ဆလီနာ တူဒါ (သို့မဟုတ်) ရိုမေးနီးယားနိုင်ငံက မြေအောက် ပေ ၃၀၀ ကျော်တွင် တည်ရှိသော အသက်ရှုမှားလောက်ဖွယ် မြေအောက်အပန်းဖြေစခန်းကြီး

ဆလီနာ တူဒါ (သို့မဟုတ်) ရိုမေးနီးယားနိုင်ငံက မြေအောက် ပေ ၃၀၀ ကျော်တွင် တည်ရှိသော အသက်ရှုမှားလောက်ဖွယ် မြေအောက်အပန်းဖြေစခန်းကြီး - Property News in Myanmar from iMyanmarHouse.com
27 Jan 2023 12:12 pm တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရိုမေးနီးယားနိုင်ငံတွင် မြေအောက် မီတာ ၁၀၀ (၃၂၈ ပေ) ကျော်အနက်တွင် တည်ရှိသော မြေအောက်အပန်းဖြေစခန်းကြီးရှိ မြေအောက်ရေကန်ကြီးတွင် လှေကလေးတစ်စီးဖြင့် အေးအေးလူလူ လှေစီးရသည့် အရသာမှာ ထူးကဲလှသည်ဟု ဆိုသည်။

ခေတ်မီကော်ဖီဆိုင်များ၊ အကဂီတပွဲတော်များ၊ မြန်နှုန်းမြင့် အင်တာနက်များရှိသည့် ရိုမေးနီးယားနိုင်ငံ၊ ထရန်ဆယ်လ်ဗေးနီးယားပြည်နယ်သည် ကမ္ဘာကျော်ဒရာကူလာရဲတိုက်ကြီးကို လေ့လာလိုသူများ လာရောက်သည့်နေရာတစ်ခုမျှသာ မဟုတ်တော့ချေ။

(မှတ်ချက် ။ ဒရာကူလာရဲတိုက်ကြီးအကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

အလယ်ခေတ်ရဲတိုက်ကြီးများ၊ ပုံပြင်ဆန်ဆန်ရွာကလေးများမှာ ရိုမေးနီးယားနိုင်ငံတွင် များပြားလှသည်ကား အမှန်ပင်။

သို့သော် ရိုမေးနီးယားတွင် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များ အာရုံစိုက်ဖွယ်ရာ နေရာတစ်ခုရှိလာနေသည်။

(ထရန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် လှပသော အလယ်ခေတ်မြို့များ များစွာရှိသည်။ ဓာတ်ပုံ-Supplied)

(သို့သော် ထရန်ဆယ်လ်ဗေးနီးယားသည် ခေတ်မီစေမည့် နည်းလမ်းသစ်များ ရှာဖွေလာသည်။ ဓာတ်ပုံ-Supplied)

ရိုမေးနီးယားနိုင်ငံ၏ ဒုတိယအကြီးမားဆုံး၊ တရားဝင်မဟုတ်သော မြို့တော်ဖြစ်သည့် Cluj-Napoca မြို့ပြင်တွင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဆားတွင်းကြီးများမှတစ်ခု တည်ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့သော ဆလီနာ တူဒါ (Salina Turda) ဆားတွင်းကြီးတွင် ရာစုနှစ်များစွာ ဆားထုတ်လုပ်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင်မူ ပိတ်သိမ်းခဲ့သည်။

ဆလီနာ တူဒါ ဆားတွင်းကြီး၏ ကြီးမားကျယ်ဝန်းလှသော လှိုဏ်ဂူကြီးများကို ဗုံးခိုကျင်းများအဖြစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အသုံးပြုခဲ့သည်။

နောက်ပိုင်းတွင် ဒိန်ခဲများ သိုလှောင်ရာနေရာအဖြစ် သုံးခဲ့ကြသည်။

ယခုအခါတွင် မြေအောက် ပေ ၃၀၀ ကျော်အနက်တွင် တည်ရှိသော ကြီးမားကျယ်ဝန်းလှသည့် ဆားတွင်းလှိုဏ်ဂူကြီးများကို မြေအောက်အပန်းဖြေ ကစားကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲထားသည်။

(ဆလီနာ တူဒါ မြေအောက်ကစားကွင်းကြီးအတွင်းမှ တဖိတ်ဖိတ်လက်သော ဥမင်များ။ ဓာတ်ပုံ- Flickr/Cristian Bortes)

( တစ်ချိန်က ဆားသယ်ရန် သုံးခဲ့သော လှည်းဟောင်းတစ်ခု။ ဓာတ်ပုံ- Flickr: Cristian Bortes)

ဆလီနာ တူဒါသို့ သင်ပထမဆုံး စတင်ခြေကျလိုက်သည်နှင့် အသက်ရှုမှားဖွယ် မြင်ကွင်းများ တွေ့မြင်ရမည် ဖြစ်သည်။

ကျဉ်းမြောင်းလှသော ဥမင်များစွာမှ အောက်သို့ဆင်းသက်ပြီးပါက ပင်မလှိုဏ်ဂူကြီးကို အပေါ်စီးမှ တွေ့မြင်နိုင်သည့် စင်္ကြန်နေရာတစ်ခုသို့ ရောက်ရှိလာမည် ဖြစ်သည်။

ကစားကွင်းနေရာ၏ အကျယ်အဝန်းက မယုံနိုင်လောက်အောင်ပင် ကြီးမားလှသည်။

အပေါ်ဖက်ဆီမှ သင်ကြည့်ရှုသောနေရာအောက် မီတာ ၄၀ ကျော်အနက်တွင် မီယွန်မီးများ မျက်နှာကြက်စီမှ ဖြာကျနေသည့် ကစားကွင်းခန်းမကြီးကို တွေ့ရမည် ဖြစ်သည်။

သတ္တိကောင်းပါက မိုင်းတွင်းအပေါ်ဖက် သစ်သားကုန်းဘောင်တလျောက် လမ်းလျှောက်ကာ ကြည်ရှုနိုင်သည်။

ထိုနေရာမှတဆင့် ဓာတ်လှေကားဖြင့် ကစားကွင်းရှိရာသို့ ဆင်းသက်နိုင်သည်။

ကစားကွင်းရှိရာသို့ အတက်အဆင်းပြုလုပ်နိုင်သော ဓာတ်လှေကားများမှ တစ်စင်းထဲသာ ရှိသည်။

လှေကားမှာလည်း ဆင်းသက်နိုင်သည်။

သို့သော် လူတန်းရှည်လျားစွာ စောင့်ဆိုင်းရမည် ဖြစ်သည်။

(ပထမဆုံး တွေ့မြင်ရမည့် မြင်ကွင်းမှာပင်လျှင် အသက်ရှုမှားလောက်သည်။ ဓာတ်ပုံ- Alle McMahon)

ကစားကွင်းတွင် ဂေါက်ကွင်းငယ်တစ်ခု ၊ ဘိလိယက်ခုံများ ၊ စားပွဲတင် တင်းနစ်ခုံများ ၊ လက်ပစ်ဘောကစားကွင်းတစ်ခုနှင့် ဘိုးလင်းကွင်းတစ်ခု ပါဝင်သည်။

လာရောက်လည်ပတ်သူများ အနှစ်သက်ကြဆုံးမှာ မီတာ ၂၀ မြင့်မားသော ချားရဟတ်ကြီးတစ်ခု ဖြစ်သည်။

(ချားရဟတ်မှာ လည်ပတ်သူများ အကြိုက်ဆုံး ဖြစ်သည်။ ဓာတ်ပုံ- Alle McMahon)

(မြေအောက် ဆားတွင်းကြီးကို ပြတိုက် ၊ art installation နှင့် အပန်းဖြေကစားကွင်းများအဖြစ် သုံးမျိုးပေါင်းစည်းထားသည်။ ဓာတ်ပုံ- Alle McMahon)

ဆားတွင်းကြီး၏ ဗဟိုချက်ဆီတွင်ကား အံ့အားသင့်ဖွယ် မြေအောက်ရေကန်ကြီးတစ်ခု ရှိနေသည်။

ထိုရေကန်ကြီးမှာ မြေအောက်မီတာ ၁၂၀ အနက်ခန့်တွင် တည်ရှိသော ပိုမိုနက်ရှိုင်းသည့် လှိုဏ်ဂူကြီး၏ အောက်ခြေတွင် တည်ရှိခြင်း ဖြစ်ပြီး အခြားဓာတ်လှေကားတစ်စင်းဖြင့် ဆင်းရသည်။

ရေကန်ကြီးအတွင်း လှည့်ပတ်ကြည့်ရှုရန် လှေကလေးတစ်စင်းငှားရမ်းကာ သင်၏ အပေါ်ဖက်ဆီမှ စီးဆင်းဖြာကျနေသော ဆားရေတံခွန်သို့ လှော်ခတ်ကြည့်ရှုနိုင်ပါသည်။

ရေပြင်မှာ အချို့နေရာများတွင် ခြေသလုံးအနက်ခန့်သာ ရှိပြီး အလွန်ကြည်လင်လှသည်။

(မြေအောက်ရေကန်အတွင်း လှေကလေးငှားရမ်းကာ လှည့်လည်ကြည့်ရှုနိုင်သည်။ ဓာတ်ပုံ- Alle McMahon)

(ရေပြင်မှာ တည်ငြိမ်ကာ ကြည်လင်လွန်းလှသည်။ ဓာတ်ပုံ- Flickr: tomasz przechlewski)

ဤသည်ကား ဆလီနာ တူဒါ၏ အလှတရားပင် ဖြစ်သည်။

စကျင်ကျောက် မျက်နှာကြက်ဆီမှ တွဲလောင်းကျဆင်းနေသော ကျောက်ခက်ပန်းခက်များကိုလည်း များစွာတွေ့ရမည်။

(မြေအောက် အပန်းဖြေစခန်း၏ အနက်ရှိုင်းဆုံး အပိုင်းမှာ မြေအောက် ၁၂၀ မီတာအနက်တွင် ရှိသည်။ ဓာတ်ပုံ- Alle McMahon)

ဆလီနာ တူဒါ လှိုဏ်ဂူအတွင်းမှ တမူထူးသော ရာသီဥတု အခြေအနေမှာ ကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်း ယုံကြည်ကြသည်။

ဆားဂူအတွင်းမှ လေထုမှာ ရောဂါကုသနိုင်စွမ်းရှိပြီး ပန်းနာရင်ကြပ် ၊ မြက်သီးနှာစေးဖျားဟု ခေါ်သော ဓာတ်မတည့်မှုကြောင့် ဖြစ်သည့်ရောဂါ ၊ အရေပြားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာပျောက်ကင်းနိုင်စွမ်းရှိကြောင်း အချို့က ပြောကြသည်။

(ဆလီနာ တူဒါ မြေအောက်ဂူကြီး၏ အပြင်ဖက်တွင် ရေချိုးနိုင်မည့် ဆားရေကန်များရှိသည်။ ဓာတ်ပုံ - Flickr/someone10x)

ဆလီနာ တူဒါသို့ Cluj မြို့မှ ဘတ်စ်ကားများ ပုံမှန်ပြေးဆွဲသော်လည်း အကောင်းဆုံးမှာ အငှားကားဖြင့် သွားခြင်းသာ ဖြစ်သည်။

ဆလီနာ တူဒါသို့ သွားသည့်ခရီးမှာ မိနစ် ၄၀ ခန့် ကြာမြင့်ပြီး မြေအောက်အပန်းဖြေစခန်းသို့ ဝင်ကြေးမှာ လူကြီးများအတွက် ရိုမေးနီးယားငွေ ၄၀ lei (မြန်မာကျပ်ငွေအားဖြင့် ၁၈၀၀၀ ကျော် ) ၊ ကလေးများအတွက် ရိုမေးနီးယားငွေ ၂၀ lei (မြန်မာကျပ်ငွေအားဖြင့် ၉၀၀၀ ကျော် ) ပေးရသည်။

(ထရန် ဆယ်ဗေးနီးယားပြည်နယ်၏ တရားဝင် မဟုတ်သော မြို့တော် Cluj-Napoca ။ ဓာတ်ပုံ- Flickr/Dennis Jarvis)

(Cluj မြို့လည်မှ စိန့် မိုက်ကယ် ဘုရားကျောင်း ။ ဓာတ်ပုံ- Flickr/Dennis Jarvis)

(ဆက်စပ်သတင်း)

ကမ္ဘာ့အလှဆုံးအဆောက်အအုံ (သို့မဟုတ်) ရိုမေးနီးယားက ဒရာကူလာရဲတိုက်

https://www.imyanmarhouse.com/news/read/1013206

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Salina Turda: Romania’s epic underground theme park that will take your breath away (news.com)

[Zawgyi]

ဆလီနာ တူဒါ (သို႔မဟုတ္) ရိုေမးနီးယားႏိုင္ငံက ေျမေအာက္ ေပ ၃၀၀ ေက်ာ္တြင္ တည္ရွိေသာ အသက္ရႈမွားေလာက္ဖြယ္ ေျမေအာက္အပန္းေျဖစခန္းၾကီး

ရိုေမးနီးယားႏိုင္ငံတြင္ ေျမေအာက္ မီတာ ၁၀၀ (၃၂၈ ေပ) ေက်ာ္အနက္တြင္ တည္ရွိေသာ ေျမေအာက္အပန္းေျဖစခန္းၾကီးရွိ ေျမေအာက္ေရကန္ၾကီးတြင္ ေလွကေလးတစ္စီးျဖင့္ ေအးေအးလူလူ ေလွစီးရသည့္ အရသာမွာ ထူးကဲလွသည္ဟု ဆိုသည္။

ေခတ္မီေကာ္ဖီဆိုင္မ်ား၊ အကဂီတပြဲေတာ္မ်ား၊ ျမန္ႏႈန္းျမင့္ အင္တာနက္မ်ားရွိသည့္ ရိုေမးနီးယားႏိုင္ငံ၊ ထရန္ဆယ္လ္ေဗးနီးယားျပည္နယ္သည္ ကမၻာေက်ာ္ဒရာကူလာရဲတိုက္ၾကီးကို ေလ့လာလိုသူမ်ား လာေရာက္သည့္ေနရာတစ္ခုမွ်သာ မဟုတ္ေတာ့ေခ်။

(မွတ္ခ်က္ ။ ဒရာကူလာရဲတိုက္ၾကီးအေၾကာင္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္)

အလယ္ေခတ္ရဲတိုက္ၾကီးမ်ား၊ ပံုျပင္ဆန္ဆန္ရြာကေလးမ်ားမွာ ရိုေမးနီးယားႏိုင္ငံတြင္ မ်ားျပားလွသည္ကား အမွန္ပင္။

သို႔ေသာ္ ရိုေမးနီးယားတြင္ ယခုအခါ ကမၻာလွည့္ခရီးသည္မ်ား အာရံုစိုက္ဖြယ္ရာ ေနရာတစ္ခုရွိလာေနသည္။

(ထရန္ဆယ္လ္ေဗးနီးယားျပည္နယ္တြင္ လွပေသာ အလယ္ေခတ္ျမိဳ႕မ်ား မ်ားစြာရွိသည္။ ဓာတ္ပံု-Supplied)

(သို႔ေသာ္ ထရန္ဆယ္လ္ေဗးနီးယားသည္ ေခတ္မီေစမည့္ နည္းလမ္းသစ္မ်ား ရွာေဖြလာသည္။ ဓာတ္ပံု-Supplied)

ရိုေမးနီးယားႏိုင္ငံ၏ ဒုတိယအၾကီးမားဆံုး၊ တရားဝင္မဟုတ္ေသာ ျမိဳ႕ေတာ္ျဖစ္သည့္ Cluj-Napoca ျမိဳ႕ျပင္တြင္ ကမၻာ့သက္တမ္းအရင့္ဆံုး ဆားတြင္းၾကီးမ်ားမွတစ္ခု တည္ရွိေနသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၀၀၀ ခန္႔ကတည္းက စတင္ေပၚေပါက္ခဲ့ေသာ ဆလီနာ တူဒါ (Salina Turda) ဆားတြင္းၾကီးတြင္ ရာစုႏွစ္မ်ားစြာ ဆားထုတ္လုပ္ခဲ့ျပီး ၁၉၃၂ ခုႏွစ္တြင္မူ ပိတ္သိမ္းခဲ့သည္။

ဆလီနာ တူဒါ ဆားတြင္းၾကီး၏ ၾကီးမားက်ယ္ဝန္းလွေသာ လိႈဏ္ဂူၾကီးမ်ားကို ဗံုးခိုက်င္းမ်ားအျဖစ္ ဒုတိယကမၻာစစ္ၾကီးအတြင္း အသံုးျပဳခဲ့သည္။

ေနာက္ပိုင္းတြင္ ဒိန္ခဲမ်ား သိုေလွာင္ရာေနရာအျဖစ္ သံုးခဲ့ၾကသည္။

ယခုအခါတြင္ ေျမေအာက္ ေပ ၃၀၀ ေက်ာ္အနက္တြင္ တည္ရွိေသာ ၾကီးမားက်ယ္ဝန္းလွသည့္ ဆားတြင္းလိႈဏ္ဂူၾကီးမ်ားကုိ ေျမေအာက္အပန္းေျဖ ကစားကြင္းၾကီးတစ္ခုအျဖစ္ ေျပာင္းလဲထားသည္။

(ဆလီနာ တူဒါ ေျမေအာက္ကစားကြင္းၾကီးအတြင္းမွ တဖိတ္ဖိတ္လက္ေသာ ဥမင္မ်ား။ ဓာတ္ပံု- Flickr/Cristian Bortes)

( တစ္ခ်ိန္က ဆားသယ္ရန္ သံုးခဲ့ေသာ လွည္းေဟာင္းတစ္ခု။ ဓာတ္ပံု- Flickr: Cristian Bortes)

ဆလီနာ တူဒါသို႔ သင္ပထမဆံုး စတင္ေျခက်လိုက္သည္ႏွင့္ အသက္ရႈမွားဖြယ္ ျမင္ကြင္းမ်ား ေတြ႔ျမင္ရမည္ ျဖစ္သည္။

က်ဥ္းေျမာင္းလွေသာ ဥမင္မ်ားစြာမွ ေအာက္သို႔ဆင္းသက္ျပီးပါက ပင္မလႈိဏ္ဂူၾကီးကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည့္ စၾကၤန္ေနရာတစ္ခုသို႔ ေရာက္ရွိလာမည္ ျဖစ္သည္။

ကစားကြင္းေနရာ၏ အက်ယ္အဝန္းက မယံုႏိုင္ေလာက္ေအာင္ပင္ ၾကီးမားလွသည္။

အေပၚဖက္ဆီမွ သင္ၾကည့္ရႈေသာေနရာေအာက္ မီတာ ၄၀ ေက်ာ္အနက္တြင္ မီယြန္မီးမ်ား မ်က္ႏွာၾကက္စီမွ ျဖာက်ေနသည့္ ကစားကြင္းခန္းမၾကီးကို ေတြ႔ရမည္ ျဖစ္သည္။

သတၱိေကာင္းပါက မိုင္းတြင္းအေပၚဖက္ သစ္သားကုန္းေဘာင္တေလ်ာက္ လမ္းေလွ်ာက္ကာ ၾကည္ရႈႏုိင္သည္။

ထိုေနရာမွတဆင့္ ဓာတ္ေလွကားျဖင့္ ကစားကြင္းရွိရာသို႔ ဆင္းသက္ႏိုင္သည္။

ကစားကြင္းရွိရာသို႔ အတက္အဆင္းျပဳလုပ္ႏုိင္ေသာ ဓာတ္ေလွကားမ်ားမွ တစ္စင္းထဲသာ ရွိသည္။

ေလွကားမွာလည္း ဆင္းသက္ႏိုင္သည္။

သို႔ေသာ္ လူတန္းရွည္လ်ားစြာ ေစာင့္ဆိုင္းရမည္ ျဖစ္သည္။

(ပထမဆံုး ေတြ႔ျမင္ရမည့္ ျမင္ကြင္းမွာပင္လွ်င္ အသက္ရႈမွားေလာက္သည္။ ဓာတ္ပံု- Alle McMahon)

ကစားကြင္းတြင္ ေဂါက္ကြင္းငယ္တစ္ခု ၊ ဘိလိယက္ခံုမ်ား ၊ စားပြဲတင္ တင္းနစ္ခံုမ်ား ၊ လက္ပစ္ေဘာကစားကြင္းတစ္ခုႏွင့္ ဘုိးလင္းကြင္းတစ္ခု ပါဝင္သည္။

လာေရာက္လည္ပတ္သူမ်ား အႏွစ္သက္ၾကဆံုးမွာ မီတာ ၂၀ ျမင့္မားေသာ ခ်ားရဟတ္ၾကီးတစ္ခု ျဖစ္သည္။

(ခ်ားရဟတ္မွာ လည္ပတ္သူမ်ား အၾကိဳက္ဆံုး ျဖစ္သည္။ ဓာတ္ပံု- Alle McMahon)

(ေျမေအာက္ ဆားတြင္းၾကီးကို ျပတိုက္ ၊ art installation ႏွင့္ အပန္းေျဖကစားကြင္းမ်ားအျဖစ္ သံုးမ်ဳိးေပါင္းစည္းထားသည္။ ဓာတ္ပံု- Alle McMahon)

ဆားတြင္းၾကီး၏ ဗဟိုခ်က္ဆီတြင္ကား အံ့အားသင့္ဖြယ္ ေျမေအာက္ေရကန္ၾကီးတစ္ခု ရွိေနသည္။

ထိုေရကန္ၾကီးမွာ ေျမေအာက္မီတာ ၁၂၀ အနက္ခန္႔တြင္ တည္ရွိေသာ ပိုမိုနက္ရိႈင္းသည့္ လိႈဏ္ဂူၾကီး၏ ေအာက္ေျခတြင္ တည္ရွိျခင္း ျဖစ္ျပီး အျခားဓာတ္ေလွကားတစ္စင္းျဖင့္ ဆင္းရသည္။

ေရကန္ၾကီးအတြင္း လွည့္ပတ္ၾကည့္ရႈရန္ ေလွကေလးတစ္စင္းငွားရမ္းကာ သင္၏ အေပၚဖက္ဆီမွ စီးဆင္းျဖာက်ေနေသာ ဆားေရတံခြန္သို႔ ေလွာ္ခတ္ၾကည့္ရႈႏိုင္ပါသည္။

ေရျပင္မွာ အခ်ဳိ႕ေနရာမ်ားတြင္ ေျခသလံုးအနက္ခန္႔သာ ရွိျပီး အလြန္ၾကည္လင္လွသည္။

(ေျမေအာက္ေရကန္အတြင္း ေလွကေလးငွားရမ္းကာ လွည့္လည္ၾကည့္ရႈႏိုင္သည္။ ဓာတ္ပံု- Alle McMahon)

(ေရျပင္မွာ တည္ျငိမ္ကာ ၾကည္လင္လြန္းလွသည္။ ဓာတ္ပံု- Flickr: tomasz przechlewski)

ဤသည္ကား ဆလီနာ တူဒါ၏ အလွတရားပင္ ျဖစ္သည္။

စက်င္ေက်ာက္ မ်က္ႏွာၾကက္ဆီမွ တြဲေလာင္းက်ဆင္းေနေသာ ေက်ာက္ခက္ပန္းခက္မ်ားကိုလည္း မ်ားစြာေတြ႔ရမည္။

(ေျမေအာက္ အပန္းေျဖစခန္း၏ အနက္ရိႈင္းဆံုး အပိုင္းမွာ ေျမေအာက္ ၁၂၀ မီတာအနက္တြင္ ရွိသည္။ ဓာတ္ပံု- Alle McMahon)

ဆလီနာ တူဒါ လႈိဏ္ဂူအတြင္းမွ တမူထူးေသာ ရာသီဥတု အေျခအေနမွာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးရွိေၾကာင္း ယံုၾကည္ၾကသည္။

ဆားဂူအတြင္းမွ ေလထုမွာ ေရာဂါကုသႏိုင္စြမ္းရွိျပီး ပန္းနာရင္ၾကပ္ ၊ ျမက္သီးႏွာေစးဖ်ားဟု ေခၚေသာ ဓာတ္မတည့္မႈေၾကာင့္ ျဖစ္သည့္ေရာဂါ ၊ အေရျပားႏွင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားကို သက္သာေပ်ာက္ကင္းႏိုင္စြမ္းရွိေၾကာင္း အခ်ဳိ႕က ေျပာၾကသည္။

(ဆလီနာ တူဒါ ေျမေအာက္ဂူၾကီး၏ အျပင္ဖက္တြင္ ေရခ်ဳိးႏိုင္မည့္ ဆားေရကန္မ်ားရွိသည္။ ဓာတ္ပံု - Flickr/someone10x)

ဆလီနာ တူဒါသို႔ Cluj ျမိဳ႕မွ ဘတ္စ္ကားမ်ား ပံုမွန္ေျပးဆြဲေသာ္လည္း အေကာင္းဆံုးမွာ အငွားကားျဖင့္ သြားျခင္းသာ ျဖစ္သည္။

ဆလီနာ တူဒါသို႔ သြားသည့္ခရီးမွာ မိနစ္ ၄၀ ခန္႔ ၾကာျမင့္ျပီး ေျမေအာက္အပန္းေျဖစခန္းသို႔ ဝင္ေၾကးမွာ လူၾကီးမ်ားအတြက္ ရိုေမးနီးယားေငြ ၄၀ lei (ျမန္မာက်ပ္ေငြအားျဖင့္ ၁၈၀၀၀ ေက်ာ္ ) ၊ ကေလးမ်ားအတြက္ ရိုေမးနီးယားေငြ ၂၀ lei (ျမန္မာက်ပ္ေငြအားျဖင့္ ၉၀၀၀ ေက်ာ္ ) ေပးရသည္။

(ထရန္ ဆယ္ေဗးနီးယားျပည္နယ္၏ တရားဝင္ မဟုတ္ေသာ ျမိဳ႕ေတာ္ Cluj-Napoca ။ ဓာတ္ပံု- Flickr/Dennis Jarvis)

(Cluj ျမိဳ႕လည္မွ စိန္႔ မိုက္ကယ္ ဘုရားေက်ာင္း ။ ဓာတ္ပံု- Flickr/Dennis Jarvis)

(ဆက္စပ္သတင္း)

ကမၻာ့အလွဆံုးအေဆာက္အအံု (သို႔မဟုတ္) ရိုေမးနီးယားက ဒရာကူလာရဲတိုက္

https://www.imyanmarhouse.com/news/read/1013206

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: Salina Turda: Romania’s epic underground theme park that will take your breath away (news.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service