ဟောင်ကောင်သို့ လည်ပတ်လိုသူများကို လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေမည်

ဟောင်ကောင်သို့ လည်ပတ်လိုသူများကို လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2023 10:04 am တွင် တင်ခဲ့သည်
286 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

ဟောင်ကောင်၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးရေးအတွက် လာရောက်လည်ပတ်သူများကို လေယာဉ် လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေရန် စီစဉ်ထားသည်။

ဟောင်ကောင်အကြီးအကဲ John Lee က ပြောသည်မှာ Hello Hong Kong အစီအစဉ်သည် ကမ္ဘာ့အကြီးမား ဆုံး ခရီးသွားများ ကြိုဆိုရေး အစီအစဉ်ဖြစ်နိုင်ကြောင်း ပြောသည်။

ဟောင်ကောင်အကြီးအကဲက မကြာမီကျင်းပဖွယ်ရှိသော Rugby Sevens နှင့် မြို့တော် မာရသွန်ပွဲများ အကြောင်းကိုလည်း အင်္ဂလိပ် ၊ မန်ဒရင်းနှင့် ကန်တုံဘာသာစကားများဖြင့် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အကယ်၍ သင့်အနေဖြင့် အပျော်ခရီးထွက်ရန်နှင့် အခမဲ့လေယာဉ်စီးခွင့်ရရန် အခွင့်အလမ်းရှာဖွေနေသည် ဆိုပါက ဟောင်ကောင်သို့သွားရန် အချိန်ကျရောက်လာပြီဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေ သွားမည် ဖြစ်ကြောင်း ပြီးခဲ့သော ကြာသပတေးနေ့တွင် John Lee က ကြေညာခဲ့ခြင်းဖြစ်သည်။

လေယာဉ်လက်မှတ်များ အခမဲ့ပေးဝေမှုကို မတ်လတွင် စတင်မည်ဖြစ်ပြီး ၆ လကြာမြင့်မည်ဖြစ်ကြောင်း ဟောင်ကောင် လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ဟောင်ကောင် လေကြောင်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Fred Lam က ပြောသည်မှာ လက်မှတ် များ ပေးဝေမည့်နည်းလမ်း အမျိုးမျိုးရှိမည်ဖြစ်ကြောင်း ၊ မဲဖောက်ပေးသည့်စနစ်နှင့် လက်မှတ် ၁ စောင်ဝယ် လျှင် ၂ စောင်ရမည့် စနစ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြောသည်။

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သည် ဟောင်ကောင်သားများအတွက် လေယာဉ်လက်မှတ်ပေါင်း ၈၀၀၀၀ နှင့် တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်သူများအတွက် လေယာဉ်လက်မှတ်ပေါင်း ၈၀၀၀၀ လည်း ပေးဝေသွားမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများအကြား ၃ နှစ်ကြာ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ရပြီးနောက် စီးပွားရေး ပြန်လည် အသက်ဝင်လာစေရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

Hello Hong Kong ဟု အမည်ပေးထားသော အဆိုပါ အစီအစဉ်တွင် Rugby Sevens ပြိုင်ပွဲနှင့် မြို့တော်မာရသွန်ပြိုင်ပွဲတစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

(( ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဟောင်ကောင်ကို ကမ္ဘာလှည့်ခရီးသည်တွေ ဘာကြောင့် မလာကြတာလဲ။))

ပြီးခဲ့သော ၄ နှစ်အတွင်း ဟောင်ကောင်သည် ခက်ခဲသော အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသည်။

အဓိကကျသော အကြောင်းရင်းတစ်ခုမှာ ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီ လိုလားသူတို့၏ ဆန္ဒပြမှုများအပေါ် တုံ့ပြန်ပုံ ဖြစ်သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရင်ဆိုင်အချင်းပွားခဲ့ပြီး အဓိကရုဏ်းအသွင် ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်ပိုင်း တစ်နှစ်အကြာတွင် ဗဟိုအစိုးရက အတိုက်အခံတို့၏ ဝေဖန်ပြောကြားမှုများကို ထိန်းချုပ်ရေး အတွက် ပြစ်မှုအဖြစ် သတ်မှတ်မည့် ဥပဒေတစ်ခု ပြဌာန်းခဲ့ပြီး ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနောက်ပိုင်းတွင် ကိုဗစ် ၁၉ ကပ်ဘေးကြီး ဆိုက်ရောက်လာသည်။

ပြည်ဝင်ပြည်ထွက်များ ပိတ်လိုက်ကြပြီး တင်းကျပ်သော ကွာရန်တင်းများနှင့် ကိုဗစ် ၁၉ ကန့်သတ်ချက်များ ပြဌာန်းခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်မှုများကြောင့် ရောဂါကူးစက်မှုများ လျော့နည်းသွားသော်လည်း အပြီးတိုင် ပျောက်ကွယ် မသွားချေ။

ဟောင်ကောင်တွင် နှာခေါင်းစည်းများ တပ်ရန် ဆက်လက်ပြဌာန်းထားပြီး မလိုက်နာပါက ၁၂၇၅ ဒေါ်လာ အထက် ဒဏ်ငွေချမှတ်ရန် ပြဌာန်းထားကြောင်း တိုင်းမ်သတင်းစာက ဖော်ပြသည်။

ဟောင်ကောင်သို့ လေယာဉ်လက်မှတ် အခမဲ့ပေးဝေမည့် အစီအစဉ်များကို CNN သတင်းဌာနက အောက်ပါအတိုင်း ဖော်ပြထားသည်။

အခမဲ့လေယာဉ်လက်မှတ်များကို ၃ သုတ်ခွဲပြီး ပေးဝေသွားမည် ဖြစ်သည်။

(မတ်လ ၁ ရက်) အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်သူများကို အခမဲ့လက်မှတ်များ ပေးမည်။

(ဧပြီလ ၁ ရက်) တရုတ်ပြည်မကြီးတွင် နေထိုင်သူများအတွက် အခမဲ့လက်မှတ်များ ပေးမည်။

(မေလ ၁ ရက်) ကျန်ကမ္ဘာ့နိုင်ငံများတွင် နေထိုင်သူများ အခမဲ့လက်မှတ်များ စတင်လျှောက်ထားနိုင်သည်။

(ဇူလိုင်လ ၁ ရက်) ဟောင်ကောင်ဒေသခံများ အခမဲ့လက်မှတ်စတင် လျှောက်ထားနိုင်မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong to Give Away 500,000 Air Tickets to Revive Tourism (bloomberg, cnbc, deseret)

[Zawgyi]

ေဟာင္ေကာင္သို႔ လည္ပတ္လိုသူမ်ားကို ေလယာဥ္လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝမည္

ေဟာင္ေကာင္၏ ခရီးသြားလုပ္ငန္း ျပန္လည္ ဖြ႔ံျဖိဳးေရးအတြက္ လာေရာက္လည္ပတ္သူမ်ားကုိ ေလယာဥ္ လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝရန္ စီစဥ္ထားသည္။

ေဟာင္ေကာင္အၾကီးအကဲ John Lee က ေျပာသည္မွာ Hello Hong Kong အစီအစဥ္သည္ ကမၻာ့အၾကီးမား ဆံုး ခရီးသြားမ်ား ၾကိဳဆိုေရး အစီအစဥ္ျဖစ္ႏိုင္ေၾကာင္း ေျပာသည္။

ေဟာင္ေကာင္အၾကီးအကဲက မၾကာမီက်င္းပဖြယ္ရွိေသာ Rugby Sevens ႏွင့္ ျမိဳ႕ေတာ္ မာရသြန္ပြဲမ်ား အေၾကာင္းကိုလည္း အဂၤလိပ္ ၊ မန္ဒရင္းႏွင့္ ကန္တံုဘာသာစကားမ်ားျဖင့္ ေျပာၾကားေသာ မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အကယ္၍ သင့္အေနျဖင့္ အေပ်ာ္ခရီးထြက္ရန္ႏွင့္ အခမဲ့ေလယာဥ္စီးခြင့္ရရန္ အခြင့္အလမ္းရွာေဖြေနသည္ ဆိုပါက ေဟာင္ေကာင္သို႔သြားရန္ အခ်ိန္က်ေရာက္လာျပီျဖစ္သည္။

၂၀၂၃ ခုႏွစ္အတြင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေလယာဥ္လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝ သြားမည္ ျဖစ္ေၾကာင္း ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ John Lee က ေၾကညာခဲ့ျခင္းျဖစ္သည္။

ေလယာဥ္လက္မွတ္မ်ား အခမဲ့ေပးေဝမႈကို မတ္လတြင္ စတင္မည္ျဖစ္ျပီး ၆ လၾကာျမင့္မည္ျဖစ္ေၾကာင္း ေဟာင္ေကာင္ ေလေၾကာင္းအာဏာပိုင္အဖြဲ႔က ထုတ္ျပန္ထားသည္။

ေဟာင္ေကာင္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Fred Lam က ေျပာသည္မွာ လက္မွတ္ မ်ား ေပးေဝမည့္နည္းလမ္း အမ်ိဳးမ်ိဳး႐ွိမည္ျဖစ္ေၾကာင္း ၊ မဲေဖာက္ေပးသည့္စနစ္ႏွင့္ လက္မွတ္ ၁ ေစာင္ဝယ္ လွ်င္ ၂ ေစာင္ရမည့္ စနစ္တို႔ ပါဝင္မည္ျဖစ္ေၾကာင္း ေျပာသည္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႔သည္ ေဟာင္ေကာင္သားမ်ားအတြက္ ေလယာဥ္လက္မွတ္ေပါင္း ၈၀၀၀၀ ႏွင့္ တရုတ္ျပည္ေတာင္ပိုင္းတြင္ ေနထိုင္သူမ်ားအတြက္ ေလယာဥ္လက္မွတ္ေပါင္း ၈၀၀၀၀ လည္း ေပးေဝသြားမည္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး ၊ ဆႏၵျပမႈမ်ား ျဖစ္ေပၚေစခဲ့ေသာ အျငင္းပြားဖြယ္ လံုျခံဳေရးဥပေဒေၾကာင့္ ႏိုင္ငံေရး မတည္ျငိမ္မႈမ်ားအၾကား ၃ ႏွစ္ၾကာ ကန္႔သတ္ပိတ္ပင္မႈမ်ား ျပဳလုပ္ခဲ့ရျပီးေနာက္ စီးပြားေရး ျပန္လည္ အသက္ဝင္လာေစရန္ ၾကိဳးပမ္းမႈလည္း ျဖစ္သည္။

Hello Hong Kong ဟု အမည္ေပးထားေသာ အဆိုပါ အစီအစဥ္တြင္ Rugby Sevens ျပိဳင္ပြဲႏွင့္ ျမိဳ႕ေတာ္မာရသြန္ျပိဳင္ပြဲတစ္ခုတို႔လည္း ပါဝင္မည္ျဖစ္သည္။

(( ျပီးခဲ့တဲ့ ၄ ႏွစ္အတြင္း ေဟာင္ေကာင္ကို ကမၻာလွည့္ခရီးသည္ေတြ ဘာေၾကာင့္ မလာၾကတာလဲ။))

ျပီးခဲ့ေသာ ၄ ႏွစ္အတြင္း ေဟာင္ေကာင္သည္ ခက္ခဲေသာ အတားအဆီးမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

အဓိကက်ေသာ အေၾကာင္းရင္းတစ္ခုမွာ ၂၀၁၉ ခုႏွစ္အတြင္း ဒီမိုကေရစီ လိုလားသူတို႔၏ ဆႏၵျပမႈမ်ားအေပၚ တု႔ံျပန္ပံု ျဖစ္သည္။

ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႔တို႔ ရင္ဆိုင္အခ်င္းပြားခဲ့ျပီး အဓိကရုဏ္းအသြင္ ေျပာင္းလဲသြားခဲ့သည္။

ယင္းေနာက္ပိုင္း တစ္ႏွစ္အၾကာတြင္ ဗဟိုအစိုးရက အတုိက္အခံတို႔၏ ေဝဖန္ေျပာၾကားမႈမ်ားကို ထိန္းခ်ဳပ္ေရး အတြက္ ျပစ္မႈအျဖစ္ သတ္မွတ္မည့္ ဥပေဒတစ္ခု ျပဌာန္းခဲ့ျပီး ဒီမိုကေရစီလုိလားသူ ေခါင္းေဆာင္မ်ားကို ဖမ္းဆီးခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းဌာနက ေဖာ္ျပခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ ကိုဗစ္ ၁၉ ကပ္ေဘးၾကီး ဆိုက္ေရာက္လာသည္။

ျပည္ဝင္ျပည္ထြက္မ်ား ပိတ္လိုက္ၾကျပီး တင္းက်ပ္ေသာ ကြာရန္တင္းမ်ားႏွင့္ ကိုဗစ္ ၁၉ ကန္႔သတ္ခ်က္မ်ား ျပဌာန္းခဲ့ၾကသည္။

ထိုသို႔ လုပ္ေဆာင္မႈမ်ားေၾကာင့္ ေရာဂါကူးစက္မႈမ်ား ေလ်ာ့နည္းသြားေသာ္လည္း အျပီးတုိင္ ေပ်ာက္ကြယ္ မသြားေခ်။

ေဟာင္ေကာင္တြင္ ႏွာေခါင္းစည္းမ်ား တပ္ရန္ ဆက္လက္ျပဌာန္းထားျပီး မလိုက္နာပါက ၁၂၇၅ ေဒၚလာ အထက္ ဒဏ္ေငြခ်မွတ္ရန္ ျပဌာန္းထားေၾကာင္း တိုင္းမ္သတင္းစာက ေဖာ္ျပသည္။

ေဟာင္ေကာင္သို႔ ေလယာဥ္လက္မွတ္ အခမဲ့ေပးေဝမည့္ အစီအစဥ္မ်ားကို CNN သတင္းဌာနက ေအာက္ပါအတုိင္း ေဖာ္ျပထားသည္။

အခမဲ့ေလယာဥ္လက္မွတ္မ်ားကို ၃ သုတ္ခြဲျပီး ေပးေဝသြားမည္ ျဖစ္သည္။ (မတ္လ ၁ ရက္) အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ေနထိုင္သူမ်ားကို အခမဲ့လက္မွတ္မ်ား ေပးမည္။

(ဧျပီလ ၁ ရက္) တရုတ္ျပည္မၾကီးတြင္ ေနထုိင္သူမ်ားအတြက္ အခမဲ့လက္မွတ္မ်ား ေပးမည္။

(ေမလ ၁ ရက္) က်န္ကမၻာ့ႏိုင္ငံမ်ားတြင္ ေနထိုင္သူမ်ား အခမဲ့လက္မွတ္မ်ား စတင္ေလွ်ာက္ထားႏုိင္သည္။

(ဇူလိုင္လ ၁ ရက္) ေဟာင္ေကာင္ေဒသခံမ်ား အခမဲ့လက္မွတ္စတင္ ေလွ်ာက္ထားႏုိင္မည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong to Give Away 500,000 Air Tickets to Revive Tourism (bloomberg, cnbc, deseret)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နွေညပူပူမှာ အဲယားကွန်းအကူမလို အေးခနဲဖြစ်သွားစေမယ့် ဂျပန်နိုင်ငံရဲ့ ထိတ်လန့်ဖွယ် ကီယိုတာကီ ဥမင်လှိုဏ်ဂူ...
နွေညပူပူမှာ အဲယားကွန်းအကူမလို အေးခနဲဖြစ်သွားစေမယ့် ဂျပန်နိုင်ငံရဲ့ ထိတ်လန့်ဖွယ် ကီယိုတာကီ ဥမင်လှိုဏ်ဂူ...
နွေနေပူမှာ အသည်းတစ်သောင်းပိုင်ရှင်များ သွားရောက်လည်ပတ်သင့်တဲ့ အသည်းပုံကျွန်း
နွေနေပူမှာ အသည်းတစ်သောင်းပိုင်ရှင်များ သွားရောက်လည်ပတ်သင့်တဲ့ အသည်းပုံကျွန်း
Elon Musk, Jeff Bezos, Bill Gates နှင့် အခြားဘီလျံနာကြီးများ မတန်တဆ ဈေးပေးကာ ဝယ်ယူခဲ့သော အရာများ (ရေငုပ်မော်တော်ကား၊ ၁၄ ပေရှည်သော ဆေးစိမ်ကျားငါးမန်းနှင့် အခြားသော..)...
Elon Musk, Jeff Bezos, Bill Gates နှင့် အခြားဘီလျံနာကြီးများ မတန်တဆ ဈေးပေးကာ ဝယ်ယူခဲ့သော အရာများ (ရေငုပ်မော်တော်ကား၊ ၁၄ ပေရှည်သော ဆေးစိမ်ကျားငါးမန်းနှင့် အခြားသော..)...
ဗီယက်နမ်တွင် လမ်းမသစ်တစ်ခု ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သော အိမ်ရှင်တစ်ဦးက ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့သဖြင့် လမ်းအပြီးသတ်သွားချိန်၌ သူ၏အိမ်မှာ လမ်းအလယ်တွင် ရောက်ရှိနေ...
ဗီယက်နမ်တွင် လမ်းမသစ်တစ်ခု ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သော အိမ်ရှင်တစ်ဦးက ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့သဖြင့် လမ်းအပြီးသတ်သွားချိန်၌ သူ၏အိမ်မှာ လမ်းအလယ်တွင် ရောက်ရှိနေ...
စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး အိမ်နီးချင်း တိုင်တန်းမှုကြောင့် ဖြိုဖျက်ပေးလိုက်ရ...
စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး အိမ်နီးချင်း တိုင်တန်းမှုကြောင့် ဖြိုဖျက်ပေးလိုက်ရ...
အသက် ၆၆ နှစ်အရွယ်ရှိ မုဆိုးမတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းလိုက်သော သတင်းမီဒီယာဌာန ရာနှင့်ချီကာ ပိုင်သည့် အသက် ၉၂ နှစ်အရွယ်ရှိ ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့နှင့် သူ၏ စံအိမ်များ...
အသက် ၆၆ နှစ်အရွယ်ရှိ မုဆိုးမတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းလိုက်သော သတင်းမီဒီယာဌာန ရာနှင့်ချီကာ ပိုင်သည့် အသက် ၉၂ နှစ်အရွယ်ရှိ ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့နှင့် သူ၏ စံအိမ်များ...
ဗြိတိသျှလက်အောက် ကိုလိုနီခေတ်မြန်မာပြည်၏ ရှားပါးဓာတ်ပုံများ (သို့မဟုတ်) ဂျာမနီ ဓာတ်ပုံဆရာ Adolphe Philip Klier က ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးခဲ့သော မြန်မာပြည်၏ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှားပါးဓာတ်ပုံများ...

အင်္ဂလန်နိုင်ငံ အလယ်ပိုင်း Burslem မြို့ငယ်တွင် နေထိုင်သူတစ်ဦး အိမ်ချဲ့ထွင်ဆောက်လုပ်လာမှုမှာ အကျည်းတန်လွန်းကာ မျက်စိ စပါးမွှေးစူးသောကြောင့်ဟုဆိုကာ ဒေသခံများ အိမ်ပြေ...
အင်္ဂလန်နိုင်ငံ အလယ်ပိုင်း Burslem မြို့ငယ်တွင် နေထိုင်သူတစ်ဦး အိမ်ချဲ့ထွင်ဆောက်လုပ်လာမှုမှာ အကျည်းတန်လွန်းကာ မျက်စိ စပါးမွှေးစူးသောကြောင့်ဟုဆိုကာ ဒေသခံများ အိမ်ပြေ...
Dailymail သတင်းဌာနက စုစည်းဖော်ပြသော အာရှတစ်လွှားမှ ဗုဒ္ဓဘာသာ ကျောင်းတော်ရာများနှင့် ရင်သပ်ရှုမောဖွယ် နေရာများ...
Dailymail သတင်းဌာနက စုစည်းဖော်ပြသော အာရှတစ်လွှားမှ ဗုဒ္ဓဘာသာ ကျောင်းတော်ရာများနှင့် ရင်သပ်ရှုမောဖွယ် နေရာများ...
အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှင့်သမီးနေသော အိမ်ကို ရောင်းခိုင်းပြီး ဝေစုတစ်ဝက်တောင်းသည့် အဘိုးအိုက...
အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှင့်သမီးနေသော အိမ်ကို ရောင်းခိုင်းပြီး ဝေစုတစ်ဝက်တောင်းသည့် အဘိုးအိုက...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သားဖြစ်သူကို အားကစားလေ့ကျင့်ပေးနေသည့် အသက် ၂၉ နှစ်အရွယ် လက်ဝှေ့သမားနှင့် ချစ်ကြိုက်နေသော အသက် ၆၄ နှစ်အရွယ် မက်ဒေါနားနှင်
သားဖြစ်သူကို အားကစားလေ့ကျင့်ပေးနေသည့် အသက် ၂၉ နှစ်အရွယ် လက်ဝှေ့သမားနှင့် ချစ်ကြိုက်နေသော အသက် ၆၄ နှစ်အရွယ် မက်ဒေါနားနှင်
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်
Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ်
Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ်
ဘောလိဝုဒ်၏ ၂၀၂၁ ခုနှစ် ဝင်ငွေအကောင်းဆုံးရုပ်ရှင် Pushpa ဖြင့် ဝက်ဝက်ကွဲအောင်မြင်နေသူ အာလူးအာဂျွန်၏ ဟိုက်ဒရာဘက်မြို့စံအိမ
ဘောလိဝုဒ်၏ ၂၀၂၁ ခုနှစ် ဝင်ငွေအကောင်းဆုံးရုပ်ရှင် Pushpa ဖြင့် ဝက်ဝက်ကွဲအောင်မြင်နေသူ အာလူးအာဂျွန်၏ ဟိုက်ဒရာဘက်မြို့စံအိမ
စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိ
စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိ
ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်
ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်
အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှ
အမေရိကန်သို့ ထွက်သွားပြီး အိမ်ရာမဲ့အဖြစ် လမ်းဘေးတွင် နှစ်ပေါင်း ၃၀ ခန့်နေထိုင်ခဲ့ရပြီးမှ ဇာတိနိုင်ငံသို့ ပြန်လာကာ ဇနီးနှ
ယောက်ျားလေးမှ မိန်းကလေးဘဝသို့ ခွဲစိတ်ပြုပြင်လိင်ပြောင်းထားသော နာမည်ကြီး ထိုင်းမင်းသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်
ယောက်ျားလေးမှ မိန်းကလေးဘဝသို့ ခွဲစိတ်ပြုပြင်လိင်ပြောင်းထားသော နာမည်ကြီး ထိုင်းမင်းသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်
စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည်
စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည်
တရုတ်ပြည်ဟူဘေးပြည်နယ်က ကမ္ဘာ့အမြင့်ဆုံးတံတား၏ အံ့ဖွယ်အချက်အလက်များ၊ တံတားဆောက်လုပ်ချိန်တွင် ဒုံးကျည်ကိုပါ အသုံးပြုကာ ဆော
တရုတ်ပြည်ဟူဘေးပြည်နယ်က ကမ္ဘာ့အမြင့်ဆုံးတံတား၏ အံ့ဖွယ်အချက်အလက်များ၊ တံတားဆောက်လုပ်ချိန်တွင် ဒုံးကျည်ကိုပါ အသုံးပြုကာ ဆော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7mile
hill-garden-tbc

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store