သရဲမ ခြောက်လှန့်နေသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူစောင့်ကြပ်စေခဲ့သည့် ထိုင်းန်ိုင်ငံ အရှေ့ပိုင်းက ကျေးရွာ
သရဲမ ခြောက်လှန့်နေသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူစောင့်ကြပ်စေခဲ့သည့် ထိုင်းန်ိုင်ငံ အရှေ့ပိုင်းက ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
24 Feb 2023 11:21 am တွင် တင်ခဲ့သည်
846 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ထိုင်းနိုင်ငံတွင် နန်နတ် အမည်ရှိ သရဲမအပြင် နာမည်ကြီး သရဲများစွာရှိသည်။)
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် သရဲမ၏ ခြောက်လှန့်မှုကို လနှင့်ချီ၍ ခံစားနေရသော ရွာတစ်ရွာက သရဲနှိမ်နင်းပေးရန် အကူအညီတောင်းခံမှုကြောင့် တာဝန်ယူစောင့်ကြပ်မှုများ ပြုလုပ်ခဲ့ရသည်။
ထိုင်းနိုင်ငံ အရှေ့ပိုင်း Amnat Charoen ပြည်နယ်မှ သရဲမ သောင်းကျန်းနေသောရွာသို့ ရဲတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားခဲ့ရခြင်း ဖြစ်သည်။
ဒေသခံများက ထိုသရဲမကို ဖီပေါ့ဟု ခေါ်ကြသည်။ ရွာသားတို့၏ ပြောကြားချက်အရ သရဲမ ဖီပေါ့သည့် နွား ၄ ကောင် သတ်ခဲ့သည့်အပြင် နယ်ခြားစောင့် ရဲအရာရှိ ၄ ဦးကို နာမကျန်းဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ပြောသည် ဟု ထိုင်းအွန်လိုင်းသတင်းမီဒီယာတစ်ခုဖြစ်သော Khaosod English က ဖော်ပြသည်။
ရွာသားများ၏ စိတ်ဓာတ်ကြံ့ခိုင်စေရန်၊ နေ့စဉ်နေထိုင်မှုဘဝတွင် တုန်လှုပ်ခြောက်ခြားရမှု ကာကွယ်ရန်အတွက် ရဲတပ်ဖွဲ့မှ စောင့်ကြပ်ပေးပါရန် ရွာလူကြီးများက အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း Khaosod English ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ရဲတပ်ဖွဲ့ဝင်များသည် သရဲမ ခြောက်လှန့်မှုဘေးမှ ကာကွယ်ရန် ကျေးရွာအတွင်း ကင်းလှည့်မှုများ ပြုလုပ်ကြရသည်။
ထိုဒေသ၏ ရဲတပ်ဖွဲ့အကြီးအကဲ Adul Chaiprasithikul က ပြောသည်မှာ ဖီပေါ့သရဲကို မယုံသူထက် ယုံကြည်သူက ပိုမိုများပြားကြောင်း ပြောသည်။
(ခြောက်လှန့်မှုများ)
ဖီပေါ့သရဲမသည် လူတို့ကို ဝင်ရောက်ပူးကပ်နိုင်စွမ်းရှိသည့်အပြင် တစ်ရွာလုံးကို ကသောင်းကနင်းဖြစ်အောင် လုပ်နိုင်စွမ်းရှိကြောင်း ယုံကြည်ကြသည်။
ထိုင်းနိုင်ငံရှိ ကျေးလက်ဒေသများစွာတွင် နှစ်စဉ်နှစ်တိုင်း သရဲခြောက်လှန့်ခံရမှု ဖြစ်ရပ်များရှိနေကြောင်း အဆိုပါသတင်းဌာနက ဖော်ပြသည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း ရွာသား ၃ ဦးကို ဖီပေါ့သရဲစီးကာ ဓားဖြင့်ထောက်၍ အဝတ်အစားများ ချွတ်စေခဲ့သည်ဟု ဆိုသည်။
ထိုသရဲမအကြောင်းကို အခြေခံကာ ထိုင်းနိုင်ငံတွင် Baan Phi Pob အမည်ရှိ သရဲဇာတ်လမ်းတွဲများ ရိုက်ကူးထားမှု ရှိသည်။
သို့သော် အယူသီးမှုများ ပြင်းထန်သည့် ထိုင်းတွင် ဖီပေါ့အပြင် အခြား နာမည်ကြီးသရဲ များစွာရှိနေသည်။
ထိုင်းအွန်လိုင်းသတင်းစာဖြစ်သော Samui Times ၏ ဖော်ပြချက်အရ ထိုင်းတွင် နာမည်ကြီးသရဲပေါင်း ၂၀ ထက်မနည်းရှိကြောင်း၊ အားလုံးမှာမူ ဆိုးရွားသောသရဲများမဟုတ်ကြကြောင်း ဖော်ပြသည်။
ဥပမာအားဖြင့် ဖီဖောင်းကန်အမည်ရှိ သရဲဆိုလျှင် မျောက်နက်ကြီးအသွင် ဖန်ဆင်းကာ တောအုပ်များထဲရှိ ဆားကျင်းများရှိရာတွင် ကျင်လည်လေ့ရှိပြီး ထိုနေရာတွင် အိပ်စက်တတ်ကြသည့်လူတို့၏ ခြေမများကို စုပ်လေ့ရှိသည်ဟု ဆိုသည်။
အခြား နာမည်ကြီးသရဲမှာ ဖီ ကရာဆူးဟုခေါ်သော သရဲဖြစ်ပြီး ထိုင်းတွင် လူများအလွန်ကြောက်ရွံ့ကြသော သရဲဖြစ်သည်။
ထိုသရဲသည် လှပသောအမျိုးသမီးအသွင် ဖန်ဆင်းကာ သူ၏သားကောင်ကို ဆွဲဆောင်လေ့ရှိသည်။
ဖီကရာဆူးသရဲမသည် ခန္ဓာကိုယ်အောက်ပိုင်း မရှိသောကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကွယ်ထားရန် ဝတ်ရုံရှည်ကြီးနှင့် အမြဲတွေ့ရလေ့ရှိပြီး သူမ၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများနှင့် အူများမှာ ဦးခေါင်းဆီမှ တွဲလောင်းဆွဲ၍သာ ရှိနေသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thai police called in to take on village's female ghost (bbc)
[Zawgyi]
သရဲမ ခြောက်လှန့်နေသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူစောင့်ကြပ်စေခဲ့သည့် ထိုင်းနိုင်ငံ အရှေ့ပိုင်းက ကျေးရွာ
(ခြောက်လှန့်မှုများ)
ဖီပေါ့သရဲမသည် လူတို့ကို ဝင်ရောက်ပူးကပ်နိုင်စွမ်းရှိသည့်အပြင် တစ်ရွာလုံးကို ကသောင်းကနင်းဖြစ်အောင်ဘ လုပ်နိုင်စွမ်းရှိကြောင်း ယုံကြည်ကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
bkk-projects
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service