တိုကျိုမှထွက်ကာ ကျေးလက်တွင်နေထိုင်မည့်မိသားစုများကို ဂျပန်အစိုးရက ကလေးတစ်ဦးလျှင် ဒေါ်လာ ၇၇၀၀ ပေးမည်

တိုကျိုမှထွက်ကာ ကျေးလက်တွင်နေထိုင်မည့်မိသားစုများကို ဂျပန်အစိုးရက ကလေးတစ်ဦးလျှင် ဒေါ်လာ ၇၇၀၀ ပေးမည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2023 10:02 am တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(၂၀၂၂ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်က တိုကျိုမြို့ ၊ ယဆုကုနိ ဗိမာန်သို့ လာရောက်လည်ပတ်သည့် မိသားစုတစ်စု ။ ဓာတ်ပုံ - David MAREUIL/Anadolu Agency via Getty)

ဂျပန်နိုင်ငံသည် အသက်အရွယ်ကြီးမြင့်သူများ များပြားလာခြင်းနှင့် ကျေးလက်ဒေသများတွင် လူဦးရေ ကျဆင်းမှုများ ကြောက်ခမန်းလိလိ ရှိလာနေသည်။

ထို့ကြောင့် ဂျပန်အစိုးရက အဆိုပါ ပြဿနာကို ကိုင်တွယ်ရန်အတွက် တိုကျိုမြို့မှ ထွက်ကာ ကျေးလက်ဒေသများသို့ သွားရောက်နေထိုင်မည့် မိသားစုများကို သားသမီးတစ်ဦးလျှင် ကန်ဒေါ်လာ ၇၇၀၀ ခန့် (မြန်မာငွေ ၁၆၁ သိန်း) ပေးမည်ဟု မက်လုံးပေး ဆွဲဆောင်ရန် စီစဉ်နေသည်။

(မှတ်ချက်။ ဇန်နဝါရီ ၂၂ ရက် သတ်မှတ်ငွေလဲနှုန်းဖြစ်သော အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၅ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)

ယခုအစီအစဉ်ကို လာမည့် ဧပြီလတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

ယခုပေးမည့် ပမာဏမှာ ယခင်က ရွှေ့ပြောင်းသူ မိသားစုများကို ကလေးတစ်ဦးလျှင် ဒေါ်လာ ၂၃၀၀ ပေးခဲ့မှုထက် ၃ ဆ ကျော်များပြားသည့်ပမာဏလည်း ဖြစ်သည်။

ယခုအစီအစဉ်တွင် လျှောက်ထားခွင့်ရှိသူများမှာ တိုကျိုမြို့၏ အချက်အခြာ ရပ်ကွက်ကြီး ၂၃ ခုတွင် နေထိုင်သူများအပြင် အနီးဝန်းကျင် ဒေသများဖြစ်သော Saitama ၊ Chiba နှင့်  Kanagawa စီရင်စုများတွင် နေထိုင်သူများ ကျေးလက်သို့ သွားရောက်နေထိုင်မည်ဆိုပါက လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

ထို့အပြင် ကျေးလက်သို့ ပြောင်းရွှေ့ပြီးနောက် လုပ်ငန်းတစ်ခု လုပ်ကိုင်ခြင်း ၊ အသေးစားမှ အလတ်စား ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်ကို အဝေးမှ လုပ်ပေးခြင်းတို့ လုပ်ဆောင်ပါက ဒေါ်လာ ၂၃၀၀၀ (မြန်မာငွေ ၄၈၂ သိန်း) ပေးအပ်ဦးမည် ဖြစ်ကြောင်း ကျိုဒိုသတင်းက ဖော်ပြသည်။

သို့သော် လိုက်နာရမည့် အချက်တစ်ခု ရှိနေသည်။

ကျေးလက်သို့ ရွှေ့ပြောင်းမည့် မိသားစုများအနေဖြင့် ထိုဒေသတွင် ၅ နှစ်နေထိုင်ရမည် ဖြစ်ကာ ထိုဒေသမှ သတ်မှတ်ကာလမတိုင်မီ ထွက်ခွာပါက အစိုးရ၏ ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

တိုကျိုမြို့နှင့် အနီးဝန်းကျင် Saitama ၊ Chiba နှင့် Kanagawa စီရင်စုများတွင် အခြေချနေထိုင်သူ ခန့်မှန်းချေ ၃၅ ဒသမ ၆ သန်းခန့်ရှိကြောင်း ဂျပန် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အလုပ်အကိုင် ပေါများသည့် တိုကျိုမြို့တွင် နေထိုင်သူအလွန်များပြားသည့် ပြဿနာကို ဂျပန်ခေါင်းဆောင်များ ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် အချက်အလက်များအရ ဂျပန်လူဦးရေ၏ ၉၂ ရာခိုင်နှုန်းခန့်မှာ မြို့ပြဒေသများတွင် နေထိုင်ခြင်းဖြစ်ပြီး ၁၉၆၀ ခုနှစ်ကမူ ဂျပန်တွင် မြို့ပြ၌ နေထိုင်သူ ၆၃ ရာနှုန်းသာ ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအချက်အလက်များတွင် ဖော်ပြသည်။

ဂျပန်အစိုးရက ကျေးလက်ဒေသစီးပွားရေးများ ပြန်လည်ရှင်သန်လာစေရေးနှင့် မြို့တော်သို့ ပြည်သူများ အလုံးအရင်း ဝင်ရောက်လာနေမှုကို ထိန်းချုပ်ရေးများ လုပ်ဆောင်ရန် စီစဉ်နေသည်။

ဝန်ကြီးချုပ် ဖုမီးယိုး ကိရှိဒ၏ အစိုးရအဖွဲ့က တိုကျိုမြို့မှ ရွှေ့ပြောင်းသွားသူများထက် မြို့တော်သို့ ဝင်ရောက်လာသူများ ပိုမိုများပြားနေခြင်းကို ရတတ်မအေးဖြစ်လျက် ရှိသည်။

ကိုဗစ် ၁၉ ကာလအတွင်းတွင်ပင်လျှင် တိုကျိုသို့ ဝင်ရောက်လာသူ များပြားခဲ့သည်။

ပြည်သူများကို ကျေးလက်ဒေသများသို့ ပြန်လည် ပြောင်းရွှေ့စေရေးအတွက် မက်လုံးအမျိုးမျိုးပေးကာ လူဦးရေ ပြန်လည် ဖြန့်ကျက်မှု လုပ်ဆောင်ရန် ဂျပန်အစိုးရက ကြိုးစားနေသည်။

ဥပမာအားဖြင့် စွန့်ပစ်ခံ ကျေးရွာများမှ စွန့်ပစ်ခံ နေအိမ်များကို ဒေါ်လာ ၅၀၀ မျှဖြင့် ရောင်းချပေးခြင်း ၊ အကောက်အခွန် ရပ်ဆိုင်းလျော့ချပေးခြင်း အစရှိသော မက်လုံးပေးခြင်းများလည်း ပါဝင်သည်။

(မှတ်ချက်။ ဂျပန်အစိုးရက နေအိမ်များကို မြန်မာငွေ ၈ သိန်းခန့်ဖြင့် ရောင်းချပေးနေသည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ iMyanmarHouse Team)

အခြားဖြစ်ရပ်တစ်ခုကို ကြည့်မည်ဆိုလျှင် ၂၀၁၉ ခုနှစ်အချက်အလက်များအရ နေထိုင်သူ ၂၇ ဦးသာရှိပြီး ယင်းတို့အနက် အသက်အငယ်ဆုံးမှာ အသက် ၅၀ အရွယ်ရှိကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

(မှတ်ချက်။ နဂို့ဒို့ (Nagoro) ကျေးရွာလေးအကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ iMyanmarHouse.com Team)

(ဆက်စပ်သတင်းများ)

အကိယ (သို့မဟုတ်) ဂျပန်နိုင်ငံမှ မြန်မာငွေ ၈ သိန်းဖြင့် ဝယ်ယူနိုင်မည့်အိမ်များ

https://www.imyanmarhouse.com/news/read/1049568

အရုပ်များသာနေထိုင်သော ဂျပန်မှ နဂို့ဒို့ ရွာကလေး

https://www.imyanmarhouse.com/news/read/1032777

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan is paying families $7,700 per child to move out of Tokyo as the country battles population decline (insider)

[Zawgyi]

တိုက်ဳိမွထြက္ကာ ေက်းလက္တြင္ေနထိုင္မည့္မိသားစုမ်ားကို ဂ်ပန္အစိုးရက ကေလးတစ္ဦးလွ်င္ ေဒၚလာ ၇၇၀၀ ေပးမည္

(၂၀၂၂ ခုႏွစ္ ၊ ၾသဂုတ္လ ၁၅ ရက္က တိုက်ဳိျမိဳ႕ ၊ ယဆုကုနိ ဗိမာန္သို႔ လာေရာက္လည္ပတ္သည့္ မိသားစုတစ္စု ။ ဓာတ္ပံု - David MAREUIL/Anadolu Agency via Getty)

ဂ်ပန္ႏိုင္ငံသည္ အသက္အရြယ္ၾကီးျမင့္သူမ်ား မ်ားျပားလာျခင္းႏွင့္ ေက်းလက္ေဒသမ်ားတြင္ လူဦးေရ က်ဆင္းမႈမ်ား ေၾကာက္ခမန္းလိလိ ရွိလာေနသည္။

ထို႔ေၾကာင့္ ဂ်ပန္အစိုးရက အဆိုပါ ျပႆနာကို ကိုင္တြယ္ရန္အတြက္ တိုက်ိဳျမိဳ႕မွ ထြက္ကာ ေက်းလက္ေဒသမ်ားသို႔ သြားေရာက္ေနထုိင္မည့္ မိသားစုမ်ားကို သားသမီးတစ္ဦးလွ်င္ ကန္ေဒၚလာ ၇၇၀၀ ခန္႔ (ျမန္မာေငြ ၁၆၁ သိန္း) ေပးမည္ဟု မက္လံုးေပး ဆြဲေဆာင္ရန္ စီစဥ္ေနသည္။

(မွတ္ခ်က္။ ဇန္နဝါရီ ၂၂ ရက္ သတ္မွတ္ေငြလဲႏႈန္းျဖစ္ေသာ အေမရိကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၂၀၉၅ က်ပ္ႏႈန္းျဖင့္ တြက္ခ်က္ထားျခင္းသာျဖစ္ျပီး ေျမျပင္တြင္ ကြာျခားမႈရွိႏိုင္ပါသည္)

ယခုအစီအစဥ္ကို လာမည့္ ဧျပီလတြင္ စတင္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း က်ဳိဒိုသတင္းဌာနက ေဖာ္ျပသည္။

ယခုေပးမည့္ ပမာဏမွာ ယခင္က ေရႊ႕ေျပာင္းသူ မိသားစုမ်ားကို ကေလးတစ္ဦးလွ်င္ ေဒၚလာ ၂၃၀၀ ေပးခဲ့မႈထက္ ၃ ဆ ေက်ာ္မ်ားျပားသည့္ပမာဏလည္း ျဖစ္သည္။

ယခုအစီအစဥ္တြင္ ေလွ်ာက္ထားခြင့္ရွိသူမ်ားမွာ တိုက်ိဳျမိဳ႕၏ အခ်က္အျခာ ရပ္ကြက္ၾကီး ၂၃ ခုတြင္ ေနထုိင္သူမ်ားအျပင္ အနီးဝန္းက်င္ ေဒသမ်ားျဖစ္ေသာ Saitama ၊ Chiba ႏွင့္Kanagawa စီရင္စုမ်ားတြင္ ေနထိုင္သူမ်ား ေက်းလက္သို႔ သြားေရာက္ေနထုိင္မည္ဆိုပါက ေလွ်ာက္ထားႏိုင္မည္ ျဖစ္ေၾကာင္း က်ဳိဒိုသတင္းဌာနက ေဖာ္ျပသည္။

ထို႔အျပင္ ေက်းလက္သုိ႔ ေျပာင္းေရႊ႕ျပီးေနာက္ လုပ္ငန္းတစ္ခု လုပ္ကိုင္ျခင္း ၊ အေသးစားမွ အလတ္စား ကုမၸဏီတစ္ခုတြင္ ဝင္ေရာက္လုပ္ကိုင္ျခင္း (သို႔မဟုတ္) လက္ရွိအလုပ္ကို အေဝးမွ လုပ္ေပးျခင္းတို႔ လုပ္ေဆာင္ပါက ေဒၚလာ ၂၃၀၀၀ (ျမန္မာေငြ ၄၈၂ သိန္း) ေပးအပ္ဦးမည္ ျဖစ္ေၾကာင္း က်ဳိဒိုသတင္းက ေဖာ္ျပသည္။

သို႔ေသာ္ လုိက္နာရမည့္ အခ်က္တစ္ခု ရွိေနသည္။

ေက်းလက္သို႔ ေရႊ႕ေျပာင္းမည့္ မိသားစုမ်ားအေနျဖင့္ ထိုေဒသတြင္ ၅ ႏွစ္ေနထုိင္ရမည္ ျဖစ္ကာ ထိုေဒသမွ သတ္မွတ္ကာလမတိုင္မီ ထြက္ခြာပါက အစိုးရ၏ ေထာက္ပံ့ေငြမ်ား ျပန္လည္ေပးအပ္ရမည္ ျဖစ္သည္။

တိုက်ဳိျမိဳ႕ႏွင့္ အနီးဝန္းက်င္ Saitama ၊ Chiba ႏွင့္ Kanagawa စီရင္စုမ်ားတြင္ အေျခခ်ေနထိုင္သူ ခန္႔မွန္းေခ် ၃၅ ဒသမ ၆ သန္းခန္႔ရွိေၾကာင္း ဂ်ပန္ ျပည္ထဲေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

အလုပ္အကိုင္ ေပါမ်ားသည့္ တိုက်ဳိျမဳိ႕တြင္ ေနထုိင္သူအလြန္မ်ားျပားသည့္ ျပႆနာကို ဂ်ပန္ေခါင္းေဆာင္မ်ား ရင္ဆိုင္ေနရသည္။

၂၀၂၁ ခုႏွစ္ အခ်က္အလက္မ်ားအရ ဂ်ပန္လူဦးေရ၏ ၉၂ ရာခုိင္ႏႈန္းခန္႔မွာ ျမိဳ႕ျပေဒသမ်ားတြင္ ေနထိုင္ျခင္းျဖစ္ျပီး ၁၉၆၀ ခုႏွစ္ကမူ ဂ်ပန္တြင္ ျမိဳ႕ျပ၌ ေနထိုင္သူ ၆၃ ရာႏႈန္းသာ ရွိခဲ့ေၾကာင္း ကမၻာ့ဘဏ္၏ ေနာက္ဆံုးအခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ဂ်ပန္အစိုးရက ေက်းလက္ေဒသစီးပြားေရးမ်ား ျပန္လည္ရွင္သန္လာေစေရးႏွင့္ ျမိဳ႕ေတာ္သို႔ ျပည္သူမ်ား အလံုးအရင္း ဝင္ေရာက္လာေနမႈကို ထိန္းခ်ဳပ္ေရးမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနသည္။

ဝန္ၾကီးခ်ဳပ္ ဖုမီးယိုး ကိရွိဒ၏ အစိုးရအဖြဲ႔က တိုက်ဳိျမိဳ႕မွ ေရႊ႕ေျပာင္းသြားသူမ်ားထက္ ျမိဳ႕ေတာ္သို႔ ဝင္ေရာက္လာသူမ်ား ပိုမိုမ်ားျပားေနျခင္းကို ရတတ္မေအးျဖစ္လ်က္ ရွိသည္။

ကိုဗစ္ ၁၉ ကာလအတြင္းတြင္ပင္လွ်င္ တိုက်ဳိသို႔ ဝင္ေရာက္လာသူ မ်ားျပားခဲ့သည္။

ျပည္သူမ်ားကို ေက်းလက္ေဒသမ်ားသို႔ ျပန္လည္ ေျပာင္းေရႊ႕ေစေရးအတြက္ မက္လံုးအမ်ဳိးမ်ဳိးေပးကာ လူဦးေရ ျပန္လည္ ျဖန္႔က်က္မႈ လုပ္ေဆာင္ရန္ ဂ်ပန္အစိုးရက ၾကိဳးစားေနသည္။

ဥပမာအားျဖင့္ စြန္႔ပစ္ခံ ေက်းရြာမ်ားမွ စြန္႔ပစ္ခံ ေနအိမ္မ်ားကို ေဒၚလာ ၅၀၀ မွ်ျဖင့္ ေရာင္းခ်ေပးျခင္း ၊ အေကာက္အခြန္ ရပ္ဆိုင္းေလ်ာ့ခ်ေပးျခင္း အစရွိေသာ မက္လံုးေပးျခင္းမ်ားလည္း ပါဝင္သည္။

(မွတ္ခ်က္။ ဂ်ပန္အစိုးရက ေနအိမ္မ်ားကို ျမန္မာေငြ ၈ သိန္းခန္႔ျဖင့္ ေရာင္းခ်ေပးေနသည့္သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္။ iMyanmarHouse Team)

အျခားျဖစ္ရပ္တစ္ခုကို ၾကည့္မည္ဆိုလွ်င္ ၂၀၁၉ ခုႏွစ္အခ်က္အလက္မ်ားအရ ေနထိုင္သူ ၂၇ ဦးသာရွိျပီး ယင္းတို႔အနက္ အသက္အငယ္ဆံုးမွာ အသက္ ၅၀ အရြယ္ရွိေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

(မွတ္ခ်က္။ နဂို႔ဒို႔ (Nagoro) ေက်းရြာေလးအေၾကာင္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္။ iMyanmarHouse.com Team)

(ဆက္စပ္သတင္းမ်ား)

အကိယ (သို႔မဟုတ္) ဂ်ပန္ႏိုင္ငံမွ ျမန္မာေငြ ၈ သိန္းျဖင့္ ဝယ္ယူႏိုင္မည့္အိမ္မ်ား

https://www.imyanmarhouse.com/news/read/1049568

အရုပ္မ်ားသာေနထိုင္ေသာ ဂ်ပန္မွ နဂို႔ဒို႔ ရြာကေလး

https://www.imyanmarhouse.com/news/read/1032777

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan is paying families $7,700 per child to move out of Tokyo as the country battles population decline (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service