေးချယ်ဖော်ပြအပ်ပါသည်။

 

(Changkong ပျဉ်ပြားလျှောက်လမ်း)

ဟွာရှန်းတောင်ရှိ အန္တရာယ်များသော နေရာများစွာအနက် ချန်ကောင်း ပျဉ်ပြားလျှောက်လမ်း (Changkong Plank Trail - 长空栈道) သည် အန္တရာယ်အများဆုံး ဖြစ်သည်။

နှစ်ပေါင်း ၇၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ဤပျဉ်ပြားလမ်းကို ဟွာရှန်းတောင်၏ တောင်ဘက်တောင်ထွတ် တွင် He Zhizhen ဆိုသည့် ထွက်ရပ်ပေါက် ဆရာတော်ကြီးက မတ်စောက်သော ချောက်ကမ်းပါးနံရံတွင် ပျဉ်ပြားများဖြင့် လမ်းတစ်ခု ဖန်တီးခဲ့ခြင်း ဖြစ်သည်။

 

လမ်း၏ အကျယ်မှာ ၃၀ စင်တီမီတာကျော်သာရှိပြီး ဘေးတွင် လက်ရန်းတန်းမရှိ။

တောင်နံရံတွင် သံကွင်းဆက်ကြိုးများသာ ဟန်ချက်ထိန်းရန် ရှိသည်။

ကျောချမ်းဖွယ် ထိုလမ်းကို ဖြတ်သန်းချိန်တွင် ချောက်ကမ်းပါးနံရံဘက်ကို မျက်နှာမူကာ လျှောက်သင့်သည်။

အောက်သို့ ငုံ့ကြည့်မည်ဆိုပါက မီတာ ရာပေါင်းများစွာအထိ မြင်ရမည်ဖြစ်သော်လည်း အောက်ခြေကို တွေ့ရမည် မဟုတ်ချေ။

 

ရှေးခေတ်မှသည် မျက်မှောက်ကာလအထိ ပညာရှင်များ ၊ အကျော်အမော်များနှင့် လူပေါင်းများစွာ ဟွာရှန်း တောင်သို့ လာကာ ၎င်းတို့၏ သတ္တိကို စမ်းသပ်ခဲ့ကြသည်။

အကယ်၍ သင့်အနေဖြင့် လေထဲမှ အသဲတလှပ်လှပ် ခြောက်ခြားဖွယ် နေရာတွင် ရပ်ကြည့်ရသည့် အတွေ့အကြုံ ရလိုသည်ဆိုပါမူ ဟွာရှန်းတောင်သို့ သွားပါ။

 

 

 

(အန္တရာယ်ကင်းရန်အတွက် လုံခြုံရေးကြိုးများ ငှားရမ်းနိုင်ပါသည်။ တစ်ဦးလျှင် ယွမ် ၃၀ ပေးရပြီး ကြာချိန်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လုံခြုံရေးကြိုးသည် Changkong ပျဉ်ပြားလမ်းကို ဖြတ်ကြည့်မည့်သူများအတွက် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်)

 

 

(ဟွာရှန်းတောင် ဝင်ကြေးနှင့် အခြားကုန်ကျဖွယ်များ)

ဝင်ကြေး- တစ်ဦးလျှင် ယွမ် ၁၈၀ (လည်ပတ်သူ များပြားချိန်)၊ တစ်ဦးလျှင် ယွမ် ၁၂၀ (လည်ပတ်သူ နည်းပါး ချိန်)။

ဝင်ခွင့်လက်မှတ်မှာ ၄၈ နာရီအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး Xiyue Temple မှ သာယာလှပသောနေရာ ဝင်ကြေး၊ Xianyu မှ သာယာလှပသောနေရာ ဝင်ကြေး၊ Tourist Center မှ အခြားသာယာလှပသော နေရာများသို့ သယ်ယူပို့ဆောင်ရေးစရိတ်များ ပါဝင်ပြီးဖြစ်သည်။

အနောက်ဘက် တောင်ထွတ် ကြိုးရထား (Taihua Cableway)၊ တစ်ကြောင်းစာအတွက် လူတစ်ဦးလျှင် ယွမ် ၁၄၀ (လည်ပတ်သူ များပြားချိန်)၊ လူတစ်ဦးလျှင် ယွမ် ၁၂၀ (လည်ပတ်သူ နည်းပါးချိန်)

မြောက်ဘက်တောင်ထွတ် ကြိုးရထား (Sante Cableway) ၊ လူတစ်ဦးလျှင် ယွမ် ၈၀ (တစ်ကြောင်းစာ)၊ လူတစ်ဦးလျှင် ယွမ် ၁၅၀ (အသွားအပြန်- လည်ပတ်သူများချိန်နှုန်းထား)

လည်ပတ်သူနည်းချိန်ဆိုလျှင် ခရီးစဉ်တစ်ကြောင်းစာအတွက် လူတစ်ဦးလျှင် ၄၅ ယွမ်၊ အသွားအပြန်ဆိုလျှင် ယွမ် ၈၀။ ဖွင့်လှစ်ချိန်မှာ လည်ပတ်သူများသည့်ကာလများတွင် မနက် ၇ နာရီမှ ည ၇ နာရီအထိဖြစ်ပြီး လည်ပတ်သူနည်းချိန်များတွင် မနက် ၈ နာရီမှ ည ၆ နာရီအထိ ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များစခန်းမှ လွန်းပြန်ဘတ်စ်ကား (Huashan Tourist Center)။ အသွားအပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ယွမ် ၄၀၊ လမ်းကြောင်းတစ်ခုအတွက် ယွမ် ၂၀။

 

(ဝန်ဆောင်မှုပေးသည့် အချိန်- ခရီးသွားများချိန်များတွင် မနက် ၇ နာရီမှ ည ၇ နာရီ။ ခရီးသည် နည်းပါးချိန်များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ)

မှတ်စု။ ခရီးသွားများချိန်မှာ မတ်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ကြားဖြစ်ပြီး ခရီးသွားနည်းပါးချိန်မှာ ဒီဇင်ဘာလ ၁ ရက်မှ ဖေဖော်ဝါရီလကုန်ရက်အထိဖြစ်သည်။

အထက်ဖော်ပြပါ ဈေးနှုန်းများနှင့် ကမ္ဘာလှည့်ခရီးသည်စခန်းမှ ယာဉ်များ ဝန်ဆောင်မှုပေးသည့် အချိန်ကာလ များမှာ ရည်ညွှန်းရန်အတွက်သာ ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် နောက်ဆုံး သတင်း အချက်အလက်များကို ခရီးသွားလုပ်ငန်းအတိုင်ပင်ခံဌာနများတွင် မေးမြန်းနိုင်ပါသည်။

 

 

(ဟွာရှန်းတောင်ကို ဘယ်လိုသွားမလဲ)

ဟွာရှန်းတောင်သည် ရှန်စီပြည်နယ်၊ ဝေနန်မြို့တွင် တည်ရှိပြီး Xian မြို့မှ ၁၂၀ ကီလိုမီတာခန့် ဝေးကွာသည်။

အခြားမြို့များမှ အဝေးပြေးဘတ်စ်ကားများ၊ မြန်နှုန်းမြင့်ရထားများ၊ ပုံမှန်ရထားများရှိရာ ဟွာရှန်းတောင်သို့ လွယ်လင့်တကူ ရောက်ရှိနိုင်ပါသည်။

 

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mount Huashan – Challenge the World Most Dangerous Hiking Trail (chinadiscovery)

 

[Zawgyi]

တရုတ္ျပည္က ထြက္ရပ္ေပါက္ဆရာေတာ္ၾကီး ဖန္တီးခဲ့သည့္ အသဲတလွပ္လွပ္ ရင္တဖိုဖို ႏွလံုးရပ္ဖြယ္ အႏၱရာယ္မ်ားေသာ ေကာင္းကင္ပ်ဥ္ျပားလမ္းႏွင့္ အဆံုးမဲ့ေလွကား

ဟြာရွန္းေတာင္သည္ တရုတ္ယဥ္ေက်းမႈ၏ ဇစ္ျမစ္အျဖစ္ အထူးသျဖင့္ နာမည္ေက်ာ္သည္။

တရုတ္ျပည္၏ အထင္ကရ ေတာင္ၾကီး ၅ လံုးတြင္ တစ္ခုပါဝင္ေသာ ဟြာရွန္းေတာင္တြင္ ကမၻာ့အႏၱရာယ္ အမ်ားဆံုး ေတာင္တက္လမ္း၊ လွပခမ္းနားေသာ ရႈေမွ်ာ္ခင္းမ်ား၊ ဘုရားေက်ာင္းမ်ား အစရွိသည္တို႔ကို ေတြ႔ရမည္ ျဖစ္သည္။

အမ်ဳိးအစား- ေတာင္၊ ရႈခင္းၾကည့္ေနရာ၊ သမိုင္းႏွင့္ယဥ္ေက်းမႈအေမြအႏွစ္ေနရာ၊ ေရွးေဟာင္း အေဆာက္အအံုမ်ား၊ ဘာသာေရးဆိုင္ရာေနရာ

အျမင့္- ၂၁၅၄ ဒသမ ၉ မီတာ (၇၀၇၀ ေပ)

လည္ပတ္ရန္အေကာင္းဆံုး- ဧျပီလမွ ေအာက္တိုဘာအၾကား လည္ပတ္သင့္သည့္ၾကာခ်ိန္- ၁ ရက္မွ ၂ ရက္

ဖြင့္လွစ္ခ်ိန္- အေနာက္ဘက္ဂိတ္ ၂၄ နာရီ။ အေရွ႕ဘက္ဂိတ္- မနက္ ၇ နာရီ- ည ၇ နာရီ (လည္ပတ္သူ မ်ားခ်ိန္)။ လည္ပတ္သူနည္းခ်ိန္မ်ားတြင္ မနက္ ၉ နာရီမွ ညေန ၅ နာရီ

ဝင္ေၾကး - တစ္ဦးလွ်င္ ယြမ္ေငြ ၁၆၀ (မတ္လမွ ႏိုဝင္ဘာၾကား)၊ တစ္ဦးလွ်င္ ယြမ္ေငြ ၁၀၀ ( ဒီဇင္ဘာမွ ေဖေဖာ္ဝါရီ)

လိပ္စာ- တရုတ္ျပည္၊ ရွန္စီျပည္နယ္၊ ဟြာရွန္းျမိဳ႕၊ ဟြာယင္ျမိဳ႕၊ ေဝနန္ျမိဳ႕မ်ားမွ သြားႏိုင္သည္။

(ဟြာရွန္းေတာင္ကို ဘာေၾကာင့္ လည္ပတ္သင့္လဲ)

ဟြာရွန္းေတာင္ (华山) သည္ တရုတ္ယဥ္ေက်းမႈ၏ ဇစ္ျမစ္ေနရာတစ္ခုျဖစ္သည္။

တရုတ္စကားလံုး “Zhong Hua” မွ “ဟြာ”မွာ တရုတ္ဟု အဓိပၸာယ္ရသည္။ တရုတ္ျပည္၏ ေရွးအမည္ ဟြာရွား (华夏) မွာ ဟြာရွန္း (ဟြာရွန္းေတာင္) မွ ဆင္းသက္လာျခင္း ျဖစ္သည္။

တရုတ္ျပည္၏ အထြတ္အျမတ္ေတာင္အျဖစ္ နာမည္ေက်ာ္ျဖစ္ေသာ ဟြာရွန္းေတာင္ကို ဟြာရွား (တရုတ္) ၏ ဇာစ္ျမစ္ဟုလည္း တင္စားၾကသည္။

ဟြာရွန္းေတာင္ကို တရုတ္ျပည္၏ နံပါတ္ ၁ အႏၱရာယ္အၾကီးဆံုးေတာင္အျဖစ္ သတ္မွတ္ထားၾကရာ စြန္႔စားလိုသူမ်ား၊ ေတာင္တက္သမားမ်ားသည္ ႏွလံုးရပ္ဖြယ္ အႏၱရာယ္ၾကီးေသာ ေခ်ာက္ကမ္းပါးနံရံမ်ားမွ က်ဥ္းေျမာင္းလွေသာ လမ္းေလးမ်ားတြင္ စြန္႔စားရန္ ေရာက္ရွိလာၾကသည္။

ဟြာရွန္းေတာင္မွ နံပါတ္ ၅ ေတာင္ထြတ္၏ ကမၻာလွည့္ခရီးသည္မ်ား လာေရာက္ရန္ေနရာတြင္ အသက္ရႈမွား ေလာက္ဖြယ္ ေနထြက္ခ်ိန္ရႈခင္း ၊ ေနဝင္ဆည္းဆာ ၊ တိမ္ပင္လယ္ ၊ ခြန္အားၾကီးမားလွေသာ ေတာင္စဥ္ ေတာင္တန္း ရႈခင္းမ်ား ၊ သြားေရာက္လည္ပတ္ၾကည့္ရန္ စိတ္ဝင္စားဖြယ္ေနရာမ်ားစြာ ရွိသည္။

ထို႔အျပင္ ဟြာရွန္းေတာင္တြင္ ေရွးေဟာင္း တာအိုေက်ာင္းေတာ္မ်ားစြာရွိကာ အဆိုပါ ေက်ာင္းေတာ္မ်ားတြင္ သင္ေလ့လာၾကည့္သင့္ေသာ ပံုျပင္မ်ား ၊ ဒ႑ာရီမ်ား မ်ားစြာရွိသည္။

ဟြာရွန္းေတာင္တြင္ စိတ္ဝင္စားဖြယ္ေနရာေပါင္း ၂၁၀ ေက်ာ္ရွိရာ ယင္းတို႔အနက္မွ Changkong ပ်ဥ္ျပားေလွ်ာက္လမ္းအေၾကာင္း ေရြးခ်ယ္ေဖာ္ျပအပ္ပါသည္။

(Changkong ပ်ဥ္ျပားေလွ်ာက္လမ္း)

ဟြာရွန္းေတာင္ရွိ အႏၱရာယ္မ်ားေသာ ေနရာမ်ားစြာအနက္ ခ်န္ေကာင္း ပ်ဥ္ျပားေလွ်ာက္လမ္း (Changkong Plank Trail - 长空栈道) သည္ အႏၱရာယ္အမ်ားဆံုး ျဖစ္သည္။

ႏွစ္ေပါင္း ၇၀၀ ေက်ာ္ သက္တမ္းရွိျပီျဖစ္ေသာ ဤပ်ဥ္ျပားလမ္းကို ဟြာရွန္းေတာင္၏ ေတာင္ဘက္ေတာင္ထြတ္ တြင္ He Zhizhen ဆိုသည့္ ထြက္ရပ္ေပါက္ ဆရာေတာ္ၾကီးက မတ္ေစာက္ေသာ ေခ်ာက္ကမ္းပါးနံရံတြင္ ပ်ဥ္ျပားမ်ားျဖင့္ လမ္းတစ္ခု ဖန္တီးခဲ့ျခင္း ျဖစ္သည္။

လမ္း၏ အက်ယ္မွာ ၃၀ စင္တီမီတာေက်ာ္သာရွိျပီး ေဘးတြင္ လက္ရန္းတန္းမရွိ။

ေတာင္နံရံတြင္ သံကြင္းဆက္ၾကိဳးမ်ားသာ ဟန္ခ်က္ထိန္းရန္ ရွိသည္။

ေက်ာခ်မ္းဖြယ္ ထိုလမ္းကို ျဖတ္သန္းခ်ိန္တြင္ ေခ်ာက္ကမ္းပါးနံရံဘက္ကို မ်က္ႏွာမူကာ ေလွ်ာက္သင့္သည္။

ေအာက္သို႔ ငံု႔ၾကည့္မည္ဆိုပါက မီတာ ရာေပါင္းမ်ားစြာအထိ ျမင္ရမည္ျဖစ္ေသာ္လည္း ေအာက္ေျခကို ေတြ႔ရမည္ မဟုတ္ေခ်။

ေရွးေခတ္မွသည္ မ်က္ေမွာက္ကာလအထိ ပညာရွင္မ်ား ၊ အေက်ာ္အေမာ္မ်ားႏွင့္ လူေပါင္းမ်ားစြာ ဟြာရွန္း ေတာင္သို႔ လာကာ ၎တို႔၏ သတိၱကို စမ္းသပ္ခဲ့ၾကသည္။

အကယ္၍ သင့္အေနျဖင့္ ေလထဲမွ အသဲတလွပ္လွပ္ ေျခာက္ျခားဖြယ္ ေနရာတြင္ ရပ္ၾကည့္ရသည့္ အေတြ႔အၾကံဳ ရလိုသည္ဆိုပါမူ ဟြာရွန္းေတာင္သို႔ သြားပါ။

(အႏၱရာယ္ကင္းရန္အတြက္ လံုျခံဳေရးၾကိဳးမ်ား ငွားရမ္းႏိုင္ပါသည္။ တစ္ဦးလွ်င္ ယြမ္ ၃၀ ေပးရျပီး ၾကာခ်ိန္ျဖင့္ ငွားရမ္းျခင္းျဖစ္သည္။ လံုျခံဳေရးၾကိဳးသည္ Changkong ပ်ဥ္ျပားလမ္းကို ျဖတ္ၾကည့္မည့္သူမ်ားအတြက္ လိုအပ္သည့္အရာတစ္ခု ျဖစ္သည္)

(ဟြာရွန္းေတာင္ ဝင္ေၾကးႏွင့္ အျခားကုန္က်ဖြယ္မ်ား)

ဝင္ေၾကး- တစ္ဦးလွ်င္ ယြမ္ ၁၈၀ (လည္ပတ္သူ မ်ားျပားခ်ိန္)၊ တစ္ဦးလွ်င္ ယြမ္ ၁၂၀ (လည္ပတ္သူ နည္းပါး ခ်ိန္)။

ဝင္ခြင့္လက္မွတ္မွာ ၄၈ နာရီအထိ အသံုးျပဳႏိုင္မည္ျဖစ္ျပီး Xiyue Temple မွ သာယာလွပေသာေနရာ ဝင္ေၾကး၊ Xianyu မွ သာယာလွပေသာေနရာ ဝင္ေၾကး၊ Tourist Center မွ အျခားသာယာလွပေသာ ေနရာမ်ားသို႔ သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ား ပါဝင္ျပီးျဖစ္သည္။

အေနာက္ဘက္ ေတာင္ထြတ္ ၾကိဳးရထား (Taihua Cableway)၊ တစ္ေၾကာင္းစာအတြက္ လူတစ္ဦးလွ်င္ ယြမ္ ၁၄၀ (လည္ပတ္သူ မ်ားျပားခ်ိန္)၊ လူတစ္ဦးလွ်င္ ယြမ္ ၁၂၀ (လည္ပတ္သူ နည္းပါးခ်ိန္) ေျမာက္ဘက္ေတာင္ထြတ္ ၾကိဳးရထား (Sante Cableway) ၊ လူတစ္ဦးလွ်င္ ယြမ္ ၈၀ (တစ္ေၾကာင္းစာ)၊ လူတစ္ဦးလွ်င္ ယြမ္ ၁၅၀ (အသြားအျပန္- လည္ပတ္သူမ်ားခ်ိန္ႏႈန္းထား)

လည္ပတ္သူနည္းခ်ိန္ဆိုလွ်င္ ခရီးစဥ္တစ္ေၾကာင္းစာအတြက္ လူတစ္ဦးလွ်င္ ၄၅ ယြမ္၊ အသြားအျပန္ဆိုလွ်င္ ယြမ္ ၈၀။ ဖြင့္လွစ္ခ်ိန္မွာ လည္ပတ္သူမ်ားသည့္ကာလမ်ားတြင္ မနက္ ၇ နာရီမွ ည ၇ နာရီအထိျဖစ္ျပီး လည္ပတ္သူနည္းခ်ိန္မ်ားတြင္ မနက္ ၈ နာရီမွ ည ၆ နာရီအထိ ျဖစ္သည္။

ကမၻာလွည့္ခရီးသည္မ်ားစခန္းမွ လြန္းျပန္ဘတ္စ္ကား (Huashan Tourist Center)။ အသြားအျပန္ခရီးစဥ္အတြက္ တစ္ဦးလွ်င္ ယြမ္ ၄၀၊ လမ္းေၾကာင္းတစ္ခုအတြက္ ယြမ္ ၂၀။

(ဝန္ေဆာင္မႈေပးသည့္ အခ်ိန္- ခရီးသြားမ်ားခ်ိန္မ်ားတြင္ မနက္ ၇ နာရီမွ ည ၇ နာရီ။ ခရီးသည္ နည္းပါးခ်ိန္မ်ားတြင္ မနက္ ၉ နာရီမွ ညေန ၅ နာရီအထိ)

မွတ္စု။ ခရီးသြားမ်ားခ်ိန္မွာ မတ္လ ၁ ရက္မွ ႏိုဝင္ဘာလ ၃၀ ၾကားျဖစ္ျပီး ခရီးသြားနည္းပါးခ်ိန္မွာ ဒီဇင္ဘာလ ၁ ရက္မွ ေဖေဖာ္ဝါရီလကုန္ရက္အထိျဖစ္သည္။

အထက္ေဖာ္ျပပါ ေစ်းႏႈန္းမ်ားႏွင့္ ကမၻာလွည့္ခရီးသည္စခန္းမွ ယာဥ္မ်ား ဝန္ေဆာင္မႈေပးသည့္ အခ်ိန္ကာလ မ်ားမွာ ရည္ညႊန္းရန္အတြက္သာ ျဖစ္ပါသည္။ အေသးစိတ္အခ်က္အလက္မ်ားႏွင့္ ေနာက္ဆံုး သတင္း အခ်က္အလက္မ်ားကို ခရီးသြားလုပ္ငန္းအတိုင္ပင္ခံဌာနမ်ားတြင္ ေမးျမန္းႏိုင္ပါသည္။

(ဟြာရွန္းေတာင္ကို ဘယ္လိုသြားမလဲ)

ဟြာရွန္းေတာင္သည္ ရွန္စီျပည္နယ္၊ ေဝနန္ျမိဳ႕တြင္ တည္ရွိျပီး Xian ျမိဳ႕မွ ၁၂၀ ကီလိုမီတာခန္႔ ေဝးကြာသည္။

အျခားျမိဳ႕မ်ားမွ အေဝးေျပးဘတ္စ္ကားမ်ား၊ ျမန္ႏႈန္းျမင့္ရထားမ်ား၊ ပံုမွန္ရထားမ်ားရွိရာ ဟြာရွန္းေတာင္သို႔ လြယ္လင့္တကူ ေရာက္ရွိႏိုင္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mount Huashan – Challenge the World Most Dangerous Hiking Trail (chinadiscovery)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service