မြေဝယ်ရင် ပါမစ်မြေ လူကြိုက်များပြီး ဂရန်မြေ ဘာကြောင့် လူကြိုက်နည်းရတာလဲ

မြေဝယ်ရင် ပါမစ်မြေ လူကြိုက်များပြီး ဂရန်မြေ ဘာကြောင့် လူကြိုက်နည်းရတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jan 2023 11:28 am တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ခေတ်အခါ ပြောင်းလာသလို  အိမ်ခြံမြေ    ဝယ်ယူသူများမှာလည်း   ဝယ်ယူ   နည်းစနစ်ပြောင်းလဲလာတာကိုတွေ့မြင်ရပါတယ်။ တစ်ချိန်တစ်ခါက  အိမ်ခြံမြေဝယ်ယူသူ  များဟာ မိမိတို့  ဝယ်ယူလိုတဲ့ နေရာ၊ ဝယ်ယူလိုတဲ့ မြို့နယ် မှာသွားပြီး အရင်ဆုံး ကွင်းဆင်းလေ့လာကြတယ်။ ပြီးတော့မှ အိမ်ခြံမြေပွဲစားတွေနဲ့ ချိတ်ဆက်ပြီး အကြိုက်ဆုံး မြေကွက်ကို ကြည့်ပြီး ဈေးစကားပြောကြလေ့ရှိတယ်။

ဈေးစကားပြောလို့ အဆင်ပြေပြီဆိုတာနဲ့ ပွဲစားဖြစ်သူက အနီးစပ်ဆုံး ဈေးဆိုင်တစ်ဆိုင်မှာ အသင့်ပြင်ဆင်ပြီး ရောင်းတဲ့ အိမ်ခြံမြေ အရောင်းအဝယ်စရန်ငွေပေးကတိစာချုပ်ကို ဝယ်လာကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ပြီး စာချုပ်ကြတာကိုတွေ့ရပါတယ်။ ဝယ်တဲ့အခါမှာလည်း ပွဲစားတွေရဲ့ စကားကို မျက်စိမှိတ်ပြီး ယုံကြည်တတ်ကြတယ်။

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်နဲ့တူတဲ့ ပါမစ်မြေ

ပွဲစားတွေကလည်း တော်ကီ ကောင်းကောင်းနဲ့ ရွှီးကြတော့တာပဲ။ ဝယ်သူဆိုတာ ကလည်း မြေချပါမစ်ဓါတ်ပုံပါရမယ်။ မြေကွက်ရသူရဲ့ ရာဇဝင်အကျဉ်းပါရမယ်။ မြို့နယ်မြေတိုင်းရပ်ကွက်အမှတ် ၊ မြေကွက်အမှတ် ပါရမယ်။ အိုးအိမ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးရဲ့ လက်မှတ်နဲ့ စည်းတံဆိပ်အဝိုင်းစသည့်တို့ပါရမယ်။ အ်ိမ်ရာဆောက်လုပ်ခွင့်ပါရမယ်။ မြို့နယ်ဦးစီးမှူး လက်မှတ်နဲ့ မြို့နယ်အိုးအိမ်ဦးစီးဌာနမှာ မှတ်ပုံတင် စာရင်းသွင်းထားပြီး ဖြစ်ရမယ်။ မှီခိုသူစာရင်းပါရမယ်။ ဆ်ိုတာတွေ နားမလည်ဘူး။ တိုက်ခန်းဆိုရင် ပိုဆိုးသေး။ ပွဲစားပြောသမျှယုံလိုက်တာဘဲ။ ဒီလိုနဲ့အရောင်းအဝယ်ဖြစ်သွားတာနဲ့ မြေချပါမစ်အရောင်းအဝယ်လုပ်ရတာ အကောင်းဆုံးပဲလို့ ထင်သွားကြတယ်။ အိမ်ခြံမြေအရောင်းအဝယ်လုပ်ရင် ပါမစ်မြေက ပျိုးတိုင်ကြိုက်တဲံ နှင်းဆီခိုင်ဖြစ်သွားတာပေါ့။

 

အိမ်ခြံမြေ ပွဲစားတွေ အကြိုက်မတွေ့တာ ဂရန်မြေပါ

ပါမစ်မြေမဟုတ်ဘဲ ရောင်းချင်တဲ့ မြေက ဂရန်မြေ လို့ပြောလိုက်တာနဲ့ ပွဲစားလုပ်သူကိုယ်တိုင်က စိတ်ဝင်စားမှု နည်းသွားတတ်တယ်။ ဘာကြောင့်လဲဆိုတော့ မြေချပါမစ် ရောင်းသလို လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အရောင်းအဝယ်စာချုပ် အလွယ်တကူလုပ်လို့မရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဂရန်မြေဝယ်မယ်ဆိုကတည်းက ရောင်းသူက အရောင်းမြေပုံကူးပေးရတယ်။ အပြီးငွေချေတဲ့နေ့မှာ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လိုက်ပြီး Special Power (အထူးကိုယ်စားလှယ်လွှဲစာ) လုပ်ပေးရတယ်။ အဲဒီအတွက် အချိန်တစ်လခွဲ လောက်ပေးလိုက်ရတယ်။

အဲဒီလိုတာဝန်ကြီးတဲ့ အလုပ်ကို ပွဲစားတွေက စိတ်မရှည်ဘူးလေ။ ပြီးတော့ ပွဲစားခရဖို့ အရေး စာချုပ်ရုံးလိုက်ပြီး သက်သေထိုးပေးရတယ်။ အပြီးငွေချေတာနဲ့ ဘဏ်တစ်ခုခုမှာ လိုက်ပြီး ပွဲစားခကျန်ငွေလိုက်တောင်းယူရတယ်။ ဒီကြားထဲ အရောင်းမြေပုံကူး လျှောက်ထားရင် မြို့တော်ခန်းမက သတ်မှတ်ရက်အတွင်း ထုတ်မရခဲ့ရင် အပြီးငွေချေရမယ့် ရက်နောက်ဆုတ်ရတာမျိုးတွေ ကြုံရင် ပွဲစားခ ကျန်ငွေကလည်း လိုက်ပြီး နောက်ဆုတ်ပေးရတာပဲလေ ။ ဒါတွေကြောင့် ဂရန်ဆိုရင် ပွဲစား မကြိုက်ပါဘူးဗျာ။ ။။။။

ခေတ်ပြောင်းကာနေ Online ကနေ ဝယ်နေကြသလေ

ဒါတွေက ဟိုးအတိတ်က အကြောင်းအရာလေးတွေ မှတ်မိသမျှ ပြန်ပြောပြတာပါ။ အခုခေတ်ပြောင်းသွားတဲ့အခါမှာတော့ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ပုံစံတွေ ပြောင်းသွားပါပြီ။ မြေကွက်ဝယ်လိုသူကိုယ်တိုင်ပဲ Online ကကြော်ငြာထားတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက တဆင့် စုံစမ်းဝယ်ယူကုန်ကြပြီလေ။

အိမ်ခြံမြေ Online ပေါ်မှာ တွေ့ကြဆုံကြ ဒီခေတ်သဘာဝ

ဒါကြောင့်လည်း အိမ်ခြံမြေအကျိုးဆောင်တော်တော်များများဟာ ရောင်းချင်တဲ့ မြေကွက်ကို မိမိတို့ရဲ့ Facebook အကောင့်မှာ ကြော်ငြာတင်လာကြပြီလေ။ ဝယ်သူတွေကလည်း Online ပေါ်မှာ လိုချင်တဲ့မြေကွက်ကို ရှာဖွေ စုံစမ်းကြတယ်။ အချို့ဝယ်သူတွေလည်း ရောင်းချင်သူနဲ့ တိုက်ရိုက်ဆက်သွယ်မိကြတယ်။ အချို့ဝယ်သူတွေကြတော့လည်း အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ တွေ့ပြီး ဝယ်ဖြစ်ကြပါတယ်။

မြေနဲ့အိမ် ဝယ်လိုက ပိုင်ဆိုင်မှုဘယ်လိုစစ်ကြည့်မှာလဲ

 

ဒါပေမဲ့ ဝယ်သူနဲ့ရောင်းသူ အကျိုးဆောင် ပွဲစားဆိုတာ ရင်းနှီးကြသူတွေမဟုတ်ဘူးလေ ။ တစ်ဦးနဲ့တစ်ဦး မမြင်ဘူး ကြသူတွေများပါတယ်။ ပြီးတော့ဝယ်မဲ့သူက မြေကွက်ကိုသာကြိုက်နေတာ ၊ အဲ့ဒီမြေကွက်က ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက ဘယ်လောက်အထိ ခိုင်မာမှုရှိလဲဆိုတာ ဝယ်သူက ဘယ်လိုလုပ်ပြီး အပြည့်အစုံ သိနိုင်မှာလဲ။

"ကြက်ကန်း ဆန်အိုးတိုး" နံကြို နံကြား လက်နဲ့ထောက်ပြီး ဥုံဖွ….. လုပ် မှန်ပါစေ ဆုတောင်းပြီး ဝယ်လိုရတာမျိုးမှ မဟုတ်တာ တတ်ကျွမ်းနားလည်တဲ့ ရှေ့နေရှာပြီးဝယ်မှ ဖြစ်မှာပေါ့။ လို့ ဆုံးဖြတ်ချက်ချယူထားသူတွေကတော့ ၊ စရန်ငွေပေးစာချုပ်ချုပ်တော့မယ်ဆိုကတည်းက ကျွမ်းကျင်သူနဲ့ ရှေ့နေကို ခေါ်ပြီး စာချုပ်လာကြတာကိုတွေ့ရပါတယ်။ အစကောင်းတော့ အနှောင်းသေချာ ဆိုသလို စရန်ငွေပေးကတည်းက ရှေ့နေပါလာပြီဆိုရင် အပြီးအပိုင်ဝယ်ယူငွေချေတဲ့ နေ့မှာလည်း ရှေ့နေပါလာလို့ မြေကွက်ဝယ်တဲ့အခါ အရှုပ်အရှင်းကင်းလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရတာကိုမြင်တွေ့ရလို့ ရှေ့နေတွေလည်း ပီတိဖြစ်ရပါတယ်။

 

 ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ကျန်းမာ သုခ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ.......

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

ေျမဝယ္ရင္ ပါမစ္ေျမ လူၾကိဳက္မ်ားျပီး ဂရန္ေျမ ဘာေၾကာင့္ လူၾကိဳက္နည္းရတာလဲ

 

ေခတ္အခါ ေျပာင္းလာသလို အိမ္ျခံေျမ ဝယ္ယူသူမ်ားမွာလည္း ဝယ္ယူ နည္း စနစ္ေျပာင္းလဲလာတာကိုေတြ႕ျမင္ရပါတယ္။ တစ္ခ်ိန္တစ္ခါက အိမ္ျခံေျမဝယ္သူမ်ားဟာ မိမိတို႕ဝယ္ယူလိုတဲ့ ေနရာ၊ ဝယ္ယူလိုတဲ့ ျမိဳ႕နယ္ မွာသြားျပီး အရင္ဆံုး ကြင္းဆင္းေလ့လာၾကတယ္။ ျပီးေတာ့မွ အိမ္ျခံေျမပြဲစားေတြနဲ႕ ခ်ိတ္ဆက္ျပီး အၾကိဳက္ဆံုး ေျမကြက္ကို ၾကည့္ျပီး ေဈးစကားေျပာၾကေလ့ရွိတယ္။

ေဈးစကားေျပာလုိ႕ အဆင္ေျပျပီဆိုတာနဲ႕ ပြဲစားျဖစ္သူက အနီးစပ္ဆံုး ေဈးဆိုင္တစ္ဆိုင္မွာ အသင့္ျပင္ဆင္ျပီး ေရာင္းတဲ့ အိမ္ျခံေျမ အေရာင္းအဝယ္စရန္ေငြေပးကတိစာခ်ဳပ္ကို ဝယ္လာကာ လက္ဖက္ရည္ဆိုင္တစ္ဆိုင္ဆိုင္မွာ ထိုင္ျပီး စာခ်ဳပ္ၾကတာကိုေတြ႕ရပါတယ္။ ဝယ္တဲ့အခါမွာလည္း ပြဲစားေတြရဲ႕ စကားကို မ်က္စိမွိတ္ျပီး ယံုၾကည္တတ္ၾကတယ္။

ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခုိင္နဲ႕တူတဲ့ ပါမစ္ေျမ

ပြဲစားေတြကလည္း ေတာ္ကီ ေကာင္းေကာင္းနဲ႕ ရႊီးၾကေတာ့တာပဲ။ ဝယ္သူဆိုတာ ကလည္း ေျမခ်ပါမစ္ဓါတ္ပံုပါရမယ္။ ေျမကြက္ရသူရဲ႕ ရာဇဝင္အက်ဥ္းပါရမယ္။ ျမိဳ႕နယ္ေျမတိုင္းရပ္ကြက္အမွတ္ ၊ ေျမကြက္အမွတ္ ပါရမယ္။ အိုးအိမ္ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴးရဲ႕ လက္မွတ္နဲ႕ စည္းတံဆိပ္အဝိုင္းစသည့္တို႕ပါရမယ္။ အိ္မ္ရာေဆာက္လုပ္ခြင့္ပါရမယ္။ ျမိဳ႕နယ္ဦးစီးမွဴး လက္မွတ္နဲ႕ ျမိဳ႕နယ္အိုးအိမ္ဦးစီးဌာနမွာ မွတ္ပံုတင္ စာရင္းသြင္းထားျပီး ျဖစ္ရမယ္။ မွီခိုသူစာရင္းပါရမယ္။ ဆ္ိုတာေတြ နားမလည္ဘူး။ တိုက္ခန္းဆိုရင္ ပိုဆိုးေသး။ ပြဲစားေျပာသမွ်ယံုလိုက္တာဘဲ။ ဒီလိုနဲ႕အေရာင္းအဝယ္ျဖစ္သြားတာနဲ႕ ေျမခ်ပါမစ္အေရာင္းအဝယ္လုပ္ရတာ အေကာင္းဆံုးပဲလို႕ ထင္သြားၾကတယ္။ အိမ္ျခံေျမအေရာင္းအဝယ္လုပ္ရင္ ပါမစ္ေျမက ပ်ိဳးတိုင္ၾကိဳက္တဲံ နွင္းဆီခိုင္ျဖစ္သြားတာေပါ့။

 

အိမ္ျခံေျမ ပြဲစားေတြ အၾကိဳက္မေတြ႕တာ ဂရန္ေျမပါ

ပါမစ္ေျမမဟုတ္ဘဲ ေရာင္းခ်င္တဲ့ ေျမက ဂရန္ေျမ လို႕ေျပာလိုက္တာနဲ႕ ပြဲစားလုပ္သူကိုယ္တိုင္က စိတ္ဝင္စားမႈ နည္းသြားတတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေျမခ်ပါမစ္ ေရာင္းသလို လက္ဖက္ရည္ဆိုင္မွာထိုင္ျပီး အေရာင္းအဝယ္စာခ်ဳပ္ အလြယ္တကူလုပ္လို႕မရတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။ ဂရန္ေျမဝယ္မယ္ဆိုကတည္းက ေရာင္းသူက အေရာင္းေျမပံုကူးေပးရတယ္။ အျပီးေငြေခ်တဲ့ေန႕မွာ ရန္ကုန္ျမိဳ႕ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ လိုက္ျပီး Special Power (အထူးကိုယ္စားလွယ္လႊဲစာ) လုပ္ေပးရတယ္။ အဲဒီအတြက္ အခ်ိန္တစ္လခြဲ ေလာက္ေပးလိုက္ရတယ္။

အဲဒီလိုတာဝန္ၾကီးတဲ့ အလုပ္ကို ပြဲစားေတြက စိတ္မရွည္ဘူးေလ။ ျပီးေတာ့ ပြဲစားခရဖို႕ အေရး စာခ်ဳပ္ရုံးလိုက္ျပီး သက္ေသထိုးေပးရတယ္။ အျပီးေငြေခ်တာနဲ႕ ဘဏ္တစ္ခုခုမွာ လိုက္ျပီး ပြဲစားခက်န္ေငြလိုက္ေတာင္းယူရတယ္။ ဒီၾကားထဲ အေရာင္းေျမပံုကူး ေလွ်ာက္ထားရင္ ျမိဳ႕ေတာ္ခန္းမက သတ္မွတ္ရက္အတြင္း ထုတ္မရခဲ့ရင္ အျပီးေငြေခ်ရမယ့္ ရက္ေနာက္ဆုတ္ရတာမ်ိဳးေတြ ၾကံဳရင္ ပြဲစားခ က်န္ေငြကလည္း လိုက္ျပီး ေနာက္ဆုတ္ေပးရတာပဲေလ ။ ဒါေတြေၾကာင့္ ဂရန္ဆိုရင္ ပြဲစား မၾကိဳက္ပါဘူးဗ်ာ။ ။။။။

ေခတ္ေျပာင္းကာေန Online ကေန ဝယ္ေနၾကသေလ

ဒါေတြက ဟိုးအတိတ္က အေၾကာင္းအရာေလးေတြ မွတ္မိသမွ် ျပန္ေျပာျပတာပါ။ အခုေခတ္ေျပာင္းသြားတဲ့အခါမွာေတာ့ အိမ္ျခံေျမတိုက္ခန္း အေရာင္းအဝယ္ပံုစံေတြ ေျပာင္းသြားပါျပီ။ ေျမကြက္ဝယ္လိုသူကိုယ္တိုင္ပဲ Online ကေၾကာ္ျငာထားတဲ့ အိမ္ျခံေျမအက်ိဳးေဆာင္ေတြက တဆင့္ စံုစမ္းဝယ္ယူကုန္ၾကျပီေလ။

အိမ္ျခံေျမ Online ေပၚမွာ ေတြ႕ၾကဆံုၾက ဒီေခတ္သဘာဝ

ဒါေၾကာင့္လည္း အိမ္ျခံေျမအက်ိဳးေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ ေရာင္းခ်င္တဲ့ ေျမကြက္ကို မိမိတို႕ရဲ႕ Facebook အေကာင့္မွာ ေၾကာ္ျငာတင္လာၾကျပီေလ။ ဝယ္သူေတြကလည္း Online ေပၚမွာ လိုခ်င္တဲ့ေျမကြက္ကို ရွာေဖြ စံုစမ္းၾကတယ္။ အခ်ိဳ႕ဝယ္သူေတြလည္း ေရာင္းခ်င္သူနဲ႕ တိုက္ရုိက္ဆက္သြယ္မိၾကတယ္။ အခ်ိဳ႕ဝယ္သူေတြၾကေတာ့လည္း အိမ္ျခံေျမ အက်ိဳးေဆာင္ေတြနဲ႕ ေတြ႕ျပီး ဝယ္ျဖစ္ၾကပါတယ္။

ေျမနဲ႔အိမ္ ဝယ္လိုက ပိုင္ဆိုင္မႈဘယ္လိုစစ္ၾကည့္မွာလဲ

ဒါေပမဲ့ ဝယ္သူနဲ႕ေရာင္းသူ အက်ိဳးေဆာင္ ပြဲစားဆိုတာ ရင္းနွီးၾကသူေတြမဟုတ္ဘူးေလ ။ တစ္ဦးနဲ႕တစ္ဦး မျမင္ဘူး ၾကသူေတြမ်ားပါတယ္။ ျပီးေတာ့ဝယ္မဲ့သူက ေျမကြက္ကိုသာၾကိဳက္ေနတာ ၊ အဲ့ဒီေျမကြက္က ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြက ဘယ္ေလာက္အထိ ခိုင္မာမႈရွိလဲဆိုတာ ဝယ္သူက ဘယ္လိုလုပ္ျပီး အျပည့္အစံု သိႏိုင္မွာလဲ။

"ၾကက္ကန္း ဆန္အိုးတိုး" နံၾကိဳ နံၾကား လက္နဲ႕ေထာက္ျပီး ဥံဳဖြ….. လုပ္ မွန္ပါေစ ဆုေတာင္းျပီး ဝယ္လိုရတာမ်ိဳးမွ မဟုတ္တာ တတ္ကၽြမ္းနားလည္တဲ့ ေရွ႕ေနရွာျပီးဝယ္မွ ျဖစ္မွာေပါ့။ လုိ႕ ဆံုးျဖတ္ခ်က္ခ်ယူထားသူေတြကေတာ့ ၊ စရန္ေငြေပးစာခ်ဳပ္ခ်ဳပ္ေတာ့မယ္ဆိုကတည္းက ကၽြမ္းက်င္သူနဲ႕ ေရွ႕ေနကို ေခၚျပီး စာခ်ဳပ္လာၾကတာကိုေတြ႕ရပါတယ္။ အစေကာင္းေတာ့ အေနွာင္းေသခ်ာ ဆိုသလို စရန္ေငြေပးကတည္းက ေရွ႕ေနပါလာျပီဆိုရင္ အျပီးအပိုင္ဝယ္ယူေငြေခ်တဲ့ ေန႕မွာလည္း ေရွ႕ေနပါလာလို႕ ေျမကြက္ဝယ္တဲ့အခါ အရႈပ္အရွင္းကင္းလို႕ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ ျဖစ္ၾကရတာကိုျမင္ေတြ႔ရလို႕ ေရွ႕ေနေတြလည္း ပီတိျဖစ္ရပါတယ္။

ကို္ယ္စိတ္နွစ္ျဖာ ရႊင္လန္း က်န္းမာ သုခ အျဖာျဖာနဲ႕ ျပည့္စံုၾကပါေစ.......

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service