အတွင်းရေးမှူးဂင် ဇာတ်ကားထဲက Park Min Young ရဲ့ အခန်းလိုမျိုး သင့်အခန်းကို မွမ်းမံရန် နည်းလမ်းများ

အတွင်းရေးမှူးဂင် ဇာတ်ကားထဲက Park Min Young ရဲ့ အခန်းလိုမျိုး သင့်အခန်းကို မွမ်းမံရန် နည်းလမ်းများ - Property News in Myanmar from iMyanmarHouse.com
25 Jan 2023 10:56 am တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

K-Drama ဇာတ်ကားများထဲမှအတိုင်း လူကြီးမင်းတို့၏ အခန်းကို မွမ်းမံပြင်ဆင်ရန် စိတ်ကူးဖူးပါသလား။

ကိုရီးယား ဇာတ်ကားများတွင် အတွင်းပိုင်းအပြင်အဆင်များမှာ ခမ်းနားလေ့ရှိကြသည်။

ထိုအတိုင်း ထပ်တူမွမ်းမံပြင်ဆင်ရန်ကား ခက်ခဲဖွယ်ရှိသည်။

သို့သော် အချို့သောအရာများကို ကုန်ကျစရိတ်သက်သာစွာ မွမ်းမံကြည့်မည်ဆိုပါက K-Drama များထဲမှအတိုင်း ဆင်တူသော vibes မျိုး အလွယ်တကူ ရရှိနိုင်ပါသည်။

နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲဖြစ်သော အတွင်းရေးမှူးဂင် (What’s Wrong With Secretary Kim) မှ ဝတ်စားဆင်ယင်ပုံများကို ပရိသတ်များစွာက စိတ်ဝင်စားကြသည်။

ထိုဇာတ်လမ်းတွဲကို ကြည့်ရှုကြသော ပရိသတ်များက ဇာတ်ကောင် Lee YeongJun (Park SeoJoon) နှင့် Kim MiSo (Park MinYoung) တို့၏ ဇာတ်ကားထဲမှ နေအိမ်များကိုလည်း စိတ်ဝင်စားကြသည်။

ဇာတ်ကားထဲမှ လူနေခန်းအတိုင်းထပ်တူ လုပ်ဆောင်ရန်ကား ခက်ခဲမည် ဖြစ်သည်။ အတွင်းရေးမှူးဂင်၏ နေအိမ်မှ ချစ်စဖွယ်ကောင်းကာ လှပရိုးစင်းသည့် အိမ်တစ်လုံးဖြစ်သည်။

ဇာတ်ကောင် Kim MiSo နေထိုင်သည့်အခန်းမှာ လူတစ်ဦးမှ ၂ ဦးနေထိုင်နိုင်သည့်အခန်းမျိုးဖြစ်ပြီး မိန်းကလေးဆန်ကာ သက်တောင့်သက်သာရှိသည့်အခန်းဖြစ်သည်။

တစ်ဦးတည်းနေထိုင်ကြသော ငယ်ရွယ်သူမိန်းကလေးများစွာသည် Kim MiSo ၏ အခန်းမျိုးတွင် နေထိုင်လိုကြမည်သာ ဖြစ်သည်။

မိသားစုနှင့် နေထိုင်သူဆိုပါကလည်း သင့်အခန်းကို Kim MiSo ၏ အခန်းကဲ့သို့ မွမ်းမံပြင်ဆင်ကြည့်နိုင်ပါသည်။

(ဦးစွာအားဖြင့် အောက်ပါဓာတ်ပုံများကို လေ့လာကြည့်ပါ)

ဇာတ်ကားထဲမှ Park Min Yong ၏ အခန်းမျိုးကဲ့သို့ မွမ်းမံရန် အောက်ပါအချက်များအတိုင်း လုပ်ဆောင်ကြည့်ပါ။

၁။ အလင်းဘက်ကိုရောက်သော အရောင်များရွေးချယ်ပါ

အတွင်းရေးမှူးဂင်ဇာတ်ကားထဲမှ Park Min Yong ၏ အိမ်မှာ လင်းလင်းချင်းချင်းရှိပြီး ပင်ပန်းခဲ့သမျှ ဖြေလျှော့အပန်းပြေစေနိုင်မည့်နေရာမျိုး ဖြစ်စေသည်မှာ အဓိကအားဖြင့် အလင်းဘက်သို့ ရောက်သည့် အရောင်များကြောင့် ဖြစ်သည်။

အဖြူရောင်၊ မီးခိုးဖျော့နှင့် ဝါညိုနုရောင် (သနပ်ခါးရောင်) မျိုး ရွေးချယ်သင့်ပါသည်။

၂။ သဘာဝအသုံးအဆောင်ပစ္စည်းများ ရွေးချယ်ပါ

Kim MiSo ၏ အခန်းတွင် သဘာဝအသုံးအဆောင်ပစ္စည်းများ များစွာရှိရာ သစ်၊ ကောက်ရိုးနှင့် သစ်ပင်များ အစရှိသည်တို့ဖြစ်သည်။

ထို့အပြင် အစိမ်းရောင်အချို့လည်း ရှိသည်။

ထိုအရာများသည် ဈေးကြီးကာ မွမ်းမံရန် မတတ်နိုင်ပါက အလားတူပစ္စည်းများဖြင့် အလှဆင်နိုင်သည်ကို မမေ့ပါနှင့်။

၃။ ပန်းရိုက် အထည်များ အသုံးပြုပါ

Kim MinSo ၏ နေအိမ်အလှဆင်မှုတွင် အရေးကြီးသည့်အချက်မှာ ပန်းပွင့်ပုံ (သို့မဟုတ်) သဘာဝအလှများ ခြယ်မှုန်းထားသည့် အထည်များ အသုံးပြုထားခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကူရှင် (သို့မဟုတ်) အိပ်ယာခင်းများတွင် သစ်ပင်ပုံများရိုက်နှိပ်ထားသည့် အထည်စများ အသုံးပြုထားသည်ကို တွေ့ရမည် ဖြစ်သည်။ ကော်ဇောတစ်ခုထားရှိခြင်းအားဖြင့်လည်း သင့်အခန်း၏ အငွေ့အသက်ကို လွယ်လင့်တကူ ပြောင်းလဲစေနိုင်ပါသည်။

၄။ အလင်းရောင်နှင့် လင်းလင်းချင်းချင်းရှိခြင်း

အတွင်းရေးမှူးဂင်၏ အခန်းမှာ အလင်းကောင်းစွာရသောကြောင့် လင်းလင်းချင်းချင်းရှိသည်ကို တွေ့ရနိုင်သည်။

လိုက်ကာများမှာ ထူထူထဲထဲမရှိဘဲ အလင်းကို ကာသည်ဆိုရုံမျှရှိပြီး ပါးလွှာသော လိုက်ကာများ သုံးထားသည်။

MiSo သည် လိုက်ကာအပါးအပြင် ညဘက်တွင် နောက်ထပ်လိုက်ကာတစ်ခုကိုလည်း အသုံးပြု၏။

၅။ အသေးအဖွဲပစ္စည်းကလေးများဖြင့် ချစ်စရာကောင်းစေခြင်း

Kim MiSo ၏ အခန်းအတွင်း ပစ္စည်းပစ္စယများရှိသော်လည်း အပြည့်အသိပ်ဖြစ်မနေ။

သစ်သားဘောင်ကွပ် မှန်များ၊ စာအုပ်များနှင့် ဖန်စီလက်ဝတ်တန်ဆာကလေးများကဲ့သို့ ချစ်စရာပစ္စည်းလေးများ တွေ့ရမည် ဖြစ်သည်။

သင်၏ ပိုလျှံသောပစ္စည်းများကို သိမ်းဆည်းထားသင့်သည်။ Kim MiSo က သူမ၏ ပစ္စည်းများကို အဝတ်အိတ် (သို့မဟုတ်) ကတ်ထူပုံးကလေးများအတွင်း သိမ်းဆည်းထားလေ့ရှိ၏။

ပလတ်စတစ်နှင့် သံသေတ္တာများကို မရွေးချယ်သင့်ချေ။

ဤဆောင်းပါးကို ဖတ်ပြီးလျှင် ဈေးမကြီးသော ပစ္စည်းများဖြင့် သင့်အခန်းကို အတွင်းရေးမှူးဂင်၏ အခန်းကဲ့သို့ ပြောင်းလဲကြည့်နိုင်ပါသည်။ ကံကောင်းပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: K-Pop Furniture: Decor Ideas To Customize Your Room Like Kim MiSo In “What’s Wrong With Secretary Kim” Drama (kpopmap)

[Zawgyi]

အတြင္းေရးမွဴးဂင္ ဇာတ္ကားထဲက Park Min Young ရဲ႕ အခန္းလိုမ်ဳိး သင့္အခန္းကို မြမ္းမံရန္ နည္းလမ္းမ်ား

K-Drama ဇာတ္ကားမ်ားထဲမွအတိုင္း လူၾကီးမင္းတို႔၏ အခန္းကို မြမ္းမံျပင္ဆင္ရန္ စိတ္ကူးဖူးပါသလား။

ကိုရီးယား ဇာတ္ကားမ်ားတြင္ အတြင္းပိုင္းအျပင္အဆင္မ်ားမွာ ခမ္းနားေလ့ရွိၾကသည္။

ထိုအတိုင္း ထပ္တူမြမ္းမံျပင္ဆင္ရန္ကား ခက္ခဲဖြယ္ရွိသည္။

သို႔ေသာ္ အခ်ဳိ႕ေသာအရာမ်ားကို ကုန္က်စရိတ္သက္သာစြာ မြမ္းမံၾကည့္မည္ဆိုပါက K-Drama မ်ားထဲမွအတိုင္း ဆင္တူေသာ vibes မ်ဳိး အလြယ္တကူ ရရွိႏိုင္ပါသည္။

နာမည္ၾကီး ကိုရီးယားဇာတ္လမ္းတြဲျဖစ္ေသာ အတြင္းေရးမွဴးဂင္ (What’s Wrong With Secretary Kim) မွ ဝတ္စားဆင္ယင္ပံုမ်ားကို ပရိသတ္မ်ားစြာက စိတ္ဝင္စားၾကသည္။

ထိုဇာတ္လမ္းတြဲကို ၾကည့္ရႈၾကေသာ ပရိသတ္မ်ားက ဇာတ္ေကာင္ Lee YeongJun (Park SeoJoon) ႏွင့္ Kim MiSo (Park MinYoung) တို႔၏ ဇာတ္ကားထဲမွ ေနအိမ္မ်ားကိုလည္း စိတ္ဝင္စားၾကသည္။

ဇာတ္ကားထဲမွ လူေနခန္းအတိုင္းထပ္တူ လုပ္ေဆာင္ရန္ကား ခက္ခဲမည္ ျဖစ္သည္။ အတြင္းေရးမွဴးဂင္၏ ေနအိမ္မွ ခ်စ္စဖြယ္ေကာင္းကာ လွပရိုးစင္းသည့္ အိမ္တစ္လံုးျဖစ္သည္။

ဇာတ္ေကာင္ Kim MiSo ေနထိုင္သည့္အခန္းမွာ လူတစ္ဦးမွ ၂ ဦးေနထိုင္ႏိုင္သည့္အခန္းမ်ဳိးျဖစ္ျပီး မိန္းကေလးဆန္ကာ သက္ေတာင့္သက္သာရိွသည့္အခန္းျဖစ္သည္။

တစ္ဦးတည္းေနထိုင္ၾကေသာ ငယ္ရြယ္သူမိန္းကေလးမ်ားစြာသည္ Kim MiSo ၏ အခန္းမ်ဳိးတြင္ ေနထိုင္လိုၾကမည္သာ ျဖစ္သည္။

မိသားစုႏွင့္ ေနထုိင္သူဆိုပါကလည္း သင့္အခန္းကို Kim MiSo ၏ အခန္းကဲ့သို႔ မြမ္းမံျပင္ဆင္ၾကည့္ႏိုင္ပါသည္။

(ဦးစြာအားျဖင့္ ေအာက္ပါဓာတ္ပံုမ်ားကို ေလ့လာၾကည့္ပါ)

ဇာတ္ကားထဲမွ Park Min Yong ၏ အခန္းမ်ဳိးကဲ့သို႔ မြမ္းမံရန္ ေအာက္ပါအခ်က္မ်ားအတိုင္း လုပ္ေဆာင္ၾကည့္ပါ။

၁။ အလင္းဘက္ကိုေရာက္ေသာ အေရာင္မ်ားေရြးခ်ယ္ပါ

အတြင္းေရးမွဴးဂင္ဇာတ္ကားထဲမွ Park Min Yong ၏ အိမ္မွာ လင္းလင္းခ်င္းခ်င္းရွိျပီး ပင္ပန္းခဲ့သမွ် ေျဖေလွ်ာ့အပန္းေျပေစႏိုင္မည့္ေနရာမ်ဳိး ျဖစ္ေစသည္မွာ အဓိကအားျဖင့္ အလင္းဘက္သို႔ ေရာက္သည့္ အေရာင္မ်ားေၾကာင့္ ျဖစ္သည္။

အျဖဴေရာင္၊ မီးခိုးေဖ်ာ့ႏွင့္ ဝါညိဳႏုေရာင္ (သနပ္ခါးေရာင္) မ်ဳိး ေရြးခ်ယ္သင့္ပါသည္။

၂။ သဘာဝအသံုးအေဆာင္ပစၥည္းမ်ား ေရြးခ်ယ္ပါ

Kim MiSo ၏ အခန္းတြင္ သဘာဝအသံုးအေဆာင္ပစၥည္းမ်ား မ်ားစြာရွိရာ သစ္၊ ေကာက္ရိုးႏွင့္ သစ္ပင္မ်ား အစရွိသည္တို႔ျဖစ္သည္။

ထို႔အျပင္ အစိမ္းေရာင္အခ်ဳိ႕လည္း ရွိသည္။

ထိုအရာမ်ားသည္ ေစ်းၾကီးကာ မြမ္းမံရန္ မတတ္ႏိုင္ပါက အလားတူပစၥည္းမ်ားျဖင့္ အလွဆင္ႏိုင္သည္ကို မေမ့ပါႏွင့္။

၃။ ပန္းရိုက္ အထည္မ်ား အသံုးျပဳပါ

Kim MinSo ၏ ေနအိမ္အလွဆင္မႈတြင္ အေရးၾကီးသည့္အခ်က္မွာ ပန္းပြင့္ပံု (သို႔မဟုတ္) သဘာဝအလွမ်ား ျခယ္မႈန္းထားသည့္ အထည္မ်ား အသံုးျပဳထားျခင္းျဖစ္သည္။

ဥပမာအားျဖင့္ ကူရွင္ (သို႔မဟုတ္) အိပ္ယာခင္းမ်ားတြင္ သစ္ပင္ပံုမ်ားရိုက္ႏွိပ္ထားသည့္ အထည္စမ်ား အသံုးျပဳထားသည္ကို ေတြ႔ရမည္ ျဖစ္သည္။ ေကာ္ေဇာတစ္ခုထားရွိျခင္းအားျဖင့္လည္း သင့္အခန္း၏ အေငြ႔အသက္ကို လြယ္လင့္တကူ ေျပာင္းလဲေစႏိုင္ပါသည္။

၄။ အလင္းေရာင္ႏွင့္ လင္းလင္းခ်င္းခ်င္းရွိျခင္း

အတြင္းေရးမွဴးဂင္၏ အခန္းမွာ အလင္းေကာင္းစြာရေသာေၾကာင့္ လင္းလင္းခ်င္းခ်င္းရွိသည္ကို ေတြ႔ရႏိုင္သည္။

လိုက္ကာမ်ားမွာ ထူထူထဲထဲမရွိဘဲ အလင္းကို ကာသည္ဆိုရံုမွ်ရွိျပီး ပါးလႊာေသာ လိုက္ကာမ်ား သံုးထားသည္။

MiSo သည္ လိုက္ကာအပါးအျပင္ ညဘက္တြင္ ေနာက္ထပ္လိုက္ကာတစ္ခုကိုလည္း အသံုးျပဳ၏။

၅။ အေသးအဖြဲပစၥည္းကေလးမ်ားျဖင့္ ခ်စ္စရာေကာင္းေစျခင္း

Kim MiSo ၏ အခန္းအတြင္း ပစၥည္းပစၥယမ်ားရွိေသာ္လည္း အျပည့္အသိပ္ျဖစ္မေန။

သစ္သားေဘာင္ကြပ္ မွန္မ်ား၊ စာအုပ္မ်ားႏွင့္ ဖန္စီလက္ဝတ္တန္ဆာကေလးမ်ားကဲ့သို႔ ခ်စ္စရာပစၥည္းေလးမ်ား ေတြ႔ရမည္ ျဖစ္သည္။

သင္၏ ပိုလွ်ံေသာပစၥည္းမ်ားကို သိမ္းဆည္းထားသင့္သည္။ Kim MiSo က သူမ၏ ပစၥည္းမ်ားကို အဝတ္အိတ္ (သို႔မဟုတ္) ကတ္ထူပံုးကေလးမ်ားအတြင္း သိမ္းဆည္းထားေလ့ရွိ၏။

ပလတ္စတစ္ႏွင့္ သံေသတၱာမ်ားကို မေရြးခ်ယ္သင့္ေခ်။

ဤေဆာင္းပါးကို ဖတ္ျပီးလွ်င္ ေစ်းမၾကီးေသာ ပစၥည္းမ်ားျဖင့္ သင့္အခန္းကို အတြင္းေရးမွဴးဂင္၏ အခန္းကဲ့သို႔ ေျပာင္းလဲၾကည့္ႏိုင္ပါသည္။ ကံေကာင္းပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: K-Pop Furniture: Decor Ideas To Customize Your Room Like Kim MiSo In “What’s Wrong With Secretary Kim” Drama (kpopmap)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service