“ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ရလဒ်တွေ ရောက်လာမှာပါ”

“ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ရလဒ်တွေ ရောက်လာမှာပါ” - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2023 4:27 pm တွင် တင်ခဲ့သည်
276 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

 

မနေ့က ရုပ်သံလိုင်းတစ်ခုမှာ နာမည်ကြီးရတနာဆိုင်တစ်ခုက သူတို့ထုတ်ကုန် လက်ဝတ်ရတနာ ပစ္စည်းတွေကို ဝယ်ယူအားပေးခဲ့ကြတဲ့ ကာစတန်မာတွေအား ကားတွေကံစမ်းမဲနှိုက်ပေးတဲ့ အစီအစဉ်တစ်ကို နာရီအချိန် အတော်ကြာကြာ ထုတ်လွှင့်ပြသသွားတာကို ကြည့်လိုက်ရပါတယ်။

ကားကံစမ်းမဲ မနှိုက်ခင်မှာ အဲဒီရတနာဆိုင်က ဝန်ထမ်းတွေရယ်၊ဖိတ်ခေါ်ထားတဲ့ မင်းသမီးတွေနဲ့ အဆိုတော်တွေ တစ်ဦးချင်းစီရဲ့ခန္ဓာကိုယ်မှာ စိန်ဆိုရင် စိန်တစ်ဆင်စာ၊ရွှေဆိုရင် ရွှေတစ်ဆင်စာ၊ မတူကွဲပြားအောင် ဆင်ယဉ်ပေးထားပါတယ်။

လှပမှုတွေ၊လင်းလက်မှုတွေ၊တောက်ပမှုတွေနဲ့ ဂုဏ်တွေကို အရောင်ခြယ်လို့ ပွဲဟာစည်ကားလှပါတယ်။ ကြည့်မိသူ ကျွန်တော့်ရဲ့ အကြိုက်ပွဲစဉ်မဟုတ်ခဲ့ပေမယ့် ဇနီးဖြစ်သူကိုယ်ရဲ့အကြိုက်ဖြစ်၍ သူကြည့်ဖို့ လိုင်းမပြောင်းဘဲ ဖွင့်ပေးထားခဲ့ပါတယ်။

ကျွန်တော်လည်း အလုပ်လုပ်ရင်းကြည့်ဖြစ်ပါတယ်။လှသူတွေကို ဆင်ထားတော့ အလှတို့ထပ်နေပါတယ်။ ရတနာတို့ရဲ့ အရောင်ကြောင့် လူတို့အရောင်တွေတောက်နေကြသလို ကြိုးစားသူတွေကြောင့်လည်း ရတနာတွေက ဂုဏ်မြင့်သူတွေထံ တန်ဖိုးမြင့်စွာ ပျံဝဲရောက်ရှိကုန်ကြပါတယ်။

ရောင်းသူကလည်း ရောင်းတတ်လိုက်တာ။ဝယ်သူကလည်း ပွဲလည်တင့်တင့် ဝယ်ပြကြတယ်။စိန်ကို စိန်ထပ်နေသူတွေ၊စိန်ကိုရွှေကွပ်လို့ ညွှတ်နေကြသူတွေ၊တန်ဖိုးမြင့်ရတနာတွေနဲ့ တောက်ကြွားလို့ ရောင်းသူဝယ်သူတွေရဲ့အပျော်ဟာ ကျွန်တော့်အပေါ်မှာလည်း ကူးစက်လို့ပေါ့။

လိုချင်ရမ္မက်ကြီးကြီးနဲ့ ကျွန်တော်မကြည့်ခဲ့ပါ။ရောင်းသူက ရောင်းကုန်ပစ္စည်းကို တင့်တယ်သူအပေါ် ဆင်မြန်းပေးထားလိုက်တော့ ဝယ်နိုင်သူ၊ဝယ်လိုသူတွေအတွက် နှလုံးခိုက်စရာဖြစ်စေတာကို သဘောကျပြီး ကြည့်နေမိတာပါ။

ကြည့်ရင်းနဲ့ အတွေးကလေးက ဝင်လာပါတယ်။ကျွန်တော် အွန်လိုင်းကနေ ဈေးရောင်းဘူးတယ်။ ကျွန်တော်ရောင်းတဲ့ပစ္စည်းက အားကစားပစ္စည်းများသာ။ ထောင်ဂဏန်း၊သောင်းဂဏန်းကနေ သိန်း၂၀ ကျော်ထိသာ အမြင့်ဆုံးပစ္စည်း တင်ထားပါတယ်။ဒါကို လက်ငင်းဝယ်ရင်းပြီး ရောင်းတာမဟုတ်ပါ။ ဟိုယခင် ကျွန်တော့်ရဲ့ တပည့်ဖြစ်ခဲ့ဘူးတဲ့ ညီငယ်ဇနီးမောင်နှံက ဖေ့စ်ဘုတ်ပေ့ချ်ဖွင့်ပေးထားပြီး ဝယ်သူရှိလျှင် သူ့ဆီက သွားယူပြီး ရောင်းရတာပါ။ အမြတ်က တစ်ယောက်တစ်ဝက်ပေါ့။

လိပ်စာအရလာကြည့်မည်ဆိုလျှင် ကျွန်တော့်မှာ ပြစရာပစ္စည်းမရှိ။ကျွန်တော့် အတွေးက ဈေးအမြင့်ဆုံး ကုန်ပစ္စည်းကို ဝယ်သူတွေအနေနဲ့ ဝယ်နိုင်ကြပါ့မလားဆိုတဲ့အတွေးက စိုးနှောင့်ပါတယ်။ဈေးတွေက များလိုက်တာလို့လည်း အတွေးတွေ ဖြစ်ခဲ့ဘူးပါတယ်။

ဒါပေမဲ့ ကျွန်တော့အတွေးမှားခဲ့ပါတယ်။စားဖို့ခက်ခဲနေကြသူတွေ ရှိသလို။ပိုလို့ လျှံကျနေသူတွေကလည်း မရေမတွက်နိုင်ရှိနေပါတယ်။သိန်းဆယ်ဂဏန်းလောက်ကို သုံးတာမှာ မပြေပလောက်တဲ့သူတွေလည်း ရှိတယ်ဆိုတာကိုပါပဲ။ တန်ဖိုးကြီးခြင်း မကြီးခြင်းထက် ဝယ်နိုင်တဲ့သူကို ပစ္စည်းကောင်းတွေပေးနိုင်ဖို့က ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အကောင်းဆုံးဖြစ်ဖို့သာ ကြိုးစားထားဖို့ပဲလိုတယ်လို့လည်း တွက်ဆမိပါတယ်။

 

အခု ရတနာတွေ ရောင်းနေတာကိုကြည့်တော့လည်း တန်ဖိုးကြီးထုတ်ကုန်တစ်ခုကို အဝေးကနေကြည့်ပြီး ဝယ်ရဲအောင် လုပ်ထားရပါလိမ့်မယ်။ကုန်ပစ္စည်းထုတ်လုပ်သူတွေအနေနဲ့ ကိုယ့်ရဲ့ပစ္စည်းအပေါ် ဝယ်လိုသူတွေ မျက်စိမှိတ်ဝယ်ရဲအောင် အရည်အသွေးတွေက အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကြရလိမ့်မယ်လို့ တွေးမိပါတယ်။

အပြစ်အနာအစာဆိုတာ စစ်ဆေးစရာမလိုလောက်အောင် ယုံကြည်မှုကောင်းကောင်းရှိအောင်လုပ်ထားခြင်းက ဒီရလဒ်ကို ဖြစ်စေတာလို့ပဲမြင်ပါတယ်။ဒီပွဲမှာ ဆင်ထားသူတွေရဲ့အပေါ်က ရတနာတွေကို မြင်တာနဲ့တင် နှစ်သက်သူတွေက အရင်လက်ဦးအောင်“ရော့အင်”့ ဆိုပြီးဝယ်လိုက်ကြတာ မြင်ဘူးမှပဲ ယုံမိတော့တယ်။

အဲဒီပွဲမှာ ရတနာပိုင်ရှင်ရဲ့စကားလေးက ကျွန်တော်ရင်ထဲ မှတ်မှတ်ရရလေး စွဲထင်ကျန်ရစ်ခဲပါတယ်။ အဲဒီစကားလေးက “ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ရလဒ်တွေ ရောက်လာမှာပါ”တဲ့။အမှန်ပဲ ဒီပွဲမှာသူ့ကြိုးစားမှုက အထင်အရှားမြင်တွေ့နေရလို့ပါပဲ။

 

ဝယ်သူမို့ စေတနာထားသလို လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေအပေါ်မှာလည်း ကြည့်ရှုစောင်းရှောက်ခြင်းတွေက သူ့အတွက် အားတွေဖြစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့တယ်။အမြစ်မဖြတ်၊ကိုင်းမဖြတ်ခဲ့ပေ။သူ့ရဲ့လူမှုကွန်ရက်မှာ သူ့ရောင်းချမှုအပေါ် မုဒိတာပွားလို့ မျှဝေခဲ့ကြတဲ့ သူတွေကိုတောင် ကားတွေမဲဖောက်ကာ ချီးမြှင့်ခဲ့တာကလည်း ထူးခြားတဲ့ အတွေးကောင်းလို့ဆိုရမှာပါ။

ကြိုးစားမှုအတွက် ထိုက်တန်တဲ့ရလဒ်ကောင်းတွေ ရခဲ့ကြခြင်းပါပဲလို့ ကြည့်ရသူ ကျွန်တော်ကလည်း မုဒိတာပွားလျှက်…။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo: 29 jewellery

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

“ႀကိဳးစားမႈအတြက္ ထိုက္တန္တဲ့ ရလဒ္ေတြ ေရာက္လာမွာပါ”

 

မေန႔က ရုပ္သံလိုင္းတစ္ခုမွာ နာမည္ႀကီးရတနာဆိုင္တစ္ခုက သူတို႔ထုတ္ကုန္ လက္ဝတ္ရတနာ ပစၥည္းေတြကို ဝယ္ယူအားေပးခဲ့ၾကတဲ့ ကာစတန္မာေတြအား ကားေတြကံစမ္းမဲႏႈိက္ေပးတဲ့ အစီအစဥ္တစ္ကို နာရီအခ်ိန္ အေတာ္ၾကာၾကာ ထုတ္လႊင့္ျပသသြားတာကို ၾကည့္လိုက္ရပါတယ္။

ကားကံစမ္းမဲ မႏႈိက္ခင္မွာ အဲဒီရတနာဆိုင္က ဝန္ထမ္းေတြရယ္၊ဖိတ္ေခၚထားတဲ့ မင္းသမီးေတြနဲ႔ အဆိုေတာ္ေတြ တစ္ဦးခ်င္းစီရဲ႕ခႏၶာကိုယ္မွာ စိန္ဆိုရင္ စိန္တစ္ဆင္စာ၊ေရႊဆိုရင္ ေရႊတစ္ဆင္စာ၊ မတူကြဲျပားေအာင္ ဆင္ယဥ္ေပးထားပါတယ္။

လွပမႈေတြ၊လင္းလက္မႈေတြ၊ေတာက္ပမႈေတြနဲ႕ ဂုဏ္ေတြကို အေရာင္ျခယ္လုိ႔ ပြဲဟာစည္ကားလွပါတယ္။ ၾကည့္မိသူ ကၽြန္ေတာ့္ရဲ႕ အႀကိဳက္ပြဲစဥ္မဟုတ္ခဲ့ေပမယ့္ ဇနီးျဖစ္သူကိုယ္ရဲ႕အႀကိဳက္ျဖစ္၍ သူၾကည့္ဖို႔ လိုင္းမေျပာင္းဘဲ ဖြင့္ေပးထားခဲ့ပါတယ္။

ကၽြန္ေတာ္လည္း အလုပ္လုပ္ရင္းၾကည့္ျဖစ္ပါတယ္။လွသူေတြကို ဆင္ထားေတာ့ အလွတို႔ထပ္ေနပါတယ္။ ရတနာတို႔ရဲ႕ အေရာင္ေၾကာင့္ လူတို႔အေရာင္ေတြေတာက္ေနၾကသလို ႀကိဳးစားသူေတြေၾကာင့္လည္း ရတနာေတြက ဂုဏ္ျမင့္သူေတြထံ တန္ဖိုးျမင့္စြာ ပ်ံဝဲေရာက္ရွိကုန္ၾကပါတယ္။

ေရာင္းသူကလည္း ေရာင္းတတ္လိုက္တာ။ဝယ္သူကလည္း ပြဲလည္တင့္တင့္ ဝယ္ျပၾကတယ္။စိန္ကို စိန္ထပ္ေနသူေတြ၊စိန္ကိုေရႊကြပ္လို႔ ညႊတ္ေနၾကသူေတြ၊တန္ဖိုးျမင့္ရတနာေတြနဲ႔ ေတာက္ၾကြားလို႔ ေရာင္းသူဝယ္သူေတြရဲ႕အေပ်ာ္ဟာ ကၽြန္ေတာ့္အေပၚမွာလည္း ကူးစက္လို႔ေပါ့။

လိုခ်င္ရမၼက္ႀကီးႀကီးနဲ႔ ကၽြန္ေတာ္မၾကည့္ခဲ့ပါ။ေရာင္းသူက ေရာင္းကုန္ပစၥည္းကို တင့္တယ္သူအေပၚ ဆင္ျမန္းေပးထားလိုက္ေတာ့ ဝယ္ႏိုင္သူ၊ဝယ္လိုသူေတြအတြက္ ႏွလုံးခိုက္စရာျဖစ္ေစတာကို သေဘာက်ၿပီး ၾကည့္ေနမိတာပါ။

ၾကည့္ရင္းနဲ႔ အေတြးကေလးက ဝင္လာပါတယ္။ကၽြန္ေတာ္ အြန္လိုင္းကေန ေဈးေရာင္းဘူးတယ္။ ကၽြန္ေတာ္ေရာင္းတဲ့ပစၥည္းက အားကစားပစၥည္းမ်ားသာ။ ေထာင္ဂဏန္း၊ေသာင္းဂဏန္းကေန သိန္း၂၀ ေက်ာ္ထိသာ အျမင့္ဆုံးပစၥည္း တင္ထားပါတယ္။ဒါကို လက္ငင္းဝယ္ရင္းၿပီး ေရာင္းတာမဟုတ္ပါ။ ဟိုယခင္ ကၽြန္ေတာ့္ရဲ႕ တပည့္ျဖစ္ခဲ့ဘူးတဲ့ ညီငယ္ဇနီးေမာင္ႏွံက ေဖ့စ္ဘုတ္ေပ့ခ်္ဖြင့္ေပးထားၿပီး ဝယ္သူရွိလွ်င္ သူ႔ဆီက သြားယူၿပီး ေရာင္းရတာပါ။ အျမတ္က တစ္ေယာက္တစ္ဝက္ေပါ့။

လိပ္စာအရလာၾကည့္မည္ဆိုလွ်င္ ကၽြန္ေတာ့္မွာ ျပစရာပစၥည္းမရွိ။ကၽြန္ေတာ့္ အေတြးက ေဈးအျမင့္ဆုံး ကုန္ပစၥည္းကို ဝယ္သူေတြအေနနဲ႔ ဝယ္ႏိုင္ၾကပါ့မလားဆိုတဲ့အေတြးက စိုးေႏွာင့္ပါတယ္။ေဈးေတြက မ်ားလိုက္တာလို႔လည္း အေတြးေတြ ျဖစ္ခဲ့ဘူးပါတယ္။

ဒါေပမဲ့ ကၽြန္ေတာ့အေတြးမွားခဲ့ပါတယ္။စားဖို႔ခက္ခဲေနၾကသူေတြ ရွိသလို။ပိုလို႔ လွ်ံက်ေနသူေတြကလည္း မေရမတြက္ႏိုင္ရွိေနပါတယ္။သိန္းဆယ္ဂဏန္းေလာက္ကို သုံးတာမွာ မေျပပေလာက္တဲ့သူေတြလည္း ရွိတယ္ဆိုတာကိုပါပဲ။ တန္ဖိုးႀကီးျခင္း မႀကီးျခင္းထက္ ဝယ္ႏိုင္တဲ့သူကို ပစၥည္းေကာင္းေတြေပးႏိုင္ဖို႔က ကိုယ့္ရဲ႕ ထုတ္ကုန္ပစၥည္းေတြကို အေကာင္းဆုံးျဖစ္ဖို႔သာ ႀကိဳးစားထားဖို႔ပဲလိုတယ္လို႔လည္း တြက္ဆမိပါတယ္။

အခု ရတနာေတြ ေရာင္းေနတာကိုၾကည့္ေတာ့လည္း တန္ဖိုးႀကီးထုတ္ကုန္တစ္ခုကို အေဝးကေနၾကည့္ၿပီး ဝယ္ရဲေအာင္ လုပ္ထားရပါလိမ့္မယ္။ကုန္ပစၥည္းထုတ္လုပ္သူေတြအေနနဲ႔ ကိုယ့္ရဲ႕ပစၥည္းအေပၚ ဝယ္လိုသူေတြ မ်က္စိမွိတ္ဝယ္ရဲေအာင္ အရည္အေသြးေတြက အေကာင္းဆုံး ႀကိဳးစားျပင္ဆင္ထားၾကရလိမ့္မယ္လို႔ ေတြးမိပါတယ္။

အျပစ္အနာအစာဆိုတာ စစ္ေဆးစရာမလိုေလာက္ေအာင္ ယုံၾကည္မႈေကာင္းေကာင္းရွိေအာင္လုပ္ထားျခင္းက ဒီရလဒ္ကို ျဖစ္ေစတာလို႔ပဲျမင္ပါတယ္။ဒီပြဲမွာ ဆင္ထားသူေတြရဲ႕အေပၚက ရတနာေတြကို ျမင္တာနဲ႔တင္ ႏွစ္သက္သူေတြက အရင္လက္ဦးေအာင္“ေရာ့အင္”့ ဆိုၿပီးဝယ္လိုက္ၾကတာ ျမင္ဘူးမွပဲ ယုံမိေတာ့တယ္။

အဲဒီပြဲမွာ ရတနာပိုင္ရွင္ရဲ႕စကားေလးက ကၽြန္ေတာ္ရင္ထဲ မွတ္မွတ္ရရေလး စြဲထင္က်န္ရစ္ခဲပါတယ္။ အဲဒီစကားေလးက “ႀကိဳးစားမႈအတြက္ ထိုက္တန္တဲ့ ရလဒ္ေတြ ေရာက္လာမွာပါ”တဲ့။အမွန္ပဲ ဒီပြဲမွာသူ႔ႀကိဳးစားမႈက အထင္အရွားျမင္ေတြ႔ေနရလို႔ပါပဲ။

ဝယ္သူမို႔ ေစတနာထားသလို လုပ္ေဖာ္ကိုင္ဖက္ ဝန္ထမ္းေတြအေပၚမွာလည္း ၾကည့္ရႈေစာင္းေရွာက္ျခင္းေတြက သူ႔အတြက္ အားေတြျဖစ္ခဲ့ေၾကာင္းလည္း ေဖာ္ျပခဲ့တယ္။အျမစ္မျဖတ္၊ကိုင္းမျဖတ္ခဲ့ေပ။သူ႔ရဲ႕လူမႈကြန္ရက္မွာ သူ႔ေရာင္းခ်မႈအေပၚ မုဒိတာပြားလို႔ မွ်ေဝခဲ့ၾကတဲ့ သူေတြကိုေတာင္ ကားေတြမဲေဖာက္ကာ ခ်ီးျမွင့္ခဲ့တာကလည္း ထူးျခားတဲ့ အေတြးေကာင္းလို႔ဆိုရမွာပါ။

ႀကိဳးစားမႈအတြက္ ထိုက္တန္တဲ့ရလဒ္ေကာင္းေတြ ရခဲ့ၾကျခင္းပါပဲလို႔ ၾကည့္ရသူ ကၽြန္ေတာ္ကလည္း မုဒိတာပြားလွ်က္…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo: 29 jewellery

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဝယ်ယူတဲ့ကိစ္စမှာ စရန်ပေးစာချုပ်ကို တိကျသေချာစွာရေးဖို့ ဘာကြောင့် လိုအပ်တာလဲ။...
မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဝယ်ယူတဲ့ကိစ္စမှာ စရန်ပေးစာချုပ်ကို တိကျသေချာစွာရေးဖို့ ဘာကြောင့် လိုအပ်တာလဲ။...
ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် ဘာသာခြားအမျိုးသားတို့၏ အိမ်ထောင်ရေးကိစ္စများနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို ဘယ်လိုဆုံးဖြတ်သလဲ။...
ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် ဘာသာခြားအမျိုးသားတို့၏ အိမ်ထောင်ရေးကိစ္စများနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို ဘယ်လိုဆုံးဖြတ်သလဲ။...
သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယာန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား။...
သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယာန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား။...
အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။
အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၁၂၂ အရ ပေးကမ်းခြင်းအထမြောက်ရန် လိုအပ်သည့် အချက်များ
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၁၂၂ အရ ပေးကမ်းခြင်းအထမြောက်ရန် လိုအပ်သည့် အချက်များ
ပေးကမ်းတိုင်းက လှူတာလား
ပေးကမ်းတိုင်းက လှူတာလား
“စာအုပ် စာပေ…….! ”
“စာအုပ် စာပေ…….! ”
“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်”
“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်”
“ပိတောက်နဲ့ငုဝါ နွေအပူမှာ ပျော်တော်ဆက်သော်လည်း”
“ပိတောက်နဲ့ငုဝါ နွေအပူမှာ ပျော်တော်ဆက်သော်လည်း”
“ကိုင်းချိုးသူနဲ့ ဝေးပါစေ”
“ကိုင်းချိုးသူနဲ့ ဝေးပါစေ”

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည်
စကော့တလန်တွင် ကိုယ်ပိုင်ရထားနှင့် ရထားလမ်းပါသော အိမ်တစ်လုံး ပေါင် ၅၀၀,၀၀၀ ဖြင့် ရောင်းမည်
စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိ
စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိ
ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်
ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်
အိမ်ရောင်းကာ သားကို ဆေးကုရန်ငြင်းသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ကွာရှင်းမှု ပြည်မကြီးလူမှုကွန်ရက်တွင် ဂယက်ရိုက်
အိမ်ရောင်းကာ သားကို ဆေးကုရန်ငြင်းသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ကွာရှင်းမှု ပြည်မကြီးလူမှုကွန်ရက်တွင် ဂယက်ရိုက်
အသက် ၃၀ အရွယ်အမျိုးသားနှင့် ယောက်ျားချင်းလက်ထပ်လိုက်သော အသက် ၈၀ အရွယ် ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး David Geffen ၏ ဒေါ်လာ
အသက် ၃၀ အရွယ်အမျိုးသားနှင့် ယောက်ျားချင်းလက်ထပ်လိုက်သော အသက် ၈၀ အရွယ် ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး David Geffen ၏ ဒေါ်လာ
Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ်
Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ်
လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်
လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်
စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်
စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်
အမေရိကန်ပြည် နှင်းမုန်တိုင်းကြားမှာ ဘေးကင်းရာ ထွက်မပြေးဘဲ မိမိ၏ ဥများပေါ် ဝပ်ထားပြီး အကာအကွယ် ပေးသည့် လင်းယုန်ငှက်တစ်ကော
အမေရိကန်ပြည် နှင်းမုန်တိုင်းကြားမှာ ဘေးကင်းရာ ထွက်မပြေးဘဲ မိမိ၏ ဥများပေါ် ဝပ်ထားပြီး အကာအကွယ် ပေးသည့် လင်းယုန်ငှက်တစ်ကော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

innocity
7mile

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store