ဖေဖော်ဝါရီလမွေးဖွားသူများ၏ အံ့ဖွယ်ထူးခြားချက်များ

ဖေဖော်ဝါရီလမွေးဖွားသူများ၏ အံ့ဖွယ်ထူးခြားချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2 Feb 2023 11:21 am တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဘုရားသခင်က လူတစ်ဦးစီတိုင်းကို ထူးခြားချက်ကိုယ်စီဖြင့် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ အားလုံးတွင် ကိုယ်ပိုင်ထူးခြားချက်၊ အရည်အသွေးများရှိကြသည်။

အသားအရောင်၊ လူမျိုး၊ ဘာသာမည်သို့ကွဲစေ လူသည်လူသာဖြစ်၏။ သို့သော် “ဘုရားပေးတဲ့လက်ဆောင်”ဟု ကျွန်ုပ်တို့ ရည်ညွှန်းကြရသူများ ရှိကြသည်။ ထိုစကားမှာ မည်သည်ကို ဆိုလိုပါသနည်း။

ထိုသူတို့ကို တမူကွဲပြားဆန်းပြားစွာ ဘုရားက ဖန်ဆင်းပေးထားခြင်းမဟုတ်။ လူတစ်ဦးစီတိုင်းတွင် ဘုရားကပေးလိုက်သည့် အရည်အချင်းကိုသာ ရည်ညွှန်းခြင်းဖြစ်လေသည်။ ဖေဖော်ဝါရီလကို ‘ချစ်ခြင်းတရား၏လ’ ခေါ်ကြသည်။

မိမိတို့ချစ်ရသူများအပေါ် မိမိ၏ စိတ်ခံစားချက်များ ဖော်ပြနိုင်ရန် အခွင့်အလမ်းပေးထားသည့် ချစ်သူများနေ့သည် ဖေဖော်ဝါရီတွင် ကျရောက်သည်။

ဖေဖော်ဝါရီဟုသော စကားမှာ လက်တင်ဘာသာစကား ‘Februm’ မှ ဆင်းသက်လာပြီး သန့်စင်ခြင်းဟု အဓိပ္ပာယ်ရသည်။

ဖေဖော်ဝါရီလတွင် စိတ်ဝင်စားဖွယ်အချက်များစွာရှိပြီး ဤလအတွင်း မွေးဖွားသူများသည် သူမတူသည့် အရည်အသွေးများဖြင့် မွေးဖွားလာကြသည်။

ဖေဖော်ဝါရီလ မွေးဖွားသူများသည် တစ်နှစ်တာ၏ အခြား ၁၁ တွင် မွေးသူများထက် မည်သည့်ထူးခြားချက်များ ရှိနေသည်ကို အောက်တွင် ဖော်ပြသွားပါမည်။

 

(ဖေဖော်ဝါရီလ မွေးဖွားသူများ၏ အံ့ဖွယ်အချက်များ)

 

 

ဖေဖော်ဝါရီလ မွေးများသူများသည် ကုမ်ရာသီ (Aquarius) နှင့် မိန်ရာသီ (Pisces) ရာသီများအတွင်း ကျရောက်သည်။

 

 

(ဖေဖော်ဝါရီ ၁ မှ ၁၈ ရက်အတွင်း မွေးဖွားသူများမှာ ကုမ်ရာသီအတွင်း ကျရောက်ပြီး ဖေဖော်ဝါရီ ၁၉ မှ လကုန်အထိမှာ မိန်ရာသီတွင် ကျရောက်သည်)

 

(က) အကျော်အမော်များ ဖြစ်လာလေ့ရှိ

ဖေဖော်ဝါရီလ မွေးဖွားသူများမှာ အများအားဖြင့် ကံကောင်းသူများဖြစ်ပြီး မိဘမျိုးရိုးနောက်ခံ ထူးခြားကာ နောက်ခံကောင်းလေ့ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ စီရော်နယ်ဒို ၊ ရှာဟစ် ကပူး ၊အေဘီ ဒီဗီလာ ၊ စတိဗ် ဂျော့ ၊ ဘော့ မာလေ ၊ အဘီရှက် ဘဂျမ်းအစရှိသူတို့မှာ ဖေဖော်ဝါရီလတွင် မွေးဖွားခြင်း ဖြစ်သည်။

 

(အလွန်သစ္စာရှိကြသည်)

ဖေဖော်ဝါရီလတွင် မွေးဖွားသူများမှာ ၎င်းတို့နှင့် ပတ်သက်ဆက်ဆံသူများအပေါ် အလွန်သစ္စာရှိကြသည်။

ချစ်သူယောက်ျားလေး ၊ ချစ်သူမိန်းကလေး ၊ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများအပေါ် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ထားပြီး မိမိတို့ ချစ်ရသူများအပေါ် အလွန်ရိုးသားကြသည်။ ထိုသူတို့သည် ယုံကြည်ထိုက်သူများဖြစ်ပြီး သင့်အနေဖြင့် မည်သည့်အရာကိုမဆို ယုံကြည်မှုပေးနိုင်သည်။

 

(ရိုးသားဖြောင့်မတ်သော ဘွင်းဘွင်းရှင်းရှင်းသမားများဖြစ်ကြ)

ဖေဖော်ဝါရီလမွေးသူများသည် ရိုးသားဖြောင့်မတ်သော ဘွင်းဘွင်းရှင်းရှင်းသမားများဖြစ်ကြသည်။

ပြောစရာရှိသည်ကို သင့်ရှေ့တွင်သာ ဘွင်းဘွင်းပြောလေ့မည် ဖြစ်ပြီး နောက်ကွယ်မှာအတင်းပြောခြင်းမျိုး လုပ်ဆောင်လေ့မည်မဟုတ်။

၎င်းတို့သည် အမြင်လှကာ အတွင်းပုတ်သည့် ကျီးအသီးများမဟုတ်ကျ။

၎င်းတို့အပေါ် မှန်မှန်ကန်ကန်ဆက်ဆံပါက အမြဲသင့်နံဘေးတွင် ရပ်တည်လိမ့်မည်ဖြစ်ပြီး သူတို့အပေါ် ထိခိုက်အောင် ပြုလုပ်လျှင်မူ သူတို့၏ အဆိုးရွားဆုံး တုန့်ပြန်လာမှုကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။

 

 

(တခါတရံတွင် လျှို့ဝှက်တက်ကြသည်)

ဖေဖော်ဝါရီဖွားတို့မှာ အလွန်ဆန်းကြယ်ပြီး လျှို့ဝှက်တက်ကြသည်။

သူတို့အကြောင်း များစွာစုံစမ်းလာခြင်းကို မနှစ်မြို့။

၎င်းတို့အကြောင်း အရာရာချမပြတတ်ကြဘဲ လိုအပ်သည်ကိုသာ ပြောလေ့ရှိကြသည်။

 

 

(ဆန်းသစ်တီထွင်နိုင်စွမ်းမြင့်မား)

ဖေဖော်ဝါရီဖွားတို့သည် ဖန်တီးနိုင်စွမ်း အားကောင်းသူများဖြစ်ပြီး အကြောင်းအရာသစ်များ လေ့လာရခြင်းကို နှစ်သက်ကြသည်။

စိတ်ကူးသစ်များထုတ်ခြင်း ၊ သမရိုးကျဘောင်ထဲမှာ ခွဲထွက်သောအရာများ ဖန်တီးခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။

ဖေဖော်ဝါရီဖွားတို့သည် မည်သည့်နယ်ပယ်တွင် လုပ်ကိုင်သည်ဖြစ်စေ ဖန်တီးနိုင်စွမ်းအားကောင်းသူများဖြစ်သည်။

ဖေဖော်ဝါရီလတွင် မွေးဖွားသူတို့မှာ အနုပညာရှင်များ ၊ ဓာတ်ပုံဆရာများ ၊ ဖန်တီးမှု ဒီဇိုင်နာများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာလေ့ရှိကြသည်။

အထင်ကရ သိပ္ပံပညာရှင်ပေါင်းများစွာနှင့် စီးပွားရေးသမားတို့မှာ ဖေဖော်ဝါရီလတွင် မွေးဖွားသူများ ဖြစ်ကြသည်။

 

 

(ရောဂါရလွယ်တတ်ကြ)

အရာရာတိုင်းတွင် အကြောင်းအကျိုး ၊ အကောင်းအဆိုးဟူ၍ရှိရာ ဖေဖော်ဝါရီသည်လည်း အပါအဝင်ဖြစ်သည်။

ဖေဖော်ဝါရီဖွားတို့မှာ ရောဂါဘယများ အလွန်ဖြစ်လွယ်တက်ကြသည်။

ကျန်းမာရေးမကောင်းကြောင်း ၊ အိပ်မပျော်ကြောင်း ၊ ခေါင်းကိုက်ကြောင်း ၊ ဖျားနာကြောင်းတို့မှစကာ နှလုံးပြဿနာများအထိ ညည်းတွားနေလေ့ရှိသော ဖေဖော်ဝါရီဖွားများကို မကြာခဏတွေ့ရနိုင်သည်။

ဤအချက်မှာမူကား ဖေဖော်ဝါရီဖွားများ ဂရုစိုက်ရန်လိုအပ်သော ကိစ္စဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟူသော နာမည်ကျော်စကားပုံကို ကျွန်ုပ်တို့ သိထားကြသည်မဟုတ်လော။

ကျန်းမာရေးကောင်းနေမှသာလျှင် ဘဝတွင် မိမိအလိုရှိရာကို ပန်းတိုင်သို့ ရောက်ရှိရန် ကြိုးစားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဘဝပန်းတိုင်များ မချမှတ်မီ ကျန်းမာရေးကောင်းအောင် အရင်ကြိုးစားပါ။

 

(ကူညီတတ်ကြသည်)

ဖေဖော်ဝါရီဖွားတို့သည် အခြားသူများကို ကူညီတတ်ကြသည်။

အခြားသူများရေး ဦးစားပေးတတ်သော လူကောင်းများ ဖြစ်ကြသည်။

လူတစ်ဦးသည် ချမ်းသာကြွယ်ဝစေကာမူ အခြားသူများ၏ နာကျင်မှုကို ခံစားတတ်မှသာလျှင် မြင့်မြတ်သောသူ ဖြစ်ပေမည်။

 

 

(အရပ်ရှည်တတ်ကြသည်)

ဖေဖော်ဝါရီဖွားတို့သည် အခြား ၁၁ လတွင် မွေးဖွားသူများနှင့်ယှဉ်လျှင် ပိုမိုအရပ်ရှည်သူများသည်။

 

(အောင်မြင်မှု)

Journal of Social Sciences မှ ထုတ်ပြန်ခဲ့သော သုတေသနစာတမ်းတစ်ခုအရ သုတေသနပညာရှင်များသည် ဖေဖော်ဝါရီလတွင် မွေးဖွားသူ ၃၀၀ ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လေ့လာမှုအရ တွေ့ရှိလာရသည်မှာ အများစုမှာ မိမိတို့ ရွေးချယ်လိုက်ကြသော ဘဝနယ်ပယ်တွင် အောင်မြင်မှုရသူ များပြားသည်။

ဟားဗတ်တက္ကသိုလ်မှ ပြုလုပ်ခဲ့သော အခြားလေ့လာချက်တစ်ရပ်တွင်မူ ဖေဖော်ဝါရီဖွားတို့သည် အခြားလတွင် မွေးဖွားသူများထက် အရပ်ရှည်ကြသည်ဟု ဆိုသည်။

ဗြိတိန်မှ အမျိုးသားစာရင်းအင်းဌာန၏ တွေ့ရှိချက်အရ ဗြိတိန်မှ ဖေဖော်ဝါရီဖွားအများစုမှာ အနုပညာသမားများ ဖြစ်လာလေ့ရှိကြသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 7 Mind-Blowing Facts About February Born People (astrotalk, babyology)

 

 

[Zawgyi]

 

ေဖေဖာ္ဝါရီလေမြးဖြားသူမ်ား၏ အံ့ဖြယ္ထူးျခားခ်က္မ်ား

 

ဘုရားသခင္က လူတစ္ဦးစီတိုင္းကို ထူးျခားခ်က္ကိုယ္စီျဖင့္ ဖန္ဆင္းခဲ့ျခင္းျဖစ္သည္။ အားလံုးတြင္ ကိုယ္ပိုင္ထူးျခားခ်က္၊ အရည္အေသြးမ်ားရွိၾကသည္။

အသားအေရာင္၊ လူမ်ဳိး၊ ဘာသာမည္သို႔ကြဲေစ လူသည္လူသာျဖစ္၏။ သို႔ေသာ္ “ဘုရားေပးတဲ့လက္ေဆာင္”ဟု ကၽြႏု္ပ္တို႔ ရည္ညႊန္းၾကရသူမ်ား ရွိၾကသည္။ ထိုစကားမွာ မည္သည္ကို ဆိုလိုပါသနည္း။

ထိုသူတို႔ကို တမူကြဲျပားဆန္းျပားစြာ ဘုရားက ဖန္ဆင္းေပးထားျခင္းမဟုတ္။ လူတစ္ဦးစီတိုင္းတြင္ ဘုရားကေပးလိုက္သည့္ အရည္အခ်င္းကိုသာ ရည္ညႊန္းျခင္းျဖစ္ေလသည္။ ေဖေဖာ္ဝါရီလကို ‘ခ်စ္ျခင္းတရား၏လ’ ေခၚၾကသည္။

မိမိတို႔ခ်စ္ရသူမ်ားအေပၚ မိမိ၏ စိတ္ခံစားခ်က္မ်ား ေဖာ္ျပႏိုင္ရန္ အခြင့္အလမ္းေပးထားသည့္ ခ်စ္သူမ်ားေန႔သည္ ေဖေဖာ္ဝါရီတြင္ က်ေရာက္သည္။

ေဖေဖာ္ဝါရီဟုေသာ စကားမွာ လက္တင္ဘာသာစကား ‘Februm’ မွ ဆင္းသက္လာျပီး သန္႔စင္ျခင္းဟု အဓိပၸာယ္ရသည္။

ေဖေဖာ္ဝါရီလတြင္ စိတ္ဝင္စားဖြယ္အခ်က္မ်ားစြာရွိျပီး ဤလအတြင္း ေမြးဖြားသူမ်ားသည္ သူမတူသည့္ အရည္အေသြးမ်ားျဖင့္ ေမြးဖြားလာၾကသည္။

ေဖေဖာ္ဝါရီလ ေမြးဖြားသူမ်ားသည္ တစ္ႏွစ္တာ၏ အျခား ၁၁ တြင္ ေမြးသူမ်ားထက္ မည္သည့္ထူးျခားခ်က္မ်ား ရွိေနသည္ကို ေအာက္တြင္ ေဖာ္ျပသြားပါမည္။

 

(ေဖေဖာ္ဝါရီလ ေမြးဖြားသူမ်ား၏ အံ့ဖြယ္အခ်က္မ်ား)

ေဖေဖာ္ဝါရီလ ေမြးမ်ားသူမ်ားသည္ ကုမ္ရာသီ (Aquarius) ႏွင့္ မိန္ရာသီ (Pisces) ရာသီမ်ားအတြင္း က်ေရာက္သည္။

(ေဖေဖာ္ဝါရီ ၁ မွ ၁၈ ရက္အတြင္း ေမြးဖြားသူမ်ားမွာ ကုမ္ရာသီအတြင္း က်ေရာက္ျပီး ေဖေဖာ္ဝါရီ ၁၉ မွ လကုန္အထိမွာ မိန္ရာသီတြင္ က်ေရာက္သည္)

 

(က) အေက်ာ္အေမာ္မ်ား ျဖစ္လာေလ့ရွိ

ေဖေဖာ္ဝါရီလ ေမြးဖြားသူမ်ားမွာ အမ်ားအားျဖင့္ ကံေကာင္းသူမ်ားျဖစ္ျပီး မိဘမ်ဳိးရိုးေနာက္ခံ ထူးျခားကာ ေနာက္ခံေကာင္းေလ့ရွိသည္။

ဗိုလ္္ခ်ဳပ္ေအာင္ဆန္း၊ စီေရာ္နယ္ဒို ၊ ရွာဟစ္ ကပူး ၊ေအဘီ ဒီဗီလာ ၊ စတိဗ္ ေဂ်ာ့ ၊ ေဘာ့ မာေလ ၊ အဘီရွက္ ဘဂ်မ္းအစရွိသူတို႔မွာ ေဖေဖာ္ဝါရီလတြင္ ေမြးဖြားျခင္း ျဖစ္သည္။

(အလြန္သစၥာရွိၾကသည္)

ေဖေဖာ္ဝါရီလတြင္ ေမြးဖြားသူမ်ားမွာ ၎တို႔ႏွင့္ ပတ္သက္ဆက္ဆံသူမ်ားအေပၚ အလြန္သစၥာရွိၾကသည္။

ခ်စ္သူေယာက်္ားေလး ၊ ခ်စ္သူမိန္းကေလး ၊ မိသားစုႏွင့္ မိတ္ေဆြသူငယ္ခ်င္းမ်ားအေပၚ ၁၀၀ ရာခုိင္ႏႈန္း ေပးဆပ္ထားျပီး မိမိတို႔ ခ်စ္ရသူမ်ားအေပၚ အလြန္ရိုးသားၾကသည္။ ထိုသူတို႔သည္ ယံုၾကည္ထိုက္သူမ်ားျဖစ္ျပီး သင့္အေနျဖင့္ မည္သည့္အရာကိုမဆို ယံုၾကည္မႈေပးႏိုင္သည္။

(ရိုးသားေျဖာင့္မတ္ေသာ ဘြင္းဘြင္းရွင္းရွင္းသမားမ်ားျဖစ္ၾက)

ေဖေဖာ္ဝါရီလေမြးသူမ်ားသည္ ရိုးသားေျဖာင့္မတ္ေသာ ဘြင္းဘြင္းရွင္းရွင္းသမားမ်ားျဖစ္ၾကသည္။

ေျပာစရာရွိသည္ကို သင့္ေရွ႕တြင္သာ ဘြင္းဘြင္းေျပာေလ့မည္ ျဖစ္ျပီး ေနာက္ကြယ္မွာအတင္းေျပာျခင္းမ်ဳိး လုပ္ေဆာင္ေလ့မည္မဟုတ္။

၎တို႔သည္ အျမင္လွကာ အတြင္းပုတ္သည့္ က်ီးအသီးမ်ားမဟုတ္က်။

၎တို႔အေပၚ မွန္မွန္ကန္ကန္ဆက္ဆံပါက အျမဲသင့္နံေဘးတြင္ ရပ္တည္လိမ့္မည္ျဖစ္ျပီး သူတို႔အေပၚ ထိခိုက္ေအာင္ ျပဳလုပ္လွ်င္မူ သူတို႔၏ အဆိုးရြားဆံုး တုန္႔ျပန္လာမႈကိုလည္း ရင္ဆိုင္ရမည္ ျဖစ္သည္။

(တခါတရံတြင္ လွ်ိဳ႕ဝွက္တက္ၾကသည္)

ေဖေဖာ္ဝါရီဖြားတို႔မွာ အလြန္ဆန္းၾကယ္ျပီး လွ်ိဳ႕ဝွက္တက္ၾကသည္။

သူတို႔အေၾကာင္း မ်ားစြာစံုစမ္းလာျခင္းကို မႏွစ္ျမိဳ႕။

၎တို႔အေၾကာင္း အရာရာခ်မျပတတ္ၾကဘဲ လိုအပ္သည္ကိုသာ ေျပာေလ့ရွိၾကသည္။

(ဆန္းသစ္တီထြင္ႏိုင္စြမ္းျမင့္မား)

ေဖေဖာ္ဝါရီဖြားတို႔သည္ ဖန္တီးႏိုင္စြမ္း အားေကာင္းသူမ်ားျဖစ္ျပီး အေၾကာင္းအရာသစ္မ်ား ေလ့လာရျခင္းကို ႏွစ္သက္ၾကသည္။

စိတ္ကူးသစ္မ်ားထုတ္ျခင္း ၊ သမရိုးက်ေဘာင္ထဲမွာ ခြဲထြက္ေသာအရာမ်ား ဖန္တီးျခင္းတို႔ လုပ္ေဆာင္ေလ့ရွိသည္။

ေဖေဖာ္ဝါရီဖြားတို႔သည္ မည္သည့္နယ္ပယ္တြင္ လုပ္ကိုင္သည္ျဖစ္ေစ ဖန္တီးႏိုင္စြမ္းအားေကာင္းသူမ်ားျဖစ္သည္။

ေဖေဖာ္ဝါရီလတြင္ ေမြးဖြားသူတို႔မွာ အႏုပညာရွင္မ်ား ၊ ဓာတ္ပံုဆရာမ်ား ၊ ဖန္တီးမႈ ဒီဇိုင္နာမ်ား ၊ စီးပြားေရးလုပ္ငန္းရွင္မ်ား ျဖစ္လာေလ့ရွိၾကသည္။

အထင္ကရ သိပၸံပညာရွင္ေပါင္းမ်ားစြာႏွင့္ စီးပြားေရးသမားတို႔မွာ ေဖေဖာ္ဝါရီလတြင္ ေမြးဖြားသူမ်ား ျဖစ္ၾကသည္။

(ေရာဂါရလြယ္တတ္ၾက)

အရာရာတုိင္းတြင္ အေၾကာင္းအက်ဳိး ၊ အေကာင္းအဆုိးဟူ၍ရွိရာ ေဖေဖာ္ဝါရီသည္လည္း အပါအဝင္ျဖစ္သည္။

ေဖေဖာ္ဝါရီဖြားတို႔မွာ ေရာဂါဘယမ်ား အလြန္ျဖစ္လြယ္တက္ၾကသည္။

က်န္းမာေရးမေကာင္းေၾကာင္း ၊ အိပ္မေပ်ာ္ေၾကာင္း ၊ ေခါင္းကိုက္ေၾကာင္း ၊ ဖ်ားနာေၾကာင္းတို႔မွစကာ ႏွလံုးျပႆနာမ်ားအထိ ညည္းတြားေနေလ့ရွိေသာ ေဖေဖာ္ဝါရီဖြားမ်ားကို မၾကာခဏေတြ႔ရႏုိင္သည္။

ဤအခ်က္မွာမူကား ေဖေဖာ္ဝါရီဖြားမ်ား ဂရုစိုက္ရန္လိုအပ္ေသာ ကိစၥျဖစ္သည္။ က်န္းမာျခင္းသည္ လာဘ္တစ္ပါးဟူေသာ နာမည္ေက်ာ္စကားပံုကို ကၽြႏု္ပ္တို႔ သိထားၾကသည္မဟုတ္ေလာ။

က်န္းမာေရးေကာင္းေနမွသာလွ်င္ ဘဝတြင္ မိမိအလိုရွိရာကို ပန္းတိုင္သုိ႔ ေရာက္ရွိရန္ ၾကိဳးစားႏုိင္မည္ ျဖစ္သည္။

ထို႔ေၾကာင့္ ဘဝပန္းတိုင္မ်ား မခ်မွတ္မီ က်န္းမာေရးေကာင္းေအာင္ အရင္ၾကိဳးစားပါ။

(ကူညီတတ္ၾကသည္)

ေဖေဖာ္ဝါရီဖြားတို႔သည္ အျခားသူမ်ားကို ကူညီတတ္ၾကသည္။

အျခားသူမ်ားေရး ဦးစားေပးတတ္ေသာ လူေကာင္းမ်ား ျဖစ္ၾကသည္။

လူတစ္ဦးသည္ ခ်မ္းသာၾကြယ္ဝေစကာမူ အျခားသူမ်ား၏ နာက်င္မႈကို ခံစားတတ္မွသာလွ်င္ ျမင့္ျမတ္ေသာသူ ျဖစ္ေပမည္။

(အရပ္ရွည္တတ္ၾကသည္)

ေဖေဖာ္ဝါရီဖြားတို႔သည္ အျခား ၁၁ လတြင္ ေမြးဖြားသူမ်ားႏွင့္ယွဥ္လွ်င္ ပိုမိုအရပ္ရွည္သူမ်ားသည္။

(ေအာင္ျမင္မႈ)

Journal of Social Sciences မွ ထုတ္ျပန္ခဲ့ေသာ သုေတသနစာတမ္းတစ္ခုအရ သုေတသနပညာရွင္မ်ားသည္ ေဖေဖာ္ဝါရီလတြင္ ေမြးဖြားသူ ၃၀၀ ဦးကို ေလ့လာမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

ေလ့လာမႈအရ ေတြ႔ရွိလာရသည္မွာ အမ်ားစုမွာ မိမိတို႔ ေရြးခ်ယ္လုိက္ၾကေသာ ဘဝနယ္ပယ္တြင္ ေအာင္ျမင္မႈရသူ မ်ားျပားသည္။

ဟားဗတ္တကၠသိုလ္မွ ျပဳလုပ္ခဲ့ေသာ အျခားေလ့လာခ်က္တစ္ရပ္တြင္မူ ေဖေဖာ္ဝါရီဖြားတို႔သည္ အျခားလတြင္ ေမြးဖြားသူမ်ားထက္ အရပ္ရွည္ၾကသည္ဟု ဆိုသည္။

ျဗိတိန္မွ အမ်ိဳးသားစာရင္းအင္းဌာန၏ ေတြ႔ရွိခ်က္အရ ျဗိတိန္မွ ေဖေဖာ္ဝါရီဖြားအမ်ားစုမွာ အႏုပညာသမားမ်ား ျဖစ္လာေလ့ရွိၾကသည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 7 Mind-Blowing Facts About February Born People (astrotalk, babyology)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
thukha-garden-residence
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service