“ကျွန်တော့ကို စောင့်ကြိုနေတဲ့ ကမ္ဘာသစ်”
“ကျွန်တော့ကို စောင့်ကြိုနေတဲ့ ကမ္ဘာသစ်” - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2023 3:59 pm တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
“ကျွန်တော့ကို စောင့်ကြိုနေတဲ့ ကမ္ဘာသစ်” တဲ့…ဒီစကားက ဂျပန်လူမျိုးတစ်ယောက်က မျှော်လင့်တကြီး ပြောတဲ့စကားမို့သာ လက်ခံရပါတယ်။လက်တွေ့မှာ ဘဝတွေဟာ ရုန်းကန်ခြင်းတွေနဲ့ ခရီးဆက်နေရတာပါ။ ဘယ်လိုလူမျိုးအတွက် ဘယ်လိုကမ္ဘာသစ်က ကိုယ့်ကိုယ်စောင့်ကြိုနေမှာလဲ။
သူတို့နိုင်ငံ၊သူတို့ကမ္ဘာဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ကမ္ဘာထက် သိပ်ကိုကောင်းလွန်းလှတဲ့ ကမ္ဘာသစ် ဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ နိုင်ငံကလူတွေ မျှော်လင့်တကြီးနဲ့ ငွေသွားရှာနိုင်ဖို့ လုပ်နေကြတဲ့ မြင်ကွင်းက အုတ်အော်သောင်းတင်း မြင်မကောင်း၊ရှုမကောင်းတဲ့အထိပါပဲ။ သူ့နိုင်ငံသားတွေမှာတော့…
ကျွန်တော်တို့လူမျိုးမှာ “အတ္တာဟိ အတ္တနော နာထော” လို့ ဆိုစကား ရှိထားပြီးသားပါ။
“အတ္တာဟိ အတ္တနော နာထော” ဆိုတာက “မိမိကိုယ်သာ မိမိ ကိုးကွယ်ရာဖြစ်၏”တဲ့။(အတ္တာဟိ = မိမိကိုယ်သာ၊ အတ္တနော = မိမိ၏၊ နာထော = ကိုးကွယ်ရာ ဖြစ်၏။) လို့ ဆိုထားပါတယ်။
ကိုယ့်ကမ္ဘာကို ကိုယ့်ဘာသာ ဖန်တီးဖို့ပါ။ကိုယ့်ကမ္ဘာသစ်ကို ကိုယ်ပဲဖန်တီးရမှာပါ။သူများဖန်တီးတဲ့ ကမ္ဘာသစ်ကို နေမယ်ရင်လည်း ဝင်ဆန့်နိုင်အောင် နေထိုင်နိုင်ဖို့ ကြိုးစားရမှာပါ။
ဖွံ့ဖြိုးမှု အတိုးတက်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံမှာ နေရတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ နေ့စဉ်ဘဝနေထိုင် ဖြတ်သန်းမှုပုံစံက အထီးကျန်လွန်းလှပါတယ်။လေးမီတာ စတုရန်းသာရှိတဲ့ ဆိုက်ဘာကဖေးက အခန်းကျဉ်း လေးကို နှစ်ရှည်လများ အမှီသဟဲပြုလို့ သူ့ရဲ့ ဘဝ၊သူ့ရဲ့ ကမ္ဘာလုပ်နေတာဟာ နေချင်လွန်းလှလို့တော့ ဟုတ်ဟန်မတူပါဘူး။
ကြမ်းပြင်ပေါ်မှာ အိပ်ရမယ်။အများသုံးသန့်စင်ခန်းကို သုံးရမယ်။အလွယ်တကူနဲ့ အဆင်သင့်တဲ့ဟာကို စားရမယ်။ အိမ်မှာလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်ဖို့တော့ မလွယ်။ သူတို့ပေးထားသည်က ကွန်ပျူတာနဲ့ ထိုင်စရာ။
သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ရင်း တိုးတက်နေတဲ့ ဒီနိုင်ငံကြီးမှာ သူ့နိုင်ငံသားတွေဟာ ဒီလိုအနေအထားတွေ ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ သိဖို့ပါပဲ။သူ့နိုင်ငံက နိုင်ငံသားတွေရဲ့ ကွဲပြားတဲ့ ဖြည်တည်မှုပါ။
သတ္တဝါဆိုတာဖြစ်လာရင် အသိုင်းအဝိုင်းနဲ့တော့ နေကြရပါတယ်။ အသိဉာဏ်အဆင့်မြင့်တဲ့ လူဆိုတာ အသိုက်အမြုံရှိရမှာဖြစ်ပြီး အမိုးအကာ တစ်ခုထဲအောက်မှာ မိသားစုနဲ့ပိုပြီး နေထိုင်သင့်တာပေါ့။
သူ(Masatar) ဟာ တိုက်ခန်းငှားနေခဲ့ဘူးပါတယ်တဲ့။ ..ကိစ္စအမျိုးမျိုနဲ့စိတ်ရှုပ်လာတယ်…အိမ်နီးချင်းတွေနဲ့ အဆင်မပြေဘူး…တနေရာထဲ ချုပ်နှောင်ခံထားရတာကို မကြိုက်ပါဘူး…တဲ့။…တစ်နေရာထဲမှာပဲ မမှီခိုချင်ပါဘူး…တဲ့။…ဟိုရွေ့ ဒီပြောင်း အမြဲလုပ်ပြီး…ဒီလိုဆိုက်ဘာကဖေးနေရာကို… နေဖြစ်သွားတာပါ… တဲ့။အဲဒီကိုရောက်လာတော့…ဘယ်သူမှ သူ့ကို အနှောင့်အယှက် မပေးကြတော့ဘူးတဲ့…။ဒီနေရာဟာ သူ့အတွက် …လုံးဝမျက်ကွယ် နေရာလိုဖြစ်ပြီး ဘယ်သူမှ အနှောင့်အယှက် မပေးကြတော့ဘူး…၊ ဘယ်သူနဲ့မှလည်း မတွေ့ဖြစ်တော့ဘူး…။ကျေနပ်နေသလိုပါပဲ။နေသားကျနေသလိုပါပဲ။
ဒါဟာသူရွေးချယ်တဲ့ ကမ္ဘာပဲလေ။ သူရွေးချယ် သူကျေနပ် နေပျော်နေတဲ့ ကမ္ဘာသစ်ပဲလေ။တစ်ကိုယ်ကောင်း အထီးကျန်ကျန် နေလိုသူအတွက် ဘယ်ကမ္ဘာသစ်ကို သူကထပ်ပြီး ဘာလို့တမ်းတနေခဲ့တာလဲ။ကမ္ဘာသစ်ကို တမ်းတနေရင်တော့ လက်ရှိကမ္ဘာကို လက်ရှိအနေအထားကို စွန့်ခွာရဲဖို့နဲ့ လူ့အသိုက်အမြုံထဲကို ပြေးလို့ဝင်လာရဲဖို့ပဲ လိုပါတယ်။အဆင်ပြေခြင်း၊မပြေခြင်းတွေကိုတော့ လက်ခံကြရမှာပေါ့။
နောက်တစ်ဦးကတော့ အမျိုးသမီးပါ။သူ့နာမည်က (Hitomi)။သူက ဆိုက်ဘာကဖေးကို လာနေတာ ၂လလောက်ရှိပါပြီတဲ့။သူကတော့ နေချင်လို့မဟုတ်။မိသားစုအသိုင်းအဝိုင်းရဲ့ ခွဲခြားမှုကပဲ ဒီနေရာကို မှီခိုသူ အနေနဲ့ရောက်လာခဲ့သူပါ။ ခန္ဓာကိုယ်ကို အရင်းတည်ပြီးလုပ်စားရတဲ့ အနေအထားဘဝ ရောက်သွားခဲ့ပါတယ်။
ရောက်တဲ့နေရာမှာတော့ သူဟာအကောင်းကို မြင်တွေးပြီး သူ့ဘဝရှင်သန် ပျော်မွေ့နိုင်ဖို့ကြိုးစားနေတဲ့ အကြောင်းကို ရင်ဖွင့်ထားပါတယ်။သူဟာ ကျန်းမာရေးချူချာတော့ အသက်၂၀ လောက်ထိနေခွင့် ရနိုင်ဖို့ပဲ မျှော်လင့်ခဲ့တယ်။
အသက် ၂၀ လည်း ကျော်လာရော လမ်းပျောက်သွားသလိုဖြစ်သွားပါတယ်တဲ့။ဘာရည်မှန်းချက်မှ မရှိတော့ ဘဝကို အလိုက်သင့်နေပစ်လိုက်ပါတယ်တဲ့။သူကပြောတယ်…
အိပ်မက်ဆိုတာလည်း မရှိဘူး…ခုကနေ နောက်နှစ်လောက်ဆို ဘယ်ရောက်နေမလဲဆိုတာတောင် မသိပါဘူးတဲ့…ဘာတွေပဲဖြစ်လာလာ ဂရုမစိုက်ပါဘူး…။
သူများတွေလို..အိပ်မက်တွေ..အနာဂတ်တွေဆိုတာလည်း ကျွန်မအတွက် ရှိလာမယ်မထင်ဘူး…။ ..အသက်ရှင်ရရင်ပဲ ကျေနပ်ပါပြီ…အိပ်မက်လို့ပြောရရင်…အကောင်းမြင်စိတ်ထားပြီး ဘဝကို ပျော်ပျော်ကြီး နေသွားချင်တာပါ။လက်ရှိဘဝကို ပျော်ပါတယ်တဲ့။
ဒါပေမဲ့ အခုတော့ ဒီလိုနေရာမျိုးကနေ ထွက်ပြီး တကယ့်ကမ္ဘာသစ်ကို ပြန်ဝင်နိုင်ဖို့ သူတို့မှာ သတ္တိခွန်အားတွေ ရှိချင်မိပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo - Burmese Tube
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
thukha-garden-residence
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service